Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

အီဂျစ်နိုင်ငံ ယခင်ဘဏ္ဍာရေးဝန်ကြီးအား ထောင်ဒဏ် အနှစ်သုံးဆယ် ချမှတ်

AFP/File – Former Egyptian Finance Minister Yussef Boutros Ghali at the annual IMF/World Bank meetings in Washington … 
အီဂျစ်နိုင်ငံတော်ပိုင် TV သတင်းဌာနမှ Mr.Galileo ဘဏ္ဍာရေးဝန်ကြီးအား နိုင်ငံတော် ဘဏ္ဍာငွေများအလွဲ သုံးစားလုပ်မှုဖြင့် ထောင်ဒဏ် အနှစ် သုံးဆယ်ကို တရားရုံးမှ ကာယကံရှင် တက်ရောက်ခြင်းမရှိပေမဲ့ အမိန့်  ချမှတ်ခဲ့သည်။ ငွေဒဏ်အဖြစ် About 900 million Dollar ကိုပေးဆောင်ရန် တရားရုံးတော်မှ ချမှတ်ကာ အီဂျစ် နိုင်ငံသည် ဒီနှစ် ၂လပိုင်းက Mubarak အစိုးရ ပြိုလဲခဲ့ပြီး အဓိက ကဲပိနက် အစိုးရအဖွဲ့ ၏၀င်ဖြစ်ပြီး။ 
ယခင် UNအထွေထွေအတွင်းရေးမှူးချုပ် Ghali ၏ တူဖြစ်သူလည်းဖြစ်သည်။ Mubarak အစိုးရ၏ စီးပွားရေးကို အဓိက  ဆောင်ရွက်၍ (ပြောင်းလဲရေး )၀ါဒ သမားတဦးဖြစ်သည်။ အစိုးရ ပြိုလဲချိန်တွင် လက်ဘလွန် နိုင်ငံသို့ တွက်ပြေးတိမ်းရှောင်ကာ ပြင်ပတွင်နေထိုင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh...

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh....

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်...။

အဆိုပါ The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသမီး Michelle Yeohမှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားပါတယ်..။
မင်းသမီး Michelle Yeoh ရဲ့ တရုတ်လို အင်တာဗျူးအပြီးမှာ လာမည့် အောက်တိုဘာမှာ ရုံတင်တော့မယ့် The Lady ရုပ်ရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အင်္ဂလိပ်လို အင်တာဗျူး နားထောင်နိုင်ပါတယ်...။

အပြည့်အစုံဖတ်ချင်ရင်..
http://michelleyeoh.info/Movie/thelady.html မှာသွားရောက် ဖတ်ရှူနိုင်ပါတယ်...။

ဘာရိမ်း နိင်ငံမှာ လူထုတိုက်ပွဲတွေ ဆင်နွဲနေကြပြီ။ မြန်မာ တွေ ဘာလုပ်နေကြလဲ



ဘာရိမ်းနိင်ငံမှာ လူထုတိုက်ပွဲဆင်နွဲနေကြပြီ။ မြန်မာ တွေလာလုပ်နေကြသလဲ။

ဂျပန်တွေဟာ ပြာပုံပေါ်ကနေ ဖိနစ်ငှက်တကောင်လို့ ရှင်သန် ထမြောက်ပြီးခဲ့ပြီ။ ကြီးကျယ်ခန်းးနားတဲ့နိင်ငံတော်သစ်ကြီး ကိုတည်ဆောက်နိင်ခဲ့ပြီးပြီ။
အခုတခါ ရေအောက်ကနေ ပြန်လည်နိုးထလာဦးမယ်။
မြန်မာ တွေဘာလုပ်နေကြသလဲ။ ပြာပုံအောက်ကလည်းမထနိင်သေဘူး ။ ရေအောက်ကလည်းပေါ်မလာနိင်ဘူး။ ငါဒို့ ဟာ လူစင်မမှီတဲ့သူတွေလား အရည်အချင်းမရှိတဲ့လူမျိုးတွေလား ။ မဟုတ်ဘူးဆိုတာကို နအဖ စစ်အစိုးရကို ဖြုတ်ချပြီးသက်သေပြလိုက်ကြပါစို့ ။
မတ်လကနေ စပြီ တိုက်ပွဲတွေဆက်တိုက်ဆင်နွဲကြပါစို့  ။

အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မဖြစ်ပေါ်သေးတဲ့အတွက် ဥရောပသမဂ္ဂက လက်ရှိ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေး ထောက်ခံအားပေးကြတဲ့ ဆွီဒင် နိုင်ငံရေးသမားတွေ၊ နိုင်ငံသားတွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ မနေ့က စုပေါင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနေ့ကပြုလုပ်တဲ့ ဆွီဒင်နိုင်ငံက လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးပြီး သူမကိုမေးတဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားခဲ့တာပါ။

