Showing posts with label သုတစာစုများ. Show all posts
Showing posts with label သုတစာစုများ. Show all posts

ပထမ မြန်မာများ



မြန်မာနိုင်ငံရှိ ပထမစခဲ့သော ပုဂ္ဂိုလ်များ

1. ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်
2. ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
3. ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
4. ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား နှင့်
မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)
5. ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
6. ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ=အာဇာနည်ခေါင်းဆောင်ကြီး
ဆရာကြီး ဦးရာဇတ်
7. ပထမဆုံး အင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး
8. ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော်ဦးဥတ္တမ
9. ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
10. ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
11. ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်



အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊
အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့်
ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင်
နိုင်ငံခြားသားအလုပ်သမားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း
ပြဌာန်းထားသည်။

၁၉၉၈ ခုနှစ်တွင် ပြဌာန်းထားသော အလုပ်သမား အကာအကွယ်ပေးရေး ဥပဒေတွင်

အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖေါ်ပြထားသည်။

အပိုဒ် (၅) အလုပ်ရှင်ဆိုသည်မှာ
အလုပ်သမားကို လက်ခံ၍ အလုပ်ပေးထားပြီး လုပ်အားခ ရှင်းပေးသူကို ဆိုလိုသည်။
ထို့ပြင် အလုပ်ရှင်၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူ လူတ
ဦးတယောက်သည်လည်းကောင်း၊ အလုပ်အား ပုဒ်ပြတ်ယူလုပ်သည့် ပုဒ်ပြတ်အလုပ်ရှင်
သည်လည်းကောင်း အလုပ်ရှင်စာရင်းတွင် အကျုံးဝင်သည်။

အလုပ်သမားဆိုသည်မှာ အလုပ်ရှင်ထံတွင် အခကြေးငွေယူ၍ အလုပ် လုပ်သူကို ဆိုလို သည်။

အလုပ်သဘောတူချက် အလုပ်ရှင်နှင့် အလုပ်သမားကြားတွင်
အခကြေးငွေ မည်ရွေ့မည် မျှဖြင့် လုပ်မည်ကို သဘောတူညီ၍၊
စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ နှစ်ဦးနှစ်ဘက်
သဘောတူညီထားချက်ကို ဆိုလိုသည်။

သိကောင်းစရာမလေးရှားအလုပ်သမားဥပဒေများ

Min Way Min
သိကောင်းစရာမလေးရှားအလုပ်သမားဥပဒေများ


မေး = မည်သို့သော အလုပ်သမားများသည် မလေးရှားအလုပ်သမား ဥပဒေပါ
အခွင့်အရေးများကို ခံစားခွင့်ရှိသနည်း။

ဖြေ = လစာငွေရင်းဂစ် ၁၅၀၀/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံးခံစားခွင့်ရသည်။
အထွေထွေ အလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေ
ဘယ်လောက်ပင်ဖြစ်စေအကြုံးဝင်သည်။ အလုပ်ရှင်နှင့် စာချုပ်ချုပ်၍
လုပ်ကိုင်နေသော အလုပ်သမားများလည်း အကြုံးဝင်သည်။

မေး = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။
ဖြေ = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ လူတစ်ဦးသည် တခြားလူ
တစ်ဦးထံ၌ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင် ခြင်းကိုဆိုလိုပါသည်။
လုပ်ငန်းသဘောတူ စာချုပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း
( ၂ ) မျိုးရှိနိုင်ပါသည်။ အလုပ်သမား အနေဖြင့်လုပ်ငန်းသဘောတူ
စာချုပ်မိတ္တတစ်စောင်ကို သိမ်းစည်းထားခွင့်ရှိသည်။ ။ ။

Civil Society ဆိုရာဝယ်

နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။

အေမန် အလ် ၈ဇာလီ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း .............Universal Declaration of Human Rights ................

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်အောက်ဖေါ်ပြပါအချက်များတွင်အပြည့်အစုံပါရှိသည်။

ဤကဲ့သို့ ရာဇ၀င်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန်ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။

                   စကားချီး........

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တစ်ကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှူ၊ တရားမျှတမှူ၊ ငြိမ်းချမ်းမှူတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း....

လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကိုချိုးဖေါက် ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုမှူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှူ၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှူတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကောင်း.....

နိုင်ငံအခြင်းခြင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း.......

ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောင်္ကျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း ၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှူကြီးပွား တိုးတက်ရေးနှင့်တစ်ကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိန်ဌာန်ချပြီးဖြစ်သောကြောင့် လည်းကောင်း..... ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း........



ထို့ကြောင့်...အထွေထွေညီလာခံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်းအဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမယ်ဟုလည်းကောင်း...........



ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့်အားထုတ်ကြရမည်ဟုလည်းကောင်း...................



ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာဆောင်ရွ် နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။













အပိုဒ် ၁



လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း ၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ။









အပိုဒ် ၂



လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှူအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်းဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေစီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်လည်းကောင်း၊ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချူပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော် နယ်မြေများ ဖြစ်သည်၊ ဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ ။









အပိုဒ် ၃



လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။









အပိုဒ် ၎



မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကိုကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။









အပိုဒ် ၅



မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှူမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။









အပိုဒ် ၆



လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။









အပိုဒ် ၇



လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှူံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည် ။









အပိုဒ် ၈



ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း ၊အခြားဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖေါက်ဖျက်ဆီးသော ပြုလုပ်မှူကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။









အပိုဒ် ၉



မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ချူပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။









အပိုဒ် ၁၀



အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှူကြောင့် တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။









အပိုဒ် ၁၁



(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှူကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှူနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှူကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှူအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအားပေးပြီး ဖြစ်စေရမည်။



(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှူမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှူအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ၊ထို့အပြင် ပြစ်မှူကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုးကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။









အပိုဒ် ၁၂



မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက် စွက်ဖွက်ခြင်းမခံစေရ၊ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှာ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။









အပိုဒ် ၁၃



(၁) လူတိုင်းတွင် မိမိနိုင်ငံ နယ်နမိတ် အတွင်း၌ လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။



(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊အခြားတိုင်းပြည်မှလည်းကောင်း၊ထွက်ခွာသွားပိုင်ခွင့်ရှိသည့် အပြင် မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။









အပိုဒ် ၁၄



(၁) လူတိုင်းသည် ညှင်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းသွာ ခိုလှူံနေနိုင်ခွင့်ရှိသည်။



(၂) နိုင်ငံရေးနှင့် မပတ်သတ်သည့် ပြစ်မှူများမှ သော်လည်းကောင်း၊ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားမှူများကို ဖီဆန်သော အမှူများမှ သော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှူကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှူအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။









အပိုဒ် ၁၅



(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။



(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်းငြင်းပယ်ခြင်း မခံစေရ။







အပိုဒ် ၁၆



(၁) အရွယ်ရောက်ပြီးသော ယောင်္ကျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချူပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောင်္ကျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ်အချိန်အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိပ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။



(၂) သတို့သားနှင့် သတို့သမီးနှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။



(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့ အစည်း၏ သဘာဝကျသောအခြေခံအဖွဲ့တစ်ရပ်ပင်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။









အပိုဒ် ၁၇



လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင် မည်သူမှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။









အပိုဒ် ၁၈



လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။









အပိုဒ် ၁၉



လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်းပါဝင်သည်။









အပိုဒ် ၂၀



(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။



(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။









အပိုဒ် ၂၁



(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချူပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။



(၂) လူတိုင်းတွင်မိမိနိုင်ငံရှိပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့် အခွင့်အရေးရှိသည်။



(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချူပ်အာဏာ၏ အခြေခံဖြစ်ရမည်။အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားချက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။









အပိုဒ် ၂၂



လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှူရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှူဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ကာပူးပေါင်းဆောင်ရွက်မှူဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့်လည်းကောင်း၊သယံဇာတာအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာလွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှူရေးနှင့် ယဉ်ကျေးမှူ အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။









အပိုဒ်၂၃



(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှူအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။



(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။



(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့်မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်၊ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှူရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။



(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။









အပိုဒ် ၂၄



လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။









အပိုဒ်၂၅



(၁) လူတိုင်းတွင် မိမိနှင့်တစ်ကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တစ်ကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ၊ အ၀တ်အတည် နေအိမ်၊ ဆေးဝါး အကူအညီနှင့်လိုအပ်သည့် လူမှူအထောက်အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှူအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။



ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌သော်လည်းကောင်း၊



မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သော အခါ၌သော်လည်းကောင်း၊



မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊



အသက်အရွယ်အိုမင်းသောအခါ၌သော်လည်းကောင်း၊



မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသော အခါ၌ သော်လည်းကောင်း၊



နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှူ အခွင့်အရေးရှိသည်။



(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်း နှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။



ဥပဒေအရထိမ်းမြားခြင့်ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှူကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။









အပိုဒ် ၂၆



(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှူလက်မှူပညာနှင့် အသက်မွေးမှူပညာများကို ယေဘုယျအားဖြင့်သင်ကြားရယူနိုင်စေရမည်။ထို့ပြင် အထက်တန်းပညာအတွက အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေးရရှိစေရမည်။



(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတိုက်မှူအပြင်၊ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်ရိုသေလေးစားမှူတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။

ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊လူမျိုးစုများတွင်လည်းကောင်း၊ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊အချင်းချင်း နားလည်မှူ၊သည်းခံမှူနှင့် ခင်မင်ရင်းနှီးမှူများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။



(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။









အပိုဒ်၂၇



(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှူ လောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ် များကို

လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့်

ထိုပညာ၏အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။



(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊စာပေမှဖြစ်စေ၊သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည်ဖန်တီးမှူမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှူကို ရရှိရန် အခွင့်အရေးရှိသည်။







အပိုဒ် ၂၈



လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှူဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည့်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။









အပိုဒ် ၂၉



(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။



(၂) မိမိ၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်၊ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌါန်းထားသည့် ချူပ်ချယ်မှူများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။



(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့် အမှူကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊

အခြေခံမူများနှင့် လည်းကောင်းဆန့်ကျင်၍ မသုံးစွဲရ။









အပိုဒ် ၃၀



ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ

လူတစ်ခုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊

ကိုယ်တိုင်ဆောာင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရ။





Special thanks to my adorable sis for her kind support.....



Candidly yours,



San Maung



Primary Link on Facebook : http://www.facebook.com/note.php?note_id=169037869775717&id=100001368265940



Original Link to English Version : http://www.un.org/en/documents/udhr/index.shtml#a1





Original Link to Burmese Version : http://www.ohchr.org/EN/UDHR/Pages/Language.aspx?LangID=bms

ဦးသန့်  နှင့် EI

I am not easily excited or excitable “ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတက်ဘူး"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင်မှုကို လေ့လာသည့်အခါ ပထမဦးဆုံး ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း”ပင်ဖြစ်သည်။

လူတစ်ဦး တစ်ယောက် အောင်မြင်ရခြင်းတွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေးနှစ်ပေါင်းများစွာကပင် ထင်မြင်ယူဆခဲ့သော်လည်း ပညာရှင် Dr. Daniel Goleman

က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသားထုတ်ဝေအပြီးတွင် ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားမှု က ပိုမိုအရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ ဆက်တိုက် လေ့လာဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။ IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။
အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များအကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။

EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships “ မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။ မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။ EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း 'handling your emotions rather than letting the emotions handle you’ ဖြစ်သည်။



ခေါင်းဆောင်များ၏ အဓိက တာဝန်တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း decision-making ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက်မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိအတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ၏ အကောင်းအဆိုး နှင့် ၀န်ထမ်းများ၏ ဘ၀ကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန်ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။



စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက်လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့သမိုင်းတွင် မြင်နိုင်သည်။ စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။



EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။



EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ၀မ်းနည်းစိတ် ပေါ်လာချိန်တွင် ၀မ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း Empathy သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ၀င်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။



ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံအရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ကမ္ဘာက စိတ်ဝင်စားလာခဲ့ကာ ဗုဒ္ဓဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဦးသန့်သည် နေ့စဉ် နံနက်စောစော တရားအမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင်ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။



မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့်သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ ဖွင့်ဟ ၀န်ခံခဲ့သည်ကို တွေ့ရသည်။
“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။”

ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ်တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ်၏ တာဝန်များမှာလည်း များပြားလှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရသဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့်အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့်သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်းသည့် ဓာတ်သည်လည်း အပြင်ဘက်သို့ ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့်၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် သံ အမတ်ကြီးများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တာဝန်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရသူ ဖြစ်ရာ ဦးသန့်၏ စိတ်တည်ငြိမ် အေးချမ်းမှုကြောင့် သူ့အား ဆက်ဆံရသူများက လေးစားကြည်ညို သွားစေသည်။ ထိုနည်းဖြင့် သူ၏ အလုပ်တာဝန်သည် ပြီးမြောက်ရန် လွယ်ကူလာ ပေသည်။

ဦးသန့်သည် သူ၏ မိသားစုအား အလွန်မြတ်နိုးသူ ဖြစ်သော်လည်း ရန်ကုန်တွင် ရှိနေသည့် သူ့သားသေကြောင်း သတင်း ရုတ်တရက် ကြားရချိန်တွင် မတုန်လှုပ်ပုံကို သူ၏ ပြန်ကြားရေး အရာရှိ တာဝန်ယူ ခဲ့သူ Ramsee Nasif က အောက်ပါ အတိုင်း ရေးသားထားသည်။

‘We gave him the news. His first reaction was ‘ I wonder how my wife will take it.’ He was completely composed. His acceptance was part of a disciplined ability to keep his balance, which came with his Buddhist training.’ (Ramsee Nasif, 21)

“ကျွန်တော်တို့ သူ့ကို သတင်းပေး လိုက်တယ်။ “ကျွန်တော့် မိန်းမတော့ ဘယ်လိုနေမလဲ မသိဘူးဗျာ” ဟု ဦးသန့်က သတင်းကြား ကြားချင်း ပြောသည်။ သူသည် လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ထိုသတင်းကို သူလက်ခံယူပုံ မှာ ကိုယ်စိတ်နှစ်ပါး ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်၏ အစိတ်အပိုင်း ဖြစ်ပြီး သူ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ရခဲ့သည့် အလေ့အကျင့် ကောင်းမှ လာခြင်းဖြစ်သည်။ ”ခေါင်းဆောင်တစ်ဦး အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဦးသန့်တွင် အခြား အရည်အသွေးများစွာ ရှိနေသေးကြောင်း သိသာသော်လည်း သူ၏ စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည် ဥာဏ်သွေး မြင့်မားမှုသည် သူ့အောင်မြင်မှုကို ဖန်တီးခဲ့သည့် အဓိက အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ သူ၏ မြင့်မားသော EQ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးသန့် ထိန်းသိမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။

