Showing posts with label အစ္စလမ်ရေးရာ ဆောင်းပါးများ. Show all posts
Showing posts with label အစ္စလမ်ရေးရာ ဆောင်းပါးများ. Show all posts

အီးဒေ ၈ဒီး၇် နှင့် အီမာမသ်

Eid-e-Ghadir

ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။

By... aungkyawlatt မှ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း တွင် တင်ပြခဲ့ပါတယ်

ကမန် တိုင်းရင်းသားများမှာ မြန်မာ အစိုးရမှ ထုတ်ပေးသော နိုင်ငံသား စိစစ်ရေး ကဒ်ပြား အစစ်အမှန်ကို ကိုင်ဆောင်ထားသူများ ဖြစ်ကြသော်လည်း ခရီးသွားလာရာတွင် အဆိုပါ နိုင်ငံသား ကဒ်ပြားဖြင့် ခရီးသွားလာခွင့်မရဘဲ ပုံစံ(၄) ဖြင့်သာ ခရီးသွားလာနေကြရသည်။

ကျွန်တော်တို့မှာ နိုင်ငံတော် အစိုးရမှ ထုတ်ပေးထားတဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အစစ်အမှန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားလာခွင့်ကို အဲဒီကဒ်ပြားတွေနဲ့ သွားလာလို့ မရဘူး။ ပုံစံ (၄) စာရွက်နဲ့သာ သွားနေရပါတယ်။ အဲဒီ ပုံစံ ၄ စာရွက်ကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်ထိ တင်ရပါတယ်။ ပြည်နယ်က ခွင့်ပြုချက်ရပြီးမှ သွားလာလို့ ရတာ ဖြစ်ပါတယ် ဟု မင်းပြားမှ ကမန်အမျိုးသား တစ်ဦးဖြစ်သူ ဦးသိန်းရွှေက ပြောသည်။

ယခင်အစိုးရ ခေတ်အဆက်ဆက်တွင် ကမန်တိုင်းရင်းသားများ အနေဖြင့် လွှတ်လပ်စွာ ခရီးသွားလာခွင့် ရခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ ကန့်သတ်ခံလာရခြင်း ဖြစ်သည်။

ယခုတက်လာသော အစိုးရလက်ထက်တွင် ကမန်တိုင်းရင်းသားများအား ပိတ်ပင် ကန့်သတ်ထားချက်များကို ပယ်ဖျက်ရန်အတွက် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြထားသော်လည်း ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း သိရသည်။

ရွှေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ဦးဇော်ဝင်းမှ ကမန် အမျိုးသားများ အပေါ် ခရီးသွားလာခွင့် ကန့်သတ် ချက်ကို ပယ်ဖျက်ရန် အစိုးရသစ်ထံ တောင်းဆိုထားကြောင်း ပြောဆိုသည်။
ကျွန်တော်တို့ ပါတီက ရွှေးကောက်ပွဲမှာ အနိုင်မရခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ တိုင်းရင်းသား ကမန် အမျိုးသားတွေအတွက် လုပ်ဆောင်ရမယ့် တာဝန်ရှိကြောင်း ကမန်အမျိုးသားတွေ အပေါ်မှာ ချမှတ်ထားတဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ အစိုးရသစ်ဆီမှာ တောင်းခံထားတာ ရှိပါတယ်။ ကန့်သတ်သင့်တာကို ကန့်သတ်ပါ။ မလိုလားတဲ့ ကန့်သတ်ထားချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတာပါ။ ကျွန်တော်တို့လည်းဒီနိုင်ငံက တိုင်းရင်းသား လူမျိုး တစ်မျိုးဘဲ။ နိုင်ငံသား အခွင့်အရေးကို ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ အညီ ကျွန်တော်တို့လည်း တခြား လူမျိုးတွေလို ရသင့်တယ်ထင်လို့ ခရီးသွားလာခွင့် ကန့်သတ်တာကို ပြန်လည် စဉ်းစားပေးဖို့ တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား။

မြန်မာမွတ်စလင် နှင့် facebook ပြဿနာ



ဒီဖေ့ဘုတ် ကြောင့် ဖြစ်ရတဲ့ ပြသနာ တွေ အခုတစ်လေား ဆက်တိုက်ဆိုသလိုကြားနေရပါတယ်။ ဘာသာရေး ၊ လူမျိုးရေး ၊နှိင်ငံရေး ဇာရိတ္တ ပိုင်းနဲ့ စည်းပွားရေး အပိုင်းကိစ္စတွေပါ ပါမကျန် ပြဿနာ အရှုပ်အထုတ်ပေါင်း သောင်းခြောက်ထောင်နဲ့ပါ။အဲ့ဒီလိုပါပဲ တဖက်ကလည်း ကောင်းတဲ့ ပညာဗဟုသုတ နည်းပညာ သတင်းအချက်အလက် စသဖြင့် လူ့အကျိုးပြု ကိစ္စတွေလည်း တပုံတပင်ကြီးပါ။ ဒီဖေ့ဘုတ်ရဲ့ စည်းမျဉ်းစည်းကမ်း သဘေားသဘာဝ ကိုက Social Network ဆိုတဲ့အတိုင်း ကမ္ဘာ့ နှိင်ငံပေါင်းစုံက လူပေါင်းစုံရဲ့ နေ့တဓူဝ ကိစ္စပေါင်းစုံ ခံစားမှု့ပေါင်းစုံ ဖြစ်ရပ်ပေါင်းစုံကို ရေးခွင့် ပြေားခွင့် ဖြန့်ဝေခွင့် ပေးထားပါတယ်… အဲဒီလိုပါပဲ ဒီဖေ့ဘုတ် အသုံးပြုသူတွေထည်းမှာလည်း အသားအရောင် မျိုးစုံ ၊ခံယူချက်အမျိုးမျိုး ၊၀ါဒအမျိုးမျိုး၊စိတ်ဓာတ်အမျိုးမျိုးကောင်းသူများ ပါသလို မကောင်းသူများလည်းပါပါတယ်။တချို့က ဖေ့ဘုတ်ကို လူ့ အကျိုးပြု ဘာသာရေး ၊ပညာရေး ၊နည်းပညာနဲ့ သတင်းအချက်အလက်များ ဖြန့်ဝေ ဖို့လေ့လာဖို့ အသုံးပြုကြ သလို တချို့ကတော့ ဘာသာရေး ၊လူမျိုးရေး ၊နှိင်ငံရေး အဆိုးအကောင်းဝါဒတွေကို ဖြန့်ဝေ သွေးဆောင်ဖို့ ဒီ Social Network ကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြပါတယ်။တစ်ချို့ကတော့ စည်းပွားရေ အပိုင်း ကဏ္ဍ အမြတ်အစွန်းတွေ အတွက်ကြော်ငြာ ဖို့ အသုံးပြုကြပါတယ်။နောက်ဆုံး တမျိုး ကတော့ အဆင့် အတန်းမ၇ှိဆုံးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံး facebook user မျိုးပါ။မိန်းကလေး ၊သူများအထွတ်အမြတ်ထားရာဘာသာတရား ၊လူမျိုးရေး နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ပဲ သီးသန့် လိုက်ပြီးတိုက်ခိုက် အသရေဖျက်တတ်တဲ့ ဘယ်ရှု့ထောင့်ကကြည့်ကြည့် အသုံးမ၀င် အကျိုးမပြုတဲ့ အောက်တန်းစား facebook user မျိုးပါ။ ထို facebook user များကို အထူးသတိထားကြဖို့ပါ။

ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း


ရမ်ဇာမ်လ၏ ဖရပ်ဇ် ရိုဇာစောင့်ထိန်းရန် တာဝန်ရှိသူများမှာ

အသိဥါဏ်ရှိသော အရွယ်ရောက်သူ မွတ်စ်လင်မ် ယောက်ျားများနှင့် မိန်းမများဖြစ်သည်။
အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ ရူးသွပ်သူများနှင့် အိုမင်းရင့်ရောကာ အသိတရား မရှိတော့သူများ မပါဝင်ပါ။

ရိုဇာစောင့်ထိန်းရန် မလိုအပ်သူများ

အောက်ပါအခြေအနေတွင် ရိုဇာဟ်မစောင့်ထိန်းနိုင်လျှင် ရသော်လည်း အခြေအနေကောင်းလျှင် ပြန်လည် အစားဖြည့်ရမည်။

၁။ ခရီးသွားသူများ။ ခရီးတွင် အခက်အခဲမရှိလျှင် ရိုဇာဟ်စောင့်ထိန်းသင့်သည်။
၂။ ရောဂါသည်များ။
၃။ ကိုယ်ဝန်ရှိသူများ၊ ရိုဇာစောင့်ထိန်းလျှင် ကလေးသို့ မိခင်ကို အန္တရယ်ဖြစ်စေနိုင်ခြင်း။
၎။ နို့တိုက်မိခင်များ၊ ကလေးနှင့် မိခင်သည် ရိုဇာစောင့်ထိန်းမှုကြောင့် အန္တရယ်ဖြစ်စေနိုင်ခြင်း။
၅။ ဓမ္မတာလာနေသည့် မိန်မများနှင့် မီးတွင်း၌ရှိနေသော မိန်းမများ။

အမြစ်ကို နုတ်မလား ၊ အပင်ကို ခုတ်မလား- ၂


     ကျွန်တော် အထက်မှာ စနစ် ကို စနစ် နဲ့ ပြန်တိုက်မှသာ အပြီးတိုင် ချုပ်ညိမ်း သွားမည် ဟု တင်ပြခဲ့ သည်။ထိုသို့ မဟုတ်ပါပဲ တစ်ဦးခြင်း စီ..တစ်ဖွဲ့ ခြင်းစီ လိုက်တိုက် နေပါက ချေဖိုက်ပင်အား ဓားနှင့် တစ်ပင်ခြင်းဆီ လိုက်လံ ခုတ်ထွင်း၇ှင်းလင်းသကဲ့ ပင်ဖြစ်မည်။ကျွန်တော်တို့  အထက်ဗမာပြည် လယ်ကွင်းတွေ မှာ မိုးဦိးစကျ လို့ စပါးတွေ စိုက်ရတော့ မယ်ဆိုရင် လယ်ကွင်းအပြည့် ဖြေဇတ်ပင်တွေအရင် လိုက်ရျှင်းရပါတယ်။ဒီအပင်တွေကို မရှင်ရင် စပါးအစား ခြေဇတ်သီးပဲ ထွက်လာမှာပါ။ရှင်းတဲ့ နေရာမှာလည်း နည်း၇ှိသေးပါတယ်။အလွန် အသက်ပြင်းပြီး မြန်မြန်ဆန်ဆန် ကြီိးထွားတဲ့ အပင်တွေပါ။သူ့ အမြစ်က မြေကြီးနဲ့ တွေ့ တဲ့ နေရာ ရေနဲ့ တွေ့တဲ့ နေရာတိုင်းမှာ သုံးလေးရက်အတွင်း ချက်ချင်း ခေါင်းပြန်ထောင်လာတော့တာပါပဲ။အဲ့ဒီတော့ ဓားနှင့် ခူတ်ရှင်း ရင်လည် တစ်ပတ်ထက် ပိုမခံပါ။မီးနဲ့ ရှို့ ပြန်ရင်လည်း လယ်မြေသြဇာတွေ က ပျက်စီးပြီး စပါးအထွက်မှာ ထိခိုက်ပြန်ရော၊အဲ့ ဒီတော့ မြေကြီးလည်း မပြက်စီး ၊ စပါးကြီးထွားချိန်ထိ အဲ့ဒီ ခြေဇတ်ပင်တွေ ဒုက္ခ က ဝေးရအောင် အပင်ပန်းခံပြီး လက်နဲ့ အမြစ်ကနေ လိုက်နုတ်ရပါတယ်။အဲ့ဒါမှ အရည်အသွေး ပြည့် ပြီး၊ ဈေးကွက်ဝင်ပြီး  အထွက်များစေတာပါ။

အမြစ်ကို နုတ်မလား ၊ အပင်ကို ခုတ်မလား




   ဒီနှစ်ဆယ့်တစ်ရာစုမှာ အစ္စလမ်နဲ့ပတ်သက်လို့ ခွဲးခြားခံရတာတွေ ၊ နှိပ်ကွတ်ခံရတာတွေ၊ အခက်အခဲးစိန်ခေါ်မှူ့တွေက ကျွှန်တော်တို့ မြန်မာပြည်သာ မဟုတ်ပါဘူး...တခြားအစ္စလမ် နှိင်ငံတွေပါ ပါပါတယ်။စစ်ရေးအရ ၊သံတမန် ရေးအရ ၊ စီးပွားရေးအရ ၊ လူမျိုးရေးအရ ..စသဖြင် ကမ္ဘာ့ မွတ်စလင်လောကတစ်ခုလုံကို စိန်ခေါ်မှူ့ကြီး တစ်ခုသဖွယ် ၈ရက်ရိုက်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွှန်တော်တို့ မှာ အဲ့ဒီစိန်ခေါ်မှူ့တွေကို လက်တလော ထိထိရောက်ရောက် ၊နက်နက်ရှိုင်းရှိုင်း  မြန်မြန်ဖြေရှင်းနှိင်ဖို့ နည်းလမ်းက အရေးကြီးဆုံး ဖြစ်လာတယ်။ကျွန်တော်က မြန်မာပြည်က မွတ်စလင်ဆိုတော့ မြန်မာပြည်အကြောင်းပဲ တင်ပြချင်ပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာ အဓိက အနေနဲ့ တခြားဘာသာခြား မြန်မာပြည်သူတွေ က မွတ်စလင်ဘာသာဝင်တွေကို မကောင်းဘူးလို့ ဘယ်အချက်တွေမှာ မှူးတည်ပြီး ဆွတ်ဆွဲးသလည်းဆိုတာ အရင်းဆုံး ဂဂနန သိဖို့ တော့ လိုမယ်.နောက်တစ်ခုက မြန်မာ တိုင်းရင်းသား တစ်ရပ်လုံးကလား ဒါမှမဟုတ် အုပ်ချုပ်ေ၇းလူတန်စား ပိုင်းကလား ၊လူချမ်းသာ ပိုင်းကလား၊သာမန် လူတန်းစားပိုင်းလား၊ပညာတတ်လူတန်စားထည်းကလား..ဒါမှမဟုတ် ပညာမဲ့ လူတန်းစား ထည်ကပဲလားဆိုတာ သေသေခြာခြာသိဖို့ လည်း လိုပါတယ်။.ဒါမှလည်း အနာသိမှ ဆေးရွေးလို့ ရမှာပါ။နောက်ထပ် အရေးကြီးဆုံး က အဲ့ ဒီလို့ တခြားတိုင်းရင်းသားတွေ ရဲ့ စိတ်ထည်းကို မွတ်စလင်တွေကို မုန်းတီးစိတ် ၀င်လာ စေတာ က မွတ်စလင်တွေရဲ့ လုပ်ရပ် အမှားကို သူတို့ မျက်စိနဲ့ တိုက်ရိုက်ကိုယ်တွေ့   မြင်သွားကြလို့ လား ဒါမှမဟုတ် သတင်းမီဒိယာတွေက ဒါမှမဟုတ် သွာပုတ်လေလွင့် နည်းနဲ့ ဖြန့် တဲ့ သတင်းတွေကပဲလား ဆိုတာ သေသေခြာခြာသိဖို့လည်းလိုပါတယ်။နောက်ဆုံး တစ်ချက်က ကျွန်တော်တို့  မွတ်စလင်တွေကရော တကယ်ပဲ သူများ မုန်းချင် စရာ ၊ ရွံရှာစရာတွေကို လုပ်ခဲ့ ကြလို့လားဆိုတာပါ။လုပ်ခဲ့ တယ်ဆိုရင်ရော တစ်ဦးတစ်ယောက်က သူရဲ့ ကိုယ်ပိုင်စရိုက် အကျင့် အရ လုပ်ခဲ့ သလား…ဒါမှ မဟုတ် အားလုံးက အစ္စလမ်ရဲ့ ဘာသာေ၇က ပြထမ်းခဲ့ ကြလို့ လုပ်သလား ဆိုတာလည်း စဥင်္းစားထားသင့် တဲ့ အချက်ပါ။

ဖြစ်ရပ်တိုင်း၏ ဖက်သုံးဖက်အမြင်

2010 09 Muslim Profile Burmese

ကုရအာန် အလင်းပြကျမ်းအုပ် ၃၀ လုံးကို download ရယူနိုင်ပါပြီ။

အားလုံးစလာမ်ပါခင်ဗျာ။

ကုရအာန် အလင်းပြကျမ်းအုပ် ၃၀ လုံးကို download ရယူနိုင်ပါပြီ။ The Holy Quran Tafsir (Burmese Version) Vol - 1.pdf http://www.box.net/shared/2co3ptxuch
The Holy Quran Tafsir (Burmese Version) Vol - 2.pdf http://www.box.net/shared/czvfhzjnkk
The Holy Quran Tafsir (Burmese Version) Vol - 3.pdf http://www.box.net/shared/6lm34t3ye3
The Holy Quran Tafsir (Burmese Version) Vol - 4.pdf http://www.box.net/shared/rbquh11ig2
The Holy Quran Tafsir (Burmese Version) Vol - 5.pdf http://www.box.net/shared/27qdlh3x0u
The Holy Quran Tafsir (Burmese Version) Vol - 6.pdf http://www.box.net/shared/s1sim0yegy
The Holy Quran Tafsir (Burmese Version) Vol - 7.pdf http://www.box.net/shared/tuo9cf0v2v
The Holy Quran Tafsir (Burmese Version) Vol - 8.pdf http://www.box.net/shared/d1q8j56j9p
The Holy Quran Tafsir (Burmese Version) Vol - 9.pdf http://www.box.net/shared/vjxrluey7d
The Holy Quran Tafsir (Burmese Version) Vol - 10.pdf http://www.box.net/shared/qje50zlxau
The Holy Quran Tafsir (Burmese Version) Vol - 11.pdf http://www.box.net/shared/59kgupve1p
The Holy Quran Tafsir (Burmese Version) Vol - 12.pdf http://www.box.net/shared/f4ak5s6s95
The Holy Quran Tafsir (Burmese Version) Vol - 13.pdf http://www.box.net/shared/g6lklathpv
The Holy Quran Tafsir (Burmese Version) Vol - 14.pdf http://www.box.net/shared/r4epy4h5lh
The Holy Quran Tafsir (Burmese Version) Vol - 15.pdf http://www.box.net/shared/qdjzsktz1y
The Holy Quran Tafsir (Burmese Version) Vol - 16.pdf http://www.box.net/shared/zqzppa2loy
The Holy Quran Tafsir (Burmese Version) Vol - 17.pdf http://www.box.net/shared/ptsephzd7y
The Holy Quran Tafsir (Burmese Version) Vol - 18.pdf http://www.box.net/shared/a32yg2g1sf
The Holy Quran Tafsir (Burmese Version) Vol - 19.pdf http://www.box.net/shared/7lqxhujtt2
The Holy Quran Tafsir (Burmese Version) Vol - 20.pdf http://www.box.net/shared/oeuf23vli0
The Holy Quran Tafsir (Burmese Version) Vol - 21-22.pdf http://www.box.net/shared/z63uk2g7pv
The Holy Quran Tafsir (Burmese Version) Vol - 23-24.pdf http://www.box.net/shared/f61i8i7b6d
The Holy Quran Tafsir (Burmese Version) Vol - 25.pdf http://www.box.net/shared/kz62uz59z3
The Holy Quran Tafsir (Burmese Version) Vol - 26.pdf http://www.box.net/shared/s3nepqmg4i
The Holy Quran Tafsir (Burmese Version) Vol - 27.pdf http://www.box.net/shared/cvi4a4utiv
The Holy Quran Tafsir (Burmese Version) Vol - 28.pdf http://www.box.net/shared/2v9xvhumql
The Holy Quran Tafsir (Burmese Version) Vol - 29.pdf http://www.box.net/shared/ne50hr9y6h
The Holy Quran Tafsir (Burmese Version) Vol - 30.pdf  http://www.box.net/shared/7juqpbev3b

အေမန် အလ် ၈ဇာလီ

ကျွန်တော်နှင့် အဘိဓမ္မာ {၂}

       တစ်ခါတစ်လေ ကိုယ့် ဘက်က နွေးနွးထွေးထွေး ပြုံးပြပေမယ့် ခနဲ့ တဲ့တဲ့..တုန့် ပြန်မှူ့တွေနဲ့ ကြုံ၇တဲ့ အခါ..ဒါမှမဟုတ် ကိုယ့်၇ဲ့ ယုံကြည်ချက် နဲ့ စေတနာကို တလွဲ အမှတ်ပေးခံ၇တဲ၌ အခါ..လူငယ်တစ်ယောက်အနေနဲ့ စိတ်လိုက်မန်ပါ..တုန့်ပြန်လိုက်ချင်ပါ၇ဲ့ ..ဒါပေမယ့် အစ္စလမ် လူငယ်တစ်ယောက်အနေနဲ့ ဘာသာတ၇ား၇ဲ့ ထိန်းချူပ်ပဲ့ပြင်မှူ့ တွေ ၊ မြန်မာနှိင်ငံသားတစ်ယောက်အနေနဲ့ ၇ိုး၇ာ ယဉ်ကျေးမှူ့တွေ ၇ဲ့ ဘောင်တွေကို ကျော်ထွက်မသွားအောင် self control ဆိုတာကို ဘယ်လိုမှ ဆန့်ကျင်မ၇တာ သဘာဝကျ သည်ဟုထင်မိသည်။