ကုရအာန် အလင်းပြကျမ်းအုပ် ၃၀ လုံးကို download ရယူနိုင်ပါပြီ။

အားလုံးစလာမ်ပါခင်ဗျာ။

ကုရအာန် အလင်းပြကျမ်းအုပ် ၃၀ လုံးကို download ရယူနိုင်ပါပြီ။ The Holy Quran Tafsir (Burmese Version) Vol - 1.pdf http://www.box.net/shared/2co3ptxuch
The Holy Quran Tafsir (Burmese Version) Vol - 2.pdf http://www.box.net/shared/czvfhzjnkk
The Holy Quran Tafsir (Burmese Version) Vol - 3.pdf http://www.box.net/shared/6lm34t3ye3
The Holy Quran Tafsir (Burmese Version) Vol - 4.pdf http://www.box.net/shared/rbquh11ig2
The Holy Quran Tafsir (Burmese Version) Vol - 5.pdf http://www.box.net/shared/27qdlh3x0u
The Holy Quran Tafsir (Burmese Version) Vol - 6.pdf http://www.box.net/shared/s1sim0yegy
The Holy Quran Tafsir (Burmese Version) Vol - 7.pdf http://www.box.net/shared/tuo9cf0v2v
The Holy Quran Tafsir (Burmese Version) Vol - 8.pdf http://www.box.net/shared/d1q8j56j9p
The Holy Quran Tafsir (Burmese Version) Vol - 9.pdf http://www.box.net/shared/vjxrluey7d
The Holy Quran Tafsir (Burmese Version) Vol - 10.pdf http://www.box.net/shared/qje50zlxau
The Holy Quran Tafsir (Burmese Version) Vol - 11.pdf http://www.box.net/shared/59kgupve1p
The Holy Quran Tafsir (Burmese Version) Vol - 12.pdf http://www.box.net/shared/f4ak5s6s95
The Holy Quran Tafsir (Burmese Version) Vol - 13.pdf http://www.box.net/shared/g6lklathpv
The Holy Quran Tafsir (Burmese Version) Vol - 14.pdf http://www.box.net/shared/r4epy4h5lh
The Holy Quran Tafsir (Burmese Version) Vol - 15.pdf http://www.box.net/shared/qdjzsktz1y
The Holy Quran Tafsir (Burmese Version) Vol - 16.pdf http://www.box.net/shared/zqzppa2loy
The Holy Quran Tafsir (Burmese Version) Vol - 17.pdf http://www.box.net/shared/ptsephzd7y
The Holy Quran Tafsir (Burmese Version) Vol - 18.pdf http://www.box.net/shared/a32yg2g1sf
The Holy Quran Tafsir (Burmese Version) Vol - 19.pdf http://www.box.net/shared/7lqxhujtt2
The Holy Quran Tafsir (Burmese Version) Vol - 20.pdf http://www.box.net/shared/oeuf23vli0
The Holy Quran Tafsir (Burmese Version) Vol - 21-22.pdf http://www.box.net/shared/z63uk2g7pv
The Holy Quran Tafsir (Burmese Version) Vol - 23-24.pdf http://www.box.net/shared/f61i8i7b6d
The Holy Quran Tafsir (Burmese Version) Vol - 25.pdf http://www.box.net/shared/kz62uz59z3
The Holy Quran Tafsir (Burmese Version) Vol - 26.pdf http://www.box.net/shared/s3nepqmg4i
The Holy Quran Tafsir (Burmese Version) Vol - 27.pdf http://www.box.net/shared/cvi4a4utiv
The Holy Quran Tafsir (Burmese Version) Vol - 28.pdf http://www.box.net/shared/2v9xvhumql
The Holy Quran Tafsir (Burmese Version) Vol - 29.pdf http://www.box.net/shared/ne50hr9y6h
The Holy Quran Tafsir (Burmese Version) Vol - 30.pdf  http://www.box.net/shared/7juqpbev3b

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း .............Universal Declaration of Human Rights ................

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်အောက်ဖေါ်ပြပါအချက်များတွင်အပြည့်အစုံပါရှိသည်။

ဤကဲ့သို့ ရာဇ၀င်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန်ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။

                   စကားချီး........

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တစ်ကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှူ၊ တရားမျှတမှူ၊ ငြိမ်းချမ်းမှူတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း....

လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကိုချိုးဖေါက် ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုမှူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှူ၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှူတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကောင်း.....

နိုင်ငံအခြင်းခြင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း.......

ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောင်္ကျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း ၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှူကြီးပွား တိုးတက်ရေးနှင့်တစ်ကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိန်ဌာန်ချပြီးဖြစ်သောကြောင့် လည်းကောင်း..... ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း........



ထို့ကြောင့်...အထွေထွေညီလာခံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်းအဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမယ်ဟုလည်းကောင်း...........



ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့်အားထုတ်ကြရမည်ဟုလည်းကောင်း...................



ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာဆောင်ရွ် နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။













အပိုဒ် ၁



လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း ၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ။









အပိုဒ် ၂



လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှူအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်းဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေစီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်လည်းကောင်း၊ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချူပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော် နယ်မြေများ ဖြစ်သည်၊ ဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ ။









အပိုဒ် ၃



လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။









အပိုဒ် ၎



မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကိုကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။









အပိုဒ် ၅



မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှူမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။









အပိုဒ် ၆



လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။









အပိုဒ် ၇



လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှူံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည် ။









အပိုဒ် ၈



ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း ၊အခြားဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖေါက်ဖျက်ဆီးသော ပြုလုပ်မှူကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။









အပိုဒ် ၉



မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ချူပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။









အပိုဒ် ၁၀



အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှူကြောင့် တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။









အပိုဒ် ၁၁



(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှူကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှူနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှူကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှူအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအားပေးပြီး ဖြစ်စေရမည်။



(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှူမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှူအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ၊ထို့အပြင် ပြစ်မှူကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုးကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။









အပိုဒ် ၁၂



မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက် စွက်ဖွက်ခြင်းမခံစေရ၊ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှာ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။









အပိုဒ် ၁၃



(၁) လူတိုင်းတွင် မိမိနိုင်ငံ နယ်နမိတ် အတွင်း၌ လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။



(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊အခြားတိုင်းပြည်မှလည်းကောင်း၊ထွက်ခွာသွားပိုင်ခွင့်ရှိသည့် အပြင် မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။









အပိုဒ် ၁၄



(၁) လူတိုင်းသည် ညှင်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းသွာ ခိုလှူံနေနိုင်ခွင့်ရှိသည်။



(၂) နိုင်ငံရေးနှင့် မပတ်သတ်သည့် ပြစ်မှူများမှ သော်လည်းကောင်း၊ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားမှူများကို ဖီဆန်သော အမှူများမှ သော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှူကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှူအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။









အပိုဒ် ၁၅



(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။



(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်းငြင်းပယ်ခြင်း မခံစေရ။







အပိုဒ် ၁၆



(၁) အရွယ်ရောက်ပြီးသော ယောင်္ကျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချူပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောင်္ကျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ်အချိန်အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိပ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။



(၂) သတို့သားနှင့် သတို့သမီးနှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။



(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့ အစည်း၏ သဘာဝကျသောအခြေခံအဖွဲ့တစ်ရပ်ပင်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။









အပိုဒ် ၁၇



လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင် မည်သူမှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။









အပိုဒ် ၁၈



လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။









အပိုဒ် ၁၉



လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်းပါဝင်သည်။









အပိုဒ် ၂၀



(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။



(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။









အပိုဒ် ၂၁



(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချူပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။



(၂) လူတိုင်းတွင်မိမိနိုင်ငံရှိပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့် အခွင့်အရေးရှိသည်။



(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချူပ်အာဏာ၏ အခြေခံဖြစ်ရမည်။အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားချက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။









အပိုဒ် ၂၂



လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှူရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှူဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ကာပူးပေါင်းဆောင်ရွက်မှူဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့်လည်းကောင်း၊သယံဇာတာအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာလွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှူရေးနှင့် ယဉ်ကျေးမှူ အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။









အပိုဒ်၂၃



(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှူအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။



(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။



(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့်မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်၊ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှူရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။



(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။









အပိုဒ် ၂၄



လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။









အပိုဒ်၂၅



(၁) လူတိုင်းတွင် မိမိနှင့်တစ်ကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တစ်ကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ၊ အ၀တ်အတည် နေအိမ်၊ ဆေးဝါး အကူအညီနှင့်လိုအပ်သည့် လူမှူအထောက်အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှူအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။



ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌သော်လည်းကောင်း၊



မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သော အခါ၌သော်လည်းကောင်း၊



မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊



အသက်အရွယ်အိုမင်းသောအခါ၌သော်လည်းကောင်း၊



မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသော အခါ၌ သော်လည်းကောင်း၊



နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှူ အခွင့်အရေးရှိသည်။



(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်း နှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။



ဥပဒေအရထိမ်းမြားခြင့်ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှူကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။









အပိုဒ် ၂၆



(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှူလက်မှူပညာနှင့် အသက်မွေးမှူပညာများကို ယေဘုယျအားဖြင့်သင်ကြားရယူနိုင်စေရမည်။ထို့ပြင် အထက်တန်းပညာအတွက အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေးရရှိစေရမည်။



(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတိုက်မှူအပြင်၊ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်ရိုသေလေးစားမှူတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။

ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊လူမျိုးစုများတွင်လည်းကောင်း၊ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊အချင်းချင်း နားလည်မှူ၊သည်းခံမှူနှင့် ခင်မင်ရင်းနှီးမှူများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။



(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။









အပိုဒ်၂၇



(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှူ လောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ် များကို

လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့်

ထိုပညာ၏အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။



(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊စာပေမှဖြစ်စေ၊သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည်ဖန်တီးမှူမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှူကို ရရှိရန် အခွင့်အရေးရှိသည်။







အပိုဒ် ၂၈



လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှူဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည့်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။









အပိုဒ် ၂၉



(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။



(၂) မိမိ၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်၊ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌါန်းထားသည့် ချူပ်ချယ်မှူများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။



(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့် အမှူကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊

အခြေခံမူများနှင့် လည်းကောင်းဆန့်ကျင်၍ မသုံးစွဲရ။









အပိုဒ် ၃၀



ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ

လူတစ်ခုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊

ကိုယ်တိုင်ဆောာင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရ။





Special thanks to my adorable sis for her kind support.....



Candidly yours,



San Maung



Primary Link on Facebook : http://www.facebook.com/note.php?note_id=169037869775717&id=100001368265940



Original Link to English Version : http://www.un.org/en/documents/udhr/index.shtml#a1





Original Link to Burmese Version : http://www.ohchr.org/EN/UDHR/Pages/Language.aspx?LangID=bms

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ

AUNG SAN SUU KYI RELEASED from DVBTV English on Vimeo.


ဒေါ်အောင်ဆန်းစုကြည် အိမ်ဝင်းထဲကို ပါကြဲဒိုး ကားသုံးစီးဝင်သွားသည်ကို တွေ့ရပါသည်။ ယင်းကားများ ပြန်လည်ထွက်ခွာသွားပြီးနောက် ခြံရှေ့မှအတားအဆီးများ ဖယ်ရှားပြစ်နေသည်ကိုတွေ့ရပါသည်။

လူထုကြီးကို စည်းကမ်းရှိကြပါ ထိုင်ကြပါဟု မေတ္တာရပ်ခံနေပါသည်။ နောက်ထပ် ပါကျဲဒိုး ကားနှစ်စီးထပ်မံ ၀င်ရောက်နေပါသည်။ လူထုပရိတ်သတ်ကြီးမှာ တက္ကးသိုလ်ရိပ်သာလမ်းမကြီး တခုလုံး ပြည့်နေပါသည်။

ယင်းပါကျဲဒိုးကားနှစ်စီး အင်းလျားလမ်းဘက်သို့ ပြန်လည်ထွက်ခွာသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံတခါး ဖွင့်ပေးနေပါပြီ လူအုပ်ကြီးမှာ တဖြည်းဖြည်းခြံဝင်းထဲသို့ ရောက်သွားပါပြီ စာတမ်းနှစ်ခုချိတ်ဆွဲထား သည်ကို လည်းတွေ့နေရပါသည်။ ကန့်သတ်နယ်မြေမှ ကြည့်လျှင် လုံထိမ်းကားများကို ခပ်လှမ်းလှမ်းမှ တွေ့နေရသေးပါ သည်။.

ဒေါ်အောင်ဆန်းစုကြည် မှာ အိမ်ထဲတွင်ရှိနေ၍ လူထုကြီးမှာ ခြံဝင်ထဲတွင်ရော လမ်းတခုလုံးတွင်ပါ ပြည့်နှက် နေပါသည်။ လူအုပ်ကြီးထဲမှ ရဟန်းတချို့နှင့် လူတချို့ကို မီဒီယာများမှ မေးမြန်းနေသော အသံများကိုလည်း ကြားရပါသည်။

ဝမ်းမြောက်ဝမ်းသာနှင့် ဖြေကြားနေသံ စိတ်လှုပ်ရှားစွာ ဖြေကြားနေကြသံတို့ကို ၀မ်းသာပါသည်ဟူသော စကားလုံးတို့နှင့်အတူ အားရပါးရ စီးစီးပိုင်ပိုင် ဖြေကြားနေသည်တို့ကို ကြားနေရပါသည်။

ဒေါ်အောင်ဆန်းစုကြည် စကားပြောသည်ကို မြင်ရ၊ ကြားရဖို့ လူအုပ်ကြီးမှာ စောင့်မျှော်နေလျှက်ရှိပါသည်။.
ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီ မတွေ့ရတာကြားလို့ အားလုံးကိုတွေ့ချင်သည်ဟု ပြောပါသည်။ မနက် ဖြန်နေ့လည် ၁၂ နာရီ ရုံးချုပ်မှာ ဆုံကြမည်ဟု ပြောဆိုခဲ့ပါသည်။

သတင်းကြား၍ လာရောက်ကြသော ပရိတ်သတ်များမှာ သောင်းချီ၍ လမ်းအသီးသီးမှာ ကားများပိတ်ဆို့လု မတတ် ရောက်ရှိလာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ရေးဖြင့်ချိတ်ဆွဲထားသော စာတမ်း ၂ ခုမှာ ၁ ခုက ဗိုလ်ချုပ်အောင်ဆန်းပုံပေါ်တွင် (တိုင်းပြည်ကို တခါမှ တပတ်မရိုက်ခဲ့) နောက်စာတမ်းတခုကတော့...