ဇေယျသူ

http://dl.dropbox.com/u/3521362/U_Thant_Zeyathu_The_%20Voice_6-40.pdf

Kadar Night

နေပြည်တော်(၈)

       ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နောက်ဆုံးပတ်အဖြစ် တည်ဆောက် ထားပုံ၊ တည်ဆောက်လိုရင်း အန္တိမ ရည်မှန်းချက်တွေအကြောင်းကို တင်ပြ ပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော် တည်ဆောက်ထားပုံကို လည်း တင်ပြထားပါတယ်။ သူက နေပြည်တော် ဟာ အခုမှ အတင်းလုပ် တည်ဆောက်ထားတဲ့ အတုအယောင်မြို့တော် ဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီက အင်ကာရာ၊ မလေးရှားက ပူထရာဂျားယားလို လူတွေကတည်ယူတဲ့ မြို့တော်မျိုးပါ။ မြို့တည် ဆောက်ပြီးမှ အုပ်ချုပ်ရေးကိစ္စတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လူနေရာဒေသတွေနဲ့ ဆက် သွယ်ရေး လမ်းပန်းတွေ တည်ဆောက်ယူပါတယ်။ နေပြည်တော်မှာ သူတို့ဖက်က ကြည့်ရင် အားသာချက်က ရန်ကုန်လိုမြို့ပြရဲ့ ရှုပ်ထွေး၊ လမ်းကြောင်းပိတ်ဆို့မှုတွေ မရှိဘဲ နောက်နောင်မှာ လိုအပ်သလို စစ်အစိုးရရဲ့ ရုံးကန္နား၊ အဆောက်အဦတွေကိုလည်း တိုးချဲ့နိုင်ပါသေးတယ်။ နေပြည်တော်မြို့ တည်ဆောက်ထားပုံကို အကြမ်းဖျဉ်းအားဖြင့် ၃- ပိုင်းခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ မြောက်ပိုင်း ဒေသ (အုပ်ချုပ်ရေးနဲ့ ရေပေးသွင်းရေး တူးမြောင်းဆည်တွေ ရှိတဲ့နေရာ)၊ အလယ်ပိုင်းဒေသ (အလားတူ အုပ်ချုပ်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးစေဖို့ တည်ဆောက်ရေးတွေ ရှိတဲ့နေရာ)၊ တောင်ပိုင်း ဒေသ (ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေနဲ့ သံတမာန် ရပ်ကွက်နေရာ) တွေ ဖြစ်ပါတယ်။ ဒီလို ဒေသတွေကို သေချာပိုင်းခြားထားပြီး၊ ပိုမိုထိ ရောက်စွာ ကွပ်ကဲ ထိန်းသိမ်းဖို့ ဦးတည်ထားတာက သိသာပါတယ်။ မြောက်ပိုင်းဒေသမှာ ဝန်ကြီးဌာန အများ အပြား တည်ရှိပါတယ်။ အဲဒါအပြင် မြို့ပြကို ရေထောက်ပံ့နေတဲ့ ချောင်းမကြီးဆည်လည်း တည်ရှိပါတယ်။ အဲဒါအပြင် မြို့တော်ဂေါက်ကွင်းကို ဆည်နဲ့ ငလိုက် ချောင်းကြား တည်ထားပါတယ်။ စစ်အစိုးရအရာရှိတွေ အပန်းဖြေဖို့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အလယ်ပိုင်းမှာတော့ လူနေရပ်ကွက်ဖြစ်ပြီး၊ ကုတင် ၁ဝဝဝ ဆန့် ဆေးရုံ အပါအဝင်၊ ကုန်တိုက်တွေ၊ မြို့မဈေး၊ အမျိုးသား စာကြည့်တိုက်၊ အမျိုးသားဇာတ်ရုံ၊ တချို့ဝန်ကြီးဌာန တွေ၊ ရဲဌာနနဲ့ နေပြည်တော် ဖွံ့ဖြိုးရေးကော်မီတီရုံးတွေ တည်ထားပါတယ်။ တောင်ပိုင်းမှာတော့ မင်္ဂလာသိဒ္ဓိ ရပ်ကွက်လို့ လူသိများပြီး အကွက်အလိုက် စီးပွားရေးလုပ်ငန်းတွေကို အငှားချထားတာပါ။ 
            အဲဒါအပြင် သံတမာန်ကျောင်းတွေ၊ ဟော်တယ်တွေ တည်ရှိ ပါတယ်။ အဲဒါအပြင် နေပြည်တော်မြို့တော် တည်တဲ့နေရာမှာ ဗိသုကာဒီဇိုင်း၊ မြေပြင် ဥယျာဉ် ရွေးချယ်ပြင်ဆင်မှုတွေကိုလည်း အထူးစီမံထားတယ် ဆိုပါတယ်။ ဘယ်လိုပဲ လှပနေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထား၊ ပြင်ဆင်ထား နေပြည်တော်က "အသက်ဝိဉာဉ်မရှိတဲ့မြို့" လို့ ဧရာဝတီမဂ္ဂဇင်း ဆောင်းပါးတပုဒ်က ရေးဖူးပါတယ်။ အဲဒါအပြင် အခြားရည်မှန်းချက်တွေလည်း ရှိနေနိုင်ပါ တယ်။ ဗေဒင်ယတြာ၊ ကက်ကင်းသဘောဆန်ဆန် ဝန်ကြီးဌာနရုံးတွေကို ကင်းမြီးကောက် လက်မထောင်နေတဲ့ ပုံစံ တည်ဆောက်ထားတယ်၊ ဒါဟာ နာမ်ပိုင်းဆိုင်ရာသဘော ထည့်သွင်းတွက်ချက်မှုတွေနဲ့ တည်ထားတယ် ဆိုတာ ကိုးကားဖော်ပြထားပါတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ လောကအမြင်ကို ထင်ဟပ်နေတာလည်း ဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် နေပြည်တော်မြောက်ဖက်မှာရှိတဲ့ ချောင်းမကြီးဆည်မှာ တည်ထားတဲ့ လေး ကျွန်းမဏ္ဍိုင် ပြည်လုံးချမ်းသာစေတီကို ဆိုရင် ဝန်ကြီးဌာနအများစု ဝန်ထမ်းက မြင်နေရပြီး၊ နေပြည်တော်ရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာပြယုဂ်လို့လည်း ဆိုနိုင်ပါတယ်။ နေပြည်တော်မှာ ထူးခြားတဲ့ပြယုဂ်ဆိုလို့ ရှေးဗမာဘုရင်တွေရဲ့ ရုပ်ထုကြီး ၃-ခုကလည်း ရှိပါသေးတယ်။ 
             ဒီရုပ်ထု ကြီးတွေက နေပြည်တော်စစ်ရေးပြကွင်းကို စိုးမိုးကြည့်နေကြပြီး၊ ဒီရှေးဗမာဘုရင်တွေက ဒီနေ့စစ်အစိုးရ တွေး ခေါ် စဉ်းစားချက်တွေကို ကိုယ်စားပြုနေတယ်လို့လည်း ဆိုနိုင်ပါသေးတယ်။ အဲဒီရုပ်ထု (၃) ခုက အနော်ရထာ ဘုရင်၊ ဘုရင့်နောင်မင်းတရားကြီးနဲ့ အလောင်းဘုရားတို့ ဖြစ်ပါတယ်။ ဒီမင်းတွေက တချိန်က အင်အားနဲ့ တိုင်းပြည်စုစည်း တည်ထောင်ခဲ့ကြသူတွေဖြစ်သလို ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တည်ထောင်ခဲ့ ကြတယ်လို့ မြန်မာအများစုက မြင်ထားကြပါတယ်။ ဒီကနေ့ မြန်မာ့တပ်မတော်ဟာလည်း အခုရှေးဘုရင်တွေ ရဲ့ အစဉ်အလာကို ဆက်ခံပြီး ပေါက်ဖွားလာတယ်ဆိုတာမျိုး ဗိုလ်ချုပ်သန်းရွှေက ၂ဝဝ၆ ခုနှစ်၊ မတ်လ တပ် မတော်နေ့ မိန့်ခွန်းမှာ ပြောခဲ့ပါသေးတယ်။ 
            သူကလည်း စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူ၊ နောက်ထပ် မင်းဆက်တခုကို တည်ထောင်သူလို့ ယူဆထားပုံလည်း ပေါ်ပါတယ်။ အဲဒါအပြင် ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံ ဘုရားနဲ့ပုံတူ ဥပတ္တသန္တိစေတီတော်ကိုလည်း နေပြည်တော်မှာ တည်ထားခဲ့ပါသေးတယ်။ အရေးအကြီးဆုံးကတော့ နေပြည်တော်ဟာ ရှေ့တိုးရင်လည်း ထိုးစစ်၊ နောက်ဆုတ်ရင်လည်း ခံစစ်ဆင်နိုင်တဲ့ စစ်ခံတပ်မြို့တော်တခုလို တည်ထားတာလည်း ထည့်သွင်းစဉ်းစားစရာ ရှိပါသေးတယ်။ ရန်ကုန်နဲ့ အခြား မြို့ပြက လူထုတွေ အုံºကွဆန့်ကျင်မှုကို စိုးရိမ်လို့ပဲဆိုဆို၊ ပင်လယ်က ကမ်းတက်တိုက်ခိုက်လာမယ့် အရေးကို စိုးရိမ်လို့ပဲ ပြောပြော အခြားအရေးပါတဲ့ စစ်စခန်းတွေနဲ့ ဆက်စပ်တည်ဆောက်ထားတာကတော့ အမှန်ပါပဲ။ တဖက်မှာ စစ်တက္ကသိုလ်ရှိတဲ့ မေမြို့၊ လေတပ်၊ အခြားစစ်တပ်အများ အခြေစိုက်ထားတဲ့ မိတ္ထီလာ၊ တောင်ငူ တို့နဲ့ ဆက်စပ် ထားတာပါ။ 
            မင်းတုန်းမင်းလက်ထက်တုန်းက ရေကြောင်းက အင်္ဂလိပ်တွေကျူးကျော်လာမှာကို စိုးရိမ်လို့ နန်း တော်ကို အမရပူရကနေ ပိုလို့ကုန်းတွင်းကျရာ မန္တလေးကိုရွှေ့တယ်လို့ စာရေးသူ ဒူယာပက်က ဖော်ပြခဲ့ပါတယ်။ အခုအခါ နေပြည်တော်မြို့တော်ကိုလည်း မြစ်မကြီး ဧရာဝတီမြစ်ကမ်းပေါ်မတည်ဘဲ သင်္ဘော တွေ မဝင်နိုင်တဲ့ စစ်တောင်းမြစ်များမှာ တည်ထားတဲ့ကိစ္စက ဒီလိုသေနင်္ဂဗျူဟာကို ပြန်စဉ်းစားပုံရတယ်လို့ သုံးသပ်ဖော်ပြ ခဲ့ပါ တယ်။ တချိန်တုန်းက ထိုင်းနိုင်ငံမှာလည်း ၁၉၃၈-၄၄ ဒုတိယကမ္ဘာစစ် ကာလများမှာ ထိုင်း ဗိုလ်ချုပ်ကြီး ဖီးလ် မာရှယ် ပီဘွန်ဆောင်ခရမ်က မြို့တော်ကို ဘန်ကောက်ကနေ ရေတပ်ရန် အန္တရာယ်ဝေးရာ ပက်ချဘွန်းကို ရွှေ့ခဲ့ဖူးပါတယ်။ အခုနေပြည်တော် ရွှေ့ပုံကလည်း ပက်ချဘွန်းကို ရွှေ့ပုံနဲ့ သိပ်တူတယ်လို့ သူက ဖော်ပြ ထားပါ သေးတယ်။ နေပြည်တော်က စစ်အစိုးရရဲ့ အာဏာကို ပြလိုလို့ တည်ဆောက်တဲ့ မြို့ဖြစ်သလို၊ နိုင်ငံရေး-လုံခြုံ ရေး၊ စစ်ရေးအကြောင်းများစွာ ထည့်သွင်းစဉ်းစားတည်ဆောက်ထားပါတယ်။ မြို့ပြလို စည်ပင်အောင် လုပ် ဆောင်နေပေမယ့်၊ လုံခြုံရေးအကြောင်းတွေနဲ့ ခံတပ်တခုလို အခိုင်အမာ ခံကတုတ်တွေ၊ မြေအောက်ဥမင်တွေနဲ့ တည်ဆောက်ထား တယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ 
            ဒါတင်မက နေပြည် တော်မှာရှိတဲ့ အစိုးရ ဝန်ထမ်းတွေ၊ လူထုတွေက အစိုးရကို ဆန့်ကျင်ဆန္ဒပြမယ်လို့ စဉ်းစားဖို့ဆိုတာ စိတ်ကူး ထဲတောင် မဖြစ်နိုင် ပါဘူး။ ခဏကလေးနဲ့ ချေမှုန်း ခံလိုက်ရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်စေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသစ် ဖြစ်ပေါ်တိုးတက်မှုအနေအထားတွေ အရ မြန်မာနိုင်ငံမှာ အာဏာဗဟိုချက်မကတော့ ၂- ခုဖြစ်လာနိုင်တယ် ဆိုတာ စာရေးသူက စာအုပ်နောက်ဆုံးမှာ သုံးသပ်ထားခဲ့ပါတယ်။ စစ်အစိုးရ လွှမ်းမိုး နေမယ့် နေပြည်တော် ရယ်၊ လူများစုနဲ့ စည်ပင်ရာ ဒီမိုကရေစီ အတိုက်အခံတွေရှိရာ၊ ၁၉၈၈ လူထုအုံကြွမှု ကြီးတွေ၊ ၂ဝဝ၇ သံဃာဆန္ဒပြပွဲတွေ ဖြစ်ပွားဖူးရာ ရန်ကုန်ကလည်း နောက်ထပ် အာဏာဗဟိုချက်မတခုအဖြစ် ဆက်လက် တည်ရှိနေလိမ့်မယ်။ ဒီမြို့ ၂-ခုအကြား အားòပိင်မှုတွေလည်း ဆက်လက်တည်ရှိနေလိမ့်မယ်ဆိုတာ သုံးသပ် ဖော်ပြခဲ့ကြောင်းပါ ခင်ဗျား။ ဒီစာအုပ်ကို အခုလောက်ပဲ နိဂုံးချုပ်ပါရစေ။ 
                နောက်တပတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံရဲ့ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်းဆိုတဲ့ စာအုပ်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။ (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၇)

ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ အခုနေပြည်တော် မြို့တော်သစ် တည်နေရာ၊ တည်ဆောက်ထားပုံ၊ တည်ဆောက်နေပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က အခုနောက်အခန်းမှာတော့ နေပြည်တော် မြို့သစ်တည်တဲ့ တည်နေရာ၊ တည်ဆောက်နေပုံ၊ တည်ဆောက်ထားပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါတယ်။ နေပြည်တော် မြို့သစ် တည် ဆောက်တဲ့နေရာက မြန်မာနိုင်ငံ ခြောက်သွေ့ဇုန်ရဲ့ တောင်ဖက်အစပ်မှာ တည်ရှိပြီး၊ စစ်တောင်းမြစ်ဝှမ်း အထက်ပိုင်းမှာ တည်ရှိပါတယ်။ အနောက်ဖက်မှာ ပဲခူးရိုးမနဲ့ အရှေ့ဖက်မှာ ရှမ်းကုန်းပြင်မြင့်တို့က ဝိုင်းရံထား ပါတယ်။ ဒီဒေသမှာ မြစ်ဝှမ်းလွင်ပြင်၊ တောင်စောင်းဆင်ခြေလျောတွေ၊ တောင်တန်းဒေသတွေ ပါဝင်လို့ မြို့သစ် ဒီဇိုင်းဖော်တဲ့သူတွေ စိတ်ကြိုက်တွေ့စေမယ့် မြေမျက်နှာသွင်ပြင်ရှိတယ်လို့ ဆိုရမယ်လို့ စာရေးသူက ဆိုပါ တယ်။ အဲဒါအပြင် ရမည်းသင်းဒေသတောင်ဖက်က မြစ်ဖျားခံလာတဲ့ စစ်တောင်းမြစ်အဖျား မြေနိမ့်ဒေသမှာ ရှိနေလို့ ရေပေါများမယ်၊ မြေဆီသြဇာကောင်းပြီး စိုက်ပျိုးရေး ဖြစ်ထွန်းမယ်၊ ရေအားလျှပ်စစ် စွမ်းအင်ဖွံ့ဖြိုး ထုတ်လုပ်မှုတွေနဲ့ ဓာတ်သတ္တုသယံဇာတတွေ၊ သစ်တောတွေကလည်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ် စေနိုင်တယ်လို့ စာရေးသူက သုံးသပ်ပါတယ်။ အဲဒါအပြင် တောင်တန်းတွေ ဝန်းရံနေလို့ သေနင်္ဂဗျူဟာစစ်ရေး အရ အရေးပါတဲ့ ခံစစ်နယ်မြေ ဖြစ်တယ်လို့လည်း သူက ဆိုထားပါတယ်။ စာရေးသူ ဒူယာပက်က နေပြည်တော်တည်ဆောက်ရာ ပျဉ်းမနားရဲ့ သမိုင်းကိုလည်း ရှေးဟောင်းကျောက်ဖြစ် ရုပ်ºကွင်းတွေ တူးဖော်ထုတ်တဲ့ ပညာအရ လေ့လာဆန်းစစ်ချက်တွေကို နောက်ကြောင်းလိုက်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန် တောင်ဖက် ဒီဒေသတွေမှာ ကျောက်ခေတ်နှောင်းကတည်းက လူတွေ အခြေချနေ ထိုင်ကြတယ် ဆိုပါတယ်။ ပျဉ်းမနားနဲ့ ရမည်းသင်းဒေသတွေမှာ လူတွေ နေထိုင်ဖွံ့ဖြိုးမှုက အတူတူနီးပါး လောက် ဖြစ်ခဲ့တယ် ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း၊ လက်နက်၊ လက်ဝတ်တန်ဆာတွေ ကြည့်ပြီး ဆိုခဲ့ကြတာပါ။ ပုဂံ မင်းဆက်ပျက်ပြီးနောက်မှာ တရုတ်ရန်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေက တောင်ငူဒေသကို ထွက်ပြေး လာရာမှာ ပျဉ်းမနားလွင်ပြင်ကို ဖြတ်ပြီးဆင်းခဲ့ကြရပါတယ်။ တောင်ငူမင်းဆက်ထူထောင်တဲ့ ကာလ တလျောက်လုံးမှာလည်း ဒီဒေသလူတွေကို စည်းရုံးခဲ့ကြရတာပါ။ ကုန်းဘောင်မင်းဆက်ကာလမှာတော့ ပျဉ်းမနားကို "နယ်ကျန်"လို့ ခေါ်တယ်ဆိုပါတယ်။ ကျွင်းကျန်ရစ်တဲ့နယ်မြေ သဘောပါ။ ကာလရွေ့လျောလာ တော့ "နင်းကျန်း" အမည်ဖြစ်လာပါတယ်။ သဘောကတော့ ပေါင်းကူးတံတားဖြစ်ပါတယ်။ ငလိုက်ချောင်းကို ဖြတ်လို့ ကုန်ကူးရာ ရွာကောက်ရပ်ကိုဖြတ်တဲ့တံတားကို အမှီပြုခေါ်တာပါ။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ ခု နှစ်မှာတော့ ပျဉ်းမနားမှာ လောကမာရဇိန်ဘုရားတဆူ တည်ထားခဲ့ပါသေးတယ်။ နောက်ပိုင်း ဗြိတိသျှကိုလိုနီ လက်ထက်မှာတော့ ဗြိတိသျှအုပ်ချုပ်သူတွေက ပျဉ်းမနား၊ ရမည်းသင်းလွင်ပြင်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒီဒေသမှာ ရေချိုပေါလို့ စိုက်ပျိုးရေးဖြစ်ထွန်းမယ်လို့ ယူဆ ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒုတိယကမ္ဘာစစ်မတိုင်မီ ကတည်းက စိုက်ပျိုးရေးကျောင်းတခုကို အမေရိကန် သာသနာပြု မစ်ရှင်အဖွဲ့တခုက တည်ဆောက်ခဲ့တာပါ။ နောက်ပိုင်းတော့ ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ဖြစ်လာပါတယ်။ တခါ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဖက်ဆစ်ဂျပန်တွေကို တော်လှန်ဖို့ ဘီအိုင်အေက အခြေချရာ ရွေးချယ်ခဲ့တဲ့နေရာအဖြစ် သမိုင်းရှိထားတဲ့နေရာလည်း ဖြစ်ပါတယ်။ အခု မြို့တော်သစ်တည်ဆောက်မှုနဲ့ ပတ်သက်လို့ စာရေးသူ ဒူယာပက်က သုံးသပ်ဖော်ပြခဲ့ရာမှာ ဒီလိုပြင်ဆင်မှု တွေက ၇-နှစ်၊ ဆယ်နှစ် ပတ်ဝန်းကျင်လောက် အချိန်ယူပြီး ရှိနေခဲ့တယ်လို့ သုံးသပ်ပါတယ်။ သူက ဒီလို သုံးသပ် ရာမှာ စစ်ခေါင်းဆောင်တွေက တည်ဆောက်ပြုပြင်ရေး လိုက်ကြည့်တဲ့ ခရီးစဉ်အပေါ် သုံးသပ်တာပါ။ ဒီလို နဲ့ ၂ဝဝ၅ ခုနှစ် ပတ်ဝန်းကျင်လောက်မှာမှ နေပြည်တော်မြို့သစ်ပေါ်ပေါက်လာပါတယ်။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်ကဝန်ထမ်းတွေ၊ ဝန်ကြီးဌာနတွေကို တက်သုတ်ရိုက်ပြောင်းစေပြီး၊ ၂ဝဝ၆ ခုနှစ်၊ မတ် လမှာတော့ တပ်မတော်နေ့ အခမ်းအနားချီတက်ပွဲကို သူတို့နေပြည်တော်မြို့သစ်မှာ ထုတ်ပြပါတော့တယ်။ နေပြည်တော်မြို့သစ်ဆိုတာက ကျပ်ပြေး၊ ကျွတ်ပြေး၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ အေလာ၊ ရွာတော်ဒေသ တွေကို ပေါင်းထားတာပါ။ အဲဒီနေရာမှာ နေပြည်တော် စည်ပင်သာယာရေးကော်မီတီဆိုတာ ဖွဲ့စည်းပြီး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်ချုပ်သိန်းညွန့်ကို မြို့တော်ဝန်ခန့်ထားခဲ့ပါတယ်။ အဲဒါအပြင် နေပြည်တော် စစ်တိုင်းဌာနချုပ်ဆိုပြီး စစ်ရေးအရလည်း ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံမှာ ဆင်းရဲမွဲတေမှု ထူပြောနေစဉ်မှာ နေပြည်တော်မှာ ဆောက်လုပ်ရေးတွေက အပြီးမသတ်နိုင်သေးပါဘူး။ ၄ဝဝ စတုရန်းမိုင် အကျယ်အဝန်းပေါ်မှာ စိတ်ရှိတိုင်းဆောက်နေလိုက်တာ ဒေါ်လာငွေတွေလည်း သန်း အမြောက်အများ ကုန်ကျနေပြီ ဖြစ်ပါတယ်။ စာရေးသူက အစီရင်ခံစာတခုကို အခြေခံပြီးတွက်ပြတဲ့နေရာမှာ နေပြည်တော်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သား ၈ဝ,ဝဝဝ ရှိတယ် ဆိုပါစို့။ တယောက်ကို လုပ်ခတနေ့ ၁၅ဝဝ ကျပ်ပဲ ပေးတယ်ထား၊ တနှစ်လုံး လုပ်အားခချည်းပဲသက်သက် ၄၃. ၈ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာနဲ့ ၃၂ သန်းကျော်) ကျတယ်ဆိုပါတယ်။ ဒါဟာ ကျန်တဲ့ဆောက်လုပ်ရေး စက်ကိရိယာ၊ ပစ္စည်းတန်ဖိုးတွေ မပါသေးပါဘူး။ ဒီငွေတွေက ငွေကြေးရိုက်နှိပ်ထုတ်ဝေဖို့ ဖြစ်လာပြီး ဗဟိုဘဏ်ကချေးခဲ့ရပါ တယ်။ ၂ဝဝ၃ ခုနှစ်မှာ အစိုးရက ဗဟိုဘဏ်က ချေးငွေ ဒေါ်လာ ၉၆ဝ သန်းပဲ ရှိနေရာက၊ (Economic Intelligence Unit) ရဲ့ အဆိုအရ ၂ဝဝ၅-ဝ၆ မှာ ဒေါ်လာသန်း ၁၇ဝဝ (နှစ်ဆကျော်) တိုးများလာတယ်လို့ ဖော် ပြပါတယ်။ အခုတည်ဆောက်မှုတွေက ပြီးဆုံးဖို့လမ်းလည်း မမြင်သေးပါဘူး။ မြို့တော်တွေ ပြောင်းရွှေ့တဲ့ကိစ္စ ကို အထူးပြုလေ့လာထားသူ ကနေဒါ တိုရွန်တို တက္ကသိုလ်က ပညာရှင် အက်ဒ် ရှော့ဇ် (Ed Schatz) ရဲ့ လေ့လာ ချက်ကို သူက ကိုးကားဖော်ပြရာမှာတော့ ဘရာဇီးနိုင်ငံမှာ မြို့တော်ကို ရိုင်ယိုဒီ ဂျနီးရိုးကနေ ဘရာ ဆီးလီးယားကို ပြောင်းတာ ၄၁ လကြာခဲ့တယ်။ အစီအစဉ်တွေ သေချာချတာတောင် ကုန်တိုက်တွေက နောင် ၁၁-နှစ်အကြာမှ ဖွင့်နိုင်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း ကရာချိကနေ အစ္စလမ်မာဘတ်ကို မြို့တော် ပြောင်းရာမှာ ၁၉၆၇ ခုကနေ၊ ၁၉၈ဝ ခုနှစ်တွေအထိ ကြာခဲ့တယ်လို့ ဖော်ပြပါတယ်။ ကာဇက်စတန် နိုင်ငံမှာလည်း မြို့တော်ကို အယ်လ်မာတီကနေ၊ အက်စ်တာနာကို ပြောင်းရာမှာ ကုန်ကျငွေ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လျာထားခဲ့ပေမယ့်၊ ကုန်ကျငွေက ပိုများခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရငွေသုံးစွဲမှုက ပွင့်လင်း မြင်သာမှု မရှိတော့ ဘယ်လောက်ကုန်ကျတယ်ဆိုတာ သေချာ မသိနိုင်ကြပါဘူး။ အခု ဆောက်လုပ်ရေး လုပ်ငန်းတွေက အကျိုးအမြတ်ဖြစ်နေကြတာကတော့ ဆောက်လုပ်ရေးကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အေးရှားဝေါ၊ ထူးထရေးဒင်း၊ အေဒင် ဂရုပ်၊ မက်စ် မြန်မာနဲ့ ရွှေသံလွင်အုပ်စုတွေက ကန်ထရိုက် ရကြပါတယ်။ အစိုးရက ကုမ္ပဏီတွေကို ပိုက်ဆံမရှင်းနိုင်ဘူးဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာ ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့က လုပ်ပိုင်ခွင့်ပါမစ်တခုခုကို ချပေးပြီး ချေလိုက်တာမျိုးလည်း ရှိခဲ့ပါတယ်။ အခု လို ဆောက်လုပ်ရေးတွေ၊ လုပ်ငန်းကြီးတွေ ရောက်လာတော့ ဒေသခံမြို့လူထုတချို့ လုပ်ငန်းကိုင်ငန်းကောင်း လာတာတော့ အကောင်းပြောစရာ ရှိပါတယ်။ ဒါပေမယ့် မြို့တော်သစ်အတွက် ကုန်ကျစရိတ်တွေကို တနိုင်ငံ လုံးက ကျောကုန်းခံနေကြရတာပါ။ နောက်တပတ်မှာတော့ မြို့ပြဒီဇိုင်းဆင်ထားပုံ၊ မြို့တော်သစ်ရဲ့ လက္ခဏာ ချင်းရာတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

