ဖိုးသောကြ်ာ-
17,2, 2011။-
မြန်မာ့ နိုင်ငံရေးသည် လက်ရှိ အချိန်တွင် နအဖ စစ်အစိုးရက ညစ်ပတ်၍ အနိုင်ရယူထားသော ၂၁၀၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် လွှတ်တော်ခေါ်ခြင်း ၊ သမ္မတ ရွေးချယ်ခြင်း၊ ၀န်ကြီးများ ရွေးချယ်ခြင်း၊ နှင့် အစိုးရသစ်ဖွဲ့ကာ အေပြီ လတွင် အစိုးရသစ် တာဝန် ထမ်းဆောင်ရန် လုပ်ဆောင် နေသည်ကို နိုင်ငံရေး ငွေရောင် ပိတ်ကား ပေါ်တွင် မြင်ရသည်။
အခြားတဘက်တွင်လည်း ၀န်ကြီးပြုတ်များ ၊ စစ်ဗိုလ် ပြုတ်များက နောင်ရေး စိတ်အေးစေရန် ခိုးဝှက် လာဘ်စား ထားသည်များကို ထုတ်၍ ဦးသန်းရွှေမှ ခွဲတမ်း ချပေးသည့် နိုင်ငံပိုင် လေကြောင်း၊ ရေကြောင်း ၊ ကုန်ကြောင်း ခရီးသွားလာရေး လုပ်ငန်းများ၊ စက်ရုံ ၊ အလုပ်ရုံ၊ ရုံးအဆောက်အဦးများကို ၀ယ်ယူသည် မောင်ပိုင်စီးကြလေပြီ။
ပြည်သူတို့ ဆင်းရဲ...
အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော
မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မဖြစ်ပေါ်သေးတဲ့အတွက် ဥရောပသမဂ္ဂက လက်ရှိ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေး ထောက်ခံအားပေးကြတဲ့ ဆွီဒင် နိုင်ငံရေးသမားတွေ၊ နိုင်ငံသားတွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ မနေ့က စုပေါင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မနေ့ကပြုလုပ်တဲ့ ဆွီဒင်နိုင်ငံက လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးပြီး သူမကိုမေးတဲ့ မေးခွန်းတွေကို...