لسلام عليكم ورحمة الله وبركاته
မြန်မာနိုင်ငံမှ မြန်မာမွတ်စ်လင်မ်တို့သည် ယနေ့အခါ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံရင်းတွင် အခက် အခဲများ ကြုံတွေ့နေရသည်။ ထိုအခက်အခဲများတွင် ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ သည် ထိပ်ဆုံးတွင်ရှိနေသည်။ ထို့ကြောင့်လည်း များစွာသော မွတ်စ်လင်မ်တို့သည် မြန်မာနိုင်ငံကို စွန့်လွှတ် ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားဝင်နည်းလမ်းဖြင့်လည်းကောင်း၊ တရားမ၀င်နည်းလမ်းများဖြင့်လည်း ကောင်း၊ သွားရောက်ကြရင်း မိမိတို့ကြုံတွေ့နေရသည့် ပြဿများ၏ ပြေလည်ရာနည်းလမ်းများကို ရှာဖွေ နေကြသည်။ အချို့လည်း အဆင်ပြေကြသလို အချို့လည်း အခက်အခဲများစွာဖြင့် ဘ၀ကို ရုန်းကန်နေကြ သည်။ သို့သော် အစဉ်ပြေသူနည်းသည်မှာ အမှန်ပင်ဖြစ်ကာ အများအားဖြင့် အစဉ်မပြေကြဘဲ၊ များစွာ သော ဒုက္ခအပေါင်းကို ခါးစီးခံနေကြရသည်။
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ ရောက်နေကြသည့် မြန်မာ မွတ်စ်လင်မ်များအဖို့ လူမှုရေး စီးပွားရေး...
၂၀၀၉နှစ် အတွက် သြဇာကြီးမား မွတ်စလင် ၅၀၀ စာရင်းထုတ်ပြန်
အစ္စလာမ်သာသနာအား ရှုထောင့်သစ်တစ်ခုမှ့လေ့လာနိုင်ရန် ဂျော်ဒန်နိုင်ငံ အခြေစိုက်တော်ဝင် အစ္စလာမ့် မဟာဗျူဟာလေ့လါရေး ဋ္ဌါနနှင့် ဂျော့တောင်း တက္ကသိုလ်တို့ ပူးတွဲကာ ၂၀၀၉ခုနှစ်အတွက် သြဇာကြီးမား မွတ်စလင်၅၀၀ ကို လေ့လာပြုစုထုတ်ပြန်ခဲ့သည်။ ဂျော့တောင်းတက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဋ္ဌါန ပါမောက္ခ Dr.John Espositorမှ“ ယနေ့ကမ္ဘာတွင် အထူးစိတ်ဝင်စားခံနေ၇သည့် အစ္စလာမ်သာသနာကို မတူခြားနားတဲ့အမြင်နဲ့လေ့လာနိုင်ဖို့နဲ့ ကမ္ဘာမျက်နှာစာတွင် မွတ်စလင်တွေရဲ့ သက်ေ၇ာက်နေမှု အတိုင်းတာကိုသိစေစေဖို့ပါ” ဟုဟု အစ္စလာမ်အွန်လိုင်းကို ပြောကြားသည်။ ယင်းမွတ်စလင်၅၀၀စာ၇င်းသည်
ကမ္ဘာရေးရာကဏ္ဍ အသီးသီးတွင် သြဇာကြီးမားကြသော မွတ်စလင်ခေါင်းဆောင်များး၏ ထိရောက်ဝင်ဆံ နေသည့်အတိုင်းအဆကို...
အမေရိကန်မွတ်စလင်များနှင့် FBI ဆက်ဆံရေးတင်းမာလာနေ
အမေရိကန်အခြေစိုက် မြောက်အမေရိကအစ္စလာမ် အစည်းရုံး(ISNA) အကြီးအကဲ အင်ဂရိဒ်မဲသ်ဆမ်သည် အက်ဖ်ဘီအိုင် ထောက်လှမ်းေ၇းအဖွဲ့၏ ဗလီများနှင့် မွတ်စလင် လူ့အဖွဲ့စည်းများသို့ သတင်းပေးများ စေလွှတ်ထောက်လှမ်းနေသည့် နည်းဗျူဟာများကြောင့် အမေရိကန်မွတ်စလင်များသည်
စိုးရိမ်ကြောက်ရွံမှုများ၊ အမေရိကန်အစိုးရအပေါ် ယုံကြည်ချက်ကင်းမဲ့လာမှုများ ကြီးထွားလာနေပြီ ဖြစ်ကြောင်းနယူးယောက်တိုင်းမ် သတင်းစာသို့ ပြောကြားလိုက်သည်။
ထိုသို့ မွတ်စလင်များ ၀တ်ပြုရာ ဗလီများ နေထိုင်ရာ ရပ်ကွက်များကို သတင်းပေးများ စေလွှတ်ထောက်လှမ်းလာနေမှုများ ကြောင့်ဖြစ်ပေါ့်လာသည့် စိုးရိမ်ထိတ်လန့်မှုများကို ရှောင်ရျားနိုင်ရန် နိုင်ငံခြားခ၇ီးစဉ်များကို ဖျက်သိမ်းလာ နေကြရသည်။ ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အက်ဖ်ဘီအိုင်နှင့်...