ကျန်းမာဖို့ဆိုတာ

ကျန်းမာဖို့ဆိုတာ .......... ရာသီဥတုရယ်၊ အစားအသောက်ရယ်၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမယ့် ပုဂ္ဂိုလ် (သို့မဟုတ်) စိတ်အနှောက် အယှက်မပေးမယ့် ပတ်ဝန်းကျင်ရယ်၊ နေရာထိုင်ခင်းရယ်တွေဟာ အရေးကြီးတဲ့ အကြောင်းတရားတွေပါ။ မတဲ့စာ အားနာစာ နှမြောစာတွေ ရှောင်ဖြစ်အောင် ရှောင်နိုင်ရင် ကျန်းမာဖို့ ရောဂါမတိုးစေဖို့ သိပ်မပူရတော့ဘူးလို့ဆိုပါတယ်။ မိမိနဲ့မတဲ့သော အစားအစား ရှောင်ဖြစ်အောင် ရှောင်ပါ။ အားနာပြီး စားရမည့်အစားအစာရှောင်ပါ။ ထားတော့လည်းမကောင်းတော့တဲ့ နှမြောလွန်းတဲ့စိတ်နဲ့ စားမည့်အစားအစာလည်းရှောင်ပါ။ ဒါဆိုရင် အစား နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ပါဘူး။ ရာသီဥတုနဲ့အဆင်ပြေအောင် နေတတ်ရင်လည်း ကျန်းမာဖို့ အကြောင်းတစ်ရပ်ပါ။ တချို့က ရာသီ ဥတုနဲ့ ဆန့်ကျင်ပြီး နေကျတော့ နေမကောင်း ထိုင်မကောင်းဖြစ်လာရော။ ပူတဲ့ရာသီမှာ မပူအောင် နေတတ်ကြ တယ်လေ။ သူသူကိုယ်ကိုပါပဲ။ အဲယားကွန်းတတ်နိုင်တဲ့သူက မပူအောင် ကာကွယ်ကြတယ်။ အမြဲ တမ်းနေနိုင်ရင်တော့မဆိုးပါဘူး။ အပူထဲ ထွက်လိုက် အအေးခန်းထဲ ပြန်ဝင်လိုက်နဲ့ ကြာတော့ ခန္ဓာကိုယ်ထဲက အပူတွေက အရင်ဆုံး မျက်လုံးကို ထိ ခိုက်ရော။ ရန်ကုန်မြို့တော်ကြီးမှာ တွေ့ရတာက ခုနောက်ပိုင်း အတော်အများများ တတ်နိုင်တဲ့ကလေးလေး တွေ မျက်မှန်လေး တဝင်းဝင်းနဲ့။ ကျောင်းစာတွေလုပ်ရတာလည်း ပါတာပေါ့လေ။ မိဘတွေက ရာသီဥတုနဲ့ အလိုက်အထိုက်မနေတတ်တော့ ဘာမှမသိသေးတဲ့ ကလေးလေးတွေမှာ သနားစရာပါ။ ကိုယ်ရောက်နေတဲ့ အရပ်ဒေသမှာ ရာသီဥတုနဲ့ အတိုက်အခံမလုပ်မိပါစေနဲ့။ ဒါဆို နေကောင်းပြီ ကျန်းမာပြီ လို့ တစိပ်တဒေသ အားဖြင့် မှတ်ယူထားပါ။ ရွာက ဦးကုလားဆိုတဲ့အဖိုးကြီးရဲ့ ကျန်းမာရေးလမ်းညွှန်ချက်က ဒီလိုပါ။ သူက နွေရာသီဆိုရင် စောင်ပါးပါး ကို ခေါင်းခြုံပြီး နေ့လည်နေ့ခင်း တရေးတမောအိပ်လေ့ရှိတယ်။ အိပ်ရာက နိုးပြီဆိုရင် ရေနွေးပူပူကို မှုတ် သောက်နေတော့တာပါ။ တရုပ်ကြီးတစ်ယောက်ပြောသလို နီတို့ ဗမာတွေ ရေနွေးပူပူသောက်ပြီး ဒီနေ့ အိုက် ပြုတ်ပြုတ်ကြီးနဲ့ မိုးရွာမလားမသိဘူးလို့ ပြောတယ်။ နွေရာသီ ရေနွေးသောက်မှတော့ ဟင်း..........။ သူက ကျနော်တို့ငယ်ငယ်က အပျော်အပျက် အော်အော်နေတဲ့စကားလေးကို ပြောပြတယ်။ အိုက်ရင် စောင်ခြုံ မီးကိုလှုံ။ ချမ်းရင် ရေချိုး နှင်းတောတိုး။ မောရင် တောင်တက် ကျောက်ခဲရွက် ဆိုတာလေး သိပြီးသားဖြစ်မှာပါ။ အိုက်ရင် စောင်ခြုံ မီးကိုလှုံ။ ဒါဟာနယ်နယ်ရရစကားမဟုတ်ဘူးတဲ့။ ကျန်းမာအောင် နေတတ်ဖို့ လမ်းညွှန်တဲ့။ ခန္ဓာကိုယ် အပြင်မှာပူနေ ရင် အတွင်းမှာ အေးနေတယ်တဲ့။ အပြင်မှာပူနေရင် ချွေးစို့အောင် နေတတ်ရတယ်၊ ခန္ဓာကိုယ်ထဲက အအေး ဓါတ်ကို ရေနွေးပူနဲ့လှမ်းလှမ်းစရတယ်၊ ဒါမှ ချွေးစို့ပြီး နေလို့လည်းကောင်းတာ။ ချမ်းရင် ရေချိုး နှင်းတောတိုး။ ရာသီဥတုက အေးနေရင် ခန္ဓာကိုယ်ရဲ့အပြင်မှာ အေးနေပြီး အတွင်းထဲမှာ ပူနေတယ်။ ချမ်းလို့ ရေမချိုးရင် ကြာတော့ ရေအေးအေးလေးထိလိုက်ရင် ဟပ်ချိုး ဟပ်ချိုးနဲ့ ဖြစ်လာလိမ်မယ်တဲ့။ ချမ်းလို့ ရေချိုးတဲ့အခါ ခန္ဓာ ကိုယ်အောက်ပိုင်းကနေ ရေလေးနဲ့ပွတ်ပေး။ အဲ့ဒီကနေ အထက်ပိုင်းကို တဖြည်းဖြည်းပွတ်ပေးလိုက်ရင် နွေး လာလိမ့်မယ်။ အငွေ့တွေထွက်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ချိုးပေတော့။ ဆောင်းတွင်းမှာ ရေအေး သောက်။ အထဲကအပူကို ရေအေးနဲ့ တွေ့ထိပေးတော့ ဓါတ်က မျှတသွားတော့ နေလို့ထိုင်လို့ကောင်းသွား တာပဲတဲ့။ မောရင် တောင်တက် ကျောက်ခဲရွက်။ ဘာလေးလုပ်လိုက် လုပ်လိုက်ရင် အမောမြန်နေရင် မောတာနှေးသွားအောင် လမ်းများများလျှောက်၊ တောင်တက် လေ့ကျင့်ခန်းများများလုပ်ပေးဖို့ ပြောတာတဲ့။ အမောမြန်တာကို မြန်နေတဲ့အတိုင်း ထားထား ရင် ကြာတော့ ရောဂါရလာရော။ နာတာရှည်ဖြစ်လာရောတဲ့။ ဒါတွေဟာ ကျနော် လိုက်နာကျင့်သုံးနေတဲ့ ကျန်းမာရေးလမ်းညွှန်များပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ စိစစ်၍ ကျင့်သုံးကြပါကုန်။ ဆက်လက်ရေးပါအုံးမယ်။

Complete Freedom For Woman In Islam

Several woman sighed how the difficult to be moslem woman alias muslimah. they considered that Islam gave no freedom for woman. See how muslimah wear their clothes or find out how the way they go out for business that should be allowed by their husband. Some people think if they felt out of breath with all rules in Islams that are considered as inequitable. is it all true?

It can be understood if several muslimah has that kind of opinion. that is because in this time Islam is queer even for the its follower. It is intended to be made by Islam enemies so that Islam people hate or at least feel doubtful on Islam. If they can realize all those things, it will be easy for them to destroy Islam.

If we doesnt recognize on something, we will not know about the real of it. So, as an intelligent muslimah, we have to understand the deep inside of it. We have already borned as moslem, so it is an obligation for us to be better than muallaf. Muallaf are usually good in explaining the reason why the entering Islam, and be a moslem. The fact has shown that many woman is decide choose Islam as their ways of live.


…The incessant of gender equivalence has made woman is feel afraid and hesitant towards Islam. Because of that, there is a conclusion that Islam gives no freedom for woman…


Understanding Islam is should be done early. Unfortunately, the destruction of conviction (akidah) is also done at first by such small institution named family. As a result, it is not strange for moslem to feel strange and odd about Islam. The incessant of gender equivalence has made woman is feel afraid and hesitant towards Islam. Because of that, there is a conclusion that Islam gives no freedom for woman. How horrible it is.

When muslimah want to open their hearts, and see the facts or make a reflection about that, it will be so much easy to refuse such kind of opinion . All rules in Islam are congruent to human need. there is no rules of Islam even a little bit one that can bring us to the bad aspect of live. If there are any differences at one or several law, it still for human's good. We have to remember, that the one who make this rule is Allah, the great creator of the world. it is important for Allah to botch and humiliate us.

Intelligent woman certainly will not just keep silent in facing that fact. if Islam is pionted on something unfair, our common sense will come up with a question, is that true?. She will try to look for answers to question as well as she can. Not even just make any accusation based on narrow fact, such as for example a wife that is being tortured. Occasionally, his husband is moslem, but at the conclusion Islam is accused unfair towards the wife and treat the husband in special. This kind of opinion is definitely wrong.

Don't make fact as the basic thing to look for truth. Find the accurate one up to to the source, Al quran and Hadits. Examine carefully the both interpretations that are true and believable, because in this time there are lots of liberal group that interprets the verse in careless.be careful with that.


… Woman has to study any subjects as much as man do. Islam does not distinguish between man or woman in the obligation of learning Islam…


The truth can not come up to someone without its efforts. woman has to study any subjects as much as man do. Islam does not distinguish between man or woman in the obligation of learning Islam. The result is determined by our self. do we as woman feel hopeless and doing nothing to be more intelligence or attempt to get it as well as we can? the answer is all yours.

Wrong opinion about woman in Islam can be aversed by the its follower especially woman or muslimah. When do you are previously belong the group that consider Islam is unfair, with your wide knowledge, you will know that all those thing are definitely wrong. And when you previously do not belong this group, you can continue your idea to your friends and your environment. Is the prophet ever uttered on us that we should tell anyone even just about a verse?

Start from this day, voice and refuse the opinion that Islam's rule is unfair for the woman. We can realize all those things trough proselytizing. We have to do it in words and deeds. keep up your spirit! [riafariana/voa-Islam. com]

"တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ်"

- ဘယ်က လာခဲ့ကြသလဲ …… ?
- ဘယ်မှာနေခဲ့ကြသလဲ ……… ?
- ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
- ဘယ်ကိုသွားကြမှာလဲ ……… ?

ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ် သာသနာဝင်များနှင့် ပတ်သက်ပြီး ရှေးဦးစွာတင်ပြချင်တာတော့ …….. အစ္စလာမ်သာသနာဝင်များအတွက် အဓိက လမ်းညွှန်တရားဖြစ်တဲ့

ကျမ်းတော်မြတ်ကုရ်အာန်(စူရဟ်-၇၊ အာယသ်တော်-၁၀၁)မှာ ….
“အတိတ်ကဖြစ်ရပ်များကို ရေလည်အောင် ပြောကြသူတို့ စဉ်းစားသုံးသပ်နိုင်ခြင်းငှာ”လို့ လမ်းညွှန် ဗျာဒိတ်တော် မူထားတာ ရှိပါတယ်။

ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်များ၊ အကြောင်းအချက်များကို လေ့လာကာ စဉ်းစား၊ ဆင်ခြင်သုံးသပ်ပြီး မိမိတို့ဘ၀လမ်း မှန်ကန်တိုးတက်အောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒါဟာ တာဝန်တစ်ရပ်ပါ။
ကျွန်တော်ပြောမှာတွေဟာ ဒီလမ်းညွှန်မှုကို နာခံတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုရ်အာန်ကပေးတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့မှာ လေ့လာစဉ်းစားသုံးသပ်ရန် တာဝန်ရှိနေတဲ့ အတိတ်ဖြစ်ရပ် အကြောင်းအရာများအနက်က ယနေ့မြန်မာနိုင်ငံမှာရှိနေကြတဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူတို့အကြောင်း ပြောပါမယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ‘အစ္စလာမ်’သာသနာ သက်ဝင်ယုံကြည်ကိုးကွယ်သည့် လူ့အစုအဝေးကြီးတစ်ရပ်ရှိနေ ပါတယ်။ လူဦးရေအားဖြင့် မနည်းလှပါဘူး။ ဒီလူ့အစုအဝေးကြီးဟာ ……

(၁) ဘယ်က လာခဲ့ကြသလဲ …… ?
(၂) ဘယ်မှာနေခဲ့ကြသလဲ ……… ?
(၃) ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
(၄) ဘယ်ကိုသွားကြမှာလဲ ……… ? …………….. ဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ ဒီအချက်များကို ခေါင်းစဉ်တစ်ခုချင်း အလိုက် အကျဉ်းချုံး၍ တင်ပြပါမယ်။

(၁) ဘယ်က လာခဲ့ကြသလဲ

လူ့အစုအဝေးကြီး(၃)ရပ်

မြန်မာနိုင်ငံရယ်လို့ တိတိကျကျဖြစ်တည်ပေါ်ပေါက်မလာခင်က ယနေ့မြန်မာနိုင်ငံတည်ရှိတဲ့ကုန်းမြေနေရာဒေသ ဧရိာယာအတွင်းသို့ တိဘက်ကုန်းမြေမြင့်မှ -

(၁) မွန်ခမာအုပ်စု
(၂) တိဘက်မြန်မာအုပ်စု
(၃) ထိုင်းတရုတ်အုပ်စု …… ဆိုတဲ့

အုပ်စုကြီး ၃-ရပ် ၀င်ရောက်အခြေစိုက်နေထိုင်လာခဲ့ကြတယ်လို့ သမိုင်းပညာရှင်ကြီးများက ဆိုကြပါတယ်။
ဒီအုပ်စုကြီး(၃)ရပ်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းက၀င်ရောက်လာကြပြီး တဖြည်းဖြည်းတောင်ဘက်ကို ရွေှ့လျားနေထိုင်ခဲ့ကြပါတယ်။ ပထမ၀င်လာကြတဲ့အုပ်စုက နောက်ဝင်လာတဲ့အုပ်စုကို နေရာပေးခဲ့ကြပါတယ်။
ဒီလိုဝင်လာကြတဲ့အုပ်စုတွေဟာ လူ့သဘာဝအရ အပြန်အလှန်သွေးနှောကြရာမှ လူမျိုးစုများဖြစ်ပေါ်လာရခြင်းဖြစ်ပါ တယ်။ ဒီကနေ့ ‘ဗမာ’လူမျိုးများအဖြစ်ရှိနေကြတဲ့ လူ့အစုအဝေးကြီးကိုပင် ….

