မဇ်ဟဗ်များ ကွဲလွဲခြင်းဆိုသည်မှာ

               အစ္စလာမ် သာသနာတော်၏ ပညတ်ချက်အတော်များများသည် ကွဲလွဲမှုမရှိ၊ ကွဲလွဲခွင့်မရှိ
သည့် ပညတ်ချက်များဖြစ်သည်။ သို့သော် အချို့အမှုကိစ္စများသည် ကုရ်အာန်၊ ဟဒီးဆ် ၌ အတိအလင်းဖော်ပြထားခြင်း မရှိသောကြောင့် ထိုကိစ္စများနှင့် ပတ်သက်၍ တရားတော်၏ အမိန့်မည်
သို့ ရှိသည်ကို မေးမြန်းဆည်းပူးနိုင်ရန် ၀ါရင့်၊ သမ္ဘာရင့်၊ ကျယ်ဝန်းနက်ရှုင်းစွာ အသိအမြင်ရှိသူ၊ သစ္စာသမာဓိရှိသူထံ ချဉ်းကပ်ရန် အရေးကြီး၏။ အီမာန်ကြီးလေးပါးစလုံးသည် ဖော်ပြပါ အရည်အချင်းများ
နှင့် ညီညွတ်ပြီး၊ အစ္စလာမ့်လောက၌ တညီတညွတ်တည်း လက်ခံထားခြင်းခံရသူများဖြစ်သောကြောင့်ယင်းတို့၏ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်မှ ဖော်ထုတ်ထားသော ပညက်ချက်များကို ဥပဒေအကျယ်ပြန်များအဖြစ်လက်ခံထားကြသည်။ 
ထို့ကြောင့် အလ္လာဟ့် ရစူလ် ၏ မိန့်မြွက်ချက်များကို နာခံရမည့် အစား ထိုပုဂ္ဂိုလ်များ၏ အမိန့်ကိုနာခံနေကြသည် ဆိုလျှင်မမှန်ကန်ပါ။ အလ္လဟ့်၊ ရစူလ်၏ မိန့်မြွက်ချက်များကို ထိုသူတော်စဉ်အီမာန်ကြီးများက ဖော်ထုတ်ခြင်းဖြစ်သဖြင့် မှန်ကန် ခိုင်လုံသည် ဟုမှတ်ယူရမည်။ ထိုအီမာန်ကြီးများ၏ ဥပဒေအကျယ်ပြန်ချင်းကို မည်သည့် အသိတရားရှိသူမျှ မူလဥပဒေနဲ့ဆန့်ကျင်သည်ဟု သဘောမပိုက်ပါ။ သို့ပါ၍ အီမာန်လေးပါးစလုံးက ကုရ်အာန်၊ ဟဒီးစ်မှ ကောက်နှုတ်ဖော်ပြထားခြင်း
ကြောင့် ထိုအီမာန်ကြီးများ၏မဇ်ဟဗ်(ကျမ်းတော်မြတ်ကုရ်အာန်
နှင့် ဟဒီးစ်တော်များမှ ဖော်ထုတ်ထားသော ပညတ်ချက်) အပေါ် လိုက်နာကျင့်သုံးခြင်းသည် ကုရ်အာန်၊ ဟဒီးစ် အပေါ်လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ ဖိကဟ် မဇ်ဟဗ် အားလုံးသည်ရှရီအသ် မြစ်ကြီးမှ ခွဲထွက်လာသော မြစ်လက်တက်များဖြစ်သည်ဟု မှတ်ယူထားရမည်။

