ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။
BYIC
No comments
By... aungkyawlatt မှ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း တွင် တင်ပြခဲ့ပါတယ်
ကမန် တိုင်းရင်းသားများမှာ မြန်မာ အစိုးရမှ ထုတ်ပေးသော နိုင်ငံသား စိစစ်ရေး ကဒ်ပြား အစစ်အမှန်ကို ကိုင်ဆောင်ထားသူများ ဖြစ်ကြသော်လည်း ခရီးသွားလာရာတွင် အဆိုပါ နိုင်ငံသား ကဒ်ပြားဖြင့် ခရီးသွားလာခွင့်မရဘဲ ပုံစံ(၄) ဖြင့်သာ ခရီးသွားလာနေကြရသည်။
ကျွန်တော်တို့မှာ နိုင်ငံတော် အစိုးရမှ ထုတ်ပေးထားတဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အစစ်အမှန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားလာခွင့်ကို အဲဒီကဒ်ပြားတွေနဲ့ သွားလာလို့ မရဘူး။ ပုံစံ (၄) စာရွက်နဲ့သာ သွားနေရပါတယ်။ အဲဒီ ပုံစံ ၄ စာရွက်ကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်ထိ တင်ရပါတယ်။ ပြည်နယ်က ခွင့်ပြုချက်ရပြီးမှ သွားလာလို့ ရတာ ဖြစ်ပါတယ် ဟု မင်းပြားမှ ကမန်အမျိုးသား တစ်ဦးဖြစ်သူ ဦးသိန်းရွှေက ပြောသည်။
ယခင်အစိုးရ ခေတ်အဆက်ဆက်တွင် ကမန်တိုင်းရင်းသားများ အနေဖြင့် လွှတ်လပ်စွာ ခရီးသွားလာခွင့် ရခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ ကန့်သတ်ခံလာရခြင်း ဖြစ်သည်။
ယခုတက်လာသော အစိုးရလက်ထက်တွင် ကမန်တိုင်းရင်းသားများအား ပိတ်ပင် ကန့်သတ်ထားချက်များကို ပယ်ဖျက်ရန်အတွက် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြထားသော်လည်း ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း သိရသည်။
ရွှေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ဦးဇော်ဝင်းမှ ကမန် အမျိုးသားများ အပေါ် ခရီးသွားလာခွင့် ကန့်သတ် ချက်ကို ပယ်ဖျက်ရန် အစိုးရသစ်ထံ တောင်းဆိုထားကြောင်း ပြောဆိုသည်။
ကျွန်တော်တို့ ပါတီက ရွှေးကောက်ပွဲမှာ အနိုင်မရခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ တိုင်းရင်းသား ကမန် အမျိုးသားတွေအတွက် လုပ်ဆောင်ရမယ့် တာဝန်ရှိကြောင်း ကမန်အမျိုးသားတွေ အပေါ်မှာ ချမှတ်ထားတဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ အစိုးရသစ်ဆီမှာ တောင်းခံထားတာ ရှိပါတယ်။ ကန့်သတ်သင့်တာကို ကန့်သတ်ပါ။ မလိုလားတဲ့ ကန့်သတ်ထားချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတာပါ။ ကျွန်တော်တို့လည်းဒီနိုင်ငံက တိုင်းရင်းသား လူမျိုး တစ်မျိုးဘဲ။ နိုင်ငံသား အခွင့်အရေးကို ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ အညီ ကျွန်တော်တို့လည်း တခြား လူမျိုးတွေလို ရသင့်တယ်ထင်လို့ ခရီးသွားလာခွင့် ကန့်သတ်တာကို ပြန်လည် စဉ်းစားပေးဖို့ တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား။

မြန်မာမွတ်စလင် နှင့် facebook ပြဿနာ
BYIC
No comments
ဒီဖေ့ဘုတ် ကြောင့် ဖြစ်ရတဲ့ ပြသနာ တွေ အခုတစ်လေား ဆက်တိုက်ဆိုသလိုကြားနေရပါတယ်။ ဘာသာရေး ၊ လူမျိုးရေး ၊နှိင်ငံရေး ဇာရိတ္တ ပိုင်းနဲ့ စည်းပွားရေး အပိုင်းကိစ္စတွေပါ ပါမကျန် ပြဿနာ အရှုပ်အထုတ်ပေါင်း သောင်းခြောက်ထောင်နဲ့ပါ။အဲ့ဒီလိုပါပဲ တဖက်ကလည်း ကောင်းတဲ့ ပညာဗဟုသုတ နည်းပညာ သတင်းအချက်အလက် စသဖြင့် လူ့အကျိုးပြု ကိစ္စတွေလည်း တပုံတပင်ကြီးပါ။ ဒီဖေ့ဘုတ်ရဲ့ စည်းမျဉ်းစည်းကမ်း သဘေားသဘာဝ ကိုက Social Network ဆိုတဲ့အတိုင်း ကမ္ဘာ့ နှိင်ငံပေါင်းစုံက လူပေါင်းစုံရဲ့ နေ့တဓူဝ ကိစ္စပေါင်းစုံ ခံစားမှု့ပေါင်းစုံ ဖြစ်ရပ်ပေါင်းစုံကို ရေးခွင့် ပြေားခွင့် ဖြန့်ဝေခွင့် ပေးထားပါတယ်… အဲဒီလိုပါပဲ ဒီဖေ့ဘုတ် အသုံးပြုသူတွေထည်းမှာလည်း အသားအရောင် မျိုးစုံ ၊ခံယူချက်အမျိုးမျိုး ၊၀ါဒအမျိုးမျိုး၊စိတ်ဓာတ်အမျိုးမျိုးကောင်းသူများ ပါသလို မကောင်းသူများလည်းပါပါတယ်။တချို့က ဖေ့ဘုတ်ကို လူ့ အကျိုးပြု ဘာသာရေး ၊ပညာရေး ၊နည်းပညာနဲ့ သတင်းအချက်အလက်များ ဖြန့်ဝေ ဖို့လေ့လာဖို့ အသုံးပြုကြ သလို တချို့ကတော့ ဘာသာရေး ၊လူမျိုးရေး ၊နှိင်ငံရေး အဆိုးအကောင်းဝါဒတွေကို ဖြန့်ဝေ သွေးဆောင်ဖို့ ဒီ Social Network ကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြပါတယ်။တစ်ချို့ကတော့ စည်းပွားရေ အပိုင်း ကဏ္ဍ အမြတ်အစွန်းတွေ အတွက်ကြော်ငြာ ဖို့ အသုံးပြုကြပါတယ်။နောက်ဆုံး တမျိုး ကတော့ အဆင့် အတန်းမ၇ှိဆုံးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံး facebook user မျိုးပါ။မိန်းကလေး ၊သူများအထွတ်အမြတ်ထားရာဘာသာတရား ၊လူမျိုးရေး နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ပဲ သီးသန့် လိုက်ပြီးတိုက်ခိုက် အသရေဖျက်တတ်တဲ့ ဘယ်ရှု့ထောင့်ကကြည့်ကြည့် အသုံးမ၀င် အကျိုးမပြုတဲ့ အောက်တန်းစား facebook user မျိုးပါ။ ထို facebook user များကို အထူးသတိထားကြဖို့ပါ။
ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း
BYIC
ရမ်ဇာမ်လ၏ ဖရပ်ဇ် ရိုဇာစောင့်ထိန်းရန် တာဝန်ရှိသူများမှာ
အသိဥါဏ်ရှိသော အရွယ်ရောက်သူ မွတ်စ်လင်မ် ယောက်ျားများနှင့် မိန်းမများဖြစ်သည်။
အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ ရူးသွပ်သူများနှင့် အိုမင်းရင့်ရောကာ အသိတရား မရှိတော့သူများ မပါဝင်ပါ။
ရိုဇာစောင့်ထိန်းရန် မလိုအပ်သူများ
အောက်ပါအခြေအနေတွင် ရိုဇာဟ်မစောင့်ထိန်းနိုင်လျှင် ရသော်လည်း အခြေအနေကောင်းလျှင် ပြန်လည် အစားဖြည့်ရမည်။
၁။ ခရီးသွားသူများ။ ခရီးတွင် အခက်အခဲမရှိလျှင် ရိုဇာဟ်စောင့်ထိန်းသင့်သည်။
၂။ ရောဂါသည်များ။
၃။ ကိုယ်ဝန်ရှိသူများ၊ ရိုဇာစောင့်ထိန်းလျှင် ကလေးသို့ မိခင်ကို အန္တရယ်ဖြစ်စေနိုင်ခြင်း။
၎။ နို့တိုက်မိခင်များ၊ ကလေးနှင့် မိခင်သည် ရိုဇာစောင့်ထိန်းမှုကြောင့် အန္တရယ်ဖြစ်စေနိုင်ခြင်း။
၅။ ဓမ္မတာလာနေသည့် မိန်မများနှင့် မီးတွင်း၌ရှိနေသော မိန်းမများ။
အမြစ်ကို နုတ်မလား ၊ အပင်ကို ခုတ်မလား- ၂
BYIC
No comments
ကျွန်တော် အထက်မှာ စနစ် ကို စနစ် နဲ့ ပြန်တိုက်မှသာ အပြီးတိုင် ချုပ်ညိမ်း သွားမည် ဟု တင်ပြခဲ့ သည်။ထိုသို့ မဟုတ်ပါပဲ တစ်ဦးခြင်း စီ..တစ်ဖွဲ့ ခြင်းစီ လိုက်တိုက် နေပါက ချေဖိုက်ပင်အား ဓားနှင့် တစ်ပင်ခြင်းဆီ လိုက်လံ ခုတ်ထွင်း၇ှင်းလင်းသကဲ့ ပင်ဖြစ်မည်။ကျွန်တော်တို့ အထက်ဗမာပြည် လယ်ကွင်းတွေ မှာ မိုးဦိးစကျ လို့ စပါးတွေ စိုက်ရတော့ မယ်ဆိုရင် လယ်ကွင်းအပြည့် ဖြေဇတ်ပင်တွေအရင် လိုက်ရျှင်းရပါတယ်။ဒီအပင်တွေကို မရှင်ရင် စပါးအစား ခြေဇတ်သီးပဲ ထွက်လာမှာပါ။ရှင်းတဲ့ နေရာမှာလည်း နည်း၇ှိသေးပါတယ်။အလွန် အသက်ပြင်းပြီး မြန်မြန်ဆန်ဆန် ကြီိးထွားတဲ့ အပင်တွေပါ။သူ့ အမြစ်က မြေကြီးနဲ့ တွေ့ တဲ့ နေရာ ရေနဲ့ တွေ့တဲ့ နေရာတိုင်းမှာ သုံးလေးရက်အတွင်း ချက်ချင်း ခေါင်းပြန်ထောင်လာတော့တာပါပဲ။အဲ့ဒီတော့ ဓားနှင့် ခူတ်ရှင်း ရင်လည် တစ်ပတ်ထက် ပိုမခံပါ။မီးနဲ့ ရှို့ ပြန်ရင်လည်း လယ်မြေသြဇာတွေ က ပျက်စီးပြီး စပါးအထွက်မှာ ထိခိုက်ပြန်ရော၊အဲ့ ဒီတော့ မြေကြီးလည်း မပြက်စီး ၊ စပါးကြီးထွားချိန်ထိ အဲ့ဒီ ခြေဇတ်ပင်တွေ ဒုက္ခ က ဝေးရအောင် အပင်ပန်းခံပြီး လက်နဲ့ အမြစ်ကနေ လိုက်နုတ်ရပါတယ်။အဲ့ဒါမှ အရည်အသွေး ပြည့် ပြီး၊ ဈေးကွက်ဝင်ပြီး အထွက်များစေတာပါ။