တစ်ချို့ လူကြီးတွေကပြေားတတ်ကြသည် "ခုခောတ်လူငယ်တွေကွာ..ပြန်မပြော နားမထောင် နဲ့ လုပ်ချင်၇ာလုပ်တယ် ၊ေ၇ှးယိုကိုလည်းပယ်တယ်..ဓျေးသုံးလည်လွယ်တယ်....ဒို့ခေတ် က စိမ်ခြူးကြာညောင် လို သချင်းမျိုးကိုတောင် DJ တွေ REMIX တွေနဲ့ေ၇ာပြီး ဆန့်ငင် ဆန့်ငင် ဖြစ်အောင်လုပ်တယ်..မင်းတို့ ကာ၇ံမဲ့ တယ်ကွာ"တဲ့"မင်းတိုပြောပြေားနေတဲ့ "အသစ်..အသစ်" ဆိုတာတွေကလည်း အဆက် အဆပ် မ၇ှိ ၊ဘောင်မ၇ှိ၊ Theory မ၇ှိတဲ့ ပ၇မ်းပတာတွေပါကွာ"တဲ့...ဒါသူတို့ဘက်ကအမြင်ပါ..ကျွန်တော်တို့ ဘက်အမြင်ကိုတော့ ၇ျင်းပြမခံကြတော့ပါဘူး။နောက်တွေ့ကြတာပေါ့ ကွာ ဆိုပြီး နုတ်ဆက်သွားတယ်..အင်း...ဒါ..လူကြီးဗြူဟာလို့ ခေါ်၇မယ်ထင်ပါတယ်။နှစ်၈ိုး တစ်၈ိုးနဲ့ အ၇ှူံး ခံ၇မယ့် အစား..သေ၇နဲ့ ဒိုင်ပွဲး၇ပ်လိုက်တဲ့ သဘောပါ။ ကျွန်တော်တို့ အေ၇ှ့တောင်အာ၇ှ မှာ ၈ီတဖလှယ်ပွဲးတွေ နှစ်စဉ်လိုလို လုပ်လေံ၇ှိတယ်။၈ီတအကြောင်းပြောချင်၍ မဟုတ်ပါ ဥပမာ တစ်ခုအားတင်ပြချင်သောကြောင့်ပါ။အဲ့ဒီလို ဖိတ်ခေါ် ပွဲးတွေမှာ မြန်မာက ဝင်ပြိုင်ဖူးပါတယ်။ကျွန်တော်မမှားဘးဆိုလျှင် ၂ဝဝ၉ ကထင်ပါတယ်။အဖြစ်ကတော့ မနှစ်ကနဲ့ မတူးပါဘူး။တခြားနှိင်ငံတွေက ခောတ်မှီ ၈ျက် တို့ ဗလူ့ တို့ လို ၈ီတမျိုးတေနဲ့ဝင်ပြိုင်တဲ့အခါ ကျွန်တော်တို့ မြန်မာပြည်က ကျေးလက်သီချင်းတစ်ပုဒ်နဲ့ ဝင်ပြိုင်ပါတယ်။သီးချင်းကတော့ "ထန်းပင် ..ထန်းလက်..ထတ်းသီးတွက တဝေဝေ"ဆိုတဲ့ စာသာကိုတော့ အခုထိအမှတ်၇တုံးပါ။မဆိုးပါဘူး အေ၇ှ့တောင်အာ၇ှမှာ အဆင့် ၁၂ ၇ခဲ၌တယ်တဲ့ ..ဟီးဟီး။

ကျွန်တော် မလေး၇ှာမှာနေတုံးက တစ်လ နှစ်ခေါက်လောက် မြန်မာဆိုင်ဆွေ ၇ှိတဲ့ ပလာဇာကို သွား၇ပါတယ်။မြန်မာသီချင်ခွေတွေလည်းေ၇ွး၇င်းပေါ့။အဲ့ဒီမြန်မာဆိုင်၇ဲ့ ဆိုင်ချင်ကပ်လျက် တ၇ုတ်ဆိုင်တို့ မလေးဆိုင်တို့ က မြန်မာ REMIX သချင်းတွေဖွင်နေတာ မကြာခဏ သတိထားမိပါတယ်။အဲ့ဒီ သီချင်းက "ေ၇ွှစွန်ညို ဘာကိုလိုလို့ ဝဲးပါတယ်" ဆိုတဲ့ေ၇ှးဟောင်းသီချင်းကို သားစိုးက မြန်မာ ၈ီတနဲ့ နောက်တိုင်း၈ီတကိုေ၇ားပြီး REMIX လုပ်ထားတာပါ။သူတို့တွေ မြန်မာ စကားလည်းနားမလဲတာတောင် "BAGUS(GOOD)" လို့ပြေားကြပါတယ်။ကျွန်တော်တို့၇ဲ့ "အသစ် အသစ်ဆိုတာ ပ၇မ်းအတာ လားဆိုတာ သိသာလှပါတယ်။ကမ္ဘာပေါ် မှာ နာမည်ကြီး ထမင်းငတ် ၊ငပျောသီးမစားဖူးလိုက်ပဲနဲ့ ထောင်ထည်းမှာ သေသွားတဲ့ ကမ္ဘာကျော် ပု၈္ဂိုလ် တစ်ယောက် ၇ှိပါတယ်။"ဘာစကို ဒ၈ါးမား"ပါ။ဒါပေမယ့် သူ့ ၇ဲ့ အသစ်အသစ်ဆိုတာတွေ ကို ၇ှုာဖေချင်တဲ့ တစွတ်ထိုးစ၇ိုက်ကြောင့် ပဲ သူ့နှိင်ငံ တော်တော် စည်းပွားဖြစ်သွားတာ လူတိုင်းအသိပါ။မြစ်ထဲမှာ ခ၇ီးဆက်တာ နဲ့ အပြောကျယ်လှတဲ့ ပင်လယ်ထဲမှာ အသစ်တွေ ၇ှာဖွေတာ အကွာကြီးကွာလှပါတယ်..."ဗိုလ်ချုပ်၏ စကားတစ်ခွန်း တွင် ပထဝီကိုသာ သိယုံမကေ၇သစ်မြေသစ်တွေကိုလည်း ၇ှာဖွေနှိင်၇မည်"တဲ့...အခု ခောတ် ကြီးကိုက globalization { ကမ္ဘာ၇ွာ} ခောတ်ကြီးပါ။ဧ၇ာသတီ မြစ်ောကာင်းထက် အင်လယ်ကိုပိုပြီးစိတ်ဝင်စားတတ်တဲ့ လူငယ်တွေကို အပြစ်ပြော၇င် 110% မှားပါတယ်။

မောင်ဖြူဟာ "ဒွေး"ဖြစ်ချင်တာထက် မောင်ဖြူဟာ မောင်ဖြူ ဖြစ်နေဖို့ က ပိုပြီး အေ၇းကြီးပါတယ်။"ဒွေး" ကိုအားကျ ပြီး လိုက်အတုခိုး၇င် "ဒွေး"လောက်ပဲ ဖြစ်နှိင်မှပါ။သူထက်မပိုနှိင်ပါ။မောင်ဖြူဟာ မောင်ဖြူ၇ဲ့ ကိုယ်ပိုင်နည်းလမ်း စတိုင် အတိုင်း ကြီူးစားလျှင် Hollywood ထိေ၇ာက်သွားနှိင်ပါတယ်။ဥပမာအားဖြင့် ထိုင်းအက်၇ှင်မင်းသား"ဝမ်းဘက်"ဇတ်ကားကလိုမျိုး ပါ။၈ျက်ကီချမ်းတို့ ၈ျက်လီတို့ ထိုင်ငို သွားပါတယ်။ဆိုလိုချင်သည်မှာ အခုခောတ် လူငယ်များ ကာ၇ံမဲ့ နေကြပေမယ့် အဘိဓမ္မာ မမဲ့ကြပါ။ကာ၇ံဆိုသည်မှာ ချောမွှေ့ သိမ်မွေ့စေသောအ၇ာသာဖြစ်၍ အဘိဓမ္မာဆိုသည်မှာ အဓိက fundamental ကျလှသည့် အသက်သွေးကျေားမှင့်တူပါသည်။အဲ့ဒီအဘိဓမ္မာကြောင့်သာလျှင် မြန်မာ၊အ၈င်္လိပ်၊တ၇ုတ်၊အိန္ဒယား စသဖြင့် ကွဲးလွဲးစွာ မြင်နှိင်ချင်းသာ ဖြစ်တော့သည်။ကျွန်တော်သည် မြန်မာနှိင်ငံသား အစ္ခလမ်ဘာသာဝင်ဖြစ်သောကြောင့် အဘိဓမ္မာ နှစ်၇ပ် ၇ှိပါသည်။မြန်မာ၏ အဘိဓမ္မာနှင့် အစ္ဓလမ်၏ အဘိဓမ္မာပါ။အဲ့ဒီ နှစ်ခုစလုံး ၇ဲ့ ဘောင်အပြင်ကို မေ၇ာက်သွား၇အောင် ကြိုးစားဖို့ က မဖြစ်မနေ တာဝန် တစ်ခု ဖြစ်နေတော့ပါသည်။

အစ္စလမ်၏ အဘိဓမ္မာအကြောင်း တစ်စေ့တစ်စောင်း ပြောပါ၇စေ။ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဘဝ လောက်အထိ သဘလစ် ထွက်တဲ့ အလေ့ အထ၇ှိပါသည်။တစ်နေ့တော့ ဝါ၇င့် သဘလစ် သူတော်စင် တစ်ယောက်၇ဲ့ မ၈၇စ်ပြီး အစ်စတေမာ မှာ ဝပ် လုပ်တာ နားထောင်းဖူးပါသည်။သူ့၇ဲ့တင်ပြမှူ့ က ဒီလိုပါ။

တခါက ပေါ်တူ၈ီ{သို} ဒခ်ျ စစ်သင်္ဘောတစ်စီး ပင်လယ်ထဲမှာ ၇ွက်လွင့်နေ၇င်း သဘောင်္ပေါ်မှာ စားပွဲးသောက်ပွဲး တွေလပ်ြနေ၇င်း မူးကြ ၇ှူးကြပြီးတော့ ကု၇င်္အာန် ကျမ်းမြတ်ကို မလေးမစား မိး၇ို့ ဖျက်ဆီးကြပါတယ်တဲ့။အဲ့ဒီလိုနဲ့ ၇ုတ်တ၇က် ကောင်းကင်မှ အလင်းတန်းကြီး တစ်ခု ပေါ်လာပြီး လေပြင်းမုန်တိုင်းတွေကျပြီး သင်္ဘော တစ်ခုလုံးေ၇းထည်းမှစ်မြုပ် သွားပါတော့တယ်။တစ်ဦးတစ်ယောက်မျှ အသက်၇ှင်လျက် မကျန်ခဲ့ပါဘူးတဲ့။ဒါဟာ အောလ္လာဘက်ကနေ အာဇတ် အပြစ်ပေးတာပါတဲ့။အဲ့ဒီသင်ခန်းစာကို.ယူပြီး ကု၇်အာန်ကို မလေးမစားလုပ်ဖို့ စသဖြင့် သူပေးချင်ကတော့ တကယ်ကို အေ၇းကြီးလှ ကိစ္ဓကိုသိစေလိုတဲ့ သဘေားသက်သက်ပါ။ဒါပေမယ်ကျွန်တော်မေးလိုက်မိတဲ့ မေးခွန်းကြောင့် "မင်း တော်တော်" " ၇ှည်တဲ့ အကောင်ပဲဆိုပြီး စိတ်ဆိုးသွားပါတော့တယ်ခင်ဗျာ။ကျွန်တော်မေးလိုက်မိတာက ...

"အဲ့ဒီသင်္ဘေားပေါ်က လူတစ်ယောက်မှ အသက်မ၇ှင်ကျန်ခဲ့ဘူးဆို၇င် အဲ့ဒီသင်္ဘေားပေါ်က အဖြစ်အပျက်တွေကို ဘိုင်တို့ စတလိုက် satellite နဲ့ ကြည့်တာလားဗျာ" လို့ မေးလိုက်မိခြင်းသာ ဖြစ်ပါတော့တယ်ဗျာ။

အစ္စလမ်ဘာသာသည် အစွန်းေ၇ာက်သော ၊ပင်ပန်းကြီးစွာ လိုက်နာ၇သော ပြင်းထန်လွန်းသည့် သာသနာမဟုတ် ပါ။အလျှော့အတင်း၇ှိပါသည်။သူဘက်ကိုယ့် ဘက်ကြည့်တတ်အောင် ပြထားသော သာသနာပါ။ပုံပြင်ဆန်သော ၊ယုတ္တိ ယုတ္တ၇ာ မကျ သာသနာမဟုတ်ပါ။အစ္စလမ်က တိကျစွာ ပြထားပါသည်။ယုတ္တိ၇ှိစွာ ပြထားပါသည်။ကျွန်တ်ာတို့ ၈၈နန မသိပဲ false space နဲ့ေ၇ားမကြိတ်မိဖို့ ပဲလိုတာပါ။ဆိုလိုချင်သည်မှာ မသေချာ၇င် တိတ်တိတ်လေးနေလိုက်ပါ..သေချာတယ် အထောက်အထာ၇ှိတယ်တို၇င်တော့ သဘောပေါ့။အထောက်အထားဟုဆို၇ာတွင် ဟိုနှိင်ငံမှေ၇းသော မွတ်ပသီ၇ဲ့ စာအုပ်၊ဒီနှိင်ငံမှေ၇းသော မော်လာနာ၏ စာအုပ် ဒါမှမဟုတ် စော်ဒီမျကျောင်းပြီးသော လျပ်စစ်ပညာ၇ှင်၏ စာအုပ် ဆိုသည်ထက် ကု၇်အာန်ကျမ်းမြတ်သည်သာ အဓိကကြလှသည်မဟုတ်ပါလား။

ကျွန်တော်ဆိုလိုချင်သည်မှာ အသေးအဖွဲး ကိစ္စလေးများ အား ပုံကြီးချဲ့ နေမည့် အစား၊ငြင်ခုံနေကြမည့် အစား၊သွေးကွဲးနေကြမည့်အစား ကလေမာအား နှလုံးသားနှင့်ဖတ်ထားပြီး ကု၇်အာန်နှင့်မလွဲးလျှင် တအူထုံးဆင်းညီနှေင်၇င်းကဲ့ သို့ ညီညွတ်စေလိုသည့် ဆန္ဒသာလျှင်ဖြစ်ပါသည်။ငြင်းခုံ ခွဲးခြားနေမည့်အစား ပလီတွင်လာေ၇ာက်၍ တပြေညီ၇င်ပေါင်တန်း အောလ္လာေ၇ှ့တွင် ဒူးထောက်သူအားလုံးအား အတူတူသာဖြစ်သည်ဟု ယူဆစေလိုသည့် ဆန္ဒ သာဖြစ်ပါသည်။တမန်တော်မြတ်ကြီး{စွလ္လာ} ၏ ဟဒစ်တစ်ပုဒ်အား တင်ပြချင်ပါသည်။အလိုသဘေားမှာ....

လူတစ်ဦးတစ်ယောက် မိမိ၏ေ၇ှ့တွင် အမှားလုပ်နေသည်ကို သေချာစွာ တွေ့၇လျှင် ထိုသူအား ၇ိုက်နက် ၍တားသင့်သော သူဆိုလျှင်{ သား၊သမီး၊တူ၊တပည့် ..စသဖြင် မိမိထက်ငယ်သောေ၇ွှမျိုးသားခင်} အား ၇ိုက်နက်၍ တားမြစ်လိုက်ပါ။အကယ်၍ ထိုသူသည် နုတ်ဖြင့် သာတာမြစ်သင့် သောသူ{သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်း၊ေ၇ွှမျိုးထဲမှ၇ွယ်တူ..စသဖြင့်} အား နုတ်ဖြင့်အသိပေးတားမြစ်လိုက်ပါ။အကယ်၍ ထိုသူသည် ၇ိုက်နက်၍လဲ ဆုံးမ၍လဲ မသင့်တော် ၊နုတ်ဖြင့်ပြေားဆိုတားမြစ်၇န်လည်း မသင့်တော်သောသူ ဖြစ်ပါလျှင်{ဆ၇ာသမား၊ေ၇ွမျိုးမတော်စပ်သူ၊သာမန်အသိမိတ်ဆွေ..စသဖြင့်} မိမိ၏စိတ်အတွင်းမှ မနှစ်မြို့ ကြောင်း တွေးလိုက်လျှင်ပင်တာဝန်ကျေ၏။

အင်ဆန် လူသားအားလုံးအမေ့ အမှား မကင်းကြကြောင်းလူတိုင်း သိပါ၏။ဘာအတွက်ကြောင့့် ကျွန်တော်တို့ က ငြင်းကြ၊ ခုံကြ၊တစိမ်းသ၇ံစာတွေလို ကွဲကွဲပြဲပြဲ ဖြစ်ကြတဲ့အထိ ပြသနာတွေ တက်နေကြ၇တာလည်း။တကယ်မှားနေ၇င် အောလ္လာ အပြစ်ပေးပါလိမ့်မယ်။မလိုအပ်၇င် ဒါမှမဟုတ် ပြော၍လက်မခံလျှင် စိတ်လျှော့ပြီး ပိုပြီး နူးညံ့ တဲ့နည်းဗြူဟာမျိုးသုံးပြီး လိမ်မာပါးနပ်စွာ ညိ ယူလို၇တဲ့နည်းတွေ၇ှိတယ်ဆိုတာ လူတိုင်းစဉ်းစားမိကြမှာပါ။ ကိုယ်နဲ့တူတဲ့ ကာ၇ံမျှိုး လိုက်ညိနေဖို့ထက် အဓိကကြတဲ့ အဘိဓမ္မာ တွေ အပျက်မခံမိဖို့ အေ၇းကြီးလှပါတယ်။

ဥပမာအားဖြင့် မြန်မာပြည်မှ အဓိက လွဲးကြ..ကွဲးကြတဲ့ ကိစ္စတော်တော်များများဟာ တကယ့် အစ္စလမ် နှိင်ငံကြီးတွေမှာ အသေးအဖွဲကိစ္စမျိုးဖြစ်နေတာကများပါတယ်။ဥပမာ ဓာတ်ပုံ၇ိုက်ခြင်း၊ဗီဒီယို၇ိုက်ခြင်း၊သီချင်းဆိုခြင်း၊သီချင်းနားထောင်ခြင်း၊ဝတ်စားဆင်ယင်မှူ့ ၊မုတ်ဆိတ်ကိစ္စ.ဒါတွေက အဓိက ပြသနာတွေလို့ ထင်မိသည်။ကျွန်တော် အစ္စလမ် နှိင်ငံ နှိင်ငံမှာ နှစ်အကြားကြီး နေဖူးလေ့လာဖူးသလောက်တော့..၇ှဒစ်{တုဖက်ကိုးကွယ်ခြင်း} ဖြစ်စေတဲ့ အပြုအမှူ အပြေားအဆို အနေအထိုင် ဇတ်းလမ်းဖတ်ကွက်တွေက လွဲ၇င် တခြားသာမန် အချစ် အမုန်း ဘဝ ဒုက္ခ ၇သ ပညာပေးစတဲ့ သီချင်းတွေဆိုတာတို့ နားထောင်တာတို့ ဗီဒိယိုဇတ်ကား၇ိုက်တာတို့ က ဟာ၇မ်မဟုတ်ကြောင်း ဒီအစ္စလမ်နှိင်ငံတွေမှာ၇ှိတဲ့ အိုလမာတွေ သာသနာ့ ပညာ၇ှင်အဖွဲ့ တွေ.အစ္စလမ် organization တွေက ထုတ်ပြန်ထားကြတယ်။မုတ်ဆိတ်ကိစ္စလောက်တော့ ၇ီတာပေါ့..ဝတ်ချင်၇ာသတ်..လုံလုံချုံချုံ ဖြစ်၇င် ပြီးတာပဲ စတိုင်တောင်ဖြစ်သေးတယ်။ကဲဒါဆို ကျွန်တော်တို့ က ဘာတွေများငြင်းဖို့လိုသေးသလဲဗျာ။

လူဆိုတဲ့ သဘာဝကိုက ဒီဘက်အိမ်က ၇န်ဖြစ်၇င် ဟိုဘက်အိမ်က ကြိတ်ဝမ်းသာကြ တာ ထုံစံပါ။ကျွန်တော်တို့ မလိုအပ်တဲ့ နည်းလမ်းအမှားတွေနဲ့ သွေးကွဲးစ၇ာတွေ ဖြစ်မဲ့အစား ပိုပြီး နူးနူးညံညံ နီးနီးကပ်ကပ် စည်စည်းလုံးလုံးနဲ့ တိုက်၇ိုက်မဟုတ်၇င်တေင် သွယ်ဝိုက်သောတည်းလမ်းကောင်းတွေနဲ့ ညီး၇င်းအကို ပီသစွာ ဆွေးနွေးညိနျိင်းကြ၇င်တော့ ကောင်းတာသေချာပါတယ်။စိတ်မပူကြပါနဲ့ အစ္စလမ်ကိုဖျက်ဆီးမဲ့မိုနာဖစ်တွေ ကာဖေတွေက အောလ္လာ အမိန့် မပါပဲနဲ့ ဘာမှလပ်ြလို့မ၇ပါဘူး။အောလ္လာမဟာ၈၇ုဏ၇ှင်၇ဲ့ ကြီးကျယ်လှတဲ့ မဟာစီမံကိန်းကြီးတွေကို ကျွန်တော်တို့ ၇ဲ့ မြူမုန်လောက်ပဲ၇ှိတဲ့ စွမ်းအား၊ဥဏ်အားလောက်နဲ့ တော့ ဘာမှ အကျိုးမဖြစ်စေနိင်သလို မဆုတ်ယုတ်နှိင်ပါဘူ။ဒါကြောင့် စစ်မှန်တဲ့ သာသနာဖြစ်တဲ့ အစ္စလမ်သာသတနာကို တခြားသူတွေ မမြင်မြင်အောင် ပညာ၇ှင်များအနေနဲ့ ဖွင့်ပြထားသင်ပါတယ်။သို့ သော် သတိကြီးစွာ ထားသင့်သော အချက်မှာ အစ္စလမ်သည် သုံးကြိမ်ထက်ကျော်၍ မတ၇ား အနှိင်ကျင့်လာပါက ခေါင်းငုံ့ခံ၍ အသေခံ၇မည်ဟု ပြမထားပါ။ထို့ကြောင့် အချုပ်အနေဖြင့် ဆိုလိုချင်သည်မှာ

"၇ိုးသားစွာ နေပါ သို့သော် လူညံ့ မဖြစ်ပါစေနဲ့"

"၇ိုးကျိုးစွာနေပါ သို့သော် ကျွန်မဖြစ်ပါစေနဲ့"

"သိခံစိတ်၇ှည်ပါ သို့သော် လူကြောက် မဖြစ်ပါစေနဲ့"