(၁) သက်(ချင်း)၊ (၂) ရခိုင်၊ (၃) ထားဝယ်၊ (၄) ဗရဲတောင်သူ၊ (၅) ပျော့၊ (၆) ပျူ၊ (၇) ကမ်းယံ … စသည့် လူမျိုး(၇)မျိုး ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာတယ်လို့ဆိုကြောင်း လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

“သက် နှင့် ရခိုင်
နှိုင်းပြိုင် ထားဝယ်
ဗရဲတောင်သူ
ပျော့၊ ပျူ၊ ကမ်းယံ
ခုနှစ်တန်
မြန်မာဟူ၍မှတ်” …… လို့ ‘ကဗျတ္တစန္ဒီကျမ်း’ မှာ တွေ့ရပါတယ်။ ဒီကဗျာကိုပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်ဝေခဲ့တဲ့ ‘အပေါင်းအသင်းရောင်းရင်းတို့၏ကျော်ရင်’ဆိုတဲ့စာအုပ်မှာလည်း တွေ့ရပါတယ်။

အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများဝင်ရောက်လာကြခြင်း

၁၇-ရာစုနှစ်များအတွင်း အာရဗ်တွေ ပါရှင်းတွေနှင့် အိန္ဒိယအနွယ်ဝင်တွေဟာ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည် အထိ ပင်လယ်ရေကြောင်းဖြင့် ဖြတ်သန်းသွားလာကြရမှာ မြန်မာနိုင်ငံ မုတ္တမ၊ သထုံ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ဆိုက်ကပ်စခန်းချခဲ့ကြတယ်လို့ သမိုင်းမှာတွေ့ရပါတယ်။

ထူးခြားမှုများ

ဖြတ်သန်းသွားလာကြတဲ့ အာရဗ်သင်္ဘောတွေထဲက သင်္ဘောတစ်စင်းဟာ ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးမှာ ပျက်ခဲ့ပါတယ်။ အဲဒီသဘောင်္ာနှင့်ပါလာတဲ့ အာရဗ်တွေ ရမ်းဗြဲကျွန်း(ရမ္မာဝတီ)မှာ အတည်တကျနေထိုင်ခဲ့ကြကြောင်း(၁၈၉၇) ခုနှစ်ထုတ် ‘ဗြိတိသျှ-ဘားမားဂေဇက်’မှာ တွေ့ရတယ်လို့ ဆရာချယ်ရေး ‘ဗမာမွတ်စလင်မ်တို့၏ ရှေးဟောင်းအတ္ထုပ္ပတ္တိ’ စာအုပ်၊ စာမျက်နှာ(၁၆)မှာ တွေ့ရပါတယ်။

‘၁၃-ရာစုနှစ်များအတွင်းမှာပဲ ပါရှင်းလူမျိုးတို့က ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး ၁၂-နှစ်တိုင်၊ မင်းသုံးဆက်မင်းလုပ် အုပ်ချုပ်ခဲ့ကြတယ်’ … လို့ ‘မြန်မာ့စွယ်စုံကျမ်း’ အတွဲ(၆)၊ စာမျက်နှာ(၃၅၀)၊ ‘ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်းသားများ မဂ္ဂဇင်း’ (၁၉၅၅-၅၆)၊ စာမျက်နှာ(၅)နှင့် စာရေးဆရာကြီး ဘကြီးဦးမာဃရေး ‘ပုသိမ်ရာဇ၀င်’တို့မှာ တွေ့ရပါတယ်။

ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူးနဇရွတ်ဒင် အုပ်ချုပ်ရတဲ့ တာရ်တာရ်စစ်သည်များဟာ ကောင်းစင်မြို့(ယခု ဗန်းမော်မြို့)ကို သိမ်းပိုက်အခြေချနေထိုင်ခဲ့ကြတယ်လို့ ဦးကြည်(ရာဇ၀င်ဂုဏ်ထူး)ရေး ‘မြန်မာရာဇ၀င်မှ သိမှတ်ဖွယ်ရာအဖြာဖြာ’ စာအုပ်၊ စာမျက်နှာ(၈၂-၈၃)မှာ တွေ့ရပါတယ်။ (တာရ်တာရ်တို့ဟာ တူရကီနွယ်ဝင်မျာားဖြစ်ကြပါတယ်။)

၁၄-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ကို အသုံးချရာမှ (ယခု-နောက်လယ်ရပ်)လို့ခေါ်တဲ့ နေရာမှာ အခြေတကျနေထိုင်ခဲ့ကြတယ်လို့ မောရစ်ကောလစ်ရေး Into Hidden Burma စာအုပ် ဦးခင်မောင်ကြီး ဘာသာပြန် စာမျက်နှာ(၂၁၁)မှာ တွေ့ရပါတယ်။

၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက်ထက်၌ ငဇင်ကာနှင့် စစ်ဖြစ်ပွားပြီး သင်္ဘော(၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀)ကျော်ဖမ်းဆီးရမိရာ မွတ်စလင်မ်များပါဝင်ခဲ့တယ်လို့ ‘မှန်နန်းရာဇ၀င်’ တတိယအတွဲ စာမျက်နှာ(၁၇၂)မှာ တွေ့ရပါတယ်။

၁၈-ရာစုနှစ်များအတွင်း အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာကြသူများတွင် များစွာသော မွတ်စလင်မ်များ ပါခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပတဲ့ အာရှသမိုင်းဆိုင်ရာကွန်ဂရက်တွင် ဗိုလ်မှူးဘရှင် တင်သွင်းတဲ့ Coming of Islam to Burma Down စာတမ်း စာမျက်နှာ(၆)မှာ တွေ့ရပါတယ်။

၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက်တွင် ဟိုင်းကြီးကျွန်းကို ချီတက်တိုက်ခိုက်ရာအောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် သုံ့ပန်းများတွင် အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြောင်း ‘ကုန်းဘောင်ခေတ်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ(၁၄၄)မှာ တွေ့ရပါတယ်။

ကုန်းဘောင်မင်းဆက်များအတွင်း ကသည်းတို့နှင့်အကြိမ်ကြိမ်စစ်ဖြစ်ပွားရာမှာလည်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းများ၊ ၀င်ရောက်ခိုလှုံသူများ လေးသောင်းကျော်ထဲမှာ အစ္စလာမ်သာသနာဝင်များပါဝင်ခဲ့တာဖြစ်ပါတယ်။ ကသည်းပြည်တွင် အစ္စလာမ်သာသနာထွန်းကားနေသည်မှာ ၁၂-ရာစုနှစ်များကပင်ဖြစ်သည်ဟု ဟာဗေးရေးတဲ့ ‘မြန်မာရာဇ၀င်’မှာ တွေ့ရပါတယ်။

ဒီသမိုင်းကြောင်းတွေကို လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ၀င်လာကြတဲ့ အစ္စလာမ်သာသနာဝင် လူ့အစုအဝေးဟာ - (၁) အာရဗ်လူမျိုးများ၊ (၂) ပါရှင်းလူမျိုးများ၊ (၃) မဂိုမင်းဆက်နွယ်များ၊ (၄) တရုတ်ပြည်မှ တာရ်တာရ် ခေါ် တူရကီနွယ်များ၊ (၅) ကသည်းမွတ်စလင်မ်များနှင့် (၆) အိန္ဒိယသားမွတ်စလင်မ်များ ဖြစ်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ (ပန်းသေးနှင့် ပသျှူးလူမျိုးများအကြောင်း မပါသေးပါ။)

မူလကပင် နေထိုင်ကြတဲ့ တိုင်းရင်းသားများထဲကလည်း အစ္စလာမ်သာသနာကို ကူးပြောင်းကိုးကွယ်လာကြတာတွေ လည်း ရှိခဲ့ပါတယ်။

ဒီလိုရောက်ရှိဖြစ်တည်လာကြတဲ့သူတွေဟာ လူ့သဘာဝအရ အချင်းချင်း အိမ်ထောင်ဖက်ကျခြင်း၊ ဘာသာတူမှု ကြောင့် အိမ်ထောင်ဖက်ကျခြင်း၊ မူလနေရင်း တိုင်းရင်းသူ တိုင်းရင်းသားများနှင့် အိမ်ထောင်ဖက်ကျခြင်းတို့ဖြင့် ဒီကနေ့ မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ ကိုးကွယ်သူ လူ့အစုအဝေးကြီးဖြစ်ပေါ်လာတာပါ။
“အရင်ကရှိခဲ့တဲ့သူတို့ကို အလ္လာဟ်အရှင်မြတ်သည် နေရာပေးခဲ့သည်။ ထို့နောက် အုပ်စုတစ်စုကို ဖန်ဆင်းခဲ့သည်”လို့ ကုရ်အာန်(၆း၆)မှာ ဗျာဒိတ်တော်ပြုထားပါတယ်။

အကြောင်းမျိုးစုံနဲ့ ရောက်ရှိလာကြပေမယ့် ရေကြည်ရာမြတ်နုရာတို့မှာ မိမိတို့ဆန္ဒအရ နေထိုင်အသက်မွေးခဲ့ကြ ပါတယ်။

“ဘယ်ကလာကြသလဲ” ခေါင်းစဉ်ကို တင်ပြခြင်းအကျဉ်းပါ။

= = = = = = = = = = = = = = = = = = = = =
(၂) ဘယ်မှာနေခဲ့ကြသလဲ

ဒီခေါင်းစဉ်ကို တင်ပြပါမယ်။

ဘယ်လူ့အဖွဲ့အစည်းမဆို မြေနဲ့မတွဲမိသမျှ တည်ငြိမ်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်ခေတ်ကစပြီး မြေနှင့်တွဲလာသလဲ ဆိုရင် ညောင်ရမ်းခတ်၊ အနောက်ဘက်လွန်မင်းလက်ထက်(၁၆၁၂-၁၆၂၈)ခုနှစ်များအတွင်း ငဇင်ကာနှင့်စစ်ဖြစ်ရာ ဖမ်းဆီး ခေါ်ဆောင်လာတဲ့ မွတ်စလင်မ်တို့ကို အင်းဝမြို့ရဲ့မြောက်ဘက် မြစ်သာမြို့မှာ လုပ်မြေနေမြေပေးပြီး အတည်တကျ နေထိုင်စေခဲ့တယ်။ မင်းမှုထမ်းစေခဲ့တယ်လို့ ‘မှန်နန်းရာဇ၀င်’ တတိယတွဲ၊ စာမျက်နှာ(၁၇)မှာ တွေ့ရှိရပါတယ်။ ဒါဟာ ပထမအကြိမ် နေရာချထားပေးခြင်းပါ။ မျက်မှောက်ကတွက်ရင် နှစ်ပေါင်း(၃၇၀)ကျော်ခဲ့ပါပြီ။ မျိုးဆက်တစ်ရပ်ကို သက်တမ်း(၇၀) ထားတွက်ရင် မျိုးဆက်(၅)ဆက်ကျော်ရှိပါပြီ။ သိပ္ပံနည်းအရ မျိုးဆက်သုံးဆက်မှာ မူလဗီဇသွေး မရှိတော့ဘူးလို့ဆိုတာ လေ့လာရဖူးပါတယ်။ (ယနေ့အများလက်ခံထားသော မျိုးဆက် တစ်ဆက်၏ သက်တန်းမှာ ၂၅နှစ် ဖြစ်သဖြင့် နှစ်၃၇၀ကို မျိုးဆက် ၁၅ဆက် နီးပါးဟု တွက်ချက်နိုင်ပါသည်။)

ယနေ့တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့ဟာ လူမျိုးစုံရောနှောရာမှ တိုးပွားလာကြသူများပါ။ ညောင်ရမ်းခေတ် အတွင်းမှာပဲ သာလွန်မင်းတရားကြီး(၁၆၂၈-၁၆၄၆)လက်ထက်မှာ အတည်တကျ လုပ်မြေနေမြေပေးပြီး နေထိုင်စေခဲ့တယ်လို့ ဦးဘသန်းရေး ‘ကျောင်းသုံးမြန်မာရာဇ၀င်’စာအုပ်၊ စာမျက်နှာ(၂၇၀)မှာ တွေ့ရပါတယ်။
ဒါ - ဒုတိယအကြိမ် နေရာချထားပေးခြင်းပါ။ မျက်မှောက်ကတွက်ရင် နှစ်ပေါင်း(၃၇၀)ကျော်ပါပဲ။

ညောင်ရမ်းခေတ်မှ အင်းဝခေတ်ဖြစ်လာတဲ့အခါ စနေမင်းတရားကြီး(၁၆၉၈ - ၁၇၁၄)ခေတ်မှာ အစ္စလာမ်သာသနာဝင်တို့ကို … (၁) တောင်ငူ၊ (၂) ရမည်းသင်း၊ (၃) ညောင်ရမ်း၊ (၄) ယင်းတော် (၅) မိတ္ထီလာ၊ (၆) ပင်းတလဲ၊ (၇) တဘက်ဆွဲ၊ (၈) ဘောဓိ၊ (၉) စည်သာ၊ (၁၀) စည်ပုတ္တရာ၊ (၁၁) မြေထူး၊ (၁၂) ဒီပဲယင်းမြို့ …. စသည့် ၁၂-မြို့မှာ နေရာချထားပေးခဲ့ကြောင်း (၁၈၀၁)ခုနှစ် အမရပူရဘုရင် ပိဋကတ်တိုက်တော်မှ ကျောက်တစ်လုံးဗိုလ် ကူးယူခဲ့တဲ့ မှတ်တမ်းရှိခဲ့ဖူးကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ‘အာရှသမိုင်းကွန်ဂရက်’မှာ တင်သွင်းတဲ့ ဗိုလ်မှူးဘရှင်ရဲ့ စာတမ်းမှာ တွေ့ရပါတယ်။ ဒါဟာလဲ မျက်မှောက်ကတွက်ရင် နှစ်(၃၀၀)ကျော်ရှိခဲ့ပါပြီ။

