Showing posts with label နှိင်ငံရေး ဆောင်းပါးများ. Show all posts
Showing posts with label နှိင်ငံရေး ဆောင်းပါးများ. Show all posts

မြန်မာမွတ်စလင် နှင့် facebook ပြဿနာ



ဒီဖေ့ဘုတ် ကြောင့် ဖြစ်ရတဲ့ ပြသနာ တွေ အခုတစ်လေား ဆက်တိုက်ဆိုသလိုကြားနေရပါတယ်။ ဘာသာရေး ၊ လူမျိုးရေး ၊နှိင်ငံရေး ဇာရိတ္တ ပိုင်းနဲ့ စည်းပွားရေး အပိုင်းကိစ္စတွေပါ ပါမကျန် ပြဿနာ အရှုပ်အထုတ်ပေါင်း သောင်းခြောက်ထောင်နဲ့ပါ။အဲ့ဒီလိုပါပဲ တဖက်ကလည်း ကောင်းတဲ့ ပညာဗဟုသုတ နည်းပညာ သတင်းအချက်အလက် စသဖြင့် လူ့အကျိုးပြု ကိစ္စတွေလည်း တပုံတပင်ကြီးပါ။ ဒီဖေ့ဘုတ်ရဲ့ စည်းမျဉ်းစည်းကမ်း သဘေားသဘာဝ ကိုက Social Network ဆိုတဲ့အတိုင်း ကမ္ဘာ့ နှိင်ငံပေါင်းစုံက လူပေါင်းစုံရဲ့ နေ့တဓူဝ ကိစ္စပေါင်းစုံ ခံစားမှု့ပေါင်းစုံ ဖြစ်ရပ်ပေါင်းစုံကို ရေးခွင့် ပြေားခွင့် ဖြန့်ဝေခွင့် ပေးထားပါတယ်… အဲဒီလိုပါပဲ ဒီဖေ့ဘုတ် အသုံးပြုသူတွေထည်းမှာလည်း အသားအရောင် မျိုးစုံ ၊ခံယူချက်အမျိုးမျိုး ၊၀ါဒအမျိုးမျိုး၊စိတ်ဓာတ်အမျိုးမျိုးကောင်းသူများ ပါသလို မကောင်းသူများလည်းပါပါတယ်။တချို့က ဖေ့ဘုတ်ကို လူ့ အကျိုးပြု ဘာသာရေး ၊ပညာရေး ၊နည်းပညာနဲ့ သတင်းအချက်အလက်များ ဖြန့်ဝေ ဖို့လေ့လာဖို့ အသုံးပြုကြ သလို တချို့ကတော့ ဘာသာရေး ၊လူမျိုးရေး ၊နှိင်ငံရေး အဆိုးအကောင်းဝါဒတွေကို ဖြန့်ဝေ သွေးဆောင်ဖို့ ဒီ Social Network ကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြပါတယ်။တစ်ချို့ကတော့ စည်းပွားရေ အပိုင်း ကဏ္ဍ အမြတ်အစွန်းတွေ အတွက်ကြော်ငြာ ဖို့ အသုံးပြုကြပါတယ်။နောက်ဆုံး တမျိုး ကတော့ အဆင့် အတန်းမ၇ှိဆုံးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံး facebook user မျိုးပါ။မိန်းကလေး ၊သူများအထွတ်အမြတ်ထားရာဘာသာတရား ၊လူမျိုးရေး နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ပဲ သီးသန့် လိုက်ပြီးတိုက်ခိုက် အသရေဖျက်တတ်တဲ့ ဘယ်ရှု့ထောင့်ကကြည့်ကြည့် အသုံးမ၀င် အကျိုးမပြုတဲ့ အောက်တန်းစား facebook user မျိုးပါ။ ထို facebook user များကို အထူးသတိထားကြဖို့ပါ။

အမြစ်ကို နုတ်မလား ၊ အပင်ကို ခုတ်မလား




   ဒီနှစ်ဆယ့်တစ်ရာစုမှာ အစ္စလမ်နဲ့ပတ်သက်လို့ ခွဲးခြားခံရတာတွေ ၊ နှိပ်ကွတ်ခံရတာတွေ၊ အခက်အခဲးစိန်ခေါ်မှူ့တွေက ကျွှန်တော်တို့ မြန်မာပြည်သာ မဟုတ်ပါဘူး...တခြားအစ္စလမ် နှိင်ငံတွေပါ ပါပါတယ်။စစ်ရေးအရ ၊သံတမန် ရေးအရ ၊ စီးပွားရေးအရ ၊ လူမျိုးရေးအရ ..စသဖြင် ကမ္ဘာ့ မွတ်စလင်လောကတစ်ခုလုံကို စိန်ခေါ်မှူ့ကြီး တစ်ခုသဖွယ် ၈ရက်ရိုက်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွှန်တော်တို့ မှာ အဲ့ဒီစိန်ခေါ်မှူ့တွေကို လက်တလော ထိထိရောက်ရောက် ၊နက်နက်ရှိုင်းရှိုင်း  မြန်မြန်ဖြေရှင်းနှိင်ဖို့ နည်းလမ်းက အရေးကြီးဆုံး ဖြစ်လာတယ်။ကျွန်တော်က မြန်မာပြည်က မွတ်စလင်ဆိုတော့ မြန်မာပြည်အကြောင်းပဲ တင်ပြချင်ပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာ အဓိက အနေနဲ့ တခြားဘာသာခြား မြန်မာပြည်သူတွေ က မွတ်စလင်ဘာသာဝင်တွေကို မကောင်းဘူးလို့ ဘယ်အချက်တွေမှာ မှူးတည်ပြီး ဆွတ်ဆွဲးသလည်းဆိုတာ အရင်းဆုံး ဂဂနန သိဖို့ တော့ လိုမယ်.နောက်တစ်ခုက မြန်မာ တိုင်းရင်းသား တစ်ရပ်လုံးကလား ဒါမှမဟုတ် အုပ်ချုပ်ေ၇းလူတန်စား ပိုင်းကလား ၊လူချမ်းသာ ပိုင်းကလား၊သာမန် လူတန်းစားပိုင်းလား၊ပညာတတ်လူတန်စားထည်းကလား..ဒါမှမဟုတ် ပညာမဲ့ လူတန်းစား ထည်ကပဲလားဆိုတာ သေသေခြာခြာသိဖို့ လည်း လိုပါတယ်။.ဒါမှလည်း အနာသိမှ ဆေးရွေးလို့ ရမှာပါ။နောက်ထပ် အရေးကြီးဆုံး က အဲ့ ဒီလို့ တခြားတိုင်းရင်းသားတွေ ရဲ့ စိတ်ထည်းကို မွတ်စလင်တွေကို မုန်းတီးစိတ် ၀င်လာ စေတာ က မွတ်စလင်တွေရဲ့ လုပ်ရပ် အမှားကို သူတို့ မျက်စိနဲ့ တိုက်ရိုက်ကိုယ်တွေ့   မြင်သွားကြလို့ လား ဒါမှမဟုတ် သတင်းမီဒိယာတွေက ဒါမှမဟုတ် သွာပုတ်လေလွင့် နည်းနဲ့ ဖြန့် တဲ့ သတင်းတွေကပဲလား ဆိုတာ သေသေခြာခြာသိဖို့လည်းလိုပါတယ်။နောက်ဆုံး တစ်ချက်က ကျွန်တော်တို့  မွတ်စလင်တွေကရော တကယ်ပဲ သူများ မုန်းချင် စရာ ၊ ရွံရှာစရာတွေကို လုပ်ခဲ့ ကြလို့လားဆိုတာပါ။လုပ်ခဲ့ တယ်ဆိုရင်ရော တစ်ဦးတစ်ယောက်က သူရဲ့ ကိုယ်ပိုင်စရိုက် အကျင့် အရ လုပ်ခဲ့ သလား…ဒါမှ မဟုတ် အားလုံးက အစ္စလမ်ရဲ့ ဘာသာေ၇က ပြထမ်းခဲ့ ကြလို့ လုပ်သလား ဆိုတာလည်း စဥင်္းစားထားသင့် တဲ့ အချက်ပါ။

