ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh...

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh....

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်...။

အဆိုပါ The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသမီး Michelle Yeohမှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားပါတယ်..။
မင်းသမီး Michelle Yeoh ရဲ့ တရုတ်လို အင်တာဗျူးအပြီးမှာ လာမည့် အောက်တိုဘာမှာ ရုံတင်တော့မယ့် The Lady ရုပ်ရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အင်္ဂလိပ်လို အင်တာဗျူး နားထောင်နိုင်ပါတယ်...။

အပြည့်အစုံဖတ်ချင်ရင်..
http://michelleyeoh.info/Movie/thelady.html မှာသွားရောက် ဖတ်ရှူနိုင်ပါတယ်...။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management