ဤသည်သာလျှင် အစ္စလမ်၏ အဘိဓမ္မာများဖြစ်တော့သည်။ ။



လေးစားစွာဖြင့်

ဟာ၇ှင်{IDN}

{ဆက်လက်ကြိုးစားပါမည်}

မဇ်ဟဗ်များ ကွဲလွဲခြင်းဆိုသည်မှာ

               အစ္စလာမ် သာသနာတော်၏ ပညတ်ချက်အတော်များများသည် ကွဲလွဲမှုမရှိ၊ ကွဲလွဲခွင့်မရှိ
သည့် ပညတ်ချက်များဖြစ်သည်။ သို့သော် အချို့အမှုကိစ္စများသည် ကုရ်အာန်၊ ဟဒီးဆ် ၌ အတိအလင်းဖော်ပြထားခြင်း မရှိသောကြောင့် ထိုကိစ္စများနှင့် ပတ်သက်၍ တရားတော်၏ အမိန့်မည်
သို့ ရှိသည်ကို မေးမြန်းဆည်းပူးနိုင်ရန် ၀ါရင့်၊ သမ္ဘာရင့်၊ ကျယ်ဝန်းနက်ရှုင်းစွာ အသိအမြင်ရှိသူ၊ သစ္စာသမာဓိရှိသူထံ ချဉ်းကပ်ရန် အရေးကြီး၏။ အီမာန်ကြီးလေးပါးစလုံးသည် ဖော်ပြပါ အရည်အချင်းများ
နှင့် ညီညွတ်ပြီး၊ အစ္စလာမ့်လောက၌ တညီတညွတ်တည်း လက်ခံထားခြင်းခံရသူများဖြစ်သောကြောင့်ယင်းတို့၏ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်မှ ဖော်ထုတ်ထားသော ပညက်ချက်များကို ဥပဒေအကျယ်ပြန်များအဖြစ်လက်ခံထားကြသည်။ 
ထို့ကြောင့် အလ္လာဟ့် ရစူလ် ၏ မိန့်မြွက်ချက်များကို နာခံရမည့် အစား ထိုပုဂ္ဂိုလ်များ၏ အမိန့်ကိုနာခံနေကြသည် ဆိုလျှင်မမှန်ကန်ပါ။ အလ္လဟ့်၊ ရစူလ်၏ မိန့်မြွက်ချက်များကို ထိုသူတော်စဉ်အီမာန်ကြီးများက ဖော်ထုတ်ခြင်းဖြစ်သဖြင့် မှန်ကန် ခိုင်လုံသည် ဟုမှတ်ယူရမည်။ ထိုအီမာန်ကြီးများ၏ ဥပဒေအကျယ်ပြန်ချင်းကို မည်သည့် အသိတရားရှိသူမျှ မူလဥပဒေနဲ့ဆန့်ကျင်သည်ဟု သဘောမပိုက်ပါ။ သို့ပါ၍ အီမာန်လေးပါးစလုံးက ကုရ်အာန်၊ ဟဒီးစ်မှ ကောက်နှုတ်ဖော်ပြထားခြင်း
ကြောင့် ထိုအီမာန်ကြီးများ၏မဇ်ဟဗ်(ကျမ်းတော်မြတ်ကုရ်အာန်
နှင့် ဟဒီးစ်တော်များမှ ဖော်ထုတ်ထားသော ပညတ်ချက်) အပေါ် လိုက်နာကျင့်သုံးခြင်းသည် ကုရ်အာန်၊ ဟဒီးစ် အပေါ်လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ ဖိကဟ် မဇ်ဟဗ် အားလုံးသည်ရှရီအသ် မြစ်ကြီးမှ ခွဲထွက်လာသော မြစ်လက်တက်များဖြစ်သည်ဟု မှတ်ယူထားရမည်။

အီမာန်ကြီးများ အလျှင် ခေတ်သည် ခိုင်းရုလ်ကုရူန်း (အကောင်းဆုံးခေတ်) ဖြစ်၏။ ထိုခေတ်ရှိမွတ်စ်လင်မ်များသည် မိမိတို့ စိတ်ကြိုက် ဆောင်ရွက်ခြင်းမရှိကြပဲ ဆွဟာဗဟ် များထံမေးမြန်းဆည်းပူးကြ၍ ကျင့်သုံးခဲ့ကြသည်။ အီမာန်ကြီးများခေတ်နောက်ပိုင်း အိဂ်ျသေဟားဒ် (ကုရ်အာန်နှင့် ဟဒီးစ်တော်မှ ပညတ်ချက်ဖော်ထုတ်ခြင်း) လုံးဝ လုပ်ခွင့်မရှိဟူ၍မဟုတ်ပါ။ အိဂ်ျသေဟားဒေ မုသွလားက် (မိမိ အသိဥာဏ်ဖြင့် ကုရ်အာန်နှင့် ဟဒီးစ်တော်မှ ပညတ်ချက်များကို ဖော်ထုတ်ခြင်း) အတွက် အထူးလိုအပ်သော အသိ၊ပညာ၊သိက္ခာ၊သမာဓိ၊ သက္က၀ါစံချိန်မမှီခြင်းသာဖြစ်သည်။ ထိုသို့သော အဆင့်ရှိသူ မပေါ်ပေါက်နိုင်တော့ပါ။ အကယ်၍ အိဂ်ျသေဟားဒ်ပြုခွင့်ရှိနေသေးပါက အုမ္မသ်ထု အတွင်း၌ စည်းလုံးမှု ပျက်ပြားမည့် အန္တရာယ်ရှိနိုင်ပေသည်။
အီမာန်ကြီးများ ကွဲလွဲခဲ့သည်ဆိုရာ၌ လူတစ်ဦးနှင့်တစ်ဦး သဘောပေါက်နားလည်နိုင်မှု၊ စဉ်းစားတွေးခေါ်မှု
နှင့် သုတေသနပြုနိုင်စွမ်း ခြားနားခြင်းသည် ပင်ကိုယ်သဘာဝ ပင်ဖြစ်သောကြောင့် ၄င်းတို့၏ ထိုးထွင်းကြံဆ၊ တွေးခေါ်ဆုံးဖြတ်မှုများသည်လည်း ခြားနားနေမည်ဖြစ်သည်။ ကွဲလွဲနေမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ထိုအီမာန်ကြီးများသည် တရားတော်၏ သဘောတော်နှင့် အညီ ကွဲလွဲနေခြင်းဖြစ်သဖြင့် အမှန်တရား အပေါ်၌ကွဲလွဲခြင်းသာ ဖြစ်ပေတော့သည်။ အီမာန်ကြီးလေးပါးစလုံးသည် အမှန်တရားပေါ်၌ရှိကြ၍တစ်ပါးပါးဖော်ထုတ်ထားသော မဇ်ဟဗ်အပေါ်လိုက်နာ ခြင်းသည် အမှန်တရားအပေါ် လိုက်နာကျင့်သုံးခြင်းမည်၏။ သို့သော် တပြိုင်နက် လေးပါးစလုံး၏ ပညတ်ချက်ကိုလိုက်ခံနိုင်ရန် မဖြစ်နိုင်။ တစ်ပါးပါး ဖော်ထုတ်ထားသော ပညတ်ချက်ကို လိုက်နာရန်အရေးကြီး၏။ သို့မဟုတ်ပါက လမ်းမှား၍ စိတ်ကြိုက်စိတ်အလိုလိုက်မှုများဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဖိကဟ်ကျင့်စဉ်တစ်ခုအပေါ်အတည်တကျလိုက်နာရင် ၀ါဂျဗ် ဖြစ်သည်။ သို့မဟုတ်ပါက စိတ်ကြိုက် အလိုလိုက်ခြင်းနှင့် မိမိ ကိုယ်ကျိုးဖတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။

--------------------------------------------------------------------------------------------------------------
ဟဇရသ်မော်လာနာ မွဖ်သီ ယူစွဖ် (လုဒ်ယာန၀ီ) ၏ မဇဟဗ်များအကြောင်းရေးဖြေဆိုထားသော ဖသ်ဝါလုဒ်ယာန၀ီကျမ်း(2) အား မှီငြမ်း ရေးသားသည်။

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁)

ဟာဒစ်သမိုင်းကျမ်းရှင်များ၏ရည်ရွယ်ချက်

အေမန် ရှာဖီသည် မိမိ၏ တပည့် များကို ဟာဒစ်သမိုင်း ဆိုင်ရာ အချက် အ လက်များကို စုဆောင်း ရန် တိုက်တွန်း ခဲ့ခြင်းမှာ အစ္စလာမ် သာသနာသည် ကျမ်းမြတ် ကုရ်အာန် တစ်အုပ် တည်း နှင့် မွတ်စလင်မ်များ အဖို့ လုံလောက်မှု မရှိ ၍ ကုရ် အာန်၏ အားနည်း နေသော ဥပဒေများကို အ ထောက်အကူ ပြု ရန် အတွက်ဟာဒစ်များကို စုဆောင်း စေ ခဲ့ခြင်း မဟုတ်ပေ။

ဤသည့် အချက်ကို သတိထား ရမည်မှာ မွတ်စလင်မ်များ အတွက် အသက် သွေးကြော တမျှ အရေးကြီး သောအချက် ဖြစ်သည်။ မွတ်စလင်မ် တစ်ဦးသည် ထိုကဲ့သို့ အတွေး အခေါ် ဝင်ရောက် လာပါက မည်မျှပင် ကြီးမားသော လူသား ပညာရှိကြီး ဖြစ်နေ စေကာမူ ထိုသူသည် ကုရ်အာန်၏ အခြေခံ မူဝါဒ ဖြစ် သောကျမ်းမြတ် ကုရ်အာန်၅း၃ အခြေခံ ဥပဒေ ဖြစ်သည့် အစ္စလာမ် သာသနာ ပြီးပြည့်စုံပြီ ဟူသော ဗျာဒိတ် အား ငြင်း ဆန်ခြင်းတစ်ရပ်ဖြစ်သည်။ အကယ်၍ ကုရ်အာန်သည် လူသားများ ရေးသားစီရင် အပ်သော လူရေးကျမ်းများ အားဖြင့်သာ ပြည့်စုံသည် ဟုယူဆ ခြင်းဖြင့် ထို လူရေးကျမ်း များမရှိခဲ့ သေးသော ကာလရှိ မဟာသာဝကများ အဂ္ဂ မဟာသာဝက များနှင့် ၎င်းတို့၏ အရိုက်အရာ များကို ဆက် ခံခဲ့သော မွတ်စလင်မ်များ သည် ပြီးပြည့်စုံသော လမ်း ညွှန်မှုကို အ ပြည့်အဝ မရရှိခဲ့ကြပါ ဟုတိုက်ရိုက် စွပ်စွဲခြင်း တစ်ရပ် လည်းဖြစ်သည်။

အေမန် ရှာဖီသည် ၎င်း၏ တပည့်များကို ဟာဒစ်သမိုင်း ကျမ်းများကို စု ဆောင်း စေခဲ့ခြင်းမှာ အေမန်အဘူဟနီဖာ၏ အသိဥာဏ်ကို အခြေခံ၍ ဆုံးဖြတ်ခြင်းမျိုး ထက် ရှေးသမိုင်းများမှ မဟာ သာဝကများ၊ အဂ္ဂမဟာ သာဝကများ ၏ပြုမူ ဆောင်ရွက် ချက်များကို ပြန်လည်ရှာဖွေ ခြင်းဖြစ်သည်။ ဖော်ပြပါ အေ မန်အဘူဟနီဖာ ၏ဆုံးဖြတ် ချက်များသည်လည်း၊ အစ္စလာမ်သာသနာ အတွက် မရှိ မဖြစ် လိုအပ်ချက် ဥပဒေ များ မဟုတ်ပေ။ ကုရ်အာန်တွင် ပါဝင်သော ဥပဒေများ နှင့်စပ်လျှင်းပြီး အဓိက သိထားရ မည့် အချက်မှာ ကုရ်အာန်သည် ခေတ်တိုင်း နေရာတိုင်း နှင့် လူတိုင်း အတွက် ဟူသော အချက်ဖြစ်သည်။

ဥပမာ အားဖြင့် လင်နှင့်မယား စပ်ကြား ကွာရှင်းပါက “အစ်ဒသ်” စောင့် ဆိုင်းကာလအတိ အကျ ဖော်ပြ ထားပြီး ဖြစ်သည်။ အလားတူ လင်ယောက်ျား သေဆုံး သွားသော အမျိုးသမီးများ ၏ စောင့်ဆိုင်းကာလ ကိုလည်း အတိအကျ ပြဌာန်း ထားပြီးဖြစ်သည်။ သို့ရာတွင် အိမ်မှ ထွက်သွား ၍ ပြန်လည် ရောက်ရှိ လာခြင်းမရှိသော လင်ယောက်ျား ၏ဇနီး အတွက် နောက်အိမ်ထောင် ထူထောင်ရန် ကိစ္စကို ကုရ်အာန်တွင် မည်မျှ အတိုင်း အတာ အထိ စောင့်ဆိုင်းရမည် ဟူ၍ အတိအကျ ဖော်ပြ ထားခြင်း မရှိသည်မှာ အလွန် သဘာဝ ကျသော ကိစ္စဖြစ်သည်။ လူတစ်ယောက် ပျောက်သွားခြင်း ကိစ္စကို အဖြေရှာရာ၌ ခေတ်ကာလ နှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။ ခေတ်မှီ တိုးတက်သော အခြေ အနေနှင့် အချိန်အခါ ပေါ်တွင် မူတည်၍သာ အချိန် သတ်မှတ် နိုင်မည်ဖြစ်သည်။ ဥပမာ အားဖြင့် လူတစ်ယောက် သည် အသက်ရှင် လျှက်ရှိနေသည် သို့မဟုတ် သေဆုံး သွားပြီ ဟူသော ကိစ္စမှာ ခေတ်မှီ တိုးတက်သော နိုင်ငံ ကြီး များတွင် ၎င်းတို့၏ Biometric ခေါ် လက်ဗွေ၊ ID. CellPhone. Credit Card များအားဖြင့် အချိန်တိုတို အတွင်း စုံစမ်းနိုင်သည်။ ထိုကဲ့သို့ စုံစမ်းရာ၌ ခေတ်မှီ တိုး တက်မှု မရှိသေး သော နိုင်ငံများနှင့် နေရာများတွင် အထက်မှ တိုးတက်သော နိုင်ငံများ ကဲ့သို့မြန်နိုင်မည် မဟုတ် ပေ။ ဤသည်ကို အကြွင်း မဲ့သိသော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ၎င်း၏ ခေတ်မှီ လမ်းညွှန်မှု ကျမ်းတွင် လူသား များရေး သားသော ဥပဒေများ ကဲ့သို့ လှေနှံဒါးထစ် ဘောင်ခတ် ၍ပြဌာန်း ထားခြင်း မရှိပေ။ လူသား၏ မြင် တွေ့မှု သည် ၎င်း၏ မျက်စေ့ တစ်ဆုံး ကိုသာ မြင်နိုင်သောကြောင့် ၎င်း၏ ဥပဒေ သည်လည်း ၎င်း၏ ခေတ်ကာလ ပတ်ဝန်း ကျင်လောက် ကိုသာ လွှမ်းမိုးနိုင်မည်။ ကုရ်အာန်သည် ထိုကဲ့သို့ လူသားတို့၏ စီရင်အပ်သော လူရေးကျမ်းမျိုး မဟုတ် ကြောင်းကို ကုရ်အာန် ၄း၈၂ တွင် ဖော်ပြထားသည်။

(ထိုသူတို့သည် ကုရ်အာန်ကို ဂဃ နဏ နှိုက်နှိုက် ချွတ်ချွတ် စေ့ငုံစွာ လေ့လာသမှု မပြုကြ လေသလော၊ အကယ်၍ သာထိုကျမ်းသည် တုနှိုင်း မဲ့ကိုး ကွယ်ရာ အရှင်ထံမှ မဟုတ်ဘဲ အခြားတစ်ဦးဦး ထံမှဖြစ်ခဲ့သော် ဧကန် အသင်တို့သည် များစွာသော ကွဲလွဲ မှုများကို ဧကန် တွေ့ကြ ရမည်ဖြစ် သည်)

ဖော်ပြပါ ကုရ်အာန်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း မရှိသော ကိစ္စကို လူ သားပညာ ရှိဖြစ်သော အေမန် အဘူဟနီဖာ က ၎င်း၏ခေတ် ၎င်း၏ကာလ၌ ၎င်း၏ အမြင်အရ လင်ယောက်ျား ပျောက် ဆုံးသွားသော ဇနီးသည် နောက် အိမ်ထောင် ပြု လိုပါက နှစ်ပေါင်းရှစ်ဆယ်စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုတရား ဆုံးဖြတ် ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ထို အမျိုးသမီး အနေဖြင့် ဒီတစ်သက် နောက်အိမ်ထောင် မထူတော့ နှင့် ဟုဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အိမ်ထောင် ပြုပြီးသော အမျိုးသမီး တစ်ယောက်၏ အသက်မှာ အနည်းဆုံး ၁၈နှစ် ဆိုပါလျှင် နှစ်ပေါင်း၈၀ ထပ်ပေါင်းပါက ဒီတစ်သက် နောက် အိမ်ထောင်ပြုခွင့် မရှိဟူသော ဆုံး ဖြတ်ချက်ဖြစ်သည်။ ထိုကိစ္စရပ် အပေါ် အေမန်ရှာဖီ၏ ဆုံးဖြတ်ချက်မှာ ဇနီးသည် အတွက် လေးနှစ် စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုဆုံးဖြတ်သည်။ အေမန် ရှာဖီ၏ တပည့် အေမန်ဘိုခါရီသည် ၎င်းရှာ ဖွေ ရရှိခဲ့သော ဟာဒစ် သမိုင်း များ အရဘိုခါရီကျမ်းတွင် (၂)နှစ်စောင့် ဆိုင်းရမည် ဟုဖော် ပြထား သည်။

ဖော်ပြပါ မွတ်စလင်မ်ပညာရှိ သုခမိန်ကြီးများ အတွင်း၌ပင်လျှင် အယူဝါဒ ဆိုင်ရာ ဓမ္မသတ် များသည် ၎င်းတို့၏ခေတ် ၎င်းတို့၏ဘောင်များ အတွင်း ပြောင်းလဲလာသော အခြေအနေ ပေါ်တွင် မူတည်၍ တစ်ဦး၏ ဓမ္မသတ်နှင့် အခြား တစ်ဦးတို့မှာ တူညီမှုမရှိပေ။ ဤအချက်လေး တစ်ခုတည်း ကိုကြည့်ခြင်းဖြင့် နှစ်ပေါင်း ၁၅၀၀ ကတည်းက လူသား တစ်ရပ်လုံးကို လမ်းညွှန်ရန် အတွက် ချပေးခဲ့သော ကုရ်အာန် ၄း၈၂၏ ဟော ကိန်းပါ (လူသားတို့၏ ရေးသော လူရေးကျမ်း၊ လူသားတို့၏ ပြောသောစကား၊ လူသားတို့၏ဆုံးဖြတ်ချက်၊ လူသားတို့ ၏ ထင်မှတ် ယူဆ ချက်များသည် ကွဲ ပြားခြားနားမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

အလားတူ ကျမ်းမြတ် ကုရ်အာန်တွင် အသေးစိပ် ဖော်ပြထားမှု မရှိသော ရေ တွင်း ရေကန် ထဲသို့ ခွေး၊ ကြောင်၊ တိရိစ္ဆာန် တစ်ကောင်ကောင် ကျသွားပါက ရေကို မည်ကဲ့သို့ သုံးရန် လမ်းညွှန်မှု ပါဝင်ခြင်း မရှိပေ။ ဤသည်လည်း အလွန် သဘာဝ ကျသော ကိစ္စရပ် ဖြစ်သည်။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဗျာ ဒိတ်ကျမ်းသည် ခေတ်တိုင်း နေရာတိုင်း လူတိုင်း အတွက်ဖြစ်သည်။ ညစ်ညမ်းသွားသော ရေကို သန့်စင်ရန် ကိစ္စရပ် သည် ခေတ်ကာလ တိုင်းတွင် တူညီမှု မရှိနိုင်ပေ။ ယနေ့ခေတ် မှီတိုးတက်သော နိုင်ငံများ အနက် ရုရှားသည်လည်း တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ ရုရှားနိုင်ငံ မြို့ကြီးများ ၏ ရေပေး ဝေရေး စနစ်သည် အလွန် စိတ်ဝင်စား ဖွယ်ရာ ကောင်းပေသည်။ တစ်မြို့လုံးမှစွန့်ပစ်လိုက်သော ရေများသည် ရေမြောင်းများမှ မြို့ပြင်သို့ ရောက်ရှိသွားသည်။ ထို မြို့ပြင်မှ ထိုရေများကို အထပ်ထပ် ဇကာခံစစ်ရာ မှ လုံးဝ အညစ်အကြေး များစင်၍ ရေကြည် စစ်စစ်အဖြစ်သို့ရောက် ရှိသွားသည်။ ထိုရေကြည် ၌ ပိုးမွှားများ ကင်းစေရန် ပိုးသတ်ဆေးရည် များရော၍ ထိုမြို့ပြင် ရေသန့်စက်ရုံမှ မြို့ထဲ သို့ပြန်လည်၍ သောက်ရေ အဖြစ် ပြန်လည် ဖြန့်ဖြူး သော စနစ်ကို အသုံးပြုခဲ့ သည် မှာ နှစ်ပေါင်း များ စွာအလျှင် ကပင် ဖြစ်သည်။ ယနေ့ ခေတ်တွင် ထိုစနစ်ကို များစွာသော ခေတ်မှီ နိုင်ငံများတွင်လည်း သုံးစွဲလျှက် ရှိနေသည်။ ဤကဲ့သို့ ကိစ္စရပ် များအား ကုရ်အာန်တွင် ဖော်ပြမှု မပြုခဲ့ခြင်းမှာ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ အရာရာကို လွှမ်း ခြုံသော အနှိုင်းမဲ့ ဥာဏ်တော်ကြောင့်ဖြစ် သည်။