Civil Society ဆိုရာဝယ်

နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။

 နိုင်ငံရေးသမား ဆိုသူတချို့  နောင်တချိန်တွင် ခဲပေါက်ခံရနိုင်သည်

ဖိုးသောကြ်ာ-
17,2, 2011။-

မြန်မာ့ နိုင်ငံရေးသည် လက်ရှိ အချိန်တွင် နအဖ စစ်အစိုးရက ညစ်ပတ်၍ အနိုင်ရယူထားသော ၂၁၀၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် လွှတ်တော်ခေါ်ခြင်း ၊ သမ္မတ ရွေးချယ်ခြင်း၊ ၀န်ကြီးများ ရွေးချယ်ခြင်း၊ နှင့် အစိုးရသစ်ဖွဲ့ကာ အေပြီ လတွင် အစိုးရသစ် တာဝန် ထမ်းဆောင်ရန် လုပ်ဆောင် နေသည်ကို နိုင်ငံရေး ငွေရောင် ပိတ်ကား ပေါ်တွင် မြင်ရသည်။

အခြားတဘက်တွင်လည်း ၀န်ကြီးပြုတ်များ ၊ စစ်ဗိုလ် ပြုတ်များက နောင်ရေး စိတ်အေးစေရန် ခိုးဝှက် လာဘ်စား ထားသည်များကို ထုတ်၍ ဦးသန်းရွှေမှ ခွဲတမ်း ချပေးသည့် နိုင်ငံပိုင် လေကြောင်း၊ ရေကြောင်း ၊ ကုန်ကြောင်း ခရီးသွားလာရေး လုပ်ငန်းများ၊ စက်ရုံ ၊ အလုပ်ရုံ၊ ရုံးအဆောက်အဦးများကို ၀ယ်ယူသည် မောင်ပိုင်စီးကြလေပြီ။

ပြည်သူတို့ ဆင်းရဲ ကြပ်တည်းနေချိန်တွင် အရှက်တရားမဲ့စွာ နိုင်ငံတော်သမ္မတ-က လစာ သိန်း ၅၀၊ ကား ၆စီး၊ ဒု သမ္မတ က ဘယ်လောက်၊ လွှတ်တော် ကိုယ်စားလှယ် တဦးကို လစာ ဘာယ်လောက် စသည်ဖြင့် ပြောဆိုသံများ သတင်းများ အင်တာနက်မှာ၊ လေလှိုင်းမှာ မကြားချင်အဆုံး ပလူပျံနေသည်။
မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ပြည်သူကို မေတ္တာ ထားသည်ကို ထုတ်ပြရန် နိုင်ငံတကာမှ တောင်းဆိုခဲ့သော် ပြစရာ မရှိ၍ အရှက်အိုး ကွဲပြီး ရစရာ မရှိဖြစ်မည့် အချိန် ကာလ ဖြစ်နေပေပြီ။



ယဉ်ကျေးသည့် ဗုဒ္ဓဘာသာ ၀င်အများ နေထိုင်သည့် နိုင်ငံမှ ဟုတ်၏လော။ အုပ်ချုပ် မင်းလုပ်သူတို့ ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ကြဘဲ အတုအယောင်တွေလောဟု မေးမြန်းသော် အဖြေပေးရန် အလွန် ခက်လှပေသည်။

ဗုဒ္ဓ ဘာသာ ၏ အခြေခံ ဖြစ်သော( ၅ )ပါးသီလနှင့် အုပ်ချုပ်သူတို့ နေထိုင်ကျင့်ကြံ ကြပါ၏လော။ ထပ်ဆင့်မေးပြန်သော် ပို၍ ခက်ရပေမေည်။
ဒါက စစ်တပ်၏ အုပ်ချုပ်မှူ ၁၉၆၂ မှ စ၍ရေတွက်သော် ကနေ့ အထိ နှစ်ပေါငး ၆၀ နီးပါး အထိ အရိုးစွဲနေသော စစ်တပ်၏ လုပ်ရပ်များဖြစ်ပေသည်။

တရားမ၀င်အဖွဲ့အစည်းဖြစ်ခဲ့ပေမဲ့ (အောင်မိုးဝင်း)

                 အမေရိကန်ပြည်ထောင်စုမှာ အရှေ့အလယ်ပိုင်း နိုင်ငံရေး၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ နဲ့ အမျိုးသားလုံခြုံရေးဘာသာရပ်တွေကို လေ့လာသင်ယူတဲ့ ကျောင်းသားတော်တော်များများဟာ“ ပရောဖက် မိုဟာမက်”“ကိုရန်ကျမ်းစာ”နဲ့ “ ရှရီရာ” ဥပဒေသတွေကိုသင်ကြားကြရတယ်။အရှေ့အလယ်ပိုင်းမြေပုံတွေမှာ စစ်ရေး၊ စီးပွားရေးအရေ အရေးပါမဲ့နယ်မြေတွေအားလုံးကို အလွတ်ကျက်ရတယ်။

      ဟက်စ်ဘိုလာ၊ ဟားမတ်စ်၊ မွတ်စလင်ညီအကိုတော်များအဖွဲ့၊ အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တွေအပါအဝင်၊
အော်ကိုင်းဒါး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ယီမင်၊ ပါကစ္စတန်၊ အာဖကန် နိုင်ငံတွေဆီက အစ္စလာမ်စစ်အုပ်စုတွေရဲ့အမူအကျင့်တွေ၊ လူသစ်စုဆောင်းပုံတွေ၊ သူတို့အဖွဲ့တွေကြားက တူညီမှု၊ အငြင်းပွားမှု၊ မုန်းတီးမှုတွေကို ဆက်လက်လေ့လာကြရတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တွေပါ။ ကိုရန်ကျမ်းနဲ့ ရှရီရာဥပဒေသတွေမှာ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့အတွက် အင်မတန်ကောင်းတဲ့ အချက်အလက်တွေကို အများကြီးတွေ့ရမှာဖြစ်သလို၊ အစ္စလာမ်ဘာသာဝင် ပညာတတ်တွေရဲ့ သူတို့နိုင်ငံအပေါ်မှာထားတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကလည်း ကြောက်ခမန်းလိလိ ပြင်းထန်လေးနက်လွန်းတယ်။

ဦးသန့်  နှင့် EI

I am not easily excited or excitable “ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတက်ဘူး"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင်မှုကို လေ့လာသည့်အခါ ပထမဦးဆုံး ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း”ပင်ဖြစ်သည်။

လူတစ်ဦး တစ်ယောက် အောင်မြင်ရခြင်းတွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေးနှစ်ပေါင်းများစွာကပင် ထင်မြင်ယူဆခဲ့သော်လည်း ပညာရှင် Dr. Daniel Goleman

က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသားထုတ်ဝေအပြီးတွင် ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားမှု က ပိုမိုအရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ ဆက်တိုက် လေ့လာဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။ IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။
အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များအကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။

EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships “ မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။ မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။ EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း 'handling your emotions rather than letting the emotions handle you’ ဖြစ်သည်။



ခေါင်းဆောင်များ၏ အဓိက တာဝန်တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း decision-making ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက်မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိအတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ၏ အကောင်းအဆိုး နှင့် ၀န်ထမ်းများ၏ ဘ၀ကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန်ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။



စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက်လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့သမိုင်းတွင် မြင်နိုင်သည်။ စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။



EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။



EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ၀မ်းနည်းစိတ် ပေါ်လာချိန်တွင် ၀မ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း Empathy သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ၀င်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။



ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံအရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ကမ္ဘာက စိတ်ဝင်စားလာခဲ့ကာ ဗုဒ္ဓဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဦးသန့်သည် နေ့စဉ် နံနက်စောစော တရားအမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင်ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။



မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့်သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ ဖွင့်ဟ ၀န်ခံခဲ့သည်ကို တွေ့ရသည်။
“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။”

ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ်တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ်၏ တာဝန်များမှာလည်း များပြားလှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရသဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့်အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့်သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်းသည့် ဓာတ်သည်လည်း အပြင်ဘက်သို့ ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့်၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် သံ အမတ်ကြီးများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တာဝန်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရသူ ဖြစ်ရာ ဦးသန့်၏ စိတ်တည်ငြိမ် အေးချမ်းမှုကြောင့် သူ့အား ဆက်ဆံရသူများက လေးစားကြည်ညို သွားစေသည်။ ထိုနည်းဖြင့် သူ၏ အလုပ်တာဝန်သည် ပြီးမြောက်ရန် လွယ်ကူလာ ပေသည်။

ဦးသန့်သည် သူ၏ မိသားစုအား အလွန်မြတ်နိုးသူ ဖြစ်သော်လည်း ရန်ကုန်တွင် ရှိနေသည့် သူ့သားသေကြောင်း သတင်း ရုတ်တရက် ကြားရချိန်တွင် မတုန်လှုပ်ပုံကို သူ၏ ပြန်ကြားရေး အရာရှိ တာဝန်ယူ ခဲ့သူ Ramsee Nasif က အောက်ပါ အတိုင်း ရေးသားထားသည်။

‘We gave him the news. His first reaction was ‘ I wonder how my wife will take it.’ He was completely composed. His acceptance was part of a disciplined ability to keep his balance, which came with his Buddhist training.’ (Ramsee Nasif, 21)

“ကျွန်တော်တို့ သူ့ကို သတင်းပေး လိုက်တယ်။ “ကျွန်တော့် မိန်းမတော့ ဘယ်လိုနေမလဲ မသိဘူးဗျာ” ဟု ဦးသန့်က သတင်းကြား ကြားချင်း ပြောသည်။ သူသည် လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ထိုသတင်းကို သူလက်ခံယူပုံ မှာ ကိုယ်စိတ်နှစ်ပါး ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်၏ အစိတ်အပိုင်း ဖြစ်ပြီး သူ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ရခဲ့သည့် အလေ့အကျင့် ကောင်းမှ လာခြင်းဖြစ်သည်။ ”ခေါင်းဆောင်တစ်ဦး အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဦးသန့်တွင် အခြား အရည်အသွေးများစွာ ရှိနေသေးကြောင်း သိသာသော်လည်း သူ၏ စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည် ဥာဏ်သွေး မြင့်မားမှုသည် သူ့အောင်မြင်မှုကို ဖန်တီးခဲ့သည့် အဓိက အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ သူ၏ မြင့်မားသော EQ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးသန့် ထိန်းသိမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။

ဇေယျသူ

http://dl.dropbox.com/u/3521362/U_Thant_Zeyathu_The_%20Voice_6-40.pdf

၀၁၀ ရွေးကောက်ပွဲ နဲ့ မြန်မာနိုင်ငံ ( ၃ )

ပြည် သူသာလျှင် အဓိကကြနေသည်။

အကျိုးနဲ့ အကြောင်းကို ရိုးစင်းစွာပြည်သူကိုရှင်းပြသင့် ပါသည်။ ပြည်သူရဲ့  နိုးကြားမှုကို လုပ်ဆောင်ဖို့ ကား အချိန်တို အတွင်းမှာ ကျွန်တော်တို့ အောင်မြင်မှုကိုရနိုင်မရနိုင်ဆိုတာအတတ်မပြောနိုင်ပါ။ အခုလောလောဆယ်ဖြစ်ပျက်နေသောအခြေအနေမှာ မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်လည်း ( ထောင့်ပေါင်းစုံ မှ စစ်အစိုးရ ရဲ့ အမှု အကျင့်များကိုပေါင်းစပ်ကြည့်ပြီး) ဒီမိုကရေစီ ထွန်းကား ပေါ်ပေါက်ဖို့ ၊ လူအခွင့်အရေးများတိုးတက်လာဖို့ ကာ အားရစရာ အဖြစ် တစ်ခုမှလျှင်လျှင်မြန်မြန်
နဲ့ တိုးတက်စရာ၊ ဖြစ်လာနိုင်စရာ မရှိလာနိုင်သေးပါ။ အလွန်နှေးကွေးစွာနဲ့ ရှိနေအုံးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံပြည်သူများအနေနဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ နိုင်ငံရေးရေချိန် အတက် အကျမှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ချေ။သို့ သော် လက်ရှိ မြန်မာနိုင်ငံရှိပြည်သူပြည်သားများရဲ့ နိုင်ငံရေးနိုးကြားမှု့ ရေချိန်၊ နိုင်ငံရေးအသိရေချိန်ကား အောက်မှတ်အဆင့်ဆိုသောအနိမ့်ဆုံးအဆင့် မှာတော့ ရှိနေပါသည်။
( စကားကြွမ်း၊ ပြည်သူကို ယုံကြည်ပါသည် ထိုအတွက်ကြောင့် နိုင်ငံရေးသမားများ ပြည်သူအတွက်ကိုလုပ်ပေးလို သော်၊ နိုင်ငံကို ပြောင်းလဲလိုသော်ပြည်သူရဲ့ စိတ်နဲ့ ပြည်သူမေတ္တာကိုယုံသော် ရဲရဲကြီးကိုယ်းစားကာ ယခုကျင်းပမည့် စစ်အစိုးရနဲ့ ယခုရွေးကောက်ပွဲကို ယှဉ်ပြိုင်လို့  ရကိုရပါသည်ဟု ကျွန်ပ်အတတ်ပြောရဲသည်။) ယခုလာမဲ့ ရွေးကောက်ပွဲ အခြေအနေသည် စစ်စစ် မှန်မှန် နဲ့  လွတ်လပ်စွာ ပြည်သူကိုယ်တိုင်စိတ်တိုင်း ကျတင်မြှောက်ရွေးချယ် သည် ပွဲ မဖြစ်ပေမဲ့ ရွေးကောက်ပွဲ သည် အေးဆေးစွာ ပြီးဆုံးသွားနိုင်သည်။ပြည်သူ လူထုပါဝင်မှု ဆောင်ရွက်မှုမှာ ရာခိုင်နှုန်းမြင့်မားသည်လို့ မပြောလိုသော်လည်းအနိမ့် ဆုံးပူးပေါင်း ဆောင်ရွက်ခြင်းရှိသည်ကိုတွေ့ မြင်ရပါသည်။
စစ်အစိုးရပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ သည် မဲအပြတ်သတ် မဟုတ်တောင်အနိမ့်ဆုံးအောင်နိုင်ချေအမှတ် တော့ရနိုင် ဖို့ ကား ရာနုန်းပြည့် သေချာ သလောက်ရှိသည်။
အတိုက်အခံများအနေနဲ့ စုပေါင်းသော ပါတီအင်အားစုတစ်ရပ်ဖွဲ့ ခြင်းဖြင့် ညွန့်  ပေါင်းအစိုးရ တစ်ရပ်ဖေါ် ဆောင်လိုရသည်ထားအုံး၊ ကျွန်တော်တို့ သည် စစ်အစိုးရလိုချင်သည့် ၂၀၀၈ အခြေခံဥပဒေကို အတည် ပြုပေးသလိုဖြစ်သွားရသည်ဖြစ်သည့်အတွက် နိုင်လျှင်သရေ၊
ရှုံးလျှင် လည်း ပိုထွက် ဆိုသော အရှုံးဆိုသော အနေအထားဖြစ်နေရပါသည်။
အတိုက်အခံပေါင်းစုံပါတဲ့ ညွန့် ပေါင်းအစိုးရဖြစ်စေ၊ ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းကဘဲထောင်တဲ့ အစိုးရဖြစ်စေ၊ မည်သည့် ဘက်ကဖြစ်ဖြစ် ရွေးကောက်ပွဲ အသစ်နဲ့ တက်လာသော အစိုးရတစ်ရပ် ဖြစ် နေသည့်အတွက် legitimacy အနေနဲ့ နိုင်ငံတကာကို လက်ရှိအာဏာသိမ်း စစ်အစိုးရ ထက်တော့ ပိုသာစွာ ဆက်ဆံပြောဆို နိုင်သည့်အခွင့်အရေးကတော့သေချာပေါက်ရှိလာပါသည်။
ဒီလိုသော အခင်အကျင်းနဲ့ အနေအထားကို လက်ရှိ စစ်အစိုးရကလိုချင်၍ မနိုင်လည်းနိုင်၊ နိုင်လည်း နိုင်သည့် နိုင်ငံရေး ကလိန်ကကျစ် ဖဲချိုး ကို ကလိန်ကကျစ်ကျစွာ နဲ့  အာဏာကို ကိုင်ကာ မတရားကျင့် တယ်လို့ ဝိုင်းပြော ကြခြင်းဖြစ်ပါသည်။
အာဆီယံနဲ့ နိုင်ငံတကာအစိုးရများကသိကြပါသည်။ သို့ သော် သံတမာန်နည်းလမ်းများအရပြောယုံကလွဲပြီး ၊ နိုင်ငံတနိုင်ငံ ရဲ့ ပြည်တွင်းရေးနဲ့ မြန်မာနိုင်ငံသူနိုင်ငံသား များ ကိုယ်တိုင် ကိုယ်ကျလုပ်ဆောင်ရမဲ့ အရေးဖြစ်ပြီးမည်သို့ မှ ၀င်ရောက်စွတ်ဖက်နိုင်ခွင့်မရှိပေ။
ဒာထက် အခြေအနေသည် အမှန်တကယ်ဖြစ်ပျက် လာမဲ့ နိုဝင်ဘာလ (ရ) ရက်နေ့ နောက်ပိုင်း မြန်မာ နိုင်ငံ ရဲ့ နိုင်ငံရေး မိုးလေ၀သ ရဲ့  အစ ပျိုး ဇတ်လမ်းများဖြစ်ပါသည်။
ရွေးကောက်ပွဲအရတက်လာသော အစိုးရတစ်ရပ်အပေါ်မှာ ပြည်သူအနေနဲ့ ကော နိုင်ငံတကာအနေနဲ့ ကော legitimacy မပေးချင်သော် လည်း ၊ပေးရမဲ့အနေအထားဖြစ်သွားသည်။
ပြည်သူအများ အနေနဲ့ ဒီစစ်အစိုးရ အဓမ္မရေးဆွဲထားတဲ့ အခြေခံဥပဒေ သည်အတည်ဖြစ်သွားသလို၊ အသက်ဝင်သွား၍ မိမိသည် စစ်ဖိနပ်အောက်တသက်လုံးရောက်သွားပြီ၊ မိမိတို့ ဒီမိုကရေစီအခွင့်အရေးများ ရှုံးသွားပြီ၊ ပွဲပြီးသွားပြီလို့ လည်း အပိုင်တွက် ချက်လို့ မရပေ။