အီမာန်ကြီးများ အလျှင် ခေတ်သည် ခိုင်းရုလ်ကုရူန်း (အကောင်းဆုံးခေတ်) ဖြစ်၏။ ထိုခေတ်ရှိမွတ်စ်လင်မ်များသည် မိမိတို့ စိတ်ကြိုက် ဆောင်ရွက်ခြင်းမရှိကြပဲ ဆွဟာဗဟ် များထံမေးမြန်းဆည်းပူးကြ၍ ကျင့်သုံးခဲ့ကြသည်။ အီမာန်ကြီးများခေတ်နောက်ပိုင်း အိဂ်ျသေဟားဒ် (ကုရ်အာန်နှင့် ဟဒီးစ်တော်မှ ပညတ်ချက်ဖော်ထုတ်ခြင်း) လုံးဝ လုပ်ခွင့်မရှိဟူ၍မဟုတ်ပါ။ အိဂ်ျသေဟားဒေ မုသွလားက် (မိမိ အသိဥာဏ်ဖြင့် ကုရ်အာန်နှင့် ဟဒီးစ်တော်မှ ပညတ်ချက်များကို ဖော်ထုတ်ခြင်း) အတွက် အထူးလိုအပ်သော အသိ၊ပညာ၊သိက္ခာ၊သမာဓိ၊ သက္က၀ါစံချိန်မမှီခြင်းသာဖြစ်သည်။ ထိုသို့သော အဆင့်ရှိသူ မပေါ်ပေါက်နိုင်တော့ပါ။ အကယ်၍ အိဂ်ျသေဟားဒ်ပြုခွင့်ရှိနေသေးပါက အုမ္မသ်ထု အတွင်း၌ စည်းလုံးမှု ပျက်ပြားမည့် အန္တရာယ်ရှိနိုင်ပေသည်။
အီမာန်ကြီးများ ကွဲလွဲခဲ့သည်ဆိုရာ၌ လူတစ်ဦးနှင့်တစ်ဦး သဘောပေါက်နားလည်နိုင်မှု၊ စဉ်းစားတွေးခေါ်မှု
နှင့် သုတေသနပြုနိုင်စွမ်း ခြားနားခြင်းသည် ပင်ကိုယ်သဘာဝ ပင်ဖြစ်သောကြောင့် ၄င်းတို့၏ ထိုးထွင်းကြံဆ၊ တွေးခေါ်ဆုံးဖြတ်မှုများသည်လည်း ခြားနားနေမည်ဖြစ်သည်။ ကွဲလွဲနေမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ထိုအီမာန်ကြီးများသည် တရားတော်၏ သဘောတော်နှင့် အညီ ကွဲလွဲနေခြင်းဖြစ်သဖြင့် အမှန်တရား အပေါ်၌ကွဲလွဲခြင်းသာ ဖြစ်ပေတော့သည်။ အီမာန်ကြီးလေးပါးစလုံးသည် အမှန်တရားပေါ်၌ရှိကြ၍တစ်ပါးပါးဖော်ထုတ်ထားသော မဇ်ဟဗ်အပေါ်လိုက်နာ ခြင်းသည် အမှန်တရားအပေါ် လိုက်နာကျင့်သုံးခြင်းမည်၏။ သို့သော် တပြိုင်နက် လေးပါးစလုံး၏ ပညတ်ချက်ကိုလိုက်ခံနိုင်ရန် မဖြစ်နိုင်။ တစ်ပါးပါး ဖော်ထုတ်ထားသော ပညတ်ချက်ကို လိုက်နာရန်အရေးကြီး၏။ သို့မဟုတ်ပါက လမ်းမှား၍ စိတ်ကြိုက်စိတ်အလိုလိုက်မှုများဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဖိကဟ်ကျင့်စဉ်တစ်ခုအပေါ်အတည်တကျလိုက်နာရင် ၀ါဂျဗ် ဖြစ်သည်။ သို့မဟုတ်ပါက စိတ်ကြိုက် အလိုလိုက်ခြင်းနှင့် မိမိ ကိုယ်ကျိုးဖတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။

--------------------------------------------------------------------------------------------------------------
ဟဇရသ်မော်လာနာ မွဖ်သီ ယူစွဖ် (လုဒ်ယာန၀ီ) ၏ မဇဟဗ်များအကြောင်းရေးဖြေဆိုထားသော ဖသ်ဝါလုဒ်ယာန၀ီကျမ်း(2) အား မှီငြမ်း ရေးသားသည်။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management