(တိုင်းပြည်အတွက် ပြတ်ပြတ်သားသား အလုပ်လုပ်ကြပါ)

(တိုင်းပြည်အတွက် ပြတ်ပြတ်သားသား အလုပ်လုပ်ကြပါ)

http://komoethee.blogspot.com/2010/11/blog-post_7736.html

ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက်

စစ်အုပ်စု အတင်းရေးဆွဲ ပြီးစီခဲ့ပြီ ဖြစ်သော (၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ) စစ်အာဏာရှင်စနစ်တရားဝင်ဖြစ်သွာမည်ကို မလိုလားကြသည့်အတွက် ကန့်ကွက်မဲ့ထည့်ရန် ရောက်ရှိလာသော ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့ကို စစ်အခွန်ရုံးတာဝန်ခံများမှ ရှီနာဂါဝါမြို့ နယ် ရဲရုံးနှင့် ပူးပေါင်းပြီး အထူးနှိမ်နှင်းရေးရဲ အင်းအား မြောက်များစွာတို့ ကို အသုံပြုကာ ဂျပန်ရောက် ဒီမိုကရေစီအင်အားများတို စတင်ဖြိုခွင်းခြင်းကို ခံခဲရသည့် ဂျပန်နိုင်ငံ ရဲများတို့ ၏ ဥပဒေမဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့နိုင်သည့် နေ့ တစ်နေ့ ။“၂၀၀၈ ခုနှစ် ဇပြီလ(၂၆)ရက်မှတ်တမ်း”
ပြည်ပရောက် မြန်မာများအတွက် ကြိုတင်မဲကောက်ခံခြင်းကို ဖိလစ်ပိုင်နိုင်ငံတွင် ယနေ့ပြုလုပ်ပြီး ဂျပန်နိုင်ငံတွင် ၁၉ ရက်နေ့ပြုလုပ်ရန် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာသံရုံးတွင် မဲထည့်ခဲ့သူ တဦးက “မဲထည့်ဖို့ရောက်သွားတော့ ဘယ်မြို့နယ်ကနေ မဲထည့်မလဲဆိုတာကို မေးတယ်။ ပြီးတော့ သက်ဆိုင်တဲ့ မဲပြားကို ယူလာတယ်။ မဲပြားမှာတော့ လွှတ်တော် ၃ ရပ်စလုံးကနေ ယှဉ်ပြိုင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေရဲ့ နာမည်တွေပါတယ်။ ပြီးတော့ သူတို့လုပ်ပေးထားတဲ့ အခန်းလေးထဲမှာ ကိုယ်မဲပေးချင်တဲ့ ပါတီကို ခြစ်ပြီးတော့ စာအိတ်ကို ကော်နဲ့ပိတ်ပြီးမှ မဲပုံးထဲ ထည့်ခဲ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကြိုတင်မဲထည့်ရန် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာ ၂၀၀ ကျော် မြန်မာသံရုံးသို့ ဆက်သွယ်ကြကြောင်း၊ မဲထည့်သည့် နည်းလမ်းကိုလည်း သံရုံးဝန်ထမ်းများက ပြောပြကြောင်း၊ ရရှိသည့် ဆန္ဒမဲများကို ယခုလ ၂၀ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီမှာတော့ မဲထည့်ရတာ Fair ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ တချို့တွေက မဲပြားထည့်ထားတဲ့စာအိတ်ကို ကော်နဲ့မပိတ်မိလို့ သံရုံးက ပြန်ပိတ်ခိုင်းတာမျိုးတွေ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဂျပန်နိုင်ငံရောက် မြန်မာများအား ယခုလ ၁၉ ရက်နေ့တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ မဲထည့်ရန် အကြောင်းကြားထားသည်ဟု ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

“မဲထည့်ခိုင်းတဲ့နေ့က အလုပ်တွေ၊ ကျောင်းတွေ သွားရမယ့်ရက် ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ သွားမထည့်လောက်ဘူး။ ရုံးပိတ်ရက်မှာ လုပ်ရင်တောင်မှ ဒီရွေးကောက်ပွဲကို ဘယ်သူကမှ စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ မဲသွားထည့်မယ့် သူတွေကတော့ အစိုးရအစီအစဉ်နဲ့ ကျောင်းလာတက်တဲ့ သူတွေလောက်ပဲ ရှိလိမ့်မယ်” ဟု ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသူ မြန်မာတဦးက ပြောသည်။

၎င်းက ဂျပန်နိုင်ငံတွင်လည်း မဲထည့်ရန် အကြောင်းကြားမှုသာရှိပြီး မည်သူ့ကို မဲပေးနိုင်သည်၊ မည်သည့်ပါတီကို မဲပေးနိုင်သည် စသည့် အချက်အလက်များကိုလည်း မသိရှိရကြောင်း ပြောသည်။

ယင်းသို့ ပြုလုပ်ခြင်းသည် ဂျပန်နိုင်ငံရှိ မြန်မာသံရုံး၏ ဝတ်ကျေတန်းကျေ ပြုလုပ်မှုသာ ဖြစ်ကြောင်း၊ ယင်းသံရုံးသည် တနှစ်လျှင် ရက်ပေါင်း ၂၀၀ ခန့် ဆန္ဒပြခံရပြီး ဆန္ဒအပြခံရဆုံးသော သံရုံးဟု အများက ပြောစမှတ် ပြုကြကြောင်း ဂျပန်နိုင်ငံရောက် မြန်မာတဦးက ၎င်း၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက ကြိုတင်မဲထည့်သည့်ကိစ္စနှင့် ပတ်သက်၍ ဆိုးလ်မြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းရာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ကောက်ခံမှုလုပ်ငန်း ပြီးစီးသွားပြီဟုသာ အကြောင်းပြန်ခဲ့ကြောင်း၊ အသေးစိတ် ဖြေဆိုခြင်း မပြုကြောင်း သိရှိရသည်။

စင်္ကာပူနှင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကမူ ရွေးကောက်ပွဲအတွက် ကြိုတင် မဲထည့်သည့်ကိစ္စနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြားမှုမျှ မရရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခံရသည့် အစိုးရဝန်ထမ်းများ၊ အစိုးရ အစီအစဉ်ဖြင့် ရောက်လာသူများသာ မဲထည့်ရမည်ဟုထင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲတွင်လည်း အစိုးရနှင့် ပတ်သက်၍ လာရောက်ခြင်း မဟုတ်သူများထံမှ ဆန္ဒမဲကောက်ခံခြင်း မရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားတဦးက ပြောသည်။

ရုရှနိုင်ငံသို့ ပညာတော်သင်ရောက်ရှိနေသည့် မြန်မာ စစ်အရာရှိများထံမှ ပြီးခဲ့သည့် တနင်္လာနေ့တွင် မြန်မာသံရုံးက ကြိုတင်မဲကောက်ခံခဲ့ကြောင်း သိရသည်။

မဲပေးခဲ့သည့် အရာရှိတဦးက “မဲထည့်ဖို့ ပါတီ ၃ ခု ပေးထားတယ်။ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ရယ်၊ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ရယ်၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ဆိုပြီး ပေးထားတယ်။ ကြံ့ဖွံ့နဲ့၊ တစညက လွှတ်တော် ၃ ရပ်စလုံးအတွက်၊ NDF ကတော့ အမျိုးသားလွှတ်တော်အတွက်” ဟု ပြောသည်။