အခြေအနေကိုပြောင်းပြန်လှန်လို့ ရသော အခြားသောနည်းလမ်းသွယ်နဲ့  နည်းလမ်းကြီး များကအခွင့်အရေးပေးနိုင်ပါသေးသည်။
၂၀၁၀ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရသည် ပြည်ခိုင်ဖြိုးပါတီဘဲဖြစ်ဖြစ်၊ တခြားမည်သည့်ပါတီဘဲ ဖြစ်ဖြစ် အစိုးရတစ်ရပ်အဖြစ်တည်ရှိသွားဖို့ ဖြစ်ခဲ့သည်ထားအုံး ထိုအစိုးရကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးမှာ၊ ပြည်တွင်းတွင်ရှိသော နိုင်ငံရေးပါတီများ၊ သီးခြာ အဖွဲ့အစည်းများက ရွေးကောက်ပွဲ ရလဒ်များသည် အတု ဖြစ်ကြောင်း၊ မဲညှစ်၊ မဲခိုး၊ မဲလိမ်၊ မသမာရှိ ထားမှုများ ကို သက်သေအထောက်အထားခိုင်လုံစွာ နဲ့ ပြည်သူလူထုကို လည်းကောင်း၊
ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံတကာအဖွဲ့ အစည်းများကို သေသေချာချာ ချပြနိုင်ခဲ့ရင် တရားဝင်မှု ဖြစ်တည်ခြင်း ကိုချေဖျက်နိုင်သည်၊
ဒီလိုအချိန်မှာ အမှန်ကိုအမှန်တိုင်းရဲရဲ ၀ံ့ ဝံ့ နဲ့ ပြည်သူတွေအပေါင်းက တင်ပြရဲ ရမည့်စိတ်နဲ့ သတ္တိရှိဖို့ ကအလွန်ကို အရေးကြီးသည်၊
စစ်အာဏာရှင် အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့  ၂၀၁၀ ရွေးကောက်ပွဲ ရဲ့ လိုအပ်ချက်များကိုအတိုက်အခံတို့ တောင်းဆိုသည့်အတိုင်း
ပြင်ဆင်နိုင်ရန်အတွက် လိုက်လျှောရမည့် အဆင့်သို့ ရောက်အောင် ပို့ ဆောင်သော ခြေလှမ်း အစရဲ့ အခင်းအကျင်လည်း ဖြစ်ပါသည်။

အချိန်နဲ့ ဖြစ်ပျက်မှုပေါ်တွင် ကြည့်ပြီးတိုတောင်းသောခေါင်းစဉ်များကို နိုင်ငံရေး မိုးလေ၀သ ကိုပြောင်းလဲရန် အတွက် ဦးဆောင်နေသော နိုင်ငံရေးခေါင်းဆောင်များရဲ့ နိုင်ငံရေးဗျူဟာ နဲ့ နိုင်ငံရေးပါးနပ်မှုတို့ သည်အလွန် လွန်ကို အရေးကြီးသည်။
ထိုနည်းဗျူဟာသည် ပြည်သူကို လမ်းမပေါ်ထွက်ဖို့ ဦးဆောင်သည့် အခင်းအကျင်းမဖြစ်ဖို့ ကိုတော့
လက်ရှိ အတိုက်အခံ ပြည်တွင်း၊ပြည်ပ ခေါင်းဆောင်များ အထူးသတိပြုဂရုစိုက်ရမည့် အနေအထား ဖြစ်သည်။ အုံ့ ကြွမှုကို ဦးစားပေးကာ စဉ်းစားနေသော ခေါင်းဆောင်ကြီးများနဲ့ ခေါင်းဆောင်လေးများအားလုံးကို သတိပေးတင်ပြပါသည် ထိမ်း သိမ်းကိုင်တွယ် ဦးဆောင်မှု၊ တာဝန်ခံမှုနဲ့ တာဝန်ယူ မှုသည်အလွန်အရေး ကြီးပါသည်။ ထို ၃ ခုကိုပိုင်နိုင်စွာနဲ့  တာဝန် မလုပ်နိုင် လျှင်၊ အကောင်းဆုံးမှာ ပြည်သူအုံကြွမှုကို ဦးဆောင်မှုလည်းမပြုစေချင်ပါ။ ကျွန်တော်တို့ သည် မည်သည့်နည်းနဲ့ မှ အုံကြွမှုနဲ့အတုူကပ်ပါလာသော တရားဥပဒေနဲ့ လုံခြုံရေးကို တိကျစွာ နဲ့ တပြည်လုံးအနှံထိရောက်စွာ
ကိုင်နိုင်သော အခြေအနေမရှိပါ၊ ( စကားချပ် ၊ စိတ်ကူးများဖြင့် မိမိတို့ ဖာသာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို ထိရောက်စွာယူနိုင်သည့် အတွေးခေါ်များ