ကုန်းဘောင်ခေတ်ဦးရောက်လာခဲ့အခါ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျလက်ထက်(၁၇၅၃-၁၇၆၀)အတွင်းမှာ သန်လျင်ကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ အစ္စလာမ်သာသနာဝင်များ၊ အကြိမ်ကြိမ် ကသည်းပြည် တိုက်ခိုက်ရာမှ ရရှိသူ၊ ၀င်ရောက်ခိုလှုံကြသူ ကသည်းမွတ်စလင်မ် တို့ကို ရှိရင်းစွဲ မွတ်စလင်မ်အစုအဝေးများရှိရာဒေသတို့မှာ ခွဲခြားနေရာချထားကြောင်း ‘ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ(၂၉၈-၂၉၉)မှာ တွေ့ရပါတယ်။

ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း(၁၈၇၁-၁၈၁၉)ခေတ်မှာ အစ္စလာမ် သာသနာဝင်တို့သည် အထက်ပါနေရာဒေသတိှု့မှာ အတည်တကျလည်းရှိနေကြပြီး ဘုရင့်သစ္စာတော်ခံများလည်း ဖြစ်ကြတယ်။ ဒေသများမှာလည်း ပြန့်ကျဲနေထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအရ ဆုံးဖြတ်ရမယ့်ပြဿနာတို့လည်းရှိလာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တို့ကိုပေးနိုင်ရန် သာသနာ့ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုစိုင်နီသခင်ကြီး’ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန့်တော် ပြန်တမ်းထုတ်ခဲ့တယ်။

“အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က အရပ်ရပ်မြို့ရွာများမှာနေသည့် (ရခိုင်ပြည်အပါအ၀င်) ပသီ ကုလားတို့သည် ဘာသာကျမ်းရှိသည့်အတိုင်း အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့ပြသရာ နာခံကြစေ”လို့ ၁၁၆၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၃)ရက်၊ ၁၈၇၀-ခု၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှာ နာခံတော် ဘယကျော်ထင်တွင် ပြန်သည်လို့ ‘ဘိုးတော်မင်းတရားကြီး၏ ရာဇသတ်ကြီး’စာအုပ် အတွဲ-၄၊ စာမျက်နှာ(၂၇၆)မှာ တွေ့ရပါတယ်။

ဒါဟာ နှစ်ပေါင်း(၁၀၀၀)ကျော်မှ ၀င်ရောက်လာကြပြီး ဘုရင်အဆက်ဆက် အတည်တကျနေထိုင်လာကြတဲ့ လူ့အစုအဝေးရဲ့ အစ္စလာမ်သာသနာကိုးကွယ်မှုကို ဘုရင်က အသိအမှတ်ပြုလိုက်တာပါ။

ဘိုးတော်ဦးဝိုင်းခေတ်မှာ စာဆိုတော်ကြီး ‘မုဟမ္မဒ်ကာစင်မ်’လို့ခေါ်တဲ့ ‘ဆရာကြီးဦးနု’ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ် သာသနာရေးရာတို့ကို “သံတော်ဦးတင်လွှာ”အဖြစ်ရေးပြီး ဘိုးတော်ဦးဝိုင်းသို့ဆက်သွင်းခဲ့သည်။ ဘုရင်က လက်ခံကြားနာ ခဲ့တယ်။ ဒါဟာလဲ အစ္စလာမ်သာသနာကို ဘုရင်က အသိအမှတ်ပြုတဲ့အကြောင်းတစ်ရပ်ပါ။

ဘိုးတော်မင်းတရားကြီး အင်းဝမှ အမရပူရသို့ပြောင်းရွေှ့ခဲ့ရာ ဘုရင့်အမှုထမ်းများအတွက် အတည်တကျနေထိုင်ရန် ဘုံးအိုး၊ စားကြင်ဝ၊ ကြည့်မြင်တိုင်၊ ကိုယ်ရံတော်၊ အပ်ချုပ်ရပ်နှင့် အစ္စလာမ်သာသနာဝင်များအတွက် သီးသီးသန့်သန့် ရပ်ကွက်များ သတ်မှတ်ပေးခဲ့တယ်။ ရပ်ကွက်တိုင်းတွင် ဗလီများဆောက်လုပ်ရန် နေရာများ သတ်မှတ်ပေးခဲ့တယ်။ ယနေ့တိုင် ထိုဒေသများမှာ မျိုးဆက်များဆက်လက်နေထိုင်လျက်ရှိကြတယ်။

ကုန်းဘောင်ဆက်ရဲ့ (၁၀)ဆက်မြောက်ဘုရင် မင်းတုန်းမင်းတရားကြီး (၁၈၅၂-၁၈၇၈)လက်ထက် မန္တလေးမြို့တော် သစ် တည်ရာ ပြီးစီးပြောင်းရွေှ့ရန်စီစဉ်တော့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များအတွက် သီးသီးသန့်သန့်နေထိုင်ကြရန် ရပ်ကွက်ကြီးများအဖြစ် သတ်မှတ်ပေးခဲ့ရာ …. စကြ်ာနွယ်စဉ်ရပ်ကွက်(၈)ကွက်၊ ကိုယ်ရံတော်ရပ်ကွက်၊ အပ်ချုပ်ရပ်ကွက်၊ တောင်ဘလူရပ်ကွက်၊ ဂျွန်းတန်းရပ်ကွက်၊ စစ်ကိုင်းတန်းရပ်ကွက်၊ ကုန်းရိုးရပ်ကွက်၊ ၀လီခန်ရပ်ကွက်၊ ကင်းတားကုလားပျို ရပ်ကွက်ဆိုပြီး ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက် သတ်မှတ်ပေးခဲ့ပြီး ရပ်ကွက်တိုင်းမှာ ဗလီဆောက်လုပ်ရန်မြေနေရာများ သတ်မှတ်ပေးခဲ့တယ်။ ထိုစဉ်ကအဆက်အနွယ်များ ယနေ့တိုင် အခြေတကျနေထိုင်ကြတယ်။

“ဘယ်မှာနေခဲ့ကြသလဲ”ဆိုတဲ့ခေါင်းစဉ်ကို ယခုတင်ပြခဲ့တာ အကျဉ်းပါ။

= = = = = = = = = = = = = = = = = = = = =
(၃) ဘာတွေ လုပ်ခဲ့ကြသလဲ

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး တင်ပြပါ့မယ်။

အနော်ရထာဘုရင် (၁၀၄၄-၁၀၇၇) ဘုရင်အဖြစ် (၃၃)နှစ်အုပ်ချုပ်ခဲ့ရာ နန်းစံသက်(၁၃)နှစ်အရမှာ မိတ္ထီလာကန် ဆယ်ဖို့ခဲ့တယ်။ ‘ပသီ’လက်နက်ကိုင်တပ်သားတို့ ပါဝင်စေခဲ့တယ်လို့ ဟံသာဝတီဦးဘရင်ရေးတဲ့ ‘မြန်မာ့ယဉ်ကျေးမှုနဲ့ လယ်သမားရေးရာ’စာအုပ် စာမျက်နှာ(၂၅)မှာ တွေ့ရပါတယ်။

တောင်ငူခေတ်ဖြစ်တဲ့ မင်းခေါင်နော်ရထာလက်ထက် (၁၄၀၁-၁၄၁၂)အတွင်း ဒုတိယအကြိမ် မိတ္ထီလာကန်ဆည်ဖို့ ပြန်ရာ ‘ပသီ’လက်နက်ကိုင်တပ်သား(၁၀၀၀)၊ ရွေးလက်ျာတပ်သား(၁၀၀၀)လိုက်ပါဆည်ဖို့စေခဲ့တယ်လို့ ‘ကင်းဝန်မင်းကြီး စာပေါင်းစု’စာအုပ်၊ စာမျက်နှာ(၈၆)မှာ တွေ့ရတယ်။ အဲဒီအချိန်ကာလဟာ အတည်တကျနေထိုင်ကြရသေးတဲ့ ကာလမဟုတ်သေးပါဘူး။

ကုန်ဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက် သန်လျင်ကို ချီတက် တိုက်ခိုက်ရာ အောင်မြင်သဖြင့် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အစ္စလာမ်သာသနာဝင်အစု(၂၅၀၀)ကျော်ပါတယ်လို့ ဆိုတယ်။ ‘ဒါဝတ်’ဆိုသူနဲ့ ‘ပီးရ်မာမက်’ဆိုသူတို့ကို သွေးသောက်ကြီးများခန့်အပ်တာဝန်ပေးခဲ့တယ်။ ကိုယ်ရံတော်တပ်မှာ အမှုထမ်းစေခဲ့တယ်လို့ဆိုတယ်။ ‘ကုန်းဘောင်ခေတ်မဟာရာဇ၀င်တော်ကြီး’ပထမတွဲ စာမျက်နှာ(၁၈၅-၁၈၆)မှာ တွေ့ရ ပါတယ်။

ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့ ရမူး-ပန်းဝါတိုက်ပွဲမှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော်(၂၀၀)ကျော်ပါဝင်စေခဲ့တယ်လို့ ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ(၃၇၇)မှာ တွေ့ရပါတယ်။

မင်းတုန်းမင်းတရားကြီး(၁၈၅၂-၁၈၇၈)ဘုရင်ဖြစ်လာပြီးနောက် ညီတော် ကနောင်မင်းသားကြီးနှင့်တိုင်ပင်ကြီး စပါးကြိတ်စက်၊ စာပုံနှိပ်စက်၊ ယက်ကန်းစက်၊ လွှဝိုင်းစက် မဲနယ်လုပ်စက်၊ ဒင်္ဂါးလုပ်စက်ဆိုတဲ့ စက်မှုနိုင်ငံထူထောင်ရာမှာ အစ္စလာမ်သာသနာဝင်အလုပ်သမားများစွာပါဝင်စေခဲ့တယ်။ အတတ်ပညာသင်သွားရတဲ့ ‘မာလာမွန်’ ခေါ် ‘ဦးပွင့်’ဆိုသူဟာ အစ္စလာမ်သာသနာဝင်ဖြစ်ပြီး ပညာသင်ပြန်လာတဲ့အခါ ဖန်ချက်ဝန်အဖြစ် တာဝန်ပေးခံရတယ်လို့ ဦးမောင်မောင်တင် မဟာဝိဇ္ဇာပြုစုတဲ့ ပုဂံစာအုပ်တိုက်ထုတ် ‘မြန်မာမင်းလက်ထက်တော်စာတမ်းများ’စာအုပ် စာမျက်နှာ(၆၆၊ ၇၂၊ ၇၇) တို့မှာ တွေ့ရတယ်။

သီပေါမင်း(၁၈၇၈-၁၈၈၅)ခု နန်းစံနှစ်များအတွင်း တရုတ်တို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ပြီး ဗန်းမော်မြို့ကို သိမ်းကြလို့ မြန်မာဘုရင်ပိုင် သင်္ဘော(၃)စင်းနဲ့ ခုခံတိုက်ခိုက်ရာ တပ်ဗိုလ်အဖြစ် ‘ဦးဘိုးကာ’ (မေမြို့၊ ဟာဂျီဦးသန်းညွန့်၏ ဖခင်)က တာဝန်ယူဆောင်ရွက်ခဲ့ရတယ်။

(၁၈၈၅)ခု အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ပြန်တော့ မင်းလှခံတပ်က ဆီးကြိုတိုက်ခိုက်ခဲ့ရတဲ့စစ်ပွဲမှာ အမြောက် တပ်ကို ဦးဘိုးကာတပ်မှူးအဖြစ် တာဝန်ယူခဲ့ရတယ်လို့ မကွယ်လွန်မီကိုယ်တိုင်ပြောလို့ သိခဲ့ရတယ်။ (၁၈၈၅)ခု အထက်မြန်မာနိုင်ငံ သိမ်းဖို့ သရက်မြိုက အင်္ဂလိပ်တပ်တွေချီတက်လာတော့ ခုခံတိုက်ခိုက်မယ်လို့ သီပေါဘုရင်က စစ်ကြေညာပြီး စစ်ကြောင်းကြီး သုံးကြောင်း (၁) တောင်ငူစစ်ကြောင်း၊ (၂) အောက်မြစ်စစ်ကြောင်း (၃) ဧရာဝတီစစ်ကြောင်း တို့က ခုခံကြမယ်လို့ အမိန့်တော်ထုတ်လို့ အက္ကပတ်မြင်းဝန် ပင်လယ်မြို့စား မင်းကြီး မဟာမင်းထင်ရာဇာ (ငယ်မည် ဦးချုံ - အစ္စလာမ်သာသနာဝင်)ကို တောင်ငူစစ်ကိုင်းဦးဆောင်စေခဲ့တယ်။ ကုန်းဘောင်ဆက်ရာဇ၀င်တော်ကြီး တတိယတွဲ စာမျက်နှာ(၇၁၂)မှာ တွေ့ရတယ်။

(၁၈၈၅)-ခု နိုဝင်ဘာလ(၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီးခေတ်ဦး နယ်ချဲ့တော်လှန်ရေးသမားကြီးများပေါ် ခဲ့တယ်။ (ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်တို့နဲ့ခေတ်တူ) ပခုက္ကူ၊ မိတ္ထီလာ၊ ကျောက်ဆည်နယ်တို့မှာ သူပုန်ဗိုလ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ရာကွတ်ပါခဲ့တယ်။ ဗိုလ်ရာကွတ်ကိုဖမ်းမိတော့ အင်္ဂလိပ်ကို သစ္စာခံရင် ရာထူးပေးမယ်လို့ ချော့ခဲ့တာလက်မခံလို့ ကြိုးပေးခဲ့ရာ ဘုရင်ချီးမြှင့်ထားတဲ့ ကတ္တီပါအင်္ကျီအစိမ်းကိုဝတ်ပြီး ကြိုးစင်တက်အသက်ပေးခဲ့တယ်။ ဆင်ဖြူကျွန်းအောင်သိန်းရေး ‘နယ်ချဲ့ခေတ်ဦးတော်လှန်ရေးသမားကြီးများ’ စာအုပ်မှာတွေ့ရတယ်။

မြန်မာနိုင်ငံမှာ (၁၈၈၅)-ခု နိုဝင်ဘာလ(၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူသွားပြီး (၁၀)နှစ်ကျော် သူပုန် နှိမ်နင်းခဲ့ပြီးမှ အုပ်ချုပ်ရေးအနယ်ထိုင်ခဲ့တယ်။

နယ်ချဲ့သမားအုပ်ချုပ်မှုခေတ်

နယ်ချဲ့အုပ်ချုပ်ရေးသမားခေတ်အတွင်း (၁၉၂၀)ပြည့်နှစ်မှာပေါ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ သပိတ် မှောက်ရေး ဦးစွာစီစဉ်ခဲ့သူ(၁၁)ဦးမှာ ဦးဘရှင်သံတွဲ(အစ္စလာမ်သာသနာဝင်)ပါခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ် ‘မြန်မာ့နိုင်ငံရေးအခြေပြသမိုင်း’ ပထမတွဲ စာမျက်နှာ(၂၀၀)မှာ တွေ့ရတယ်။