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က မဲဆန္ဒရှင်များကို မိမိတို့ နှစ်သက်သည့်ပါတီအား မဲပေးနိုင်သည်ဟု ပြောဆိုသော်လည်း မဲထည့်ထားသည့် စာအိတ်ကို မပိတ်ခြင်းကြောင့် စာအိတ်တွင်းမှ မဲပြားများကို လဲလှယ်ရန်လွယ်ကူကြောင်း အဆိုပါ အရာရှိက ပြောသည်။

Copy from _ irrawaddy.org

ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များကိုနေရပ်ပြန်ပို့ မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ပြော

ဆယ်စုနှစ် နှစ်ခု အတွင်းမှာ ပထမဦး ဆုံး ကျင်းပတဲ့ စစ်အစိုးရ ရဲ့  ရွေးကောက်ပွဲ ကျင်းပပြီး စီးသွားရင်
ထိုင်းအစိုးရ အနေနဲ့  ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တွေ ကို နေရင်း ဒေသကို ပြန်ပို့ မှာ ဖြစ်တယ် လို့ 
အမေရိကန် နိုင်ငံ နယူးယောက် မြို့  ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ တက်ရောက် စကားပြောဖို့ ရောက်ရှိ
လာတဲ့ ထိုင်း နိုင်ငံခြား ရေးဝန် ကြီး က Asian Society နှီးနှော ဖလှယ်ပွဲ မှာ အခု လို ပြောကြား လိုက်တာ ဖြစ်
ပါတယ်။

ထိုင်း နိုင်ငံထဲမှာ မြန်မာ နိုင်ငံက ရွှေ့ ပြောင်း လာတဲ့ လူဦးရေ နှစ်သန်းကျော်ရှိပြီး နယ်စပ် ဒုက္ခသည် စခန်းတွေမှာတော့ တစ်သိန်းခွဲ ကျော်ရှိတယ်လို့ ပြောကြားသွားပါတယ်။ ထိုင်း နိုင်ငံ ထဲမှာ မြန်မာ နိုင်ငံက ဒုက္ခသည်တွေ တင်ရှိတာ မဟုတ်ဘဲ မြန်မာ နိုင်ငံက ပြောင်းရွှေ့ အခြေစိုက် လာတဲ့ အလုပ်သမား တွေ လည်း
ရှိပါတယ်။ကဆစ် ဖိရူမာ က ဒုက္ခသည် တွေ ကို နေရပ် ပြန်ပို့ ရေး ဟာ ထိုင်း အစိုးရ ရဲ့ ဦးစားပေး အစီအစဉ် တစ်ရပ် ပဲ လို့ ထည့်သွင်း ပြောကြားသွားပါတယ်။

ထိုင်း နိုင်ငံမြောက် ပိုင်းမှာ အခြေစိုက် တဲ့ MAP ဖောင်ဒေးရှင်း ရဲ့  ဒါရိုက်တာ ဂျက်ကီ ပူလောခ် ကတော့ ရွေးကောက် ပွဲပြီး လို့ အပြောင်းအလဲ ဖြစ်သွားတယ် ဆိုရင် တောင် ဒုက္ခသည် တွေ ရဲ့ ဘ၀ ကတော့ အပြည့်
အ၀ လုံခြုံမှု ရှိမှာ မဟုတ် ဘူးလို့ သုံးသပ် ပါတယ်။ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးက ဒုက္ခသည် တွေ ထဲက တစ်ချို့ 

ဘန်ကောက် အခြေစိုက် ထိုင်း နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦး ကတော့ ထိုင်းနိုင်ငံထဲမှာ ယာယီ မှီတင်းနေထိုင်ကြတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ
တချိန်ချိန်မှာမှာ မြန်မာနိုင်ငံကို ပြန်ရမယ် ဆိုတာ ကျနော်တို့ အယင်ကတည်းက နားလည်ထားပါတယ်။
ဒါပေမယ့် ဒီလို ပြည်တွင်းကိုပြန်တဲ့နေရာမှာ ပြည်တွင်းနိုင်ငံရေးတိုးတက်မှုရှိမှ၊ ပြည်တွင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေး အမှန်တကယ် ဖြစ်ထွန်းမှ၊ ပြီးတော့ နယ်စပ်ဒေသမှာ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှာ သူတို့ ပြန်တဲ့အခါ သူတို့ရဲ့ ဘ၀ လုံခြုံမှု၊ အေးအေးချမ်းချမ်း နဲ့ အသက်မွေးဝမ်းကျောင်းနိုင်မှုတွေ ရှိမှာပါ။ လောလောဆယ်အခြေအနေမှာတော့ နယ်စပ်ဒေသမှာ စစ်ပွဲတွေ ဆက်ရှိနေသေးတယ်၊ အပစ် အခတ်ရပ်အဖွဲ့တစ်ချို့က စစ်အစိုးရ အလိုကျ နယ်ခြားစောင့်တပ် မဖွဲ့နိုင်တာကြောင့် တင်းမာမှုတွေရှိနေတယ်။ ဒီလို တင်းမာမှုတွေကနေ စစ်ပွဲတွေ ဆက်ဖြစ်လာ ယင် ဒီလူတွေက ထိုင်းနိုင်ငံထဲကိုပဲ ပြန်ဝင်လာကြဦးမှာ။ ဒါကို ထိုင်းအစိုးရအနေနဲ့ သေသေချာချာ နားလည်ထားဖို့လိုတယ်။ ပြည်တွင်းမှာ နိုင်ငံရေးဖိနှိပ်မှုတွေ ဆက် ရှိနေယင်လည်း ဒီ ထိုင်းနိုင်ငံထဲကိုပဲ အဓိက ထားပြီး ပြေးဝင်လာဦးမှာပါ။ ဒါကြောင့် ထိုင်းအစိုးအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ယာယီနေထိုင်နေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ပြန်မပို့ခင်မှာ ပြည်တွင်းမှာ နိုင်ငံရေး တိုးတက်မှုတွေရှိဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ်ဖြစ်ဖို့၊ နောက်ပြီး ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အယင်ဆုံး လိုအပ်တယ်၊ ဒီလို တိုးတက်မှုတွေရှိအောင်လဲ ထိုင်းအစိုးရ က မြန်မာစစ်အစိုးရကို တိုက်တွန်းနားချသင့်တယ် လို့ သူရဲ့ 
သဘောထား အမြင် ကို Freedom News Group ကို ပြောပါတယ်။

