ကမ္ဘာမြေမှာ စမ်းရေလိုအေး ပန်းတွေလိုမွှေး

ကမ္ဘာမြေဟာ

သူလက်ခံထားရတဲ့ အရာအားလုံးရဲ့ 

အနာဂတ်တွေ တောက်ပဘို့ အတွက်

သမီးရတနာ တယာက်

လူ့ လောကကိုရောက်လာတာ

တနှစ်မြောက်မို့ 

ဝမ်းမြောက်လို့  နေလေရဲ့ ...။ ကမ္ဘာမြေကို

ထမ်းပိုးထားတယ်ပဲဆိုဆို

ကမ္ဘာမြေကို

စောင့်ရှောက်တယ်ပဲထားထား

နတ်ဘုရားများနဲ့ 

ကမ္ဘာတလွှားက ဘာသာတရားအားလုံးတို့ ရဲ့ 

ဘုရားသခင်များ မေတ္တာတော်

သမီးလေး ယွန်းရန်နိုင်မှူးထံသို့ 

ကျရောက်တော်မူပါစေ ။

တကယ်တော့

ကဗျာဆရာ တယောက်ရဲ့  သမီးဟာ

အမျိုးဂုဏ်လည်းသစ္စာမဖောက်

မတရားမှုကိုလည်း

တော်လှန်ရမှာမကြောက်

သံသရာမှာလည်း မွှေးရနံ့ မပြယ်

ကိုယ့်ကိုယ်ကို လဲ ကာကွယ်

အများသူငါကိုလည်း ကယ်မ

တကယ်လှတဲ့ ဗီဇ မွေးရာပါ ပ...။

သမီးလေးရေ

ဘ၀မှာ

မကြောင့်မကျ မတောင်းမတ

လိုအင်ဆန္ဒဟူသမျှ ပြည့်ဝပြီး

စမ်းရေလိုအေး

ပန်းတွေလို မွှေးပါစေကွယ် ။

ရဲရင့်သက်ဇွဲ


(ကဗျာဆရာ (ကို)ရန်နိုင်ထွန်းရဲ့ သမီးလေး မယွန်းရန်နိုင်မှူးတနှစ်ပြည့်မွေးနေ့ သို့ )

မှတ်ချက် ...ကျွန်တော်သမီးနှင့် သမီးအားလုံးအတွက်တင်လိုက်ပါသည်။
BYIC (Admin)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management