ကိုတော့စွန့် လွတ်ကြပါကုန်။)



အဘယ်ကြောင့်ဆိုသော တပြည်လုံးတွင် နေရာအနှံလျှင်မြန်စွာ အုပ်စုရွှေ့ လျှားခြင်းနဲ့ ထိေ၇ာက်သောညွန့်ကြားချက်ကို စနစ်တကျ လိုက်နာနိုင်သည့်

အဖွဲ့  မှာလက်နက်ကိုင် စစ်တပ် နဲ့ ထိုစစ်တပ်ကိုထိမ်းချုပ် ထားသူတို့ သာ လုပ်ဆောင်နိုင်သည်။( ဤအချက်သည် နိုင်ငံတိုင်းတွင်ဖြစ်သည်။)



ထိုလက်နက်ကိုင်စစ်တပ်သည် လက်ရှိ န၀တ ရဲ့ အောက်မှာ ရှိနေသည့်အတွက်ကျွန်တော်တို့ ရဲ့ အုံကြွမှု သည် ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ရဖို့ သာရှိသလို၊ နောက်ထပ် စစ်တပ်ကအာဏာ ပြန်လည်ချုပ်ကိုင်ခြင်း နှစ် အတော်များများကို လည်း ခံစားရဦးမည်ဖြစ်သည်။



ဤသို့ သော အဆုံးရှုံးများ ကြီးမားစွာ နဲ့ တိုင်းပြည်အချုပ်ခြာအာဏာကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်သည် နိုင် သည့် အနေအထားများ ကို လက်လွတ်စပယ် သဘောမျိုး မခင်းကျင်းမိ သွားစေရန်အတွက် လက်ရှိ အတိုက်အခံ အုပ်စုအား လုံးက ဟန်ချက်ညီညီ နဲ ခင်းကျင်းဖို့ အထူးအရေးပါသည်။



စစ်အာဏာရှင်အစိုးရ ရဲ့ လက်ဦးမှုမခံရအောင် တိုတောင်းသောအချိန်တွင်းမှာ ကြွယ်ဝသောအမြင်နဲ့  နိုင်ငံရေးပါဝါကို ကစားနိုင်ရသည့်ခေါင်းဆောင် များ၏ ဦးဆောင်မှုတွင် ပြည်သူများနဲ့ နိုင်ငံရေးအဖွဲ့  အစည်းအသီးသီးတို့ က နောက်ကနေ ညီညာစွာ လိုက်ပါတတ်ဖို့ ကလည်း အရေးကြီးပါသည်။



ထိုမှသာလျှင် ကြားဖြတ်ညွန့် ပေါင်းအစိုးရကို တည်ဆောက်ဖို့ အတွက် လမ်းကြောင်းပွင့်မည်ဖြစ်သည်။

ထို ကြားဖြတ်ညွန့် ပေါင်းအစိုးရ ရဲ့  ပါဝါ ခွဲဝေ အုပ်ချုပ်ေ၇းကို ညှိနိုင်းရာတွင်အလွန်ကိုအရေးကြီးပါသည်။

အာဃတတရားများနဲ့ နိုင်ငံရေးမာန်မာနများ ကို ဖြုတ်ချဖို့ လိုသလို ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင်တပ်ရင်းများကို ကိုင်တွယ်ထား သောစစ်ဗိုလ်ချုပ်များနဲ့  ပြည်သူရဲ တပ်ဖွဲ့ များရဲ့ ရဲချုပ်များ ပါဝင်ရပေမည်။



၈၈၈၈ အရေးအခင်းတုံးက သင်ခန်းစာများကို အမှတ်ရစေလိုပါသည်။ အရေးကြီးသည့်အချက်မှာ ပြည်သူလူထုကြားမှာဖြစ်ပေါ်တတ်သည် ပြသနာပေါင်းစုံကို အရေးပေါ်အုပ်ချုပ်ရေးအတွက် လည်းကောင်း တည်ဆဲတရားဥပဒေတည်မြဲရေးကိုအားလုံးလိုက်နာဖို့ နဲ ထိန်းသိမ်းကိုင်တွယ်နိုင်ရမည်အရည်အချင်းရှိ သူများရဲ့ အောက်မှာ စည်းကမ်းရှိရှိ၊ ညီညီညာညာ နေထို င်နိုင် ဖို့ လိုအပ်သည်။



ထိုမှသာလျှင် လက်ရှိဖြစ်ပေါ်တော့မည့် ရွေးကောက်ပွဲ မှ ထွက်ပေါ်လာသောစစ်အစိုးရရဲ့ မတရားသော မတရားမှုများအပေါင်းတို့ ကို ထပ်ဆင့်ပွား အကျိုးမြတ်အဖြစ်ဆက်တိုက် လုပ်ဆောင်နိုင်သည့်အခွင့်အရေး ဖြစ်ပေါ် လာနိုင်ပေသည်။



ရွေးကောက်ပွဲနောက်ကွယ် အကျိုးဆက် များ သည်လည်း ယခင်ယခင်ကဖြစ်ပွားသော ထိပ်တိုက် အုံကြွ ရင်ဆိုင်သည် သပိတ်များ မှ ထွက်လာခဲ့သောအဖြေများ နဲ့  မတူညီဘဲ ကွဲပြားခြားနားကာ စစ်အာဏာရှင် ကျဆုံးခြင်းရဲ့ အပြီးသတ်နိဂုံးဖြစ်ပြီး ပါလီမာန်ဒီမိုကရေစီ

အမြစ်တွယ်ဖို့ အတွက်ဇတ်လမ်းအစဖြစ်ပေသည်။



ဒါကြောင့် ယခုလို အဆင့်တွေပေါ်ပေါက်လာဖို့ ရွေးကောက်ပွဲကိုဆန့် ကျင် ဆန္ဒပြဖို့ ၊ရွေးကောက်ပွဲ ကို မဲမပေးဖို့ စသည့် အကြောင်းအရာများကို

ဇောင်းပေးပြောနေမဲ့အစား ပြောင်းလဲ၍ ရွေးကောက်ပွဲစောင့် ကြည့် ရေး အတွက် သီးသန့် အဖွဲ့ များကို များနိုင်သမျှများအောင် ပူးပေါင်း ဖွဲ့ စည်း

ကာအဖွဲ့ အစည်း များအားလုံး အတူတကွ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းတင်ပြပါသည်။



အလွန်အရေးပါသော အခင်းအကျင်းဖြစ်သောကြောင့် ရွေးကောက်ပွဲကိုဆန်ကျင်လိုသော၊ရွေးကောက်ပွဲကို အသိမှတ်မပြုလိုသောသူများက အထူးစဉ်းစားစေချင်ပါသည်. အချိန် သည် ရက်ပေါင် ၂၀ ကျော်သာ ကျန်တော့သည် ။ ကျွန်တော်တို့ ဖက်တွင် မှန်ကန်သော လောကပါလ ဓမသစ္စာ သည် ရပ်တည်နေပါသေးသည်။



ပြည်တွင်း အတိုက်အခံအင်အားစုအားလုံးအနေနဲ့ စစ်အစိုးရအောက်တွင် လုပ်ဆောင်ရသည်မို့  အခက်အခဲများစွာရှိသည်ကိုသတိပြုမိပါသည်။

တချိန်တည်းမှပင် မိမိတို့ ရဲ့ အမှန်တကယ် အင်အားကို သိရှိနိုင်မဲ့အခင်းအကျင်းဖြစ်သောကြောင့် အဖွဲ့  အစည်း အသီးသီးအနေနဲ့ ကိုယ့်ရဲ့ အမာခံအင်အား