(၁၉၀၆)ခုမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(၀ိုင်အမ်ဘီဘေ)ပေါ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုများ လုပ်ကြသလို (၁၉၀၉)ခုနှစ်မှာ ‘ဘားများမွတ်စလင်မ် ဆိုဆိုက်ယီတီ’အဖွဲ့ခေါ်ခဲ့ပြီး ၀ိုင်အမ်ဘီအေလုပ်သလို လုပ်ခဲ့ကြတယ်။ (၁၉၂၀)ပြည့်နှစ် သပိတ်ကြီးကို အခြေခံပြီးပေါ်ပေါက်လာတဲ့ အမျိုးသားကျောင်းများဖွင့်ကြရာ မန္တလေးမြို့မှာ ‘ဆရာကြီး ဦးရာဇတ်’က ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်တဲ့ အမျိုးသားကျောင်းပေါ်ခဲ့တယ်။
(၁၉၃၀)ပြည့်နှစ် ဆရာစံခေါင်းဆောင်တဲ့ လယ်သမားသူပုန်ကြီးပေါ်ခဲ့ရာ အဆင့်မြင့်တပ်သားကြီးအဖြစ် အစ္စလာမ် သာသနာဝင် ‘ဦးဒူးဒူး’ဆိုသူပါခဲ့ပြီး ဆရာစံသူပုန်ဌာနချုပ် အလံတောင်အနီးရှိဝံကိုက်ရွာ(ဥက္ကံမြို့မြောက်ဘက်၊ သူပုန်ဌာနချုပ်ရဲ့ အရှေ့ဘက်မှာရှိတယ်။ အိမ်ခြေ(၁၈၀)ရှိပြီး ဗလီနှစ်လုံးရှိတယ်။ ရွာလုံးကျွတ်အစ္စလာမ်သာသနာဝင်များ ဖြစ်ကြတယ်။) ရွာသားလယ်သမားအများစု ဆရာစံသူပုန်မှာပါဝင်ခဲ့ကြတယ်။ (ကြိုးကျကျွန်းပြန် ဦးဘိုးဖြူပြုစုခဲ့တဲ့ ‘ဗြိတိသျှ အစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က’စာအုပ်၊ စာမျက်နှာ(၄၁၊ ၄၆၊ ၄၇)မှာ တွေ့ရတယ်။

(၁၉၃၀)ပြည့်နှစ် နောက်ပိုင်း တို့ဗမာအစည်းရုံး (သခင်လူငယ်အဖွဲ့)ပေါ်ခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ မြင့်တက်ခဲ့တယ်။ အစ္စလာမ်သာသနာဝင်လူငယ်များ သခင်အဖြစ် ပါဝင်ခဲ့ကြတာရှိတယ်။ ရေနံမြေအလုပ်သမား သပိတ်ကြီးပေါ်လာတော့ ဘ၀တူအလုပ်သမားများနဲ့အတူ အစ္စလာမ်သာသနာဝင် အလုပ်သမားများ ပါဝင်ခဲ့ကြတယ်။ ဦးသော်ရေး ‘အိန္ဒိယမြန်မာဆက်ဆံရေးမှတ်တမ်း’စာအုပ် စာမျက်နှာ(၁၂၇)။

(၁၉၃၈)ခု ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ‘ဗမာမွတ်စလင်မ်နိုးကြားရေးအဖွဲ့’ပေါ်ခဲ့တယ်။ ‘တို့ဗမာအစည်းအရုံး’ ကြွေးကြော်သံ ‘ဗမာပြည် - တို့ပြည်၊ ဗမာစာ - တို့စာ၊ ဗမာစကား - တို့စကား’ဆိုတဲ့ ကြွေးကြော်သံကို ထပ်တူလက်ခံပြီး တို့ဗမာအစည်းအရုံးနဲ့လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြတယ်။

(၁၉၃၆-၁၉၃၈)ခုနှစ်များမှာ သပိတ်မှောက်ကြတဲ့ ကျောင်းသားများသပိတ်တိုက်ပွဲကြီးမှာ တိုင်းရင်းသားအစ္စလာမ်ဝင် ကျောင်းသူကျောင်းသားများ သပိတ်တိုက်ပွဲဝင်ခဲ့ကြတယ်။

(၁၉၄၂-၄၅)ကတော့ ဂျပန်ခေတ်ဖြစ်ပါတယ်။ ဂျပန်ခေတ်အတွင်း ဗမာ့လွတ်မြောက်ရေးတပ်မတော်(ဘီအိုင်အေ)မှ ဗမာ့ကာကွယ်ရေးတပ်(ဘီဒီအေ) ပြန်လည်ဖွဲ့စည်းရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်လူငယ်တို့ပါဝင်စစ်မှုထမ်းကြ တယ်။ (ဘီဒီအေ)တပ်မတော်ထဲက စည်းကမ်းရှိသူတို့ကို ဗိုလ်သင်တန်းတက်ခွင့်ပြုခဲ့လို့ တက်ခဲ့ကြပြီး ၃-လိုင်းတစ်ပွင့်ဗိုလ် ဖြစ်ခဲ့ကြသူတို့လည်း ရှိခဲ့ကြတယ်။

ဂျပန်ခေတ်အတွင်းမှာပဲ အာရှလူငယ်များအစည်းအရုံးပေါ်လာတော့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ ရာထောင်မက ပါဝင်ခဲ့ကြတယ်။

ဗမာ့ကာကွယ်ရေးတပ်မတော်ကဦးဆောင်ပြီး ဂျပန်တော်လှန်ရေးလုပ်ကြရာမှာ တပ်မတော်သားတို့က စစ်ရေးတာဝန် ယူခဲ့ကြသလို အာရှလူငယ်အဖွဲ့ဝင်ထဲက လက်ရွေးစင်လူငယ်တွေကို မဟာမိတ်တပ်နဲ့ ဆက်သွယ်ရေးတို့ကို တာဝန်ပေးခဲ့လို့ တစ်ချို့ အမေရိကန်တပ်(၀မ်းအိုဝမ်း)နဲ့ ဆက်ခဲ့ကြပြီး လေထီးဆင်းခဲ့ကြသူတို့ရှိခဲ့ကြတယ်။ မဟာမိတ် အင်္ဂလိပ်တပ်ဦးနဲ့ဆက်သွယ်ရသူတို့လည်းရှိခဲ့ကြသည်။ ဂျပန်တပ်သားတို့ရဲ့ အန္တရာယ်ကြားမှာ သက်စွန့်ကြိုးပမ်း မဟာမိတ် တပ်နဲ့ ဆက်သွယ်ရေးလုပ်ခဲ့ကြတာလလဲ အများပင်။ ဂျပန်တော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်လူငယ်တို့ ရာဂဏန်းမကပါဘူး။ (ဦးကျော်ဝင်းမောင် ဝမ်းအိုဝမ်း)

(၁၉၄၅)-ခု ဒုတိယကမ္ဘာစစ်ပြီး မဟာမိတ်တပ်တို့ပြန်ဝင်လာကြတော့ ဗမာပြည်ဆက်လက်အုပ်ချုပ်ရေး စီမံကိန်း တို့ကို ချလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့(ဖတပလ)မှ (ဖဆပလ)အဖွဲ့ချုပ်ကြီးက လူထုအုံကြွမှုတိုက်ပွဲဆင်လာ ကြတော့ ‘ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ကြီး’ (၁၉၄၅)ခုနှစ် ဒီဇင်ဘာမှာ ပေါ်လာတယ်။ (ဖဆပလ) တပ်ပေါင်းစုအဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး လုံးဝလွတ်လပရေး တိုက်ပွဲဆင်နွှဲကြရာမှ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် လူထုကြီးတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြတယ်။

တိုင်းပြည်လုံးဝလွတ်လပ်ရေးဆောင်ရွက်ရန် ယာယီကြားဖြတ်အစိုးရအဖွဲ့မှာ ‘ဆရာကြီးဦးရာဇတ်’ ၀န်ကြီးတစ်ဦး အဖြစ်တာဝန်ယူခဲ့ရတယ်။ (ဖဆပလ)ဗဟိုဦးစီးအဖွဲ့မှာ ဆရာကြီးဦးရာဇတ်၊ မစ္စတာအက်စ်အေရာမန် နဲ့ ဦးဘတင်(ခ) မစ္စတာ အက်စ်အေရရှီးဒ် တို့ ပါဝင်ခဲ့ကြတယ်။

တိုင်းပြည်လုံးဝလွတ်လပ်ရေး၊ မြန်မာနိုင်ငံအ၀ှမ်းပါဝင်ရေး၊ ပင်လုံစာချုပ်ကြီးဖြစ်ပေါ်လာရေးကိစ္စ ဆောင်ရွက်ရာမှာ ဦးဖေခင်(သံအမတ်ကြီး-ငြိမ်း)ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုဟာ မသေးလှပါဘူး။

တိုင်းပြုပြည်ပြုလွှတ်တော်မှာ (ဖဆပလ)အမတ်များအဖြစ် ရွေးချယ်ခံကြရပြီး လွှတ်တော်အမတ်များအဖြစ် …..

(၁) ဦးရာဇတ် (မန္တလေးမြို့၊ မြို့မရှေ့ပိုင်း)
(၂) ဦးသန်းညွန့်(မေမြို့) (မန္တလေး၊ ကျေးလက်တောင်ပိုင်း)
(၃) ဦးခင်မောင်လတ် (မြောင်းမြ၊ ကျေးလက်တောင်ပိုင်း)
(၄) ဦးဖေခင် (ရမည်းသင်း၊ ကျေးလက်မြောက်ပိုင်း)
(၅) ဦးသန်းမြင့် (မော်လမြိုင်၊ မြောက်ပိုင်း)
(၆) ဒေါ်စောရွှေ (ရန်ကုန်မြို့မလမ်းမတော်)တို့ လွှတ်တော်အမတ်များဖြစ်လာကြပါတယ်။

တိုင်းပြုပြည်ပြုလွှတ်တော်က နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းရေးဆွဲရာမှာ ဌာနမျိုးစုံမှာ ခွဲဝေတာဝန်ယူခဲ့ကြ ပါတယ်။ လွတ်လပ်ရေးမကြေညာခင် (၁၉၄၇)-ခု ဇူလိုင်လ(၁၉)ရက်နေ့ နိုင်ငံတော်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတော့ ‘ဆရာကြီးဦးရာဇတ်’နဲ့ သက်တော်စောင့် ‘ရဲဘော်ကိုထွေး’တို့ အသက်ပေးသွားကြရပါတယ်။

တိုင်းပြည်လွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ကြရာမှာ ပါလီမန်-တွင်း၊ ပါလီမန်-ပ လုပ်ရပ်တွေမှာ ဗမကအဖွဲ့ချုပ်ဟာ ကျရာတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

ဖော်ပြပါတို့ဟာ ‘ဘာတွေလုပ်ခဲ့ကြသလဲ’ခေါင်းစဉ်ရဲ့ အကျဉ်းသာဖြစ်ပါတယ်။

= = = = = = = = = = = = = = = = = = = = =
(၄) ဘယ်ကိုသွားကြမှာလဲ

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး နည်းနည်းရှင်းချင်ပါတယ်။

လူ့အဖွဲ့အစည်းတိုင်းမှာ တေးကဗျာလင်္ကာတွေပေါ်ခဲ့တယ်။ နတ်ရှင်နောင်ဟာ ကဗျာ့ပါရဂူရှင်လို့တောင် ဆိုကြတာ ရှိပါတယ်။ သူ့ကဗျာတွေဟာ မေတ္တာဘွဲ့များပါတယ်။

ပြည်န၀ဒေးကြီးလို့ကျော်ကြားခဲ့တဲ့ စာဆိုကြီးဟာ အင်းဝမှပြည်သို့ ဧရာဝတီကြောင်းက စုန်ဆင်းခဲ့တယ်။ လမ်းတစ်လျှောက်မှာတွေ့ရတဲ့ တော၊ တောင်၊ စေတီ၊ ပုထိုးတို့ကို စပ်ဆိုခဲ့တယ်။ သူ့ကဗျာထဲမှာ သင်ခန်းစာယူစရာတွေ ပါခဲ့တယ်။

စာဆိုရှင်ကြီး ‘မုဟမ္မဒ်ကာစင် (ခေါ်) ဆရာကြီးဦးနု’ဟာ (၅၅)ပိုဒ်ပါတဲ့ လင်္ကာကြီးကို ခရီးသွားမှတ်တမ်းအဖြစ် ရေးစပ်ခဲ့တယ်။ အပိုဒ်တိုင်းက အစ္စလာမ်သာသနာကို အခြေခံခဲ့တယ်။ ရောက်ရာအရပ်မှာ မွေးမြူဖန်ဆင်းရှင် အလ္လာဟ် အရှင်ကိုအမြဲတမ်းသတိရနေရမယ်။

နှစ်ဘ၀ကျေးဇူးရှင် မဟာတမန်တော်မြတ်ကို အမြဲမပြတ် မေတ္တာပို့နေရမယ်။ ကုန်းပေါ်နေနေ၊ ရေပေါ်ရောက်ရောက် ဆွလာသ်(၅)ကြိမ်ဝတ်ပြုရမယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို အမြဲမပြတ်ဖတ်ရွတ်ရမယ်လို့ သာသနာ့လမ်းညွှန်မှု ပြုခဲ့တယ်။ သူကိုယ်တိုင်လည်း မပျက်လိုက်နာဆောင်ရွက်ခဲ့တယ်လို့ဆိုတယ်။

အဆိုတော် ခင်မောင်ရင် (ဇာတ်လိုက်မင်းသား)က စစ်မဖြစ်ခင် ‘ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်’ လို့ အမျိုးသားစိတ်ဓါတ်တက်ကြွအောင်ဆိုခဲ့တဲ့ နဂါးနီသီချင်းဟာ ဒီနေ့ထိ မရိုးနိုင်သေးပါဘူး။ အမျိုးသားစိတ်ဓါတ်ကိုလည်း တက်ကြွစေခဲ့တယ်။