ထိုင်း နိုင်ငံတွင်း မြန်မာ လူမျိုးတွေ အခု လို အကြောင်း အမျိုးမျိုး ကြောင့် ရောက်ရှိ နေရတာဟာ မြန်မာ စစ်
အစိုးရ ရက်စက်မှု ကြောင့် ထွက်ပြေး တိမ်းရှောင် လာရတဲ့ သူတွေ ရှိသလို၊ စီးပွားရေး ဆိုင်ရာ စီမံခန့် ခွဲမှု အသုံးမ ကျတာ ကြောင့် အလုပ် အကိုင် တွေ ပါးရှားပြီး မွေးမြေရပ် ကို စွန့် ခွာပြီး တခြား နိုင်ငံတွေ မှာ အခု လိုစီးပွားရှာ ရ တွေ ပေါ်ပေါက် လာရတာ ဖြစ်ပါတယ်။

ကျနော်တို့ သဘောထား

ဘယ်သူကိုမှ မဲမပေးနဲ့  အားလုံးကိုကန့် ကွက်ပါ။ ရွေးကောက်ပွဲဝင်သူတွေထဲမှာ တချို့ ရဲ့ စေတနာကိုလေးစားပါတယ်။ ဒါအလွန်အနည်းစုလေးဖြစ်ပါတယ်။ အများစုက အားကိုးလို့ မရနိင်ပါ။ ပါလီမန်ထဲမှာဆက်လက်တိုက်ပွဲဝင်မယ်ဆိုတာ မဖြစ်နိင်ပါ။ ဘာကြောင့်လဲဆိုတော့ပါလီမန် ဆိုတာ မဆလခေတ်က လွတ်တော်မျိုးသာဖြစ်ပါတယ်။    မဆလခေတ်က လွတ်တော်ပုံစံစနစ်ဆိုးကြောင့်
 ၈လေးလုံးတော်လှန်ရေးကြီးဖြစ်ပွားလာရခြင်းဖြစ်ပါတယ်။ ဒါကိုမမေ့ဖို့ လိုပါတယ်။

ကျောင်းသား ခေါင်းဆောင်ကိုမြအေး၏သမီးဝေနှင်းပွင့်သုန်အမြင့်ပေ၁၆၀မှခုန်ချမည်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား ကိုမြအေး၏ သမီးဖြစ်သူ ယခုလက်ရှိ UK နိုင်ငံတွင် ကျောင်းတက်နေသည့် ဝေနှင်းပွင့်သုန် ဟာ ၂၀၁၀ အောက်တိုဘာ ၁၆ ရက်နေ့တွင် လန်ဒန် O2(အိုတူး)ကစားကွင်းတွင် Burgee ဟုခေါ်သည့် ခြေထောက်တွင် ကြိုးချည်ပြီး အမြင့်ပေ ၁၆၀ မှ ခုန်ချကာ မြန်မာအရေးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း Freedom Group စာမျက်နှာတင်ဖော်ပြထားသည်။ ယခုအကြိမ်ဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

http://www.bmycharity.com/V2/jumpforfreedom

All-D Mg Yan Pyaing Soe

တပ်နဲ့ပြည်သူ လက်တွဲကြိုးပမ်းဖို့ လှုံ့ဆော်စာဖြန့်ဝေ

စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ မြန်မာ ပြည်သူတွေဟာ ဆင်းရဲချို့တဲ့နေကြပြီး တိုးတက်ပြောင်းလဲမှု မရှိတာကြောင့် တပ်နဲ့ပြည်သူ လက်တွဲပြီး မြန်မာနိုင်ငံ ကို ဦးမော့လာအောင် ကြိုးပမ်းကြဖို့ တပ်မတော်သား တွေကို လှုံ့ဆော်တဲ့ စာတစောင်ကို ရန်ကုန်မြို့ နေရာ တချို့မှာ အမျိုးသမီးလူငယ်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံရေး အင်အားစုများနှင့် ရဟန်းရှင်လူ ပြည်သူတရပ်လုံး ပါဝင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေးနေ့ကို စစ်အစိုးရက တပ်မတော်နေ့ အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။

စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၂၂ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ရှိတဲ့ အမျိုးသမီး လူငယ် အင်အားစုတွေက တပ်မတော်သားတွေကို အသိပေး နှိုးဆော်ထားတဲ့ ပို့စကဒ်တွေကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။


စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၂၂ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ရှိတဲ့ အမျိုးသမီး လူငယ် အင်အားစုတွေက တပ်မတော်သားတွေကို အသိပေး နှိုးဆော်ထားတဲ့ ပို့စကဒ်တွေကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ပို့စကဒ်တွေကို သန်လျင်မြို့ သီလဝါ ရေတပ်စခန်း အနီးတဝိုက်နဲ့ မြို့တွင်း နေရာ အတော်များများမှာ အမျိုးသမီး လူငယ်တွေ နေရာခွဲပြီး ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မဝေဝေဇံ က အာအက်ဖ်အေကို ပြောပါတယ်။

“ပို့စကဒ် ဓာတ်ပုံဆိုဒ်တွေပါ။ အဲ့ဒီ ပို့စကဒ်တွေပေါ်မှာ စာကတော့ ‘တပ်နဲ့ပြည်သူ လက်တွဲကူ’။ နောက်ပြီးတော့ ‘၂၀၁၀ ရွေးကောက်ပွဲကို လက်တွဲ ဆန့်ကျင်ကြ’။ ပုံမှာကတော့ တပ်မတော်သားကို အမျိုးသမီးက ပန်းကုံး စွပ်နေတဲ့ပုံပါ။ ဒီ သန်လျင် သီလဝါ ရေတပ်စခန်း အနီးတဝိုက်နဲ့ ရွှေမန်းရုပ်ရှင်ရုံ၊ သခင်မ ပန်းခြံ၊ သစ်ခေါက်ဘုရား၊ ဆိပ်ကြီးဝပ် ဘုရား၊ နောက်ပြီးတော့ ဖအောက် တရားစခန်း နားမှာရော၊ ဒလ မှာဆိုရင် ပေါင်းတော်ချုပ် ဘုရားလမ်းတလျှောက်၊ ကျမတို့ ၁၇ ရက်နေ့ မနက်ကတည်းကနေ အဲ့ဒီမှာ ဖြန်ဝေပေးခဲ့ပါတယ်။ တကယ်တမ်းကျတော့ တပ်မတော်သားတွေရဲ့ ဘဝဟာလည်း စစ်အာဏာရှင်ရဲ့ အသုံးချခံ သားကောင်းတွေ ဖြစ်နေတယ်ဆိုတာ ဒီအချိန်မှာ ကောင်းကောင်းကြီး သဘောပေါက် နားလည်သင့်ပြီလို့ ကျမတို့ ယူဆတယ်။ ဒါကြောင့် တပ်မတော်သားတွေကို လူထုနဲ့ တသားတည်း ရပ်တည်စေချင်လို့ အခုလို ရည်ရွယ်ချက်နဲ့ ကျမတို့ လုပ်ဆောင်တာ ဖြစ်ပါတယ်”