မွတ်စလင်မ် တိုင်းသည် ကျမ်းမြတ် ကုရ်အာန်ပါ လမ်းညွှန် မှုများကို အစွဲကင်းစွာဖြင့် နားလည် သဘော ပေါက်ကြ မည် ဆိုပါက အထက်မှ အေမမ် ကြီးများ၏ ကွဲလွဲသော ဆုံးဖြတ်ချက်များကို သဘောပေါက် နားလည် နှိုင်မည် ဖြစ် သည်။ ၎င်းတို့သည် ကုရ်အာန်တွင် ပါဝင်မှုမရှိသော ကိစ္စရပ် များကို ဆုံးဖြတ်ကြရာ၌ ၎င်းတို့ခေတ် ၎င်းတို့ဝန်ကျင် ရှိ အခြေအနေ နှင့် အချိန်အခါများ အပေါ်မူတည်၍ ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်သည်။ ဥပမာ အားဖြင့် ထိုအချိန်က သာမန် အမဲလိုက် ထွက်သွားသူ တစ်ဦးနှင့် ယနေ့ခေတ် သာမန် အမဲလိုက်ထွက်သွားသူ တစ်ဦးတို့၏ အခြေအနေ မှာမတူ နှိုင်ပေ။ တိုကဲ့ပင် ထိုခေတ် ရေကြောင်းခရီး ထွက်သွား သူတစ်ဦးနှင့် ယနေ့ ခေတ် ရေကြောင်း ခရီး ထွက် သွား သူ တစ်ဦးတို့၏ အခြေအနေ မှာလည်း တူနှိုင်မည်မဟုတ်ပေ။ ထိုသို့သော အကြောင်းများကြောင့် ခေတ် တိုင်း စနစ် တိုင်း အတွက်ဖြစ်သော ကျမ်းမြတ် ကုရ်က အထက်မှ ဖေါ်ပြခဲ့သော ဥပဒေများကို လှေနံဒါးထစ် ပြဌာန်း ခဲ့ခြင်း မ ရှိပေ။

May 20th, 2010

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၂)

In Quranic Knowledge, Tags: new episode,Quranic Knowledge

“ဟာဒစ်များကိုပြန်လည်ဖော်ပြရာ၌”

ဟာဒစ်သမိုင်းများ ကိုစုဆောင်းသူများ အားလုံးသည် ၎င်းတို့ရရှိခဲ့သော ဟာဒစ်များကိုပြန် လည်စီစစ်၍ အနည်း ငယ်မျှကိုသာ ပြန်လည်ဖော်ပြခဲ့ ကြခြင်းဖြစ်သည်။ အေမန် ဘိုခါရီ သည် ဟာဒစ်ပေါင်း (၆)သိန်းကို စုဆောင်းရရှိခဲ့ သည်။ ထို(၆)သိန်း အနက်မှ ၎င်း၏ ဘိုခါရီကျမ်းတွင် ဟာဒစ်ပေါင်း (၇၀၅၂) ပုဒ်ကိုသာ ပြန်လည်ဖော်ပြခဲ့သည်။

မွတ် စနတ်ကျမ်း ဟစ်ဂျရီ၂၄၁ အားပြုစုသူ အဟ်မဒ်အေ့ဗနုဟမ်ဘလ်သည်၊ ၎င်းစုဆောင်း ရရှိခဲ့သော ဟာဒစ်ပေါင်း တစ် သန်းအနက်မိမိ၏ ကျမ်းတွင်(၂၉၀၀၀) ကို သာပြန်လည် ဖော် ပြခဲ့သည်။ ထိုကျမ်းရှင် အားလုံးသည် ၎င်းတို့၏ ခေတ်တွင် ဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများထံမှ စာရွက်များပေါ်တွင် ပြန်လည်၍ရေးသား မှတ်တမ်း တင်ခဲ့ခြင်း ဖြစ် သည်။ ထိုဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများသည် ၎င်းတို့၏ ဆရာများ၊ ၎င်းတို့၏ ဘိုးဘွားများမှ ဆင့်ကဲ ဆင့်ကဲ တစ်ဆင့်ပြီး တစ်ဆင့် အလွတ်ကျက်မှတ် ထားသော ဟာ ဒစ်များဖြစ်သည်။ ဖော်ပြ ပါ ဟာဒစ် ကျမ်းပေါင်း (၄၁) ကျမ်းပါဟာဒစ်များသည် တမန်တော်ခေတ်မှ တမန်တော်၏ ပြောကြား ချက်များ၊ လုပ်ဆောင်ချက် များကို မဟာသာ ဝက များ က ကုရ်အာန်ကို မှတ်တမ်းတင် သကဲ့သို့ မှတ်တမ်း တင်ခဲ့ခြင်း မျိုးမဟုတ်ပေ။

ထို့အတွက်ကြောင့် ဟာဒစ်များအား ဆင့်ပြန်သူကို “ရာဝီ” ဆင့်ပြန်သူဟုခေါ်သည်၊ ဟာဒစ် များကို ”ရေ ဝါယသ်” ဟု ခေါ်သည်။ အာရဗီဝေါဟာရ ရေဝါယသ် ဟူသည်အဖြစ် အပျက်တစ်ခုကို ဆင့်ပြန်သူသည် အခြားတစ်ဦးထံမှ ကြား ခြင်းဖြစ်သည်။ ထိုအခြားတစ်ဦး မှာလည်း ထိုဖြစ်ရပ် နှင့်ကြုံခဲ့ သည်မဟုတ်၊ နောက် အခြားတစ်ဦးထံမှ ဆင့်ကဲကြား သိချက်ဖြစ်သည်။ဥပမာအားဖြင့် ဘိုခါရီကျမ်းသည် ဟစ်ဂျရီ၂၅၆ ဖြစ်သည်။ တမန်တော်ခေတ်နှင့် နှစ်ပေါင်းနှစ်ရာ ကျော် အတွင်း လူသားမျိုးဆက်(၇)ဆက် မှတမန်တော်၏ ပြောကြား ချက်များကို ဆင့်ကဲဆင့်ကဲ အလွတ်ကျက် မှတ်ထားချက်များကို အေမန်ဘိုခါရီက ၎င်း၏ ခေတ်ပြိုင် နောက်ဆုံး အဆင့်အလွတ် ကျက်မှတ်ထား သူထံမှ စာရွက် ဖြင့် မှတ်တမ်း တင်ချက်ဖြစ်သည်။ ရေဝါယသ်ဟူသော အာရဗီ ဝေါဟာရ ကို Hear say (သို့မဟုတိ) Narration ဟူသော အင်္ဂလိပ် ဝေါဟာရ နှင့်ထပ်တူထပ် မျှဖြစ်သည်။ ထို့အတွက်ကြောင့် ဘိုခါရီကျမ်း ပါ ဟာဒစ် တစ်ပုဒ်ကို ဆင့်ပြန်သော မျိုးဆက်မှာ (၇)ဆက်ခန့်ဖြစ်သည်။ ဘိုခါရီကျမ်းပါ အချို့ဟာဒစ်များသည် ဆင့်ပြန်သူ၏ အာဘော် အ တိုင်း အာရဗီဝေါဟာရ (အောက်(ရ်)ကမာ၊ကားလ) အဓိပ္ပွါယ်မှာ (သို့မဟုတ်- ထိုကဲ့သို့ ပြောခြင်းလည်းဖြစ် နိုင်သည်) ဟူသော မတိကျသော ဆင့်ပြန်ချက် ကို အေမန်ဘိုခါရီက ဆင့် ပြန် သူ၏အာဘော် အတိုင်းပြန်လည်ဖော်ပြထားသည်။

အလားတူ အကြောင်း အရာတစ်ခု နှင့် တစ်ခု လုံးဝဆန့်ကျင် ကွဲပြားလျှက်ရှိသော ဟာဒစ်များကိုလည်း ယှဉ်တွဲဖော်ပြ ထားလေသည်။ ဘိုခါရီကျမ်းတွင် ဖော်ပြ ချက် များအနက် အချို့ ကိစ္စများမှာ ဘာသာရေးနှင့် လုံးဝပတ်သက် ဆက်နွယ်မှု မရှိသော ဟာဒစ်များလည်း ပါဝင်သည်။ ဥပမာ ရှေးအာရဗ် များ၏ရိုးရာ ဗိန္ဓောဆေးဝါး ကုသမှုဆိုင်ရာကဏ္ဍများ လည်း ပါဝင် သည်။ ထိုကဲ့သို့ပင် ရှေးအာရဗ်များ ၏ နက္ခတ္တ ဗေဒဆိုင်ရာ အယူဝါဒများ အကြောင်းပါဝင်သည်။ ထိုနက္ခတ္တ ဗေဒ ဆိုင် ရာအ ယူဝါဒများ သည်လည်း ကုရ်အာန်ပါ နက္ခတ္တဗေဒ ဆိုင်ရာ ပါ ရှိ ချက်များ နှင့်ကွဲလွဲ လျှက်ရှိနေ ပေသည်။ ကျမ်းမြတ်ကုရ်အာန် မတိုင်ခင် အလျှင်က အာရဗ်များ အပါ အဝင် ကမ္ဘာ့လူသားများ၏ အယူအဆများအတိုင်း နေ သည် အရှေ့ အရပ်မှ စ တင်ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်ရောက်ပြီး အရှင်မြတ်၏ အရ်ရှ်ပလ္လင် တော် အောက် တွင် တစ်ညအိပ်သည်၊ နောက်တစ်နေ့နံနက်တွင်နေသည် အရှင့်အမိန့်နှင့် အရှေ့ အ ရပ်မှပြန်လည် ထွက်သည်ဟူ သော ဟာဒစ်များဖြစ်သည်။ (နေသည် ကမ္ဘာတွင် တစ်ညပျောက်ကွယ် သွားသည်ဟူသော အယူအစဖြစ်သည်။)

မည်သို့ပင်ဖြစ်စေ ဟာဒစ်များကို စုဆောင်း၍ စာအုပ်အဖြစ်ရေး သားခဲ့ကြသော ကျမ်းရှင်များက “ရေဝါယသ်” Hear Say (သို့မဟုတ်) Narration ဟူသော ဆင့်ကဲ ဆင့်ကဲ တဆင့်ကြား စကားများမှ ပြန် လည် မှတ်တမ်းတင်ခြင်း ဖြစ်သည် ဟုဆို ထားပြီးဖြစ် သည်။ ၎င်းတို့ ကိုယ်တိုင်က ဥပဒေရှုဒေါင့်မှ ဟာဒစ်များကို ဖော်ပြခဲ့ သည်ဆိုပါက ကဏ္ဍတစ်ခု ထဲတွင်ပင်လျှင် ကွဲပြား ခြားနား သော ဟာဒစ်နှစ်မျိုး ကိုတစ်နေရာထဲ တွင်ယှဉ်တွဲ၍ ဖော်ပြကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် တမန် တော်သည် မီးနှင့်ချက်ပြုတ် ကြော်လှော်ထား သည့် အစားအစာ များကိုစားသုံး ၍ဝိုဇူ ပြန်လည်ပြုသော ဟာဒစ်များနှင့် မီးနှင့် ချက်ပြုတ်ကြော်လှော် ထားသည့် အစား အစာကို စားသုံး၍ ဝိုဇူပြန်လည် ၍မလုပ်သောကွဲပြားခြားနားသည့်ဟာ ဒစ်များကို လည်းယှဉ် တွဲဖော်ပြထားသည်များကိုတွေ့ရလေသည်။

အစ္စလာမ့်သမိုင်းတွင် အဟ်လေဟာဒစ် (ဝါ) ဟာဒစ်ဝါဒီ များဟူသော ဟာဒစ်သမိုင်းများ ကိုရှာဖွေ၍ ဥပဒေစ တင်ပြုသောစနစ်ကို အေမန်မာလစ်(က်) လက်ထက်မှ စတင်ခဲ့ သည်။ ထိုဝါဒ လမ်းစဉ်ကို ပိုမို၍ တိုးပွားခဲ့သူမှာ အေ မန်ရှာဖီဖြစ်သည်။ ထိုပညာရှိ သုခမိန်ကြီး နှစ်ဦး၏ နောက်ပိုင်း အဟ်လေဟာဒစ် ဝါဒလမ်းစဉ်ကို ပိုမိုတိုး ပွားစေသူမှာ အဟ် မဒ် အေ့ဗနု ဟမ်ဗလ်ဖြစ်သည်။ အေမန်မာလစ်က် သည်ကိုယ်တိုင် ဟာဒစ်သမိုင်းကျမ်း ကိုပြုစု သူဖြစ်သည်။ အေမန်ရှာဖီသည် ကိုယ်တိုင်ဟာဒစ် သမိုင်းကျမ်း ကိုမပြုခဲ့သော်လည်း ဟာ ဒစ် များကို စုဆောင်း သောစနစ်ကို အားပေးခဲ့သူဖြစ် သည်။ အဟ်မဒ်အေ့ဗနုဟမ်ဗလ်မှာ ကိုယ်တိုင်လည်း မွတ်စနတ်ဟူသော ဟာဒစ်သမိုင်း ကျမ်းကြီးကိုပြုစုခဲ့သူဖြစ် သည်။ သို့ရာ တွင်များမြောင်သော ဟာဒစ်များနှင့် ကွဲပြား ခြားနားသော ဟာဒစ်များ လည်း များမြောင်စွာပါဝင်ခဲ့လေ သည်။

အထက်မှ ဖော်ပြခဲ့သော ဟာဒစ်များကို အခြေခံ၍ အစ္စလာမ့် ဓမ္မထုံးဖွဲ့မှုများ ကိုစတင်ခဲ့သော အေမန်မာလစ်က်၊ အေ မန်ရှာဖီ၊ အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ် တို့သည် အဟ်လေ ဟာဒစ် ၀ါဒီများဖြစ်ပါလျှက် ဥပဒေပြုရန် ဟာဒစ်များကို ရွေးချယ်ရာ၌ တစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်း မတူသော ဟာဒစ်များ ကြောင့် ဂိုဏ်းကွဲ သုံး ခုဖြစ် ခဲ့ကြရသည်။ အေမန် မာလစ်က် နှင့် အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ်တို့၏ “မဇဟဗ်” ဂိုဏ်းများတွင် မီးနှင့်ချက်ပြုတ်ပြီးသော အစားအ စာစားခြင်းဖြင့် ဝိုဇူပြန် လည်ပြုရန် မလိုအပ်။ အလား တူဝိုဇူနှင့် ဇနီး မယားကို ထိမိရုံဖြင့် ဝိုဇူပြုရန် မလိုအပ်ပေ။ သို့ရာ တွင်အေမန်ရှာဖီ ၏ဂိုဏ်းဝင်များ အဖို့ မီးနှင့် ချက်ပြုတ်သော အစားအစာ စားအပြီး ဝိုဇူပြန်လည်ပြုရသည်။ ဇနီးကိုထိမိ ရုံဖြင့် ဝိုဇူပြန်လည် ပြုရသည်။ ထိုကဲ့သို့ပင် အေမန် မာလစ်က်၏ ဂိုဏ်းဝင်များက ဆွလာသ် တည်ဆောက် ရာ၌ လက် နှစ်ဖက် ကိုအောက်ချ၍ တည်ဆောက်သည်။ ရှာဖီဂိုဏ်း ဝင်များနှင့် ဟမ်ဗလီဂိုဏ်းဝင် များက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ တည်ဆောက်သည်။ အစားအသောက် စားသုံးရာ၌ ရေသတ္တဝါများနှင့် စပ်လျှင်း၍ ရှာဖီ၏ ဂိုဏ်းဝင်များက ရေနေ ကုန်း နေ လိပ်သတ္တဝါ များကိုပါ စားသုံးခွင့်ရှိသည်။ အခြားဂိုဏ်း နှစ်ခုဖြစ် သော မာလီကီဂိုဏ်းဝင်များနှင့် ဟမ် ဗလီဂိုဏ်းဝင်တို့က ရှာဖီဂိုဏ်း ဝင်များ ကဲ့သို့စားပိုင် ခွင့်မရှိပေ။ ဤဂိုဏ်း သုံး ဂိုဏ်းမှာ အဟ်လေဟာဒစ်ကို စတင်ခဲ့သူ များဖြစ်ပါ လျှက် များစွာသော ဟာဒစ်သမိုင်းကျမ်းများအတွင်းမှ ကွဲပြားခြားနား လျှက်ရှိနေသော ဟာဒစ်များကို ရွေးချယ်၍ ဥပဒေပြုရင်းမှ ကွဲပြားခြား နားသောဂိုဏ်းကွဲ သုံးခု ဖြစ်သွားခဲ့သည်။

ထိုဟာဒစ်များကို နောက်ပိုင်း ပညာရှင်များက ပြန်လည်၍ အဆင့်အတန်းခွဲခြား သတ်မှတ်ခဲ့ကြသည်။ ထိုအဆင့်အတန်း သတ်မှတ်ချက်များ အနက်အချို့မှာ- (ဆွ ဟီးဟ်) မှန်ကန်သောဟာဒီးစ်များ။ (ဟစန်) သင့်တင့်လျောက်ပတ်သော အဆင့်တွင်ရှိသော ဟာဒီးစ်များ။ (ဒွအီးဗ်) အားနည်းမှုရှိသော ဟာဒီးစ်များ။ (ခဗ်ရေအ ဟသ်) တစ်ဦးတစ်ယောက်(၀ါ) လူနည်းစုသာ ဆင့်ပြန်သော ဟာဒီးများ။ (မုသ၀သ်သာရ်) လူများစုဆင့်ပြန်သော ဟာဒီးစ်များ။ ( ခဗ်ရေအဟသ် မရှ်ဟူးရ်) တစ်ဦး တစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ်သည်။

ဥပမာအားဖြင့် သောက်သုံးအရေခွက် ထဲသို့ယင်ကောင် ကျသွား ပါက ထိုယင်ကောင်ကို ထိုအရေထဲသို့ နှစ်မြှုတ်၍ သောက်သုံးနှိုင်သည်။ယင်ကောင်၏အတောင် တစ်ဖက်တွင် အဆိပ်ရှိသည် အခြားအတောင်တစ်ဖက်တွင် ဖြေဆေးရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူမှာ အဘူဟူရိုက်ရာဟ် တစ်ဦးတည်းဖြစ်သည့်အတွက် (ခဗ်ရေ အဟသ်)ဟာဒီးစ် အမျိုးအစားဖြစ်သည်။ ထိုဥပဒေကို ကျင့်သုံးချင်လည်း ကျင့်သုံးနှိုင်သည်။ မကျင့်သုံးလိုက မကျင့်သုံးဘဲနေနှိုင်သည် ဟု ဟာဒီးစ် ပညာ ရှင် များက သတ်မှတ်ထားသည်။

အလားတူ မုတ်ဆိတ် ထားခြင်းနှင့်စပ်လျင်းသော ဟာဒီးစ်များသည် ဘိုခါရီကျမ်း၊ အဘူဒါဝုဒ် နှင့် မွတ်စနတ်ကျမ်းများတွင် ပါဝင်သည်။ ထို ဟာဒီးစ် အားလုံးကို အ ဗ္ဖဒွလ္လာဟ် အေ့ဗနု အွမ္မရ် တည်းဦတည်းက ဆင့်ပြန်သည့် အတွက် (ခဗ်ရေအဟသ်)် ဟာဒီးစ် အမျိုးအစားဖြစ်သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုနည်း အတိုင်းပင် (အင်နမလ်-အအ်မားလို-ဘင်န်နိယဟ်) လုပ်ဆောင်မှု၏ ရလဘ်သည် ရည်ရွယ်ချက် ပေါ်တွင်မူတည်သည် ဟူသောဟာဒီးစ် ကို အွမ္မရ်အေ့ဗနု ခသဗ် တစ် ဦး တည်းက ဆင့်ပြန်သော (ခဗ်ရေအဟသ်) ဟာဒီးစ် အမျိုးအစားဖြစ်သည်။ သို့ရာတွင် ထိုဟာဒီးစ်သည် ဟာဒီးစ်ကျမ်းပေါင်း (၄၁)ကျမ်းလုံးတွင် အကြိမ်ပေါင်း ခြောက် ရာကျော် ပါဝင်ခဲ့သည့်အတွက် ( ခဗ်ရေအဟသ်မရှ်ဟူးရ်)တစ်ဦးတစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ် သည်။

ထိုကဲ့သို့ပင် (ဆွဟီးဟ်) ဟာဒီးစ်များ ဖြစ်သော်ငြားလည်း ယခုခေတ်တွင် မည်သူမျှလိုက်နာကျင့်သုံး မှုမရှိတော့သော ဟာဒီးစ်များစွာရှိနေပေသည်။ ဥပမာအမျိုး သား တစ်ဦးသည် မိမိ၏ဇနီးဖြင့် သံဝါသပြု၏ ကာလာလရေ မထွက်ပါက ရေချိုးရန်မလို၊ ၀ိုဇူပြုပြီး ဆွလားသ် တည်ဆောက်ခွင့်ရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူ များမှာ အွတ်စမာန်း-ဘင်-အဖါန်း၊ အလီအေ့ဗ်နုတွာလစ်ဗ်၊ ဇိုဗိုရ်ဗင်န် ဖ၀ါမ်၊ သွာလဟာဗင်န်-အိုဗိုက်သွလ္လာဟ်၊ အေ့ဗနေ ကအားဗ် တို့ကဆင့်ပြန်သည်။ ဟာဒီးစ် အမျိုးအစားမှာ ဆွဟီးဟ် ဖြစ်သည်။ ထိုဟာဒီးစ် ပါဝင်သော ကျမ်းများမှာ (ဘိုခါရီအျမ်း) ၀ိုဇူကဏ္ဍ၊ရေချိုးခြင်းကဏ္ဍ၊ ဓမ္မတာ ကဏ္ဍ၊ (မွတ်စလင်မ်ကျမ်း) ဓမ္မတာ ကဏ္ဍ၊ (နေဆာ အီကျမ်း) သန့်စင်မှုကဏ္ဍ၊ (မွတ်စနတ်ကျမ်း) အခန်း၁၊၂၊၃၊တို့တွင်ပါဝင်သည်။