( အသံမဟုတ်)သည်ပြည်သူလူထဲတွင်မည်မျှ ရှိသည်ဆိုတာနဲ့ ပြည်သူလူထုကြားတွင် ကိုယ်အဖွဲ့ အစည်းသည် မည်မျှထိုးဖောက် စိမ့်ဝင်ရောက်ရှိနေ

သည် ကိုသိသာယုံကြည်ပိုင်နိုင်စွာလုပ်နိုင်သည့် အနေအထားလည်းဖြစ်ပါသည်။



တနည်းအားဖြင့်ဆိုသောပြည်သူနဲ့ မိမိတို့ မည်မျှသောအတိုင်းအတာတွင် မည်သို့ သောအခြေအနေထိ တထပ်တည်းကြနေသည်ရှိမရှိကို ကိုတိုင်းတာ သည့်နည်းလည်းဖြစ်သည်။



အခြေအနေအရ လက်ရှိပကတိအခြေအနေတွင် ရွေးကောက်ပွဲ သကိတ်မှောက်ရေးကင်ပိန်းကို တနိုင်ငံလုံး အနှံ မည်သည့်နိုင်ငံရေးပါတီကမှ ထင်ထင်ပေါ်ပေါ် မလုပ်ဆောင်နိုင်သေးချေ။



လုပ်ဆောင်ခွင့်လည်း အခွင့်မသာချေ။ အဓိက အနေဖြင့် လုပ်နေသည်မှာ ပြည်ပ သတင်း၊ မီဒီယာ များမှတဆင့်လုပ်နေရသောအခြေအနေသာရှိနေသည်။ အသေအချာ ရွေးကောက်ပွဲ မဲမပေးရေးနဲ့ ဆန့်  ကျင်ရေးဆိုသည် ကင်းပိန်းသည် တိတိကျကျပြောရလျှင် တောနေ မြိုပြပြည်သူလူထု ရဲ့ တကယ့် အသိနဲ့  လက်ရှိပကတိတို့ ကား ကင်းကွာနေသေးသည်။



ထို့ ကြောင့် တောနယ်၊မြို့ နယ် ရှိပြည်သူတွေ ရဲ အသံနဲ့ လက်တွေ့ လိုက်ပါလုပ်ဆောင်နိုင်ဖို့  သည် အလွန် ကိုအရေးကြီးပါသည်၊



လက်ရှိအစိုးရသည် ပြည်ပမှမည်သည့်အဖွဲ့ ကိုမှရွေးကောက်ပွဲကာလအတွင်း လေ့လာစောင့်ကြည့် ခွင့်မပေးဘူးလို့ ဗြောင်ပြောထားသောကြောင့်လုပ်စရာတစ်ခုအနေနဲ့ ကတော့ ပြည်ပ တွင်ရှိသော အဖွဲ့  ပေါင်းစုံကနေ နိုင်ငံတကာအဖွဲ့ အစည်းအားလုံးနဲ့ နိုင်ငံတကာမိသားစု အားလုံးကို ပုံမှန်တောင်းဆို ချက် များနဲ့ ဖိအားများကို ယခင်ကထက် ပိုပြီးစိပ်စိပ်တောင်းဆိုဖိအားပေးပြောဆိုသင့်ပါသည်။



နိုင်ငံတကာမှ သက်ဆိုင်ရာ ဌာနေ သံအမတ်ကြီးများကိုရွေးကောက်ပွဲ ကော်မရှင် သို တရားဝင် သွားရောက် ကာ ရွေးကောက်ပွဲ မလုပ်ခင်စပ်ကြား

တွေ့ ဆုံပြောဆိုခိုင်းခြင်းနှင့်ပြည်တွင်း ဒေသအချို့ ကိုရွေးကောက်ပွဲမတိုင်မှီ ပထမ ဆုံးေ လ့လာဆန်း စစ်ခိုင်းစေခြင်း၊ တိုင်းနယ်ပြည်နယ်၊

မြို့ နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးနဲ့  ကျင်းပရေးကော်မရှင်များကို တွေ့ ဆုံကာ ထိုသူတို့ ရွေးကောက်ပွဲဥပဒေများနဲ့  မဲ ရေတွက်ခြင်း ကို ဘယ်၍ဘယ်မျှနားလည်သဘောပေါက်သည်ကို မေးစမ်းခြင်း ဖြင့်ကြိုတင်ဖိအားပေးနိုင်ပါသည်။

ထိုအလုပ်ကို ပြည်ပရောက် အတိုက်အခံအဖွဲ့ အစည်းများကနေ သက်ဆိုင်ရာ နိုင်ငံအသီးသီးကိုတင်ပြတောင်းဆိုခြင်းဖြင့် ဖိအားပေးလို့ ရနိုင်ပါသည်။





မည်သည့်ဖိအားကိုဘဲ အသုံးပြုသည်ဖြစ်ပါစေ၊ အဓိကအရေးကြီးဆုံးအချက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ နိုင်ငံရေးအခြေအနေကိုတိကျစွာ

ရောင်ပြန်သက်ရောက် ထင်ဟပ်စေရန်မှာ တိုးတက်သော နိုင်ငံရေး လုပ်ငန်း စဉ်နဲ့ ထိုလုပ်ငန်း စဉ်များရဲ့ လမ်းစကို ရွေးချယ်နိုင်ဖို့ လိုသလို၊ ဦးဆောင်သူများရဲ့  အရေးပါသော ဆုံးဖြတ်ချက် နဲ့  နိုင်ငံရေးပါးဝ မှု နှင့် လက်စားလည်းမချေ၊ ဂလဲ့စားလည်းမချေဆိုသော

ချေနှစ်ချေ တို့ သည်အလွန်ကိုအရေးပါသည်ကို ကျွန်ပ်တို့ အမြဲ သတိပြုမိရန်လိုပါသည်။



ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအကျိုးဆက်တွေ သည်အမြဲ ရှိစမြဲမို့ အတိုက်အခံအင်အားစုအားလုံးသည် အကျိုးဆက်တွေ ရဲ့ ရလဒ်နဲ့ ၊ ဖြစ်နိုင်ချေရှိသော ခြေလှမ်းများ၊ လုပ်ဆောင်နိုင်ရန် အဆင်သင့်ဖြစ်နေရမည်ဖြစ်သည်။



အတူတကွပူးပေါင်း သော အလုပ်နဲ့ ခေါင်းစဉ် များပါ နိုင်ငံရေး၊ စီးပွားရေး၊အမျိုးသားစည်း လုံးရေး၊ မူဝါဒ အထွေထွေတွေ ကို ကြိုတင်ချမှတ်ထားရမည်မှာ ဦးဆောင်ဖို့ လုပ်နေသည့် အဖွဲ့ အစည်း ကြီးများရဲ့ တာ ၀န်ဖြစ်သည်။



ဒီတော့မှသာ ပိုပြီး ကြီးမားတဲ့ နိုင်ငံရေးပြောင်းလဲရေးအတွက် အကျိုးဆက် ဖြစ်တဲ့ စစ်အစိုးရအုပ်ချုပ် ရေးယန္တရားကို ရပ်တန့် ကာ အာဏာရှင်စနစ်အပြီးတိုင်ကွယ်ပျောက်ရေးဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ မြန်မာနိုင်ငံ ( ၂ )