အမြစ်ကို နုတ်မလား ၊ အပင်ကို ခုတ်မလား
BYIC
ဒီနှစ်ဆယ့်တစ်ရာစုမှာ အစ္စလမ်နဲ့ပတ်သက်လို့ ခွဲးခြားခံရတာတွေ ၊ နှိပ်ကွတ်ခံရတာတွေ၊ အခက်အခဲးစိန်ခေါ်မှူ့တွေက ကျွှန်တော်တို့ မြန်မာပြည်သာ မဟုတ်ပါဘူး...တခြားအစ္စလမ် နှိင်ငံတွေပါ ပါပါတယ်။စစ်ရေးအရ ၊သံတမန် ရေးအရ ၊ စီးပွားရေးအရ ၊ လူမျိုးရေးအရ ..စသဖြင် ကမ္ဘာ့ မွတ်စလင်လောကတစ်ခုလုံကို စိန်ခေါ်မှူ့ကြီး တစ်ခုသဖွယ် ၈ရက်ရိုက်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွှန်တော်တို့ မှာ အဲ့ဒီစိန်ခေါ်မှူ့တွေကို လက်တလော ထိထိရောက်ရောက် ၊နက်နက်ရှိုင်းရှိုင်း မြန်မြန်ဖြေရှင်းနှိင်ဖို့ နည်းလမ်းက အရေးကြီးဆုံး ဖြစ်လာတယ်။ကျွန်တော်က မြန်မာပြည်က မွတ်စလင်ဆိုတော့ မြန်မာပြည်အကြောင်းပဲ တင်ပြချင်ပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာ အဓိက အနေနဲ့ တခြားဘာသာခြား မြန်မာပြည်သူတွေ က မွတ်စလင်ဘာသာဝင်တွေကို မကောင်းဘူးလို့ ဘယ်အချက်တွေမှာ မှူးတည်ပြီး ဆွတ်ဆွဲးသလည်းဆိုတာ အရင်းဆုံး ဂဂနန သိဖို့ တော့ လိုမယ်.နောက်တစ်ခုက မြန်မာ တိုင်းရင်းသား တစ်ရပ်လုံးကလား ဒါမှမဟုတ် အုပ်ချုပ်ေ၇းလူတန်စား ပိုင်းကလား ၊လူချမ်းသာ ပိုင်းကလား၊သာမန် လူတန်းစားပိုင်းလား၊ပညာတတ်လူတန်စားထည်းကလား..ဒါမှမဟုတ် ပညာမဲ့ လူတန်းစား ထည်ကပဲလားဆိုတာ သေသေခြာခြာသိဖို့ လည်း လိုပါတယ်။.ဒါမှလည်း အနာသိမှ ဆေးရွေးလို့ ရမှာပါ။နောက်ထပ် အရေးကြီးဆုံး က အဲ့ ဒီလို့ တခြားတိုင်းရင်းသားတွေ ရဲ့ စိတ်ထည်းကို မွတ်စလင်တွေကို မုန်းတီးစိတ် ၀င်လာ စေတာ က မွတ်စလင်တွေရဲ့ လုပ်ရပ် အမှားကို သူတို့ မျက်စိနဲ့ တိုက်ရိုက်ကိုယ်တွေ့ မြင်သွားကြလို့ လား ဒါမှမဟုတ် သတင်းမီဒိယာတွေက ဒါမှမဟုတ် သွာပုတ်လေလွင့် နည်းနဲ့ ဖြန့် တဲ့ သတင်းတွေကပဲလား ဆိုတာ သေသေခြာခြာသိဖို့လည်းလိုပါတယ်။နောက်ဆုံး တစ်ချက်က ကျွန်တော်တို့ မွတ်စလင်တွေကရော တကယ်ပဲ သူများ မုန်းချင် စရာ ၊ ရွံရှာစရာတွေကို လုပ်ခဲ့ ကြလို့လားဆိုတာပါ။လုပ်ခဲ့ တယ်ဆိုရင်ရော တစ်ဦးတစ်ယောက်က သူရဲ့ ကိုယ်ပိုင်စရိုက် အကျင့် အရ လုပ်ခဲ့ သလား…ဒါမှ မဟုတ် အားလုံးက အစ္စလမ်ရဲ့ ဘာသာေ၇က ပြထမ်းခဲ့ ကြလို့ လုပ်သလား ဆိုတာလည်း စဥင်္းစားထားသင့် တဲ့ အချက်ပါ။