မွတ်စလင်မ်များသည် မိမိတို့တတ်သိသော စာပေဖြင့် ဟာဒီးသမိုင်းကျမ်းများကို လေ့လာမည်ဆိုပါက ဟာဒီးစ်များကို ရေးသားမှတ်တမ်း တင်သူများက သမိုင်း ရှု ဒေါင့် မှသာ ပြန်လည် တင်ပြခြင်းဖြစ်သည်ကို တွေ့ရှိနှိုင်မည်ဖြစ်သည်။ မည်သည့် ကျမ်းရှင်များကမျှ ၄င်းတို့၏ ကျမ်းများပါ အဆိုအမိန့်များသည် လုံးဝဥဿုံ ဥပဒေ များဖြစ်သည်ဟု ဆိုထားခြင်းမရှိကြပေ။ အကယ်၍ ၄င်းတို့က ဥပဒေအဖြစ် ဖေါ်ပြခဲ့ကြမည်ဆိုပါက ကွဲပြားခြားနားသော အဆိုများကို ကဏ္ဍတစ်ခု ထဲတွင်ယှဉ်တွဲဖေါ် ပြကြမည်လည်းမဟုတ်ပေ။

May 27th, 2010

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၃)

In Quranic Knowledge, Tags: new episode,Quranic Knowledge

သာသနာ့ထီးရိပ် တစ်ခုထဲအောက်မှကွဲပြားခြားနားမှု

အထက်မှ ဖော်ပြခဲ့သော မာလီကီ၊ ရှာဖီ၊ ဟမ်ဘလီ ဂိုဏ်းသုံးဂိုဏ်း ထက်ပို ၍ စောခဲ့သော အေမန် အဘူဟနီဖာ၏ ဂိုဏ်းတွင် ရေသတ္တဝါ များနှင့် စပ်လျှင်း၍ စားသုံး ခွင့်ကို အထက်မှ ဂိုဏ်းသုံးဂိုဏ်း ကဲ့သို့ အခွင့် အရေးများ မရရှိခဲ့ပေ။ ဥပမာ ဟန်နဖီ ဂိုဏ်းဝင်များ အတွက် ပုစွန် စားခြင်း ပင်လျှင် မစား ထိုက် ဟူ၍ ဆို ထားသည်။ ဂဏန်း၊ ပြည်ကြီးငါးနှင့် အခြားသော ရေသတ္တဝါ တို့မှာ လုံးဝ စားပိုင်ခွင့် မရှိပေ။

ဤသည့် အချက်လေး တစ်ချက် နှင့်ပင် ကုရ်အာန် ၄း၈၂ ပါ လူသား တို့၏ လူရေးကျမ်း များနှင့် လူရေးဥပဒေ များဟူသည် ကွဲပြားခြားနား မည်သာ ဖြစ်သည် ဟူသော အချက်သည် မြေကြီး လက်ခတ် မလွဲ မှန်ကန်လျှက် ရှိနေပေသည်။ တစ်ပါး တည်းသော အရှင်ကို ကိုးကွယ်သူ အချင်းချင်း တစ်ဦး တည်းသော တမန် တော်၏ နောက်လိုက် အချင်းချင်း တစ်ဆူတည်း သော ကုရ်အာန် လမ်းညွှန် ကျမ်းကို လက်ခံ ယုံကြည်သူ အချင်းချင်း တစ်ဦး စားခွင့် ရှိသော အစားအစာနှင့် တစ်ဦး ပြုပိုင်ခွင့် ရှိသော အရာများသည် အခြားသူများ အတွက် စားခွင့်၊ လုပ်ခွင့် မရရှိ ကြပေ။ အစ္စလာမ် သာသနာ ဟူသော ထီးရိပ်တစ်ခု ထဲအောက်မှ မွတ်စလင်မ် များသည် တူညီ သော အခွင့်အရေး များ ကို မရ ရှိကြ ခြင်းမှာ လူရေးကျမ်း မူဝါဒများ၊ ဂိုဏ်းဂန ဝါဒများ၊ ကျောင်းတော် ဝါဒများ၊ ဆရာ့ ဆရာများ၏ ဝါဒလမ်းစဉ်များ ကြောင့်ဖြစ်သည်။ ဤသည် ကုရ်အာန်က အထပ်ထပ် တားဆီး ပိတ်ပင် ခဲ့သော ရှေးကျမ်းရများ နည်းတူ သာသနာပိုင် ဝါဒနှင့် ဂိုဏ်းဂန ဝါဒများ ကြောင့်ဖြစ်သည်။ ကုရ်အာန်က ဂိုဏ်းဂန ဝါဒများ အပေါ် မည်ကဲ့သို့ ဆိုထားသနည်း။

ကုရ်အာန် ၃၀း၃၂ တွင်

(၎င်းတို့ အနက်မှ ထိုသူတို့သည် မိမိတို့၏ သာသနာကို အစိပ်စိပ် အမွှာမွှာ ပြုလုပ်ခဲ့ ကြပြီး ဂိုဏ်းဂန အသီးသီး ဖြစ်သွား ကြကုန်၏။ ထိုဂိုဏ်းဂန အသီးသီး တို့သည် မိမိတို့ လက်ခံကျင့်သုံး သောဝါဒ လမ်းစဉ်များ နှင့်ပင် ကျေနပ် ဝမ်းမြောက်လျှက် ရှိကြကုန်၏)

ကုရ်အာန် ၆း၁၅၉ တွင်

(ဧကန် ၎င်းတို့သည် သာသနာကို အစိပ်စိပ် ခွဲပြစ် ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဂိုဏ်းဂန အသီးသီးဖြစ် သွားကြ၏။ အိုတမန်တော် အသင်သည် ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်ပေ။)

မည်သည့် ဘာသာ သာသနာတွင် မဆို မိမိတို့၏ အခြေခံ မူဝါဒ ဖြစ်သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဂန် ကပင်လျှင် စည်းလုံး ညီညွှတ်သော လူ့အဖွဲ့ အစည်းကြီး တစ်ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ် ကျမ်း၏ အခြေခံ နိယာမသည် ကွဲပြားခြားနား၍ အယူဝါဒ မ တူ သူများကို တူညီသော လမ်းညွှန်မှု အရ တူညီသော အခွင့်အရေး များကို တပြေးညီ ခံစားခွင့် ပေးထားသည်။ ထို မှန်ကန်သော ဗျာဒိတ် ကျမ်းဂန်ဝါဒမှ လူသားတို့၏ အယူဝါဒများ စွက်ဖက် လာသည်နှင့် စည်းလုံး ညီညွှတ်သည့် လူ့ အဖွဲ့အစည်း ကြီးအဖြစ်မှ ကွဲပြားခြား နားသောဂိုဏ်း ကွဲများဖြစ်ကြသည်ပင်။ မိမိတို့၏ အယူဝါဒ ဂိုဏ်းသည်သာလျှင် ပိုမိုမှန်ကန် သည်ဟု ယုံကြည်လာ ကြသည်နှင့် အတူ ထိုအယူ ဝါဒများကို မျိုးဆက်သစ်များ အား ဆက်လက်၍ ထိရောက်စွာ အမွေပေး နိုင်ရန်အတွက် ကျောင်းများဖွင့်၍ ထိုဝါဒ လမ်းစဉ်များကို အကွက်ချ၍ တိုးပွား စေခဲ့ကြ သည်။ ထိုမျိုးဆက်သစ်များ အချင်းချင်း အတွင်း၌ မတူညီသော မိမိတို့၏ ကျောင်းတော် ဝါဒ၊ ဂိုဏ်းဂနဝါဒ၊ ဆရာ့ ဆရာများ၏ မတူညီသော ဝါဒများကြောင့် အချင်းချင်းအတွင်း၌ အငြင်း ပွားမှု၊ တဖက်ကို တဖက်ထိုးနက်မှု တို့ ကြောင့် အလွန်တရာမှ တိုတောင်း လှသော လူ့ဘဝ အတွင်း စစ်မှန်သော ဘဝလမ်းညွှန်မှု ကုရ်အာန်ကို သိနား လည်ခွင့်ပင် မရရှိခဲ့ကြပေ။ ထိုကဲ့သို့သော ဆိုးမွေများသည် ခေတ်အဆက်ဆက် လွှမ်းမိုးလာမှု ကြောင့် ဘာသာရေး ဆိုင်ရာ ကျောင်းများမှ ပေါ်ပေါက် လာကြ သော ပညာရှင်များမှာ ကုရ်အာန်ထက် သာပို၍ လူရေးကျမ်းများကို ပိုမို၍ တတ်သိ နားလည်သော လူရေးကျမ်း တတ်ပညာရှင်များ ဖြစ်လာကြ၏။ ၎င်းတို့ အတွက် ၎င်းတို့၏ ကျောင်းများမှ သင်ကြား ပေးလိုက်သော လူရေးကျမ်း အားလုံး၏ တူညီသော အချက် တစ်ချက်မှာ၊

(ကျမ်း တစ်ကျမ်း နှင့် အခြားကျမ်း တို့၏ စပ်ကြား ၌ လည်း ကောင်း၊ ကျမ်း တစ်ကျမ်း အတွင်း၌ တွင် လည်းကောင်း၊ ကျမ်း တစ်ကျမ်း ထဲပါ၊ ကဏ္ဍ တစ်ခုထဲ အတွင်း၌ သော်လည်း ကောင်း ကွဲပြား ခြားနား ၍ တူညီမှု မရှိသော အချက်ဖြစ်သည်။)

ထိုသို့သော အကြောင်း များကြောင့် လူရေးကျမ်းတတ် ပညာရှိခေါင်းဆောင် များသည် အများမွတ်စလင်မ် တို့အား စည်းလုံး ညီညွတ်စေသော လူ့အဖွဲ့ အစည်းကြီး အဖြစ် တည်ဆောက် နိုင်ရန် အတွက် အချိန် မရခဲ့ကြပေ။ လူရေးကျမ်းတတ် ပညာရှင် အချင်းချင်း မတူညီသော ဂိုဏ်းဂန ဝါဒ များကြောင့် အ ချင်းချင်း စွပ်စွဲပုပ်ခတ် လာခဲ့ကြ ရာမှ ယနေ့မျက်မှောက် ခေတ်တွင် မတူညီသော ဂိုဏ်းများကို အခြေခံ၍ အများ မွတ်စလင်မ် နောက်လိုက်များ အတွင်း အချင်းချင်း လူသတ်ပွဲများ ကျင်းပလျှက် ရှိနေသော အခြေနေသို့ ပင် ရောက် ရှိနေပေသည်။ ထိုကဲ့သို့ဖြစ် ရခြင်းသည် မွတ်စလင်မ် အများစုကို ခေါင်းဆောင်သော ရှေ့ဆောင် ဆရာတော် ပုပ်ရ ဟန်းကြီးများ အတွင်း ကုရ်အာန်ပါ အခြေခံ မူဝါဒလမ်းစဉ်ကို တမန်တော်မြတ်နည်းတူ မဟာသာဝက များ နည်း တူ၊ အဂ္ဂမဟာ သာဝကများ နည်းတူ လိုက်နာကျင့်သုံး နိုင်မှုမရှိဘဲ မိမိတို့၏ ကျောင်းတော် ဝါဒများ ဂိုဏ်းဂန ဝါဒများနှင့် ဆရာ့ဆရာများ ၏ အဆိုအမိန့်များကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြခြင်း များကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် ၃း၁၀၃ တွင်

(အသင်တို့ ကျမ်းမြတ်ကုရ်အာန် ပါလမ်းညွှန် ချက်များကို စွဲမြဲစွာ လိုက်နာ ကျင့်သုံးကြ အသင်တို့ အချင်းချင်း စိတ်ဝမ်း မကွဲကြလေနှင့်) ဟူသောအမိန့်နှင့် တိုက်ရိုက် ဆန့်ကျင်လျက် ကုရ်အာန်မှ လွဲ၍ လူရေးကျမ်းပါ မူဝါဒ များကို စွဲကိုင်ထားကြခြင်းဖြင့် အချင်းချင်း စိတ်ဝမ်းကွဲလျှက် ရန်သူများအဖြစ် တည်ရှိနေကြသည်။

ကုရ်အာန်ကို ဟဒီးဆ်သမိုင်းကျမ်းများဖြင့်ဖွင့်ဆိုရာဝယ်

ကမ္ဘာတစ်ဝှမ်းတွင် ကုရ်အာန် မကျရောက်မီ အချိန်က နေသည် အရှေ့ အ ရပ် မှထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်သွားသည်။ နောက်တစ်ရက် ပြန်လည်ထွက်သည်။ ကမ္ဘာတွင် နေသည် လုံးဝ တစ်ည ပျောက်ကွယ် သွားသည် ဟူ၍ လူတိုင်း လက်ခံ ထားလေသည်။ အများ နည်းတူ အာရဗ်များ သည် လည်း ထိုကဲ့သို့ လက်ခံထား ကြမည် ဖြစ်သည်။ ဤသည့် အချက်ကို မှားယွင်း နေကြောင်း တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ကျမ်းမြတ်ကုရ်အာန် ၃၆း၃၈ တွင် နေသည် ဝင်ခြင်း ထွက်ခြင်းမရှိ ၎င်း၏ လမ်းကြောင်းတွင် သွားလာနေ သည် ဟူ၍ အသိပေး မိန့်ကြားခဲ့ ခြင်းဖြစ်သည်။ ဤအသိကို ပထမဦးဆုံး စတင် ရခဲ့သူမှာ တမန်တော် မြတ် ဖြစ် သည်။ တမန်တော်မြတ်မှ တဆင့် လူသား တစ်ရပ်လုံးကို ကုရ်အာန်၏ အသိကို တဆင့်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်ကို မူရင်းအတိုင်းမှ ဘာသာပြန် ဖွင့်ဆို သောကျမ်းများသည် တမန်တော် မရှိတော့သည့် နောက် ပိုင်း နှစ်ပေါင်း (၇၀၀) ဝန်းကျင်တွင် လှိုင်လှိုင် ပေါ်ထွက်လာ ခဲ့သည်။ ထိုဖွင့်ဆိုချက် များကို အထက်မှ ဖော်ပြခဲ့ ပြီး ဖြစ်သော တမန်တော်နှင့် နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော ဟဒီးဆ်သမိုင်း ကျမ်းများနှင့် ဖွင့်ဆိုခဲ့ကြသည်။

ကုရ်အာန် သဖ်စီရ် လောကတွင် အများ သဖ်စီရ်ပညာရှင် များက ထပ်တူ ထပ်မျှ ပြန်လည် ကူးယူ ဖွင့်ဆိုကြ ရသော လက်ရွေးစဉ် သဖ်စီရ် ကျမ်းကြီး များစွာရှိ ခဲ့သည်။ ထိုကျမ်းများ အနက် အကျော်ကြားဆုံး အာရဗီမူရင်း သဖ်စီကျမ်း ကြီးများတွင် အထက်ပါ ကုရ်အာန် ၃၆း၃၈ နေသည် ၎င်း ၏လမ်း ကြောင်းတွင် သွားလာ နေခြင်းကို ဘိုခါရီ ဟဒီးဆ်သမိုင်း ကျမ်းပါ ဟာဒစ်(၁၀)ပုဒ်ဖြင့် ပြန်လည်ဖွင့်ဆိုထား သည်ကို တွေ့ရပေသည်။ နေသည် အရှေ့အရပ်မှ ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုးသွားပြီး အရှင်၏ ပလ္လင်အောက် တွင် တစ်ည အိပ်၍ နောက်တစ် ရက်မှ အရှင့် အမိန့်ဖြင့် ပြန်လည်ထွက်သည်ဟူသော ဟဒီးဆ်သမိုင်းကျမ်း အရ ဖော်ပြ ခဲ့သည်။ ထိုဟဒီးဆ်များကို တမန်တော် အမှန်ပင်ပြော ခဲ့ပါသည်ဟု ဆိုပါလျှင်လည်း အထက်ပါ ကုရ်အာန် ၃၆း၃၈ မကျရောက်ခင် အလျှင်က အာရဗ်တစ်ဦးဖြစ်သော တမန်တော်က အများ အာရဗ် များကဲ့သို့ ယူဆ ပြောဆိုခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယခုကဲ့သို့ ကုရ်အာန် ကျရောက်ပြီးမှ ကုရ်အာန်၏ အခြေခံ မူဝါဒနှင့် တက် တက်စင် လွဲချော် နေသော အကြောင်းအရာ တစ်ခုကို မွတ်စလင်မ်များက ဆက်လက်၍ ဆွဲကိုင် ထားခြင်းဖြင့် မည်သို့မျှ အကျိုး သက်ရောက် နိုင်မည် မဟုတ်ပေ။ ဖော်ပြပါ ဟဒီးဆ်သမိုင်း ကျမ်းရှင် အားလုံးက ၎င်းတို့ စုဆောင်း ရရှိ ချက်များ သည် Hear Say “ရေဝါယသ်” ဆင့်ကဲဆင့်ကဲ ကြားသိချက် များဟု မူလ ကပင် ၎င်းတို့၏ ကျမ်းများ တွင်ဖော်ပြ ထားပြီးဖြစ်သည်။

လွန်ခဲ့သော နှစ် နှစ်ဆယ် ဝန်းကျင်က မြန်မာနိုင်ငံတွင် နိုင်ငံသားကဒ် လျှောက်ထား ရာ၌ မိခင် ဖခင် တို့၏ အဘိုးအဘွား များ၏ အကြောင်းအရာ များကိုပင် တိတိ ကျကျ မသိရှိသူ ဦးရေ မြောက်များစွာ ရှိနေပေသည်။ ယခုကဲ့သို့ နှစ်ပေါင်း နှစ်ရာကျော် အလျှင်က အဖြစ်အပျက် အကြောင်း အရာ များကို စာရွက် ပေရွက်များဖြင့် မှတ်တမ်း တင်ထားခြင်း မရှိဘဲ တဆင့်ပြီး တဆင့် လူမျိုးဆက်ပေါင်း (၇)ဆက်တို့၏ အ လွတ် ကျက်မှတ်ချက် အကြောင်း အရာများသည် မည်မျှ မှန်ကန် ပါသည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ။ အဆိုများ မှန်၏ မမှန်၏ ဆိုသည်ကို “ဖုရ်ကန်” ဟုခေါ်သော ကုရ်အာန်၏ အရှိတရား စံများဖြင့် စမ်းစစ်၍ ကြည့် ရ မည်မှာ မွတ်စလင်မ် တိုင်းအတွက် တာဝန် တစ်ရပ်ဖြစ်သည်။ ယနေ့လူသား တို့၏ ဥပဒေများတွင် ပင်လျှင် တဆင့် ကြားသော စကားကို ဥပဒေ အခေါ် Hear Say ဖြင့် တရားရုံးများတွင် သက်သေ လိုက်၍ မရတော့ပေ။ ထို့ကြောင့် ကျမ်းမြတ် ကုရ်အာန် တစ်အုပ်လုံး တွင် ပါဝင်သော အာယာသ်များကို အာယာသွလ် ကုရ်အာန်ဟုဆိုသည်။ အာယာသ်ဟူသည် အလ္လာဟ်၏ ဗျာဒိတ် ဖြစ်သည်။ အဓိပ္ပါယ်မှာ လက္ခဏာ ဖြစ်သည်။ အာယာသ် တစ်ခုတိုင်းသည် ဖန်ဆင်းရှင် ရှိနေကြောင်းကို ဖော်ညွှန်း လျှက်ရှိနေသည်။ တမန်တော်၏ သြဝါဒဟု ခေါ်ဆိုသော ဟဒီးဆ်များကို ဟဒီးဆ် နဗဝီဟုသာ ခေါ်ဆိုကြသည်။ မည်သည့်ကဝိ အကျော် အမော် ပညာရှင်များကမျှ အာယာသ်သွလ်နဗီဝီ ဟု မခေါ်ဆိုကြပေ။ ဟဒီးဆ်ဟူသည် ပြောစကားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အယူဝါဒ ရေးရာပြဿနာ တစ်ရပ် ရင်ဆိုင် လာပါက ကုရ်အာန်တွင် တည်ရှိ နေသော အရှိ တရားများနှင့် စပ်လျှင်းပြီး မည်သည့်အယူ မည်သည့်ဝါဒ ကမျှ ကျော်လွန်၍မရနိုင်ပေ။ ကုရ်အာန် သည် Supreme Law အခြေခံ ဥပဒေဖြစ်သည်။ ထိုဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ တမန်တော်သည် ပင်လျှင် ထိုကုရ်အာန် ဥပဒေ၏ အထက်တွင် မရှိခဲ့ပါဟု ကုရ်အာန်က ဆိုထား ပြီးဖြစ်သည်။ သို့ဆိုလျှင် တမန်တော် မရှိတော့သည့် နောက်ပိုင်း နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် လူသား မျိုးဆက် ပေါင်း(၇) ဆက်တို့က အလွတ် ကျက်မှတ် ချက်များသည် ကုရ်အာန်၏ ဥပဒေကို မည်ကဲ့သို့ ကျော်ပိုင်ခွင့်ရှိ မည် နည်း။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

Myanmar and Islam (in Burmese) by War Khaema Maung Min Naing

"တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ်"

- ဘယ်က လာခဲ့ကြသလဲ …… ?
- ဘယ်မှာနေခဲ့ကြသလဲ ……… ?
- ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
- ဘယ်ကိုသွားကြမှာလဲ ……… ?

ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ် သာသနာဝင်များနှင့် ပတ်သက်ပြီး ရှေးဦးစွာတင်ပြချင်တာတော့ …….. အစ္စလာမ်သာသနာဝင်များအတွက် အဓိက လမ်းညွှန်တရားဖြစ်တဲ့

ကျမ်းတော်မြတ်ကုရ်အာန်(စူရဟ်-၇၊ အာယသ်တော်-၁၀၁)မှာ ….
“အတိတ်ကဖြစ်ရပ်များကို ရေလည်အောင် ပြောကြသူတို့ စဉ်းစားသုံးသပ်နိုင်ခြင်းငှာ”လို့ လမ်းညွှန် ဗျာဒိတ်တော် မူထားတာ ရှိပါတယ်။

ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်များ၊ အကြောင်းအချက်များကို လေ့လာကာ စဉ်းစား၊ ဆင်ခြင်သုံးသပ်ပြီး မိမိတို့ဘ၀လမ်း မှန်ကန်တိုးတက်အောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒါဟာ တာဝန်တစ်ရပ်ပါ။
ကျွန်တော်ပြောမှာတွေဟာ ဒီလမ်းညွှန်မှုကို နာခံတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုရ်အာန်ကပေးတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့မှာ လေ့လာစဉ်းစားသုံးသပ်ရန် တာဝန်ရှိနေတဲ့ အတိတ်ဖြစ်ရပ် အကြောင်းအရာများအနက်က ယနေ့မြန်မာနိုင်ငံမှာရှိနေကြတဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူတို့အကြောင်း ပြောပါမယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ‘အစ္စလာမ်’သာသနာ သက်ဝင်ယုံကြည်ကိုးကွယ်သည့် လူ့အစုအဝေးကြီးတစ်ရပ်ရှိနေ ပါတယ်။ လူဦးရေအားဖြင့် မနည်းလှပါဘူး။ ဒီလူ့အစုအဝေးကြီးဟာ ……

(၁) ဘယ်က လာခဲ့ကြသလဲ …… ?
(၂) ဘယ်မှာနေခဲ့ကြသလဲ ……… ?
(၃) ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
(၄) ဘယ်ကိုသွားကြမှာလဲ ……… ? …………….. ဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ ဒီအချက်များကို ခေါင်းစဉ်တစ်ခုချင်း အလိုက် အကျဉ်းချုံး၍ တင်ပြပါမယ်။

(၁) ဘယ်က လာခဲ့ကြသလဲ

လူ့အစုအဝေးကြီး(၃)ရပ်

မြန်မာနိုင်ငံရယ်လို့ တိတိကျကျဖြစ်တည်ပေါ်ပေါက်မလာခင်က ယနေ့မြန်မာနိုင်ငံတည်ရှိတဲ့ကုန်းမြေနေရာဒေသ ဧရိာယာအတွင်းသို့ တိဘက်ကုန်းမြေမြင့်မှ -

(၁) မွန်ခမာအုပ်စု
(၂) တိဘက်မြန်မာအုပ်စု
(၃) ထိုင်းတရုတ်အုပ်စု …… ဆိုတဲ့

အုပ်စုကြီး ၃-ရပ် ၀င်ရောက်အခြေစိုက်နေထိုင်လာခဲ့ကြတယ်လို့ သမိုင်းပညာရှင်ကြီးများက ဆိုကြပါတယ်။
ဒီအုပ်စုကြီး(၃)ရပ်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းက၀င်ရောက်လာကြပြီး တဖြည်းဖြည်းတောင်ဘက်ကို ရွေှ့လျားနေထိုင်ခဲ့ကြပါတယ်။ ပထမ၀င်လာကြတဲ့အုပ်စုက နောက်ဝင်လာတဲ့အုပ်စုကို နေရာပေးခဲ့ကြပါတယ်။
ဒီလိုဝင်လာကြတဲ့အုပ်စုတွေဟာ လူ့သဘာဝအရ အပြန်အလှန်သွေးနှောကြရာမှ လူမျိုးစုများဖြစ်ပေါ်လာရခြင်းဖြစ်ပါ တယ်။ ဒီကနေ့ ‘ဗမာ’လူမျိုးများအဖြစ်ရှိနေကြတဲ့ လူ့အစုအဝေးကြီးကိုပင် ….

(၁) သက်(ချင်း)၊ (၂) ရခိုင်၊ (၃) ထားဝယ်၊ (၄) ဗရဲတောင်သူ၊ (၅) ပျော့၊ (၆) ပျူ၊ (၇) ကမ်းယံ … စသည့် လူမျိုး(၇)မျိုး ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာတယ်လို့ဆိုကြောင်း လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

“သက် နှင့် ရခိုင်
နှိုင်းပြိုင် ထားဝယ်
ဗရဲတောင်သူ
ပျော့၊ ပျူ၊ ကမ်းယံ
ခုနှစ်တန်
မြန်မာဟူ၍မှတ်” …… လို့ ‘ကဗျတ္တစန္ဒီကျမ်း’ မှာ တွေ့ရပါတယ်။ ဒီကဗျာကိုပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်ဝေခဲ့တဲ့ ‘အပေါင်းအသင်းရောင်းရင်းတို့၏ကျော်ရင်’ဆိုတဲ့စာအုပ်မှာလည်း တွေ့ရပါတယ်။

အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများဝင်ရောက်လာကြခြင်း

၁၇-ရာစုနှစ်များအတွင်း အာရဗ်တွေ ပါရှင်းတွေနှင့် အိန္ဒိယအနွယ်ဝင်တွေဟာ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည် အထိ ပင်လယ်ရေကြောင်းဖြင့် ဖြတ်သန်းသွားလာကြရမှာ မြန်မာနိုင်ငံ မုတ္တမ၊ သထုံ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ဆိုက်ကပ်စခန်းချခဲ့ကြတယ်လို့ သမိုင်းမှာတွေ့ရပါတယ်။

ထူးခြားမှုများ

ဖြတ်သန်းသွားလာကြတဲ့ အာရဗ်သင်္ဘောတွေထဲက သင်္ဘောတစ်စင်းဟာ ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးမှာ ပျက်ခဲ့ပါတယ်။ အဲဒီသဘောင်္ာနှင့်ပါလာတဲ့ အာရဗ်တွေ ရမ်းဗြဲကျွန်း(ရမ္မာဝတီ)မှာ အတည်တကျနေထိုင်ခဲ့ကြကြောင်း(၁၈၉၇) ခုနှစ်ထုတ် ‘ဗြိတိသျှ-ဘားမားဂေဇက်’မှာ တွေ့ရတယ်လို့ ဆရာချယ်ရေး ‘ဗမာမွတ်စလင်မ်တို့၏ ရှေးဟောင်းအတ္ထုပ္ပတ္တိ’ စာအုပ်၊ စာမျက်နှာ(၁၆)မှာ တွေ့ရပါတယ်။

‘၁၃-ရာစုနှစ်များအတွင်းမှာပဲ ပါရှင်းလူမျိုးတို့က ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး ၁၂-နှစ်တိုင်၊ မင်းသုံးဆက်မင်းလုပ် အုပ်ချုပ်ခဲ့ကြတယ်’ … လို့ ‘မြန်မာ့စွယ်စုံကျမ်း’ အတွဲ(၆)၊ စာမျက်နှာ(၃၅၀)၊ ‘ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်းသားများ မဂ္ဂဇင်း’ (၁၉၅၅-၅၆)၊ စာမျက်နှာ(၅)နှင့် စာရေးဆရာကြီး ဘကြီးဦးမာဃရေး ‘ပုသိမ်ရာဇ၀င်’တို့မှာ တွေ့ရပါတယ်။

ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူးနဇရွတ်ဒင် အုပ်ချုပ်ရတဲ့ တာရ်တာရ်စစ်သည်များဟာ ကောင်းစင်မြို့(ယခု ဗန်းမော်မြို့)ကို သိမ်းပိုက်အခြေချနေထိုင်ခဲ့ကြတယ်လို့ ဦးကြည်(ရာဇ၀င်ဂုဏ်ထူး)ရေး ‘မြန်မာရာဇ၀င်မှ သိမှတ်ဖွယ်ရာအဖြာဖြာ’ စာအုပ်၊ စာမျက်နှာ(၈၂-၈၃)မှာ တွေ့ရပါတယ်။ (တာရ်တာရ်တို့ဟာ တူရကီနွယ်ဝင်မျာားဖြစ်ကြပါတယ်။)

၁၄-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ကို အသုံးချရာမှ (ယခု-နောက်လယ်ရပ်)လို့ခေါ်တဲ့ နေရာမှာ အခြေတကျနေထိုင်ခဲ့ကြတယ်လို့ မောရစ်ကောလစ်ရေး Into Hidden Burma စာအုပ် ဦးခင်မောင်ကြီး ဘာသာပြန် စာမျက်နှာ(၂၁၁)မှာ တွေ့ရပါတယ်။

၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက်ထက်၌ ငဇင်ကာနှင့် စစ်ဖြစ်ပွားပြီး သင်္ဘော(၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀)ကျော်ဖမ်းဆီးရမိရာ မွတ်စလင်မ်များပါဝင်ခဲ့တယ်လို့ ‘မှန်နန်းရာဇ၀င်’ တတိယအတွဲ စာမျက်နှာ(၁၇၂)မှာ တွေ့ရပါတယ်။

၁၈-ရာစုနှစ်များအတွင်း အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာကြသူများတွင် များစွာသော မွတ်စလင်မ်များ ပါခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပတဲ့ အာရှသမိုင်းဆိုင်ရာကွန်ဂရက်တွင် ဗိုလ်မှူးဘရှင် တင်သွင်းတဲ့ Coming of Islam to Burma Down စာတမ်း စာမျက်နှာ(၆)မှာ တွေ့ရပါတယ်။

၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက်တွင် ဟိုင်းကြီးကျွန်းကို ချီတက်တိုက်ခိုက်ရာအောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် သုံ့ပန်းများတွင် အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြောင်း ‘ကုန်းဘောင်ခေတ်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ(၁၄၄)မှာ တွေ့ရပါတယ်။

ကုန်းဘောင်မင်းဆက်များအတွင်း ကသည်းတို့နှင့်အကြိမ်ကြိမ်စစ်ဖြစ်ပွားရာမှာလည်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းများ၊ ၀င်ရောက်ခိုလှုံသူများ လေးသောင်းကျော်ထဲမှာ အစ္စလာမ်သာသနာဝင်များပါဝင်ခဲ့တာဖြစ်ပါတယ်။ ကသည်းပြည်တွင် အစ္စလာမ်သာသနာထွန်းကားနေသည်မှာ ၁၂-ရာစုနှစ်များကပင်ဖြစ်သည်ဟု ဟာဗေးရေးတဲ့ ‘မြန်မာရာဇ၀င်’မှာ တွေ့ရပါတယ်။

ဒီသမိုင်းကြောင်းတွေကို လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ၀င်လာကြတဲ့ အစ္စလာမ်သာသနာဝင် လူ့အစုအဝေးဟာ - (၁) အာရဗ်လူမျိုးများ၊ (၂) ပါရှင်းလူမျိုးများ၊ (၃) မဂိုမင်းဆက်နွယ်များ၊ (၄) တရုတ်ပြည်မှ တာရ်တာရ် ခေါ် တူရကီနွယ်များ၊ (၅) ကသည်းမွတ်စလင်မ်များနှင့် (၆) အိန္ဒိယသားမွတ်စလင်မ်များ ဖြစ်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ (ပန်းသေးနှင့် ပသျှူးလူမျိုးများအကြောင်း မပါသေးပါ။)

မူလကပင် နေထိုင်ကြတဲ့ တိုင်းရင်းသားများထဲကလည်း အစ္စလာမ်သာသနာကို ကူးပြောင်းကိုးကွယ်လာကြတာတွေ လည်း ရှိခဲ့ပါတယ်။

ဒီလိုရောက်ရှိဖြစ်တည်လာကြတဲ့သူတွေဟာ လူ့သဘာဝအရ အချင်းချင်း အိမ်ထောင်ဖက်ကျခြင်း၊ ဘာသာတူမှု ကြောင့် အိမ်ထောင်ဖက်ကျခြင်း၊ မူလနေရင်း တိုင်းရင်းသူ တိုင်းရင်းသားများနှင့် အိမ်ထောင်ဖက်ကျခြင်းတို့ဖြင့် ဒီကနေ့ မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ ကိုးကွယ်သူ လူ့အစုအဝေးကြီးဖြစ်ပေါ်လာတာပါ။
“အရင်ကရှိခဲ့တဲ့သူတို့ကို အလ္လာဟ်အရှင်မြတ်သည် နေရာပေးခဲ့သည်။ ထို့နောက် အုပ်စုတစ်စုကို ဖန်ဆင်းခဲ့သည်”လို့ ကုရ်အာန်(၆း၆)မှာ ဗျာဒိတ်တော်ပြုထားပါတယ်။

အကြောင်းမျိုးစုံနဲ့ ရောက်ရှိလာကြပေမယ့် ရေကြည်ရာမြတ်နုရာတို့မှာ မိမိတို့ဆန္ဒအရ နေထိုင်အသက်မွေးခဲ့ကြ ပါတယ်။

“ဘယ်ကလာကြသလဲ” ခေါင်းစဉ်ကို တင်ပြခြင်းအကျဉ်းပါ။

= = = = = = = = = = = = = = = = = = = = =
(၂) ဘယ်မှာနေခဲ့ကြသလဲ

ဒီခေါင်းစဉ်ကို တင်ပြပါမယ်။

ဘယ်လူ့အဖွဲ့အစည်းမဆို မြေနဲ့မတွဲမိသမျှ တည်ငြိမ်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်ခေတ်ကစပြီး မြေနှင့်တွဲလာသလဲ ဆိုရင် ညောင်ရမ်းခတ်၊ အနောက်ဘက်လွန်မင်းလက်ထက်(၁၆၁၂-၁၆၂၈)ခုနှစ်များအတွင်း ငဇင်ကာနှင့်စစ်ဖြစ်ရာ ဖမ်းဆီး ခေါ်ဆောင်လာတဲ့ မွတ်စလင်မ်တို့ကို အင်းဝမြို့ရဲ့မြောက်ဘက် မြစ်သာမြို့မှာ လုပ်မြေနေမြေပေးပြီး အတည်တကျ နေထိုင်စေခဲ့တယ်။ မင်းမှုထမ်းစေခဲ့တယ်လို့ ‘မှန်နန်းရာဇ၀င်’ တတိယတွဲ၊ စာမျက်နှာ(၁၇)မှာ တွေ့ရှိရပါတယ်။ ဒါဟာ ပထမအကြိမ် နေရာချထားပေးခြင်းပါ။ မျက်မှောက်ကတွက်ရင် နှစ်ပေါင်း(၃၇၀)ကျော်ခဲ့ပါပြီ။ မျိုးဆက်တစ်ရပ်ကို သက်တမ်း(၇၀) ထားတွက်ရင် မျိုးဆက်(၅)ဆက်ကျော်ရှိပါပြီ။ သိပ္ပံနည်းအရ မျိုးဆက်သုံးဆက်မှာ မူလဗီဇသွေး မရှိတော့ဘူးလို့ဆိုတာ လေ့လာရဖူးပါတယ်။ (ယနေ့အများလက်ခံထားသော မျိုးဆက် တစ်ဆက်၏ သက်တန်းမှာ ၂၅နှစ် ဖြစ်သဖြင့် နှစ်၃၇၀ကို မျိုးဆက် ၁၅ဆက် နီးပါးဟု တွက်ချက်နိုင်ပါသည်။)

ယနေ့တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့ဟာ လူမျိုးစုံရောနှောရာမှ တိုးပွားလာကြသူများပါ။ ညောင်ရမ်းခေတ် အတွင်းမှာပဲ သာလွန်မင်းတရားကြီး(၁၆၂၈-၁၆၄၆)လက်ထက်မှာ အတည်တကျ လုပ်မြေနေမြေပေးပြီး နေထိုင်စေခဲ့တယ်လို့ ဦးဘသန်းရေး ‘ကျောင်းသုံးမြန်မာရာဇ၀င်’စာအုပ်၊ စာမျက်နှာ(၂၇၀)မှာ တွေ့ရပါတယ်။
ဒါ - ဒုတိယအကြိမ် နေရာချထားပေးခြင်းပါ။ မျက်မှောက်ကတွက်ရင် နှစ်ပေါင်း(၃၇၀)ကျော်ပါပဲ။

ညောင်ရမ်းခေတ်မှ အင်းဝခေတ်ဖြစ်လာတဲ့အခါ စနေမင်းတရားကြီး(၁၆၉၈ - ၁၇၁၄)ခေတ်မှာ အစ္စလာမ်သာသနာဝင်တို့ကို … (၁) တောင်ငူ၊ (၂) ရမည်းသင်း၊ (၃) ညောင်ရမ်း၊ (၄) ယင်းတော် (၅) မိတ္ထီလာ၊ (၆) ပင်းတလဲ၊ (၇) တဘက်ဆွဲ၊ (၈) ဘောဓိ၊ (၉) စည်သာ၊ (၁၀) စည်ပုတ္တရာ၊ (၁၁) မြေထူး၊ (၁၂) ဒီပဲယင်းမြို့ …. စသည့် ၁၂-မြို့မှာ နေရာချထားပေးခဲ့ကြောင်း (၁၈၀၁)ခုနှစ် အမရပူရဘုရင် ပိဋကတ်တိုက်တော်မှ ကျောက်တစ်လုံးဗိုလ် ကူးယူခဲ့တဲ့ မှတ်တမ်းရှိခဲ့ဖူးကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ‘အာရှသမိုင်းကွန်ဂရက်’မှာ တင်သွင်းတဲ့ ဗိုလ်မှူးဘရှင်ရဲ့ စာတမ်းမှာ တွေ့ရပါတယ်။ ဒါဟာလဲ မျက်မှောက်ကတွက်ရင် နှစ်(၃၀၀)ကျော်ရှိခဲ့ပါပြီ။

ကုန်းဘောင်ခေတ်ဦးရောက်လာခဲ့အခါ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျလက်ထက်(၁၇၅၃-၁၇၆၀)အတွင်းမှာ သန်လျင်ကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ အစ္စလာမ်သာသနာဝင်များ၊ အကြိမ်ကြိမ် ကသည်းပြည် တိုက်ခိုက်ရာမှ ရရှိသူ၊ ၀င်ရောက်ခိုလှုံကြသူ ကသည်းမွတ်စလင်မ် တို့ကို ရှိရင်းစွဲ မွတ်စလင်မ်အစုအဝေးများရှိရာဒေသတို့မှာ ခွဲခြားနေရာချထားကြောင်း ‘ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ(၂၉၈-၂၉၉)မှာ တွေ့ရပါတယ်။

ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း(၁၈၇၁-၁၈၁၉)ခေတ်မှာ အစ္စလာမ် သာသနာဝင်တို့သည် အထက်ပါနေရာဒေသတိှု့မှာ အတည်တကျလည်းရှိနေကြပြီး ဘုရင့်သစ္စာတော်ခံများလည်း ဖြစ်ကြတယ်။ ဒေသများမှာလည်း ပြန့်ကျဲနေထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအရ ဆုံးဖြတ်ရမယ့်ပြဿနာတို့လည်းရှိလာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တို့ကိုပေးနိုင်ရန် သာသနာ့ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုစိုင်နီသခင်ကြီး’ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန့်တော် ပြန်တမ်းထုတ်ခဲ့တယ်။

“အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က အရပ်ရပ်မြို့ရွာများမှာနေသည့် (ရခိုင်ပြည်အပါအ၀င်) ပသီ ကုလားတို့သည် ဘာသာကျမ်းရှိသည့်အတိုင်း အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့ပြသရာ နာခံကြစေ”လို့ ၁၁၆၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၃)ရက်၊ ၁၈၇၀-ခု၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှာ နာခံတော် ဘယကျော်ထင်တွင် ပြန်သည်လို့ ‘ဘိုးတော်မင်းတရားကြီး၏ ရာဇသတ်ကြီး’စာအုပ် အတွဲ-၄၊ စာမျက်နှာ(၂၇၆)မှာ တွေ့ရပါတယ်။

ဒါဟာ နှစ်ပေါင်း(၁၀၀၀)ကျော်မှ ၀င်ရောက်လာကြပြီး ဘုရင်အဆက်ဆက် အတည်တကျနေထိုင်လာကြတဲ့ လူ့အစုအဝေးရဲ့ အစ္စလာမ်သာသနာကိုးကွယ်မှုကို ဘုရင်က အသိအမှတ်ပြုလိုက်တာပါ။

ဘိုးတော်ဦးဝိုင်းခေတ်မှာ စာဆိုတော်ကြီး ‘မုဟမ္မဒ်ကာစင်မ်’လို့ခေါ်တဲ့ ‘ဆရာကြီးဦးနု’ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ် သာသနာရေးရာတို့ကို “သံတော်ဦးတင်လွှာ”အဖြစ်ရေးပြီး ဘိုးတော်ဦးဝိုင်းသို့ဆက်သွင်းခဲ့သည်။ ဘုရင်က လက်ခံကြားနာ ခဲ့တယ်။ ဒါဟာလဲ အစ္စလာမ်သာသနာကို ဘုရင်က အသိအမှတ်ပြုတဲ့အကြောင်းတစ်ရပ်ပါ။

ဘိုးတော်မင်းတရားကြီး အင်းဝမှ အမရပူရသို့ပြောင်းရွေှ့ခဲ့ရာ ဘုရင့်အမှုထမ်းများအတွက် အတည်တကျနေထိုင်ရန် ဘုံးအိုး၊ စားကြင်ဝ၊ ကြည့်မြင်တိုင်၊ ကိုယ်ရံတော်၊ အပ်ချုပ်ရပ်နှင့် အစ္စလာမ်သာသနာဝင်များအတွက် သီးသီးသန့်သန့် ရပ်ကွက်များ သတ်မှတ်ပေးခဲ့တယ်။ ရပ်ကွက်တိုင်းတွင် ဗလီများဆောက်လုပ်ရန် နေရာများ သတ်မှတ်ပေးခဲ့တယ်။ ယနေ့တိုင် ထိုဒေသများမှာ မျိုးဆက်များဆက်လက်နေထိုင်လျက်ရှိကြတယ်။

ကုန်းဘောင်ဆက်ရဲ့ (၁၀)ဆက်မြောက်ဘုရင် မင်းတုန်းမင်းတရားကြီး (၁၈၅၂-၁၈၇၈)လက်ထက် မန္တလေးမြို့တော် သစ် တည်ရာ ပြီးစီးပြောင်းရွေှ့ရန်စီစဉ်တော့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များအတွက် သီးသီးသန့်သန့်နေထိုင်ကြရန် ရပ်ကွက်ကြီးများအဖြစ် သတ်မှတ်ပေးခဲ့ရာ …. စကြ်ာနွယ်စဉ်ရပ်ကွက်(၈)ကွက်၊ ကိုယ်ရံတော်ရပ်ကွက်၊ အပ်ချုပ်ရပ်ကွက်၊ တောင်ဘလူရပ်ကွက်၊ ဂျွန်းတန်းရပ်ကွက်၊ စစ်ကိုင်းတန်းရပ်ကွက်၊ ကုန်းရိုးရပ်ကွက်၊ ၀လီခန်ရပ်ကွက်၊ ကင်းတားကုလားပျို ရပ်ကွက်ဆိုပြီး ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက် သတ်မှတ်ပေးခဲ့ပြီး ရပ်ကွက်တိုင်းမှာ ဗလီဆောက်လုပ်ရန်မြေနေရာများ သတ်မှတ်ပေးခဲ့တယ်။ ထိုစဉ်ကအဆက်အနွယ်များ ယနေ့တိုင် အခြေတကျနေထိုင်ကြတယ်။