သူရဲကောင်းများဗိမ္မာန်

ကျွန်တော်တို့ နိုင်ငံ ၏သမိုင်း ခေတ်အဆက်ဆက်တွင် ယနေ့ လူငယ် နောင်တွင် တိုင်းပြည်၏ အနာဂါတ် ခေါင်းဆောင်များ ဟုပြောဆိုအသိမှတ်ပြုရသည့်ကျောင်းသား၊ လူငယ်( ကျား၊ မ) တိုင်း ၏ဘ၀ တို့ သည် သမိုင်း ရဲ့ အလှည့်အပြောင်းတိုင်းတွင် အဓိက အခန်းများတွင်ပါဝင်အသုံးပြခဲ့ကြရသည်။
ထိုအတူ အုပ်ချုပ်သူအစိုးရ ( ကိုလိုနီအစိုးရ ၊ပါလီမာန်အစိုးရ၊ အာဏာရှင်စစ်အစိုးရ) တို့ ရဲ့ အောက်တွင် သူတို့ ရဲ့ ဘ၀တွေ၊ အသက်တွေ ကို ပုံစံ အမျိုးမျိုးပေးဆပ် ခဲ့ကြရသည်မှာ မည်သူမှ ငြင်းလို့  မရသော အချက်ဖြစ်သည်။သို့ သော် ထိုသို့ တိုင်းရေးပြည်ရေး ၊နိုင်ငံအရေးကို ပါဝင် ဆောင်ရွက်ခဲ့ရကြသည်ဆိုပေမဲ့ ခေတ်အဆက် ဆက်က ကျောင်းသား၊ လူငယ်တို့  ရဲ့ သမိုင်း ပုံရိပ်များ၊ မှတ်တမ်းတို့ ကား ယနေ့ အချိန် ထိ၊ ဟိုတစ ဒီတစ်စနဲ့ ပြန့် ကျဲ ၊ ကွယ် ပျောက် နေခဲ့ သည် မှာ ယခုဆိုလျှင် ရာစု နှစ် သို့ ပင် ၀င်ရောက် လာ
နေပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံသမိုင်းအဆက်ဆက်တွင်၊ ဦးဆောင်မှုပြုခဲသော့ ကျောင်းသားလူငယ်တို့ သည် နိုင်ငံရဲ့  ခေါင်းဆောင်များလည်းဖြစ်ခဲ့ကြသလို၊ နိုင်ငံနဲ့ ပတ်သက်သော အဓိက ဆုံးဖြတ်ရသည့် နေရာတို့ တွင်လည်း ပါဝင်ခဲ့ကြသည်။လူတိုင်းတွင် အမှားလည်းရှိသည်၊ အမှန်လည်းရှိခဲ့ကြသည်။ ထိုကြောင့် ခေါင်းဆောင်တိုင်းတွင် အမှား ဆိုတာလည်းရှိခဲ့ကြမည်ဖြစ်သလို၊ အမှန်ဆိုတာ လည်းရှိခဲ့ကြမည်ဖြစ်သည်။ သို့ သော် နိုင်ငံသမိုင်းထဲ ကဖြစ်ရပ်မှန် အကြောင်း အရင်းအထိုထို နဲ့  ကောင်းသော လုပ်ရပ်ရဲ့ ပုံရိပ်များ ၊ မကောင်း သော လုပ်ရပ်များရဲ့ ပုံရိပ် များ၊ ကိုတော့ မည်သူကမှ မည်သို့ သောနည်းနဲ့ မဆို ဖျောက် ဖျက်ပြစ် လို့ မရချေ။
ကျွန်ုပ်တို့ သည် အမှန်ကိုလည်း ပြောဆို ချီးကျူး ဖေါ်ထုတ်ရမည်ဖြစ်သည်၊ အမှားကိုလည်းပြောဆို ရှုံချရမည်ဖြစ်သည်။ အမှားကိုဘဲ ပြောပြီး အမှန်ကို ချန်ထားလို့ မရချေ၊ ထိုအတူ အမှန်ကိုပြောပြီး အမှားကို လည်း ဖုံးလို့ မရချေ။ခေတ်အဆက်ဆက် က နိုင်ငံတော်အတွက် ပေးဆပ်ခဲ့ရသော အညတည မှသည် ခေါင်းဆောင် ဖြစ်ကြသော ကျောင်းသားလုူငယ် သူရဲ ကောင်းတို့ ရဲ့  သမိုင်း အကြောင်းသည် ပါးစပ်သမိုင်း ၊ စာသမိုင်းများ (တချို့ သောသူ များသာ) သာ ရှိနေ သည်ဟု နောင် မျိုးဆက်သစ်တွေအတွက် မဖြစ်စေရန် အတွက် သူရဲကောင်းတို့ ရဲ့ ဗိမ္မာန် ဖြစ်ရန် လုပ်ဆောင်ရန်အတွက် လက်ရှိ မျိုးဆက်တို့ မှတာဝန် လုံးလုံး ရှိသည်လို့ ခံယူပါသည်။အတွေးနဲ့ လက်တွေ့ တွေမတူညီ ခဲ့အာဏာရှင်စနစ်ကျဆုံးရေး၊ မတရားသော အမိန့် နဲ့ ဥပဒေတွေကို ဆန့် ကျင်ရေး ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးများ ပြည့်ဝ စွာရရှိရေး၊ လယ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ခံစားရရှိရေး၊ ကျောင်းသားတို့ ၏ရပိုင်ခွင့် အခွင့်အရေးအပြည့်အ၀ ရရှိရေး စသော အကြောင်းအရာများကို တိုင်းပြည် ရဲ့ အချုပ်ချာအာဏာ ကိုသိမ်းပိုက်ကာ အုပ်ချုပ် နေသော စစ်အစိုးရ ကို မြန်မာနိုင်ငံ တ၀ှမ်းတွင်နေ ထိုင် ကြသော ပြည်သူအပေါင်းရဲ့ အလွှာအတန်းအစားအသီးသီး မှ တစိုက်မှတ်မှတ်တောင်း ဆို လာသည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထက် ၁၉၈၈ နောက်ပိုင်းတွင်ပိုပြီးတော့ ကျယ်လောင်လာသည်။
ဖိနှိပ် အုပ်ချုပ်ခြင်းနဲ့ မတရား ခြင်း များစွာကို တွန်းလှန်လာခဲ့ကြသည်မှာလည်း ပိုပြီးတော့ အရှိန်မြှင့် လာသည်။ ပြည်သူပြည်သားအားလုံးတို့ သည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ ဘ၀လုံခြုံရေးကို အလွန် အ မင်း တမ်းတမ်း တတ နဲ့ လိုချင်ကြသည်၊ ခံစားချင်ကြသည်။
လွတ်လပ်ခြင်း၊ မျှတခြင်း၊ညီမျှခြင်း၊ လုံခြုံခြင်း နဲ့ ပြည့်စုံသော မင်္ဂလာရှိ သည့် မြန်မာလူမျိုး တို့  ၏ လူဘောင်ကို လေ့ကျင့်တည်ထောင်လို ကြသည်။ နိုင်ငံတကာမိသားစုနဲ့ ယှဉ်ပြိုင်နေထိုင်လိုကြသည်။
ထိုတောင်းဆိုမှုများကိုလည်း ပြည်သူအပေါင်းက စစ်အာဏာရှင်တို့ ထံတွင် တစိုက်မှတ်မှတ် နှင့် ငြိမ်းချမ်းစွာ အကြမ်းမဖက်ကန့်  ကွက်ဆန္ဒ ပြတောင်းဆိုခြဲ့ကပါသည်။
သို့ သော် တောင်းဆိုမှုများရဲ့ အနှိမ့်ဆုံးအဆင့်ကိုတောင်ကျွန်တော်တို့  ယနေ့ ခံစား၊ စံစားခွင့် မရရှိခဲ့ ကြသေးသလို ၊ မတရားမှု နဲ့ ဘ၀ လုံခြုံမှုမရှိခြင်း တို့ ကလည်း နိုင်ငံနဲ့ တ၀ှမ်း တွင်ရှိသော ပြည်သူ အပေါင်းတို့ နေ့ တဓူဝ ခံစားနေရသည်။
ပြည်သူလူထု ရဲ့အားကိုယူကာ လှုပ်ရှားမှုဆန္ဒပြမှု့ နဲ့ အတူ လက်နက်ကိုင် အင်အားကိုပေါင်းစပ်ပြီး ( Zero Sum Game) စစ်အစိုးရထံမှ တိုင်းပြည်အာဏာကို တိုက်ယူပြီး ပြည်သူအာဏာကို ပြည်သူသာလျှင် ပိုင်ဆိုင်ရမည်ဆို သည့် ထိပ်တိုက်အခင်းအကျင်း များသည် ၁၉၈၈ အရေးအခင်းပြီးမှ ပေါ်ပေါက်လာခြင်း မဟုတ်ချေ၊ ပြန်ကြည့်မည်ဆိုလျှင် ၁၉၄ရ မြန်မာနို်င်ငံ လွတ်လပ်ရေးပင်မရသေး၊ လွတ်လပ်ရေး ရရန် ရှေ့တန်းမှ ဦးဆောင် နေသော ဗိုလ်ချုပ်အောင်ဆန်းပင် မကျဆုံးသေး၊ ဇတ်လမ်းက စ ပြီဖြစ် သည်။
လွတ်လပ်ရေးရရန်ကြိုးစားခဲ့ကြသော အဖွဲ့ အစည်းအသီးသီးအတွင်း တွင် လည်းကောင်း၊ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်း တွင်၊ မိမိတို့ ရဲ့ ပါတီဝါဒများ၊ အတွေးအမြင် ခံယူချက်သည်သာ မှန်သည်၊တရားသည်၊ ဆိုသည့် ကွဲလွဲ မှုသည်၊တစ်ဦးနဲ့ တစ်ဦးအကြားတွင် ပြင်းထန်လာကြသလို၊ နောက်ဆုံး တစ်ယောက်နဲ့ တစ်ယောက် ပုဂ္ဂိုလ်ရေးမနာလိုမှုများ နဲ့ ထင်ပေါ်ကြောဇောမှု မနာလိုမှုများထိ ပါဝင် ရိုက် ခတ်လာခဲ့တော့သည်။
ရဲဘော်ရဲဘက် လက်တွဲ ဦးဆောင်ခဲ့သူ အလံနီသခင်စိုးက နေ စပြီးတော့ လက်နက် ကိုင် တော်လှန် ခြင်းဖြင့် တဖက် အမြင်မတူသူကို လက်နက်နဲ့ ပြန်လည် ချေမှုန်း တိုက်ခိုက် ရမည်ဆိုသည့် အတွေးအမြင် ကို စတင်အကောင် အထည်ဖေါ်ပေးလိုက်သည်။ နောက်ဆက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ သည်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ သည်လည်း ကောင်း နိုင်ငံရေးကို မျက်နှာစုံညီနဲ့ နိုင်ငံရေးနည်း နဲ့ မရှင်းဘဲ စတင် ကာ လက်နက် ကိုင်စွဲခဲ့ ကြသည်ကို သမိုင်းတွင်တွေ့ ရမည်ဖြစ်သည်။
ထို့ အတူ ခေတ်အဆက်ဆက်ကို ကြည့်သော် မည်သည့် လက်နက် ကိုင်၊ တော်လှန်ရေးအဖွဲ့ အစည်းမှထိ ရောက်သော ဖိအား၊ ထိရောက်သော နိုင်ငံရေး ဖိအား၊ ထိရောက်သော စစ်ရေး အခင်းအကျင်းမျိုးဖြင့် အုပ်ချုပ်နေ သော အစိုးရတိုင်း ကို နိုင်ငံရေး စားပွဲ ၀ိုင်း ပေါ်သို့  မျက်နှာချင်းဆိုင် တွေ့ ဆုံးဆွေးနွေးရန် ခေါ်ဆောင် နှိုင်ခဲ့ခြင်း မရှိခဲ့ပါ။
လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ခေတ်အဆက်ဆက်ရှိ အစိုးရတိုင်းက လည်း မည်သည့်အခါက မှ နိုင်ငံရေးအရ အမြင်မတူသောတော်လှန်ရေး အဖွဲ့ အစည်းအသီးသီးကို သဘော ထား ကြီး ကြီးနဲ့  ခွင့်လွှတ်စိတ်ထားကာ အတူတကွ လက်တွဲ လုပ်ဆောင်ဖို့ လည်း စိတ်လက်ပါပါ မကြိုးစားခဲချေ။
( ချွင်းချက်။ ။ ၁၉၆၃ ပြည်တွင်းပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပထမဆုံးနဲ့ နောက်ဆုံးဖြစ်မည်ထင်ပါသည်)
အမှန်တကယ်တော့ မြန်မာနိုင်ငံအတွက် တွေ့ ဆုံဆွေးနွေးရေးဆိုသည်မှာ တဖက် မှ အခြား တဖက်ကို zero sum game ဖြစ်ဖို့ အတွက် တဖက်နဲ့ တဖက် အင်အား ၊အာဏာ များအပြင် အင်အားကြီးနိုင်ငံများရဲ့  ပံ့ပိုး ကျားကန်ပေးမှု ဖြင့် တစ်ဦးကိုတစ်ဦး အပြီးသတ်ချိနှဲ အော့င် ပြုလုပ်ရန်အတွက် အချိန်ကို ၀ယ်ရန် သုံးသော ခေါင်းစဉ်ကြီးတစ်ခုသာ ဖြစ်နေခဲ့ရပါသည်။