စာဆိုရှင်ကြီးတွေစပ်ဆိုခဲ့ကြတဲ့ တေး၊ ကဗျာ၊ လင်္ကာတွေဟာ ဘ၀အတွေ့အကြုံကို အခြေခံပြီး ရေးခဲ့စပ်ဆိုခဲ့ကြ တာပါ။
‘စာပေ၊ ၀တ္ထု၊ ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းညှင်းကို မကင်းမပြတ် ဖတ်ရွတ်လေ့ကျက် တီးမှုတ်လျက်သာနေကောင်းစွာတည်း’လို့ ၀န်ကြီးပဒေသရာဇာက ဆိုခဲ့ပါတယ်။

ကျွန်တော်တို့ အစ္စလာမ်သာသနာရေးရာကောင်စီမှာ အတွင်းရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်(ကွယ်လွန်)က အစ္စလာမ်သာသနာရေးရာကောင်စီနဲ့ တိုင်းရင်းသားနိုင်ငံသားအားလုံးနဲ့ အကျွမ်းဝင်တဲ့ တေးနှစ်ပုဒ် စပ်ခဲ့တယ်။ ‘အာန်ဆွာရီတေး’နဲ့ ‘အားလုံးအညီ’။ ဒီသီချင်းနှစ်ပုဒ်ကို ကျွန်တော်တို့ အမြတ်တနိုး သီဆိုနေကြတယ်။ သီချင်း အဓိပ္ပါယ်ကိုတော့ ဂဃနဏစဉ်းစားနားလည်ကြတယ်လို့ မထင်ပါဘူး။ (သီချင်းစာသားမှာ) ‘တိုင်းရင်း မွတ်စလင်မ် နောက်ကျခဲ့လှပြီ’တဲ့ အတိတ်ကိုဖော်ပြတာပါ။ ‘လျင်စွာထင်စွာ ရှေ့သို့စိုက်စိုက်ချီ’တဲ့ ပစ္စုပ္ပန်ကိုဖော်ညွှန်းတာပါ။ ‘ဘာသာစုံလေးစားကြမှအတည် … တိုင်းရင်းသားပေါင်းစုံ တကယ်ပင်ချစ်ကြည်စေမည်’တဲ့ အနာဂတ်အတွက် လမ်းညွှန်တာပါ။

သင်ခန်းစာယူရမယ့် အတိတ်ဖြစ်ရပ်

ပင်လုံစာချုပ်ကြီးချုပ်ဆိုခဲ့တဲ့ ဖေဖော်ဝါရီလ(၁၂)ရက်ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့ပြီး နှစ်စဉ်ပြည်ထောင်စုနေ့ ကျင်းပခဲ့တယ်။ ပြည်ထောင်စုနေ့ကျင်းပတိုင်း အနယ်နယ်အရပ်ရပ်က လူမျိုးပေါင်းစုံလာရောက်ကြတာ နှစ်စဉ်ပါ။
(၁၉၅၂၊ ၅၃-၅၄)ခုနှစ်များက ရန်ကုန်မှာကျင်းပတဲ့ လူမျိုးပေါင်းစုံတို့ကိုကြိုဆိုရေး၊ နေရာချထားရေး၊ ဧည့်ခံရေးတို့ကို ရန်ကုန်ခရိုင်(ဖဆပလ)က တာဝန်ယူရပါတယ်။ အဲဒီတာဝန်သုံးရပ်ကို ဖဆပလတပ်ပေါင်းစုအတွင်းမှာရှိတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်ခဲ့ရလို့ ရန်ကုန်ခရိုင်(ဗမက)ကိုယ်စားလှယ်(၅)ဦးပါဝင်ကြရာမှာ ကျွန်တော်ရယ်၊ ဟာဂျီဦးတင်မောင် (န၀ါဗ်)၊ ဟာဂျီဦးစလေမန်တင်မောင်၊ ဦးနူးရ်ကိုလေးတို့ နှစ်စဉ်ပါဝင်ခဲ့ကြရတယ်။

အနယ်နယ်အရပ်အရပ်မှ လူမျိုးစုခေါင်းဆောင်တို့နဲ့ ရင်းနှီးမှုရခဲ့ကြတယ်။ ဒီရင်းနှီးမှုက ဘယ်မှာအကျိုးရှိခဲ့သလို ဆိုတော့ နိုင်ငံတော်ဘာသာပြုလုပ်ရေးကန့်ကွက်ကြတော့ အဲဒီလူမျိုးပေါင်းစုံတို့နှင့် လက်တွဲမိခဲ့ကြတယ်။ ပိုမိုရင်းနှီးခဲ့ကြ တယ်။ ခုတော့ သေကုန်တဲ့လူတွေများပါပြီ။ အသက်မသေကျန်နေကြသူတို့နဲ့ ဒီနေ့အထိ ချစ်ခင်ရင်းနှီးမှုရှိကြပါတယ်။
အစ္စလာမ်ကောင်စီပေါ်ပေါက်အောင် အုတ်မြတ်ချခဲ့သူများ အစ္စလာမ်ကောင်စီမှာ မရှိကြတော့ပါ။ ကျွန်တော်လဲ အုတ်မြစ်ချခဲ့သူမဟုတ်ပါ။ အုတ်မြစ်ချခဲ့သူအားလုံး အလ္လာ့ဟ်ထံပြန်ကုန်ကြပါပြီ။ ဒါကြောင့် သာသနာနဲ့ တိုင်းရင်းသား၊ နိုင်ငံသားတို့အကျိုးဆောင်နိုင်မယ့် မျိုးဆက်သစ်ပညာတတ်ထက်မြက်သူတွေ လိုပါတယ်။

ဒီကနေ့ အစ္စလာမ်ကောင်စီက 'မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေး'ဆိုပြီးလမ်းနှစ်သွယ်ချမှတ်ထားပါတယ်။ ဒါကြောင့် မွတ်စလင်မ်ပီသရေးအတွက် အာန်ဆွာရီသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြင့်မားစွာ ပို့ချဖို့လိုအပ်သလို တိုင်းရင်းသားပီသရေး(အမျိုးသားရေး)အတွက် အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပို့ချဖို့ကိုလည်း အထူးလိုအပ်ပါတယ်။ တစ်ဆက်တည်း ဒီနေရာမှာ ပြောချင်တာက ကိုယ့်သမိုင်းကို ကိုယ်တိုင်မသိကြရင် တိုင်းရင်းသားကောင်းများဖြစ်လာဖို့ မလွယ်ပါ။ အနာဂတ်ရင်လေးဖို့ကောင်းပါတယ်။ ဗိုလ်မှူးဘရှင်ချခဲ့တဲ့ လမ်းညွှန်မှုဟာ 'ဘယ်ကိုသွားကြမှာလဲ'ဆိုတဲ့ လမ်းကြောင်းပါ။ သက်ဆိုင်ရာ ပညာရှင်များကလည်း 'သမိုင်းပျောက်ရင် ဇာတိပျောက်မယ်၊ ဇာတိပျောက်ရင် မျိုးချစ်စိတ်ပါ ပျောက်လိမ့်မယ်'လို့ ဆိုထားပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်အပါအ၀င်ကောင်စီအဆင့်ဆင့်ရှိ ခေါင်းဆောင်တချို့ စိုးရိမ်သောကရှိခဲ့တာကြောင့် ကောင်စီဌာနချုပ်ဥက္ကဌကြီး ဟာဂျီဦးသိန်းနှင့် အကြေအလည်ဆွေးနွေးပြီး သာသနာရေး၊ အမျိုးသားရေးမှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မေမြို့(ပြင်ဦးလွင်) ၁၅-ကြိမ်မြောက် ဦးစီးညီလာခံမှာ အဆင့်မြင့်သင်တန်းဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေး

ဒီကနေ့အခြေအနေဟာ ကျွန်တော်တို့အားလုံးအတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ဖို့ အထူးလိုအပ်တဲ့အချိန်အခါဖြစ်ပါတယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေး မှန်ကန်စွာတည်ဆောက်ရယူနိုင်ဖို့ အခြေခံမူတစ်ခု အကြံပြု တင်ပြအပ်ပါတယ်။

ကျွန်တော်တို့တစ်မျိုးသားလုံး အတိတ်ခေတ်အဆက်ဆက်ကာလတိုင်းမှာ အမိနိုင်ငံအတွက် ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့နှင့်အတူ ပတ်ဝန်းကျင်နိုင်ငံများနှင့်စစ်မက်ဖြစ်ပွားခဲ့ရာမှာသော်လည်းကောင်း၊ ဗြိတိသျှတို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်မှုများကို ခုခံတွန်းလှန်ရာမှာသော်လည်းကောင်း၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ရာမှာသော်လည်းကောင်း၊ လွတ်လပ်ရေး ကြိုးပမ်းကြရာမှာသော်လည်းကောင်း အညီအညွတ်ပေါင်းစည်းဆောင်ရွက်ခဲ့တာဟာ သမိုင်းရဲ့ ကာလတိုင်းမှာ အထင်အရှားပါ။

အဆိုပါ တိုင်းပြည်နှင့်လူမျိုးအတွက် ခေတ်အဆက်ဆက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနှင့်အတူ ပါဝင်ဆောင်ရွက် ခဲ့ကြတဲ့ သမိုင်းတန်ဖိုးများကို အခြေပြုပြီး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ခြင်းဟာ မှန်ကန်တဲ့ ဆောင်ရွက်ချက်ပင် ဖြစ်ပါတယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အခမ်းအနားများမှာ သ၀ဏ်လွှာပေးခြင်း၊ မိန့်ခွန်းပြောကြားခြင်းတို့မှာ အဆိုပါ အချက်အလက်များထည့်သွင်းဖော်ပြဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

ခေါင်းစဉ်(၄)ရပ်ကို သဘောပေါက်နားလည်ခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းတို့သည်သာ ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် မဟာတာဝန်ဖြစ်ဖြစ်တယ်။ ဖြစ်စဉ်သမိုင်းတို့ကို ပိုမို သဘောပေါက်ကြအောင် လေ့လာကြပါ။

"သမိုင်းတို့သာလျှင် တိုင်းရင်းသား နိုင်ငံသားအားလုံးတို့အတွက် သက်သေခံဖြစ်မှာပါ"

အားလုံးအပေါ်သို့ ချမ်းမြေ့သာယာမှုအပေါင်းသက်ရောက်ပါစေ ........... အာမီးန် .....

ပသီဦးကိုကိုလေး

(အဆင့်မြင့်သင်တန်း၊ ၂၅-၃၀.၇.၁၉၉၉-ခု၊ ဇုန်(၂) ရန်ကုန် နှင့် ၃-၉.၄.၂၀၀၀ ခု ဇုန်(၃) မော်လမြိုင်တို့တွင် နာယကကြီး ပသီဦးကိုကိုလေး၏ ပို့ချချက်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

ပသီဦးကိုကိုလေး၏ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ် စာအုပ်မှ ပထမအပိုင်းကို ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ဒုတိယပိုင်း "မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ"ခေါင်းစဉ်ကို ဆက်လက်တင်ပြပေးပါမယ်။

ဝိုင်း

Australian Leadership Awards Scholarships

Applications for the 2011 intake open on 10 March 2010
and close on 30 June 2010



The Australian Leadership Awards (ALA) aim to develop leadership and build partnerships and linkages within the Asia-Pacific, while addressing priority development issues of the region.

The ALA program comprises ALA Scholarships and ALA Fellowships. These awards are for leaders or those who have potential for leadership roles that can influence social and economic
reform, both in their own countries and in the Asia-Pacific region.


ALA Scholarships are for study at Masters or Doctorate level in an Australian university. Study programs must relate to a priority development area: disability, economic growth, education,
environment, food security, gender, governance, health, human rights,
infrastructure, regional stability, rural development, water and
sanitation. ALA scholars also undertake a Leadership Development
Program in Australia.



As ALA Scholarships are an investment in the future of the Asia-Pacific region, ALA scholars are required to return to their home country or the region for two years after they have completed their studies in Australia.


Selection for ALA Scholarships is competitive, based on leadership qualities, academic excellence and potential impact on return home. To be eligible to apply, you must meet the following
criteria.
Eligibility criteria for ALA Scholarships
Nationality You must be a citizen of one of these countries, and not hold or be married/engaged to someone who holds Australian or New Zealand
citizenship or permanent residency (except for nationals of Niue,
Tokelau and Cook Islands who also have NZ citizenship) Afghanistan; Bangladesh; Bhutan; Burma (Myanmar); Cambodia; Caribbean: Antigua & Barbuda, Bahamas, Barbados, Belize, Dominica, Grenada, Guyana, Haiti, Jamaica, Saint Kitts & Nevis, Saint Lucia, Saint Vincent and
the Grenadines, Suriname, Trinidad & Tobago; China; Cook Islands;
Federated States of Micronesia; Fiji; India; Indonesia; Iraq; Kiribati;
Laos; Latin America:
Argentina, Bolivia, Brazil, Chile, Colombia, Costa Rica, El Salvador,
Ecuador, Guatemala, Honduras, Mexico, Nicaragua, Panama, Paraguay,
Peru, Uruguay, Venezuela; Maldives; Marshall Islands; Mongolia; Nauru;
Nepal; Niue; Palau; Papua New Guinea; Philippines; Samoa; Solomon
Islands; Sri Lanka; Thailand; Timor-Leste; Tokelau; Tonga; Tuvalu;
Vanuatu; Viet Nam; Wallis & Futuna
Current residence You must be residing in a country other than Australia and applying from outside Australia
Previous scholarships You must not have held a scholarship to study outside your home country in the 24 months preceding the application closing date. For example: the application closing date is 30 June 2010. You would meet this requirement if you arrived home from your overseas study on 30
June 2008.
English proficiency You must have acceptable results from one of these English language proficiency tests, gained no longer than 24 months prior to the opening
date of the Scholarship application period.

* an IELTS Academic Test with a score of at least 6.5 (with no band less than 6), or
* a TOEFL paper-based test score of at least 580, or
* a TOEFL computer-based test score of at least 237, or
* a TOEFL internet-based score of at least 92.

University offer You must have an unconditional offer for a postgraduate course (either Masters or Doctorate) starting in the year for which you are applying
for a scholarship, to be undertaken full-time at an Australian campus
of one of the participating institutions. Participating institutions

Note: Study programs in Australia (including distance education) that have already commenced will not be supported.
Applying for a scholarship

If you intend to apply, you must read the Australian Leadership Awards Scholarship Handbook available from the ALA Scholarship—Documents Section of this website.

* How to apply for an ALA Scholarship
* Participating institutions
* ALA Scholarships—Documents
* Frequently asked questions

Other useful links

* Study in Australia
* Australian Department of Immigration and Citizenship
* Australian Department of Foreign Affairs and Trade
* Australian Customs and Border Protection Service
* Australian Tourism Commission
* IELTS
* TOEFL

Islam and Democracy in East Asia

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management