“ဘယ်မှာနေခဲ့ကြသလဲ”ဆိုတဲ့ခေါင်းစဉ်ကို ယခုတင်ပြခဲ့တာ အကျဉ်းပါ။

= = = = = = = = = = = = = = = = = = = = =
(၃) ဘာတွေ လုပ်ခဲ့ကြသလဲ

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး တင်ပြပါ့မယ်။

အနော်ရထာဘုရင် (၁၀၄၄-၁၀၇၇) ဘုရင်အဖြစ် (၃၃)နှစ်အုပ်ချုပ်ခဲ့ရာ နန်းစံသက်(၁၃)နှစ်အရမှာ မိတ္ထီလာကန် ဆယ်ဖို့ခဲ့တယ်။ ‘ပသီ’လက်နက်ကိုင်တပ်သားတို့ ပါဝင်စေခဲ့တယ်လို့ ဟံသာဝတီဦးဘရင်ရေးတဲ့ ‘မြန်မာ့ယဉ်ကျေးမှုနဲ့ လယ်သမားရေးရာ’စာအုပ် စာမျက်နှာ(၂၅)မှာ တွေ့ရပါတယ်။

တောင်ငူခေတ်ဖြစ်တဲ့ မင်းခေါင်နော်ရထာလက်ထက် (၁၄၀၁-၁၄၁၂)အတွင်း ဒုတိယအကြိမ် မိတ္ထီလာကန်ဆည်ဖို့ ပြန်ရာ ‘ပသီ’လက်နက်ကိုင်တပ်သား(၁၀၀၀)၊ ရွေးလက်ျာတပ်သား(၁၀၀၀)လိုက်ပါဆည်ဖို့စေခဲ့တယ်လို့ ‘ကင်းဝန်မင်းကြီး စာပေါင်းစု’စာအုပ်၊ စာမျက်နှာ(၈၆)မှာ တွေ့ရတယ်။ အဲဒီအချိန်ကာလဟာ အတည်တကျနေထိုင်ကြရသေးတဲ့ ကာလမဟုတ်သေးပါဘူး။

ကုန်ဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက် သန်လျင်ကို ချီတက် တိုက်ခိုက်ရာ အောင်မြင်သဖြင့် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အစ္စလာမ်သာသနာဝင်အစု(၂၅၀၀)ကျော်ပါတယ်လို့ ဆိုတယ်။ ‘ဒါဝတ်’ဆိုသူနဲ့ ‘ပီးရ်မာမက်’ဆိုသူတို့ကို သွေးသောက်ကြီးများခန့်အပ်တာဝန်ပေးခဲ့တယ်။ ကိုယ်ရံတော်တပ်မှာ အမှုထမ်းစေခဲ့တယ်လို့ဆိုတယ်။ ‘ကုန်းဘောင်ခေတ်မဟာရာဇ၀င်တော်ကြီး’ပထမတွဲ စာမျက်နှာ(၁၈၅-၁၈၆)မှာ တွေ့ရ ပါတယ်။

ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့ ရမူး-ပန်းဝါတိုက်ပွဲမှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော်(၂၀၀)ကျော်ပါဝင်စေခဲ့တယ်လို့ ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ(၃၇၇)မှာ တွေ့ရပါတယ်။

မင်းတုန်းမင်းတရားကြီး(၁၈၅၂-၁၈၇၈)ဘုရင်ဖြစ်လာပြီးနောက် ညီတော် ကနောင်မင်းသားကြီးနှင့်တိုင်ပင်ကြီး စပါးကြိတ်စက်၊ စာပုံနှိပ်စက်၊ ယက်ကန်းစက်၊ လွှဝိုင်းစက် မဲနယ်လုပ်စက်၊ ဒင်္ဂါးလုပ်စက်ဆိုတဲ့ စက်မှုနိုင်ငံထူထောင်ရာမှာ အစ္စလာမ်သာသနာဝင်အလုပ်သမားများစွာပါဝင်စေခဲ့တယ်။ အတတ်ပညာသင်သွားရတဲ့ ‘မာလာမွန်’ ခေါ် ‘ဦးပွင့်’ဆိုသူဟာ အစ္စလာမ်သာသနာဝင်ဖြစ်ပြီး ပညာသင်ပြန်လာတဲ့အခါ ဖန်ချက်ဝန်အဖြစ် တာဝန်ပေးခံရတယ်လို့ ဦးမောင်မောင်တင် မဟာဝိဇ္ဇာပြုစုတဲ့ ပုဂံစာအုပ်တိုက်ထုတ် ‘မြန်မာမင်းလက်ထက်တော်စာတမ်းများ’စာအုပ် စာမျက်နှာ(၆၆၊ ၇၂၊ ၇၇) တို့မှာ တွေ့ရတယ်။

သီပေါမင်း(၁၈၇၈-၁၈၈၅)ခု နန်းစံနှစ်များအတွင်း တရုတ်တို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ပြီး ဗန်းမော်မြို့ကို သိမ်းကြလို့ မြန်မာဘုရင်ပိုင် သင်္ဘော(၃)စင်းနဲ့ ခုခံတိုက်ခိုက်ရာ တပ်ဗိုလ်အဖြစ် ‘ဦးဘိုးကာ’ (မေမြို့၊ ဟာဂျီဦးသန်းညွန့်၏ ဖခင်)က တာဝန်ယူဆောင်ရွက်ခဲ့ရတယ်။

(၁၈၈၅)ခု အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ပြန်တော့ မင်းလှခံတပ်က ဆီးကြိုတိုက်ခိုက်ခဲ့ရတဲ့စစ်ပွဲမှာ အမြောက် တပ်ကို ဦးဘိုးကာတပ်မှူးအဖြစ် တာဝန်ယူခဲ့ရတယ်လို့ မကွယ်လွန်မီကိုယ်တိုင်ပြောလို့ သိခဲ့ရတယ်။ (၁၈၈၅)ခု အထက်မြန်မာနိုင်ငံ သိမ်းဖို့ သရက်မြိုက အင်္ဂလိပ်တပ်တွေချီတက်လာတော့ ခုခံတိုက်ခိုက်မယ်လို့ သီပေါဘုရင်က စစ်ကြေညာပြီး စစ်ကြောင်းကြီး သုံးကြောင်း (၁) တောင်ငူစစ်ကြောင်း၊ (၂) အောက်မြစ်စစ်ကြောင်း (၃) ဧရာဝတီစစ်ကြောင်း တို့က ခုခံကြမယ်လို့ အမိန့်တော်ထုတ်လို့ အက္ကပတ်မြင်းဝန် ပင်လယ်မြို့စား မင်းကြီး မဟာမင်းထင်ရာဇာ (ငယ်မည် ဦးချုံ - အစ္စလာမ်သာသနာဝင်)ကို တောင်ငူစစ်ကိုင်းဦးဆောင်စေခဲ့တယ်။ ကုန်းဘောင်ဆက်ရာဇ၀င်တော်ကြီး တတိယတွဲ စာမျက်နှာ(၇၁၂)မှာ တွေ့ရတယ်။

(၁၈၈၅)-ခု နိုဝင်ဘာလ(၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီးခေတ်ဦး နယ်ချဲ့တော်လှန်ရေးသမားကြီးများပေါ် ခဲ့တယ်။ (ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်တို့နဲ့ခေတ်တူ) ပခုက္ကူ၊ မိတ္ထီလာ၊ ကျောက်ဆည်နယ်တို့မှာ သူပုန်ဗိုလ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ရာကွတ်ပါခဲ့တယ်။ ဗိုလ်ရာကွတ်ကိုဖမ်းမိတော့ အင်္ဂလိပ်ကို သစ္စာခံရင် ရာထူးပေးမယ်လို့ ချော့ခဲ့တာလက်မခံလို့ ကြိုးပေးခဲ့ရာ ဘုရင်ချီးမြှင့်ထားတဲ့ ကတ္တီပါအင်္ကျီအစိမ်းကိုဝတ်ပြီး ကြိုးစင်တက်အသက်ပေးခဲ့တယ်။ ဆင်ဖြူကျွန်းအောင်သိန်းရေး ‘နယ်ချဲ့ခေတ်ဦးတော်လှန်ရေးသမားကြီးများ’ စာအုပ်မှာတွေ့ရတယ်။

မြန်မာနိုင်ငံမှာ (၁၈၈၅)-ခု နိုဝင်ဘာလ(၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူသွားပြီး (၁၀)နှစ်ကျော် သူပုန် နှိမ်နင်းခဲ့ပြီးမှ အုပ်ချုပ်ရေးအနယ်ထိုင်ခဲ့တယ်။

နယ်ချဲ့သမားအုပ်ချုပ်မှုခေတ်

နယ်ချဲ့အုပ်ချုပ်ရေးသမားခေတ်အတွင်း (၁၉၂၀)ပြည့်နှစ်မှာပေါ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ သပိတ် မှောက်ရေး ဦးစွာစီစဉ်ခဲ့သူ(၁၁)ဦးမှာ ဦးဘရှင်သံတွဲ(အစ္စလာမ်သာသနာဝင်)ပါခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ် ‘မြန်မာ့နိုင်ငံရေးအခြေပြသမိုင်း’ ပထမတွဲ စာမျက်နှာ(၂၀၀)မှာ တွေ့ရတယ်။

(၁၉၀၆)ခုမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(၀ိုင်အမ်ဘီဘေ)ပေါ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုများ လုပ်ကြသလို (၁၉၀၉)ခုနှစ်မှာ ‘ဘားများမွတ်စလင်မ် ဆိုဆိုက်ယီတီ’အဖွဲ့ခေါ်ခဲ့ပြီး ၀ိုင်အမ်ဘီအေလုပ်သလို လုပ်ခဲ့ကြတယ်။ (၁၉၂၀)ပြည့်နှစ် သပိတ်ကြီးကို အခြေခံပြီးပေါ်ပေါက်လာတဲ့ အမျိုးသားကျောင်းများဖွင့်ကြရာ မန္တလေးမြို့မှာ ‘ဆရာကြီး ဦးရာဇတ်’က ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်တဲ့ အမျိုးသားကျောင်းပေါ်ခဲ့တယ်။
(၁၉၃၀)ပြည့်နှစ် ဆရာစံခေါင်းဆောင်တဲ့ လယ်သမားသူပုန်ကြီးပေါ်ခဲ့ရာ အဆင့်မြင့်တပ်သားကြီးအဖြစ် အစ္စလာမ် သာသနာဝင် ‘ဦးဒူးဒူး’ဆိုသူပါခဲ့ပြီး ဆရာစံသူပုန်ဌာနချုပ် အလံတောင်အနီးရှိဝံကိုက်ရွာ(ဥက္ကံမြို့မြောက်ဘက်၊ သူပုန်ဌာနချုပ်ရဲ့ အရှေ့ဘက်မှာရှိတယ်။ အိမ်ခြေ(၁၈၀)ရှိပြီး ဗလီနှစ်လုံးရှိတယ်။ ရွာလုံးကျွတ်အစ္စလာမ်သာသနာဝင်များ ဖြစ်ကြတယ်။) ရွာသားလယ်သမားအများစု ဆရာစံသူပုန်မှာပါဝင်ခဲ့ကြတယ်။ (ကြိုးကျကျွန်းပြန် ဦးဘိုးဖြူပြုစုခဲ့တဲ့ ‘ဗြိတိသျှ အစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က’စာအုပ်၊ စာမျက်နှာ(၄၁၊ ၄၆၊ ၄၇)မှာ တွေ့ရတယ်။

(၁၉၃၀)ပြည့်နှစ် နောက်ပိုင်း တို့ဗမာအစည်းရုံး (သခင်လူငယ်အဖွဲ့)ပေါ်ခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ မြင့်တက်ခဲ့တယ်။ အစ္စလာမ်သာသနာဝင်လူငယ်များ သခင်အဖြစ် ပါဝင်ခဲ့ကြတာရှိတယ်။ ရေနံမြေအလုပ်သမား သပိတ်ကြီးပေါ်လာတော့ ဘ၀တူအလုပ်သမားများနဲ့အတူ အစ္စလာမ်သာသနာဝင် အလုပ်သမားများ ပါဝင်ခဲ့ကြတယ်။ ဦးသော်ရေး ‘အိန္ဒိယမြန်မာဆက်ဆံရေးမှတ်တမ်း’စာအုပ် စာမျက်နှာ(၁၂၇)။

(၁၉၃၈)ခု ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ‘ဗမာမွတ်စလင်မ်နိုးကြားရေးအဖွဲ့’ပေါ်ခဲ့တယ်။ ‘တို့ဗမာအစည်းအရုံး’ ကြွေးကြော်သံ ‘ဗမာပြည် - တို့ပြည်၊ ဗမာစာ - တို့စာ၊ ဗမာစကား - တို့စကား’ဆိုတဲ့ ကြွေးကြော်သံကို ထပ်တူလက်ခံပြီး တို့ဗမာအစည်းအရုံးနဲ့လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြတယ်။

(၁၉၃၆-၁၉၃၈)ခုနှစ်များမှာ သပိတ်မှောက်ကြတဲ့ ကျောင်းသားများသပိတ်တိုက်ပွဲကြီးမှာ တိုင်းရင်းသားအစ္စလာမ်ဝင် ကျောင်းသူကျောင်းသားများ သပိတ်တိုက်ပွဲဝင်ခဲ့ကြတယ်။

(၁၉၄၂-၄၅)ကတော့ ဂျပန်ခေတ်ဖြစ်ပါတယ်။ ဂျပန်ခေတ်အတွင်း ဗမာ့လွတ်မြောက်ရေးတပ်မတော်(ဘီအိုင်အေ)မှ ဗမာ့ကာကွယ်ရေးတပ်(ဘီဒီအေ) ပြန်လည်ဖွဲ့စည်းရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်လူငယ်တို့ပါဝင်စစ်မှုထမ်းကြ တယ်။ (ဘီဒီအေ)တပ်မတော်ထဲက စည်းကမ်းရှိသူတို့ကို ဗိုလ်သင်တန်းတက်ခွင့်ပြုခဲ့လို့ တက်ခဲ့ကြပြီး ၃-လိုင်းတစ်ပွင့်ဗိုလ် ဖြစ်ခဲ့ကြသူတို့လည်း ရှိခဲ့ကြတယ်။

ဂျပန်ခေတ်အတွင်းမှာပဲ အာရှလူငယ်များအစည်းအရုံးပေါ်လာတော့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ ရာထောင်မက ပါဝင်ခဲ့ကြတယ်။

ဗမာ့ကာကွယ်ရေးတပ်မတော်ကဦးဆောင်ပြီး ဂျပန်တော်လှန်ရေးလုပ်ကြရာမှာ တပ်မတော်သားတို့က စစ်ရေးတာဝန် ယူခဲ့ကြသလို အာရှလူငယ်အဖွဲ့ဝင်ထဲက လက်ရွေးစင်လူငယ်တွေကို မဟာမိတ်တပ်နဲ့ ဆက်သွယ်ရေးတို့ကို တာဝန်ပေးခဲ့လို့ တစ်ချို့ အမေရိကန်တပ်(၀မ်းအိုဝမ်း)နဲ့ ဆက်ခဲ့ကြပြီး လေထီးဆင်းခဲ့ကြသူတို့ရှိခဲ့ကြတယ်။ မဟာမိတ် အင်္ဂလိပ်တပ်ဦးနဲ့ဆက်သွယ်ရသူတို့လည်းရှိခဲ့ကြသည်။ ဂျပန်တပ်သားတို့ရဲ့ အန္တရာယ်ကြားမှာ သက်စွန့်ကြိုးပမ်း မဟာမိတ် တပ်နဲ့ ဆက်သွယ်ရေးလုပ်ခဲ့ကြတာလလဲ အများပင်။ ဂျပန်တော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်လူငယ်တို့ ရာဂဏန်းမကပါဘူး။ (ဦးကျော်ဝင်းမောင် ဝမ်းအိုဝမ်း)

(၁၉၄၅)-ခု ဒုတိယကမ္ဘာစစ်ပြီး မဟာမိတ်တပ်တို့ပြန်ဝင်လာကြတော့ ဗမာပြည်ဆက်လက်အုပ်ချုပ်ရေး စီမံကိန်း တို့ကို ချလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့(ဖတပလ)မှ (ဖဆပလ)အဖွဲ့ချုပ်ကြီးက လူထုအုံကြွမှုတိုက်ပွဲဆင်လာ ကြတော့ ‘ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ကြီး’ (၁၉၄၅)ခုနှစ် ဒီဇင်ဘာမှာ ပေါ်လာတယ်။ (ဖဆပလ) တပ်ပေါင်းစုအဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး လုံးဝလွတ်လပရေး တိုက်ပွဲဆင်နွှဲကြရာမှ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် လူထုကြီးတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြတယ်။

တိုင်းပြည်လုံးဝလွတ်လပ်ရေးဆောင်ရွက်ရန် ယာယီကြားဖြတ်အစိုးရအဖွဲ့မှာ ‘ဆရာကြီးဦးရာဇတ်’ ၀န်ကြီးတစ်ဦး အဖြစ်တာဝန်ယူခဲ့ရတယ်။ (ဖဆပလ)ဗဟိုဦးစီးအဖွဲ့မှာ ဆရာကြီးဦးရာဇတ်၊ မစ္စတာအက်စ်အေရာမန် နဲ့ ဦးဘတင်(ခ) မစ္စတာ အက်စ်အေရရှီးဒ် တို့ ပါဝင်ခဲ့ကြတယ်။

တိုင်းပြည်လုံးဝလွတ်လပ်ရေး၊ မြန်မာနိုင်ငံအ၀ှမ်းပါဝင်ရေး၊ ပင်လုံစာချုပ်ကြီးဖြစ်ပေါ်လာရေးကိစ္စ ဆောင်ရွက်ရာမှာ ဦးဖေခင်(သံအမတ်ကြီး-ငြိမ်း)ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုဟာ မသေးလှပါဘူး။

တိုင်းပြုပြည်ပြုလွှတ်တော်မှာ (ဖဆပလ)အမတ်များအဖြစ် ရွေးချယ်ခံကြရပြီး လွှတ်တော်အမတ်များအဖြစ် …..

(၁) ဦးရာဇတ် (မန္တလေးမြို့၊ မြို့မရှေ့ပိုင်း)
(၂) ဦးသန်းညွန့်(မေမြို့) (မန္တလေး၊ ကျေးလက်တောင်ပိုင်း)
(၃) ဦးခင်မောင်လတ် (မြောင်းမြ၊ ကျေးလက်တောင်ပိုင်း)
(၄) ဦးဖေခင် (ရမည်းသင်း၊ ကျေးလက်မြောက်ပိုင်း)
(၅) ဦးသန်းမြင့် (မော်လမြိုင်၊ မြောက်ပိုင်း)
(၆) ဒေါ်စောရွှေ (ရန်ကုန်မြို့မလမ်းမတော်)တို့ လွှတ်တော်အမတ်များဖြစ်လာကြပါတယ်။

တိုင်းပြုပြည်ပြုလွှတ်တော်က နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းရေးဆွဲရာမှာ ဌာနမျိုးစုံမှာ ခွဲဝေတာဝန်ယူခဲ့ကြ ပါတယ်။ လွတ်လပ်ရေးမကြေညာခင် (၁၉၄၇)-ခု ဇူလိုင်လ(၁၉)ရက်နေ့ နိုင်ငံတော်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတော့ ‘ဆရာကြီးဦးရာဇတ်’နဲ့ သက်တော်စောင့် ‘ရဲဘော်ကိုထွေး’တို့ အသက်ပေးသွားကြရပါတယ်။

တိုင်းပြည်လွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ကြရာမှာ ပါလီမန်-တွင်း၊ ပါလီမန်-ပ လုပ်ရပ်တွေမှာ ဗမကအဖွဲ့ချုပ်ဟာ ကျရာတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

ဖော်ပြပါတို့ဟာ ‘ဘာတွေလုပ်ခဲ့ကြသလဲ’ခေါင်းစဉ်ရဲ့ အကျဉ်းသာဖြစ်ပါတယ်။

= = = = = = = = = = = = = = = = = = = = =
(၄) ဘယ်ကိုသွားကြမှာလဲ

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး နည်းနည်းရှင်းချင်ပါတယ်။

လူ့အဖွဲ့အစည်းတိုင်းမှာ တေးကဗျာလင်္ကာတွေပေါ်ခဲ့တယ်။ နတ်ရှင်နောင်ဟာ ကဗျာ့ပါရဂူရှင်လို့တောင် ဆိုကြတာ ရှိပါတယ်။ သူ့ကဗျာတွေဟာ မေတ္တာဘွဲ့များပါတယ်။

ပြည်န၀ဒေးကြီးလို့ကျော်ကြားခဲ့တဲ့ စာဆိုကြီးဟာ အင်းဝမှပြည်သို့ ဧရာဝတီကြောင်းက စုန်ဆင်းခဲ့တယ်။ လမ်းတစ်လျှောက်မှာတွေ့ရတဲ့ တော၊ တောင်၊ စေတီ၊ ပုထိုးတို့ကို စပ်ဆိုခဲ့တယ်။ သူ့ကဗျာထဲမှာ သင်ခန်းစာယူစရာတွေ ပါခဲ့တယ်။

စာဆိုရှင်ကြီး ‘မုဟမ္မဒ်ကာစင် (ခေါ်) ဆရာကြီးဦးနု’ဟာ (၅၅)ပိုဒ်ပါတဲ့ လင်္ကာကြီးကို ခရီးသွားမှတ်တမ်းအဖြစ် ရေးစပ်ခဲ့တယ်။ အပိုဒ်တိုင်းက အစ္စလာမ်သာသနာကို အခြေခံခဲ့တယ်။ ရောက်ရာအရပ်မှာ မွေးမြူဖန်ဆင်းရှင် အလ္လာဟ် အရှင်ကိုအမြဲတမ်းသတိရနေရမယ်။

နှစ်ဘ၀ကျေးဇူးရှင် မဟာတမန်တော်မြတ်ကို အမြဲမပြတ် မေတ္တာပို့နေရမယ်။ ကုန်းပေါ်နေနေ၊ ရေပေါ်ရောက်ရောက် ဆွလာသ်(၅)ကြိမ်ဝတ်ပြုရမယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို အမြဲမပြတ်ဖတ်ရွတ်ရမယ်လို့ သာသနာ့လမ်းညွှန်မှု ပြုခဲ့တယ်။ သူကိုယ်တိုင်လည်း မပျက်လိုက်နာဆောင်ရွက်ခဲ့တယ်လို့ဆိုတယ်။