ဒီ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတဲ့ အမျိုးသမီး လူငယ်အင်အားစုတွေဟာ လူငယ်တွေ နိုင်ငံရေးနိုးကြားမှု ရှိလာစေဖို့ ရည်ရွယ်ပြီး အခုနှစ် ၂၀၁၀ က စလို့ နိုင်ငံရေးစကားဝိုင်းတွေ၊ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို လှုပ်ရှား ဆောင်ရွက်နေကြတဲ့ လူငယ်အင်အားစု တခု ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်

              နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၃ ရက်နေ့တွင် လုံးဝလွှတ်ပေး ရ မည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေရေးရာအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၁ နှစ်တာအတွင်း ၁၅ နှစ်ကြာမျှ အကျယ်ချုပ် ကျခံနေခဲ့ရသည်။
Freedom Now အဖွဲ့၏ ကြေညာချက်တွင် “မြန်မာအစိုးရရဲ့ ဥပဒေကြောင်းအရ ၂၀၁၀၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ရမှာ ဖြစ်တယ်” ဟု ဖော်ပြထားသည်။စစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည် ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို “နိုဝင်ဘာတွင် လွှတ်ပေးမည်” ဟူသော လူသိရှင်ကြား ပြောထားသည့် စကားကို Freedom Now အဖွဲ့က ထောက်ပြထားသည်။
နေအိမ်အကျယ်ချုပ် ၆ နှစ်ကြာ ကျခံပြီး လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လသို့ လျှော့ချခဲ့သည်။
“မဖိတ်ခေါ်ဘဲ နေအိမ်အတွင်းသို့ ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန် ယက်ထောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေချိုးဖောက်သည်ဟု ဆိုကာ အကျယ်ချုပ်သက်တမ်း အတိုးခံရခြင်းဖြစ်သည်” ဟု Freedom Now က ဖော်ပြထားသည်။

တည်ဆဲ မြန်မာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်သည့် အကျယ်ချုပ် သက်တမ်းသည် အင်းစိန်ထောင်သို့ လွှဲပြောင်းပေးသည့် ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ရေတွက်ရမည်ဟု Freedom Now အဖွဲ့က ဆိုသည်။
“စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို တိုးခြင်း၊ အသစ်ပြန်လည် အသက်သွင်းခြင်း မပြုလုပ်နိုင်ပါ။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မအရ သတ်မှတ်ထားသည့် နေအိမ်အကျယ်ချုပ် ချနိုင်သည့် အများဆုံး သက်တမ်း ၅ နှစ်ထက် ကျော်လွန်ကာ ဒေါ်အောင်ဆန်းစုကြည်သည် တနှစ်ပိုလွန်၍ ကျခံထားရပြီး ဖြစ်သည်။ ထိုမျှသာမက အသစ်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း မပြုဘဲ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့သေးသည်” ဟု Freedom Now က ဆိုသည်။
စစ်အစိုးရသည် ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု Freedom Now က ထောက်ပြထားသည်။
ပထမအချက်အနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ကာကွယ်သည့်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခွင့်မပြုပေ။ “နိုင်ငံသား တဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများ ပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါး အန္တရာယ် ဖြစ်စေမည့်” လူမျိုးကိုသာ ထိန်းသိမ်းခွင့် ရှိသည်။

ဒုတိယအနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ သည် အများဆုံး ၅ နှစ် ထိန်းသိမ်းခွင့်ရှိပြီး တနှစ်သာ သက်တမ်းတိုးခွင့်ရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ် အစိုးရ ချမှတ်ထားသည့် အပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ကတည်းက လွတ်မြောက်သင့်ကြောင်း၊ သို့သော် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်မှာ ၆ နှစ်ကြာခဲ့ကြောင်း Freedom No က သုံးသပ်ပြထား
သည်။
စက်တင်ဘာ ၁၄ ရက်နေ့တွင် စစ်အစိုးရ မီဒီယာများမှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၁၀ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ သည်။
NLD သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သဖြင့် ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်ထားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများဖြင့် ပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန်လည်း ပြုလုပ်ထားသည်။
http://www.irrawaddy.org/bur/ မှပြန်လည်ကူးယူမျှဝေသည်။

မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက် ပါတီအားဖျက်သိမ်းကြောင်း ကြေညာ

ပည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

နေပြည်တော်

ကြေညာချက်အမှတ် (၉၇/၂ဝ၁ဝ)

၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်

(၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

နိုင်ငံရေးပါတီ ဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့်

မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက် ပါတီအားဖျက်သိမ်းခြင်း


၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများအား ၁၈-၃-၂ဝ၁ဝ ရက်စွဲပါ ကြေညာချက်အမှတ် (၁/၂ဝ၁ဝ)ဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားနိုင်ကြောင်းနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၂၅ တွင် အကျုံးဝင်သော အောက်ပါ နိုင်ငံရေးပါတီ (၁ဝ)ပါတီကိုလည်း သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားနိုင်ကြောင်း ၉-၄-၂ဝ၁ဝ ရက်စွဲပါ ကြေညာချက် အမှတ် (၁၈/၂ဝ၁ဝ) ဖြင့် အသိပေးကြေညာခဲ့သည်-

(က) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊

(ဃ) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊

(င) မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊

(စ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊

(ဆ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

(ဇ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

( ဈ ) ''ဝ'' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ည) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ တွင် အကျုံးဝင်သော အပိုဒ် (၁) ပါ ပါတီ (၁ဝ)ပါတီအနက် အောက်ပါ နိုင်ငံရေးပါတီ (၅)ပါတီသည် သတ်မှတ်ထားသည့် ရက်ပေါင်း (၆ဝ) အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့သည်-

(က) မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(င) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်။

၃။ အထက်အပိုဒ်(၁)ပါ ပါတီများအနက် အောက်ပါနိုင်ငံရေးပါတီ(၅)ပါတီသည် သတ်မှတ် ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်းမရှိ၍ ဥပဒေအရ အလိုအလျောက်ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများဖြစ်သဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်-

(က) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊

(ခ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊

(ဂ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

(ဃ) ''ဝ'' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(င) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၎။ ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ(၄၂)ပါတီတွင် အပိုဒ် (၂) ပါ ပါတီ (၅) ပါတီနှင့် အသစ်လျှောက်ထားသည့် ပါတီ(၃၇)ပါတီ ရှိခဲ့သည်။

၅။ ယင်းသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးသော နိုင်ငံရေးပါတီ(၄၂)ပါတီအနက် အောက်ဖော်ပြပါ နိုင်ငံရေးပါတီ (၃၇) ပါတီသည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်တွင် ယင်းတို့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်၍ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည်ဖြစ်သည်-

(က) မြို့ (ခေါ်)ခမိအမျိုးသားညီညွတ်ရေးအဖွဲ့(မ.ခ.မ.ည.ဖ)၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(င) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊

(စ) ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊

(ဆ) ကယန်းအမျိုးသားပါတီ၊

(ဇ) မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊

(ဈ ) ကရင်ပြည်သူ့ပါတီ၊

(ည) ''ဝ'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဋ) တအာင်း(ပလောင်)အမျိုးသားပါတီ၊

(ဌ) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊

(ဍ) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊

(ဎ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊

(ဏ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UFP)၊

(တ) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊

(ထ) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊

(ဒ) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊

(ဓ) ချင်းအမျိုးသားပါတီ၊

(န) ဝံသာနုNLD (ပြည်ထောင်စုမြန်မာနိုင်ငံ)၊

(ပ) ခေတ်သစ်ပြည်သူ့ပါတီ၊

(ဖ) ပြည်ထောင်စုဒီမိုကရေစီပါတီ၊

(ဗ) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊

(ဘ) ချင်းတိုးတက်ရေးပါတီ၊

(မ) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ယ) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊

(ရ) ''ဝ''ဒီမိုကရက်တစ်ပါတီ၊

(လ) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊

(ဝ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊

(သ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊

(ဟ) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊

(ဠ) ကမန်အမျိုးသားတိုးတက်ရေးပါတီ၊

(အ) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ကက) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊

( ခ ခ ) စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊

( ဂ ဂ ) ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃဃ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။

၆။ အောက်ဖော်ပြပါ မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးဖြစ်သည့် နိုင်ငံရေးပါတီ (၅)ပါတီသည် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၁၂ (ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်-

(က) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ မှတ်ပုံတင်အမှတ်စဉ် (၁၁)

(ခ) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၂ဝ)

(ဂ) မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၃၄)

Myanmar Democracy Congress

(ဃ) မြိုတိုင်းရင်းသားပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၃၅)

(င) ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)၊ မှတ်ပုံတင်အမှတ်စဉ် (၃၉)

(ပုံ)

သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

http://www.humanright-myanmar.com/2010/09/e2010.html

Burning Quran endanger U.S. troops in Afghanistan Tuesday, September 7, 2010 11:07 AM

U.S. Afghan war commander, General David Petraeus, warned that the lives of U.S. soldiers would be dangerous if the evangelical church Florida will implement his plan to burn the Koran holy book at the commemoration of 9 / 11 Saturday.

Petraeus said the plan to burn the sacred book of Muslims would be a propaganda coup for the Taliban in Afghanistan and inciting anti-US sentiment throughout the Muslim world.

Dove World Outreach Center in Gainesville, Florida said it plans to burn the Koran at the end of this week in an air raid warning to the 11 September-9 to protest what they call "Islamic criminals."

In an interview with "Wall Street Journal" on Tuesday, Petraeus said the event: "will endanger the lives of soldiers and it will also endanger all our efforts."
"Exactly the kind of action that will be used the Taliban and will cause severe problems. Not only here, but also anywhere in the world we are involved with the Islamic community," he said.

Plan protest by 50 members of the evangelical church - that in the page Facebooknya bermotto "Islam is Evil" - that has sparked outrage in Indonesia, the largest Muslim majority country in the world.

At the end of August about 100 Indonesian Muslims demonstrated outside the U.S. embassy in Jakarta and threatened "jihad" or holy war if U.S. Christian group doing that.

Allegations of Quran abuse by U.S. soldiers in Afghanistan and Iraq has become a burning issue in some time ago, including when a U.S. soldier deployed to Iraq a full copy of the holy book with bullets in the year 2008.

As a result demonstrations conducted about 2,000 people in central Afghanistan become an arena of violence, and a Lithuanian soldier and two civilians were killed in the crossfire between protestors and police. Florida church pastor, Terry Jones, said the concerns of Petraeus was "legitimate".

But in a statement to the WSJ, he added: "We must send a clear message to the radical elements of Islam. We will no longer be controlled and dominated by fear and threats to them."

Interviewed by the AFP in July, Jones said: "Islam and Sharia law is responsible for the attack 9 / 11." "We will burn the Koran because we think it is time for Christians, to the churches, for politicians to stand up and say no; Islam and sharia law is not welcomed in the United States."

သန်လျင်ရှိ အစ္စလာမ် ဘာသာရေးဝတ်ပြုဆောင် မတရား ပိတ်ပင်ခံရ

     ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် သခင်ဖိုးလှကြီးလမ်း ခြံအမှတ်၂၅တွင်တည်ရှိသောအစ္စလာမ်ဘာသာဝင်တို့ကိုယ်ထူကိုယ်ထဘာသာရေးသင်တန်းကျောင်းနှင့် ဘာသာရေးဝတ်ပြုဆောင်အားသြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁နာရီ ၃၀တွင် သန်လျင်မြို့နယ် (မ.ယ.က) အတွင်းအရေးမှူး ဦးဆောင်ပြီး နယ်မြေခံ (ရ.ယ.က) များပါဝင်သော အဖွဲ့သည်အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲလာရောက်ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။ အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။
အဆိုပါ ကျောင်းတွင် ခလေးသူငယ် (၃၀) ခန့်အား မော်လဝီဦးသန်းရွှေမှ ဘာသာရေးစာပေများ သင်ကြားပေးနေကြောင်း သိရပါသည်။ ခလေးသူငယ်များအား ဘာသာရေးစာပေများ သင်ကြားနိုင်ရန်နှင့် ဝါတွင်းကာလတစ်လတာ စုပေါင်းဝတ်ပြုနိုင်ရန် ဒေသခံ (ရ.ယ.က) နှင့် နယ်မြေ ရဲကင်းအား လစဉ်ငွေကြေးပေးရကြောင်းဒေသခံ မွတ်စလင်တစ်ဦးက ပြောပြပါသည်။ ယခုလို အကြောင်းပြချက် တစ်စုံတစ်ရာ မပေးပဲ အထက်က ညွှန်ကြားချက်အရ အဆိုပါ ဘာသာရေးစာသင်ကျောင်းအား ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့် မရှိခြင်း၊ အစ္စလာမ်ဘာသာဝင်များအား ခွဲခြားဆက်ဆံမှုများ ရှိနေခြင်းကိုပြသရောက်ကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင်များက ပြောကြားကြောင်းသိရပါသည်။
ယခုလို အစ္စလာမ်ဘာသာဝင်တို့၏ (ရမ်မဒမ်) ဝါတွင်းကာလတွင်း စာသင်ကျောင်းနှင့် ဝတ်ပြုဆောင်အား မတရားပိတ်ပင်ခြင်းဖြစ်ကြောင်း ဒေသခံအစ္စလာမ် ဘာသာဝင်များစွာ
စိတ်ထိခိုက် နေကြကြောင်း သိရပါသည်။

http://burmese.b-m-a.org/?p=492

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management