အဆိုတော် ခင်မောင်ရင် (ဇာတ်လိုက်မင်းသား)က စစ်မဖြစ်ခင် ‘ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်’ လို့ အမျိုးသားစိတ်ဓါတ်တက်ကြွအောင်ဆိုခဲ့တဲ့ နဂါးနီသီချင်းဟာ ဒီနေ့ထိ မရိုးနိုင်သေးပါဘူး။ အမျိုးသားစိတ်ဓါတ်ကိုလည်း တက်ကြွစေခဲ့တယ်။

စာဆိုရှင်ကြီးတွေစပ်ဆိုခဲ့ကြတဲ့ တေး၊ ကဗျာ၊ လင်္ကာတွေဟာ ဘ၀အတွေ့အကြုံကို အခြေခံပြီး ရေးခဲ့စပ်ဆိုခဲ့ကြ တာပါ။
‘စာပေ၊ ၀တ္ထု၊ ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းညှင်းကို မကင်းမပြတ် ဖတ်ရွတ်လေ့ကျက် တီးမှုတ်လျက်သာနေကောင်းစွာတည်း’လို့ ၀န်ကြီးပဒေသရာဇာက ဆိုခဲ့ပါတယ်။

ကျွန်တော်တို့ အစ္စလာမ်သာသနာရေးရာကောင်စီမှာ အတွင်းရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်(ကွယ်လွန်)က အစ္စလာမ်သာသနာရေးရာကောင်စီနဲ့ တိုင်းရင်းသားနိုင်ငံသားအားလုံးနဲ့ အကျွမ်းဝင်တဲ့ တေးနှစ်ပုဒ် စပ်ခဲ့တယ်။ ‘အာန်ဆွာရီတေး’နဲ့ ‘အားလုံးအညီ’။ ဒီသီချင်းနှစ်ပုဒ်ကို ကျွန်တော်တို့ အမြတ်တနိုး သီဆိုနေကြတယ်။ သီချင်း အဓိပ္ပါယ်ကိုတော့ ဂဃနဏစဉ်းစားနားလည်ကြတယ်လို့ မထင်ပါဘူး။ (သီချင်းစာသားမှာ) ‘တိုင်းရင်း မွတ်စလင်မ် နောက်ကျခဲ့လှပြီ’တဲ့ အတိတ်ကိုဖော်ပြတာပါ။ ‘လျင်စွာထင်စွာ ရှေ့သို့စိုက်စိုက်ချီ’တဲ့ ပစ္စုပ္ပန်ကိုဖော်ညွှန်းတာပါ။ ‘ဘာသာစုံလေးစားကြမှအတည် … တိုင်းရင်းသားပေါင်းစုံ တကယ်ပင်ချစ်ကြည်စေမည်’တဲ့ အနာဂတ်အတွက် လမ်းညွှန်တာပါ။

သင်ခန်းစာယူရမယ့် အတိတ်ဖြစ်ရပ်

ပင်လုံစာချုပ်ကြီးချုပ်ဆိုခဲ့တဲ့ ဖေဖော်ဝါရီလ(၁၂)ရက်ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့ပြီး နှစ်စဉ်ပြည်ထောင်စုနေ့ ကျင်းပခဲ့တယ်။ ပြည်ထောင်စုနေ့ကျင်းပတိုင်း အနယ်နယ်အရပ်ရပ်က လူမျိုးပေါင်းစုံလာရောက်ကြတာ နှစ်စဉ်ပါ။
(၁၉၅၂၊ ၅၃-၅၄)ခုနှစ်များက ရန်ကုန်မှာကျင်းပတဲ့ လူမျိုးပေါင်းစုံတို့ကိုကြိုဆိုရေး၊ နေရာချထားရေး၊ ဧည့်ခံရေးတို့ကို ရန်ကုန်ခရိုင်(ဖဆပလ)က တာဝန်ယူရပါတယ်။ အဲဒီတာဝန်သုံးရပ်ကို ဖဆပလတပ်ပေါင်းစုအတွင်းမှာရှိတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်ခဲ့ရလို့ ရန်ကုန်ခရိုင်(ဗမက)ကိုယ်စားလှယ်(၅)ဦးပါဝင်ကြရာမှာ ကျွန်တော်ရယ်၊ ဟာဂျီဦးတင်မောင် (န၀ါဗ်)၊ ဟာဂျီဦးစလေမန်တင်မောင်၊ ဦးနူးရ်ကိုလေးတို့ နှစ်စဉ်ပါဝင်ခဲ့ကြရတယ်။

အနယ်နယ်အရပ်အရပ်မှ လူမျိုးစုခေါင်းဆောင်တို့နဲ့ ရင်းနှီးမှုရခဲ့ကြတယ်။ ဒီရင်းနှီးမှုက ဘယ်မှာအကျိုးရှိခဲ့သလို ဆိုတော့ နိုင်ငံတော်ဘာသာပြုလုပ်ရေးကန့်ကွက်ကြတော့ အဲဒီလူမျိုးပေါင်းစုံတို့နှင့် လက်တွဲမိခဲ့ကြတယ်။ ပိုမိုရင်းနှီးခဲ့ကြ တယ်။ ခုတော့ သေကုန်တဲ့လူတွေများပါပြီ။ အသက်မသေကျန်နေကြသူတို့နဲ့ ဒီနေ့အထိ ချစ်ခင်ရင်းနှီးမှုရှိကြပါတယ်။
အစ္စလာမ်ကောင်စီပေါ်ပေါက်အောင် အုတ်မြတ်ချခဲ့သူများ အစ္စလာမ်ကောင်စီမှာ မရှိကြတော့ပါ။ ကျွန်တော်လဲ အုတ်မြစ်ချခဲ့သူမဟုတ်ပါ။ အုတ်မြစ်ချခဲ့သူအားလုံး အလ္လာ့ဟ်ထံပြန်ကုန်ကြပါပြီ။ ဒါကြောင့် သာသနာနဲ့ တိုင်းရင်းသား၊ နိုင်ငံသားတို့အကျိုးဆောင်နိုင်မယ့် မျိုးဆက်သစ်ပညာတတ်ထက်မြက်သူတွေ လိုပါတယ်။

ဒီကနေ့ အစ္စလာမ်ကောင်စီက 'မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေး'ဆိုပြီးလမ်းနှစ်သွယ်ချမှတ်ထားပါတယ်။ ဒါကြောင့် မွတ်စလင်မ်ပီသရေးအတွက် အာန်ဆွာရီသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြင့်မားစွာ ပို့ချဖို့လိုအပ်သလို တိုင်းရင်းသားပီသရေး(အမျိုးသားရေး)အတွက် အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပို့ချဖို့ကိုလည်း အထူးလိုအပ်ပါတယ်။ တစ်ဆက်တည်း ဒီနေရာမှာ ပြောချင်တာက ကိုယ့်သမိုင်းကို ကိုယ်တိုင်မသိကြရင် တိုင်းရင်းသားကောင်းများဖြစ်လာဖို့ မလွယ်ပါ။ အနာဂတ်ရင်လေးဖို့ကောင်းပါတယ်။ ဗိုလ်မှူးဘရှင်ချခဲ့တဲ့ လမ်းညွှန်မှုဟာ 'ဘယ်ကိုသွားကြမှာလဲ'ဆိုတဲ့ လမ်းကြောင်းပါ။ သက်ဆိုင်ရာ ပညာရှင်များကလည်း 'သမိုင်းပျောက်ရင် ဇာတိပျောက်မယ်၊ ဇာတိပျောက်ရင် မျိုးချစ်စိတ်ပါ ပျောက်လိမ့်မယ်'လို့ ဆိုထားပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်အပါအ၀င်ကောင်စီအဆင့်ဆင့်ရှိ ခေါင်းဆောင်တချို့ စိုးရိမ်သောကရှိခဲ့တာကြောင့် ကောင်စီဌာနချုပ်ဥက္ကဌကြီး ဟာဂျီဦးသိန်းနှင့် အကြေအလည်ဆွေးနွေးပြီး သာသနာရေး၊ အမျိုးသားရေးမှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မေမြို့(ပြင်ဦးလွင်) ၁၅-ကြိမ်မြောက် ဦးစီးညီလာခံမှာ အဆင့်မြင့်သင်တန်းဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေး

ဒီကနေ့အခြေအနေဟာ ကျွန်တော်တို့အားလုံးအတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ဖို့ အထူးလိုအပ်တဲ့အချိန်အခါဖြစ်ပါတယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေး မှန်ကန်စွာတည်ဆောက်ရယူနိုင်ဖို့ အခြေခံမူတစ်ခု အကြံပြု တင်ပြအပ်ပါတယ်။

ကျွန်တော်တို့တစ်မျိုးသားလုံး အတိတ်ခေတ်အဆက်ဆက်ကာလတိုင်းမှာ အမိနိုင်ငံအတွက် ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့နှင့်အတူ ပတ်ဝန်းကျင်နိုင်ငံများနှင့်စစ်မက်ဖြစ်ပွားခဲ့ရာမှာသော်လည်းကောင်း၊ ဗြိတိသျှတို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်မှုများကို ခုခံတွန်းလှန်ရာမှာသော်လည်းကောင်း၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ရာမှာသော်လည်းကောင်း၊ လွတ်လပ်ရေး ကြိုးပမ်းကြရာမှာသော်လည်းကောင်း အညီအညွတ်ပေါင်းစည်းဆောင်ရွက်ခဲ့တာဟာ သမိုင်းရဲ့ ကာလတိုင်းမှာ အထင်အရှားပါ။

အဆိုပါ တိုင်းပြည်နှင့်လူမျိုးအတွက် ခေတ်အဆက်ဆက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနှင့်အတူ ပါဝင်ဆောင်ရွက် ခဲ့ကြတဲ့ သမိုင်းတန်ဖိုးများကို အခြေပြုပြီး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ခြင်းဟာ မှန်ကန်တဲ့ ဆောင်ရွက်ချက်ပင် ဖြစ်ပါတယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အခမ်းအနားများမှာ သ၀ဏ်လွှာပေးခြင်း၊ မိန့်ခွန်းပြောကြားခြင်းတို့မှာ အဆိုပါ အချက်အလက်များထည့်သွင်းဖော်ပြဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

ခေါင်းစဉ်(၄)ရပ်ကို သဘောပေါက်နားလည်ခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းတို့သည်သာ ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် မဟာတာဝန်ဖြစ်ဖြစ်တယ်။ ဖြစ်စဉ်သမိုင်းတို့ကို ပိုမို သဘောပေါက်ကြအောင် လေ့လာကြပါ။

"သမိုင်းတို့သာလျှင် တိုင်းရင်းသား နိုင်ငံသားအားလုံးတို့အတွက် သက်သေခံဖြစ်မှာပါ"

အားလုံးအပေါ်သို့ ချမ်းမြေ့သာယာမှုအပေါင်းသက်ရောက်ပါစေ ........... အာမီးန် .....

ပသီဦးကိုကိုလေး

(အဆင့်မြင့်သင်တန်း၊ ၂၅-၃၀.၇.၁၉၉၉-ခု၊ ဇုန်(၂) ရန်ကုန် နှင့် ၃-၉.၄.၂၀၀၀ ခု ဇုန်(၃) မော်လမြိုင်တို့တွင် နာယကကြီး ပသီဦးကိုကိုလေး၏ ပို့ချချက်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

ပသီဦးကိုကိုလေး၏ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ် စာအုပ်မှ ပထမအပိုင်းကို ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ဒုတိယပိုင်း "မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ"ခေါင်းစဉ်ကို ဆက်လက်တင်ပြပေးပါမယ်။

ဝိုင်း

Being a Muslim pleasure, life's Guaranteed

How nice to be a Muslim, does not need to work, but still given the right of property ownership. Yes, God lifted from women the obligation to work to meet the needs of themselves or to support themselves and their family's financial capability. God determined that it is an absolute obligation to men's. He instructed the men to be responsible for maintaining and caring for women in every phase of their lives.

In Islam, when a young woman, then she is in her father's care and responsibility. Responsibilities of the father be lifted when his daughter got married or died (either the father or son). So do not stop when the custody of the girl enters a certain age, as stated many of the laws (the Act) which was followed mostly stupid humans.

After a woman married, the care and maintenance responsibilities fall to her husband, as long as he was under custody based on the marriage contract. Then if a woman does not have a father, and have no husband, then the responsibility falls to the brother who took the role as his father when the dead. Then when he has no brothers, then the responsibility falls to whoever male relatives closest to him, the male relatives who will inherit it, and she will inherit them.
Then if he does not also have male relatives, then the obligation to maintain and care for her fall to the Muslim community. Thus it became the responsibility of communal responsibility, and if no one is fulfilling that responsibility, then all will be sinful.

Furthermore, if a woman has wealth, Islam dropped from her obligation to bear a person's life. With the presence of her husband (or father), he is not subject to the obligation to spend their wealth to the needs of their children, unless she is willing to do it with intention of good deeds. Even so, a woman does not bear the obligation to work in order to meet the needs or caring for themselves and their children.

The lack of obligation to work to meet the needs or caring for him was merely to keep it that women do not go to the brink of disgrace and humiliation. This is because, how many women work undertaken to improve living standards, but it requires above all the humiliation, harassment, and suffering.

"Sexual harassment in employment growth is immense, unbelievable and incomprehensible. From the study of institutions and industry in 2000 was evident, that sex appeal (sex appeal) to be one absolute requirement for getting a job especially covert employee telephone operator, receptionist, secretaries and typists. Until the Federal Government hiring was already a standard provision which was not announced, "wrote DR. Muhammad Ali Al-Dar in his career in the Scales of Islamic Women.

In addition, the lifting of the responsibility of working outside the home of a woman is to keep it out of temptation and mixing with men (ikhtilath). All the wisdom of Islamic rules are part of the privileges which God created for His creation.

... If women are required to work to meet the needs of life, coupled with the task of pregnancy, childbirth, breastfeeding, then it is an injustice for him ...

If women are required to work to make ends meet, plus he must fulfill the task of pregnancy, childbirth, breastfeeding, then it would be a liability out of his depth, and is an injustice to him. In addition, the work will take up his time in carrying out its natural tasks such as pregnancy, childbirth, breastfeeding, and raising their children. This often happens in the whole community of people who deviate from the provisions which God has set for slave-servant. Be assured that Allah is Knower of all that is best for His creatures.

In non-Muslim communities, men are so happy with the situation (women working). They feel they benefit more from the women and their number dropped from the true absolute obligation belongs to them, such as meeting the needs of families, and others. Obviously, that attitude is the attitude of the Adam's selfish.

And sadly, many women actually happy with their circumstances to combine work outside the home with their natural tasks such as pregnancy, childbirth, breastfeeding, and so forth.

This is happening because of their high desire for entertainment and enjoyment of life, and proud-proud of those two things, not because of moral values in terms of their work outside the home. Not as heralded, working women have absolutely no real value in boosting the economy. Instead of the good, instead they are competing with men to get a job outside the home. Women meruyaknya precisely the cause of unemployment among men, thus triggering the occurrence of various crimes.

In addition, working women also increase the use of the consumption of cosmetics, clothing and perfume into the goods-goods important for women to work outside the home. And certainly, all those things in the category of banned Islamic tabarruj. Tabarruj meant that a woman showing her beauty and her jewels and seen the parts that should be required to be covered, where the parts would provoke lust of men.

Furthermore, every woman who works outside the home, on many occasions to be the cause of the limited employment opportunities for men who could work in the position of women. While the man who took the position of a woman in the household will not be able to replace him in performing various domestic duties.

We may wonder, what the economic values, moral or social development of women working in factories, military, clean roads, airports, hotels, security officers, and other jobs that they are outraged true? Remember that life akhiratlah mortal world and the life everlasting.

All that happens is because people far from God, so live a life of agony. God has warned anyone who distanced themselves from him. He said, "And whosoever turns away from My reminder, verily for him is a narrow livelihood, and We shall raise at the last day in the blind. He said, "Oh my God, why hast thou assembled me blind, and I've once been to see? Allah says, "So, has come to our Signs, then you forget it, and so (too) on this day, be disregarded" (Taha 124-126).

Although Islam does not oblige women to work to make ends meet and assign men to be responsible for taking care in every phase of life, the Shari'a was still giving women the right (when he was an adult and competent) to own and manage property or own property without having to ask permission father, husband, or others. Thus Islam glorifies women. He does not need to work, but still have the right of ownership and property settings.

Women have the right to possess any form of property; to buy and sell; to give gifts and donations, and all forms of expenditures and spending (without wasting) others, as long as they own property and income from specified sources of the Shari'a.

But if a woman is incompetent, Islam does not differentiate between men and women. Men can be declared incompetent so that hindered his property ownership rights and arrangements. Thus, any woman can become the person who is legally entitled to manage his wealth Shari'a.

Islam gives women a number of specific sources of wealth and property ownership, such as dowry, inheritance, gift, and all other legal provisions in property ownership. In fact, a wife her husband is allowed to take a cheap property, without his knowledge.

... Also set a Muslimah Islam is not obliged to bear the life of anyone, but nevertheless she still get half of the inheritance received by a man ...

From Aisha, she said, "Hindun bint 'Utbah, the wife of Abu Sufyan met Rasulullah SAW said," O Messenger of Allah, Abu Sufyan was actually a man who stingy (stingy), did not provide a living to me with an adequate living for me and my son except from what I take from his property without his knowledge. Am I guilty of that? "Rasulullah SAW said," Take from their wealth by way of 'ma'ruf' what is enough for you and your son "(Muttafaq Alaih)

Islam also establish a Muslim is not obliged to bear the life of anyone, yet she still get half of the inheritance received by men. Fair to get half the men in inheritance, because he did not have to bear the responsibility of life to anyone. Even with its share it, he can complement the wealth of a man (her husband) who is responsible for the work and provide for his family life.

In this case, clearly opposed the practice of Islamic law forbids women's ignorance of inheritance under any circumstances, because women do not assume anyone else or not at war with the enemy. God set in his words, "For men there is the right part of the heritage of mother-father and relatives, and for the rights of women there (also) from the heritage of mother-father and relatives, whether few or many according to section which has been set "(An-Nisa '7)

No doubt, people who claim that Islam is unfair to women because it gives the male half of the inheritance are fools and do not understand the distribution of rights and obligations that God has set in His law. God declares, "Do they want the Pagan law, and (the law) who can be better than the (law) of God for those who believe?" (Al-Ma'idah 50).

Thus, how nice to be Muslim. He does not need to work, but still given the right of ownership and property settings, and still get the inheritance. How luhurnya breeding Islam to women, and what a weariness beyond legal recognition of Islamic law to him.

Become A True Muslim (2)

Being a Muslim means being a servant is grateful for its health. Nothing can replace a healthy God-given pleasure, including wealth and possessions. A Muslim is required to only fear God alone, all night and day. Realize that one day you will perish.

Being a Muslim means doing qiyamullail, love to practice-practice worship. If all of these things done because God finds faith grew stronger. A Muslim man is not going to say dirty words to both parents, and respect for relatives.

A Muslim must believe in things unseen and thanking God for having bestowed the pleasure of Islam and faith. Being a Muslim means to establish prayer five times a day. This is the key to heaven, there is no other way.

Being a Muslim means the budgeted revenue to be given to the poor. A Muslim must respect all the prophets, the imitation of all their works, to appreciate all the achievements that they achieve.
... By being a Muslim, it means that God raised our spirits and lead us to a happy ending ...

Being a Muslim means to have a strong determination to get all the Islamic knowledge and insights. This is done for God. Then deliver and transform this knowledge to others with great humility.

By becoming a Muslim, it means that God raised our spirits and lead us to a happy ending. Being a Muslim means to treat your fellow believers in a loving way. A Muslim must respect the Muslim women to lower his gaze in front of them. A Muslim man is also constantly on the third evening prayers.

A Muslim is also required to adhere to glorify God and carry out all His laws, and stay away from all man-made law. A Muslim would believe that Judgement Day was coming soon and the punishment of the grave is true.

Islamic teachings really beautiful. He was able to remove humans from the pressures of life. Islam calls on us to be servants of the pious, to worship Almighty God who will liberate us from the shackles of anxiety. Retaliation for the act to be one of the principles contained in Islam. Read, understand, and practice the Qur'an to be most powerful way to become a servant of the humanitarians.

Being a servant of God is very proud of the role, because it can get you out of darkness and illuminate your soul. So that the soul be satisfied. Nothing of mankind's most wanted from life satisfaction and happiness. But if you ignore all the cries of Allah, then be prepared whipped misery. So please read the Qur'an in which contains the instructions for a human.

It is the Muslim holy book. Countless number of people with non-Muslims who try to attack the Qur'an; reduce kesakralannya understanding and castrated. Rather than want to criticize the Koran, they are even more revealing of their own stupidity.

Islam is not only for the Arabs alone. He is universal to all human subjects with different races on the face of the earth. All Muslims have the same rights and obligations in Islam. They have the same opportunity to reach heaven.

God never said that heaven was easy to achieve. You should be pro-active to get it with practice-the practice of worship, was not just the belief of unity in the hearts alone. Paradise within reach with the action that requires above all the sacrifice of life and property.

Because, knowing, understanding, and practice of unity is an obligation that every Muslim must dilakoni (obligatory 'Ain). Because, the principles of unity are working hard to save mankind from heresy, polytheism and disbelief while it sank into the pit of human disgrace.

Consequences Creed La ilaha illallah is leaving all forms of worship and the dependence of the liver to other than Allah. He also loves those who give birth bertauhid attitude and hates those who do shirk. While the consequences of the Prophet Muhammad's creed is to obey the Prophet, to justify his saying, leaving the ban, leaving the charity with the Sunnah and heresy, and putting words on the greeting anyone.

... So, being a Muslim means believing that Islamic theology straight, surrender themselves to God, and practice His commandments ...

So, being a Muslim means believing that Islamic theology straight, surrender themselves to God, and practice His commandments. And the sacrifice that's what heaven will be rewarded by God for His servants who believe. [Ganna pryadha / VOA-islam.com]

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management