ယနေ့ ခေတ် မြန်မာနိုင်ငံတွင် တွေ့ ဆုံဆွေးနွေးရေးဆိုသော ခေါင်းစဉ် သည် ပြည်သူများနဲ့ နိုင်ငံတကာ ရှေ့ တွင် နိုင်ငံရေးသမားများ၊ တော်လှန်ရေး သမားများ၊ စစ်အာဏာရှင် များတို့ ၏ ပြောကောင်း၊ ဆိုကောင်း ဝေဖန်ကောင်းအောင် အသုံးပြုသော ၊အသုံးချ ခေါင်းစဉ်သာသာ ဖြစ်ခဲ့ ရ သည်ပြောလျှင်မမှားပေ။

ဒီအတွက်ကြောင့် မြန်မာနိုင်ငံတွင် အစိုးရတစ်ရပ် ကို ဖြုတ်ချရန်အတွက် မည်သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းကမှ ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူးလို့ ရိုးသားစွာ ပြောလျှင်ပြောတဲ့သူ ၏ အမှားလို့  ပြောလို့ မရသလို ၊ အမှန်လို့ လည်းပြောလို့ မရချေ။

( ချွင်းချက်၊။ ၈၈၈၈ အရေးတော်ပုံကြီးကတော့ မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့သည်ဆိုပေမဲအော့င်မြင်စွာ

ဖြုတ်ချနိုင်တဲ့အဖြစ်ကိုတော့မရောက်သွားပါ၊ အဘယ်ကြောင့်ဆိုသော မဆလအစိုးရ ထံမှ တိုင်းပြည်အာဏာကို စစ်တပ်ထံသို့ ပေးအပ်နိုင်သွားပြီး (န၀တ) နအဖလက်ရှိစစ်အာဏာရှင်အစိုးရကို ဖေါ်ဆောင်သွားနိုင်ကာ နိုင်ငံတော် ရဲ့ အချုပ်ချာ အာဏာကို ထိန်းချုပ်နိုင် သွား ခဲ့လို့ ပြောရပါမည်။)
ကြာရှည်ခဲ့ရသည့်အကြောင်းရင်းများ
ဘာလိုသောအကြောင်းများ ကြောင့်စစ်အာဏာရှင်အစိုးရကို အပြည့်အ၀ ဖြုတ်ချလို့ မရနိုင် ခဲ့တာလည်း
ပြည်တွင်း၊ ပြည်ပ ဦးဆောင်ခဲ့သူ မည်သူမှ အမှန်တိုင်းသုံးသပ်ကာ ပြန်လည် မပြောကြသလို ၊ ပြောကြားသမျှအားလုံးသည်လည်း ကိုယ် ကောင်း၊ကိုယ် တော်၊ ကိုယ် တတ်၊ ကိုယ် သာ နိုင်ငံ ကို ချစ်သည်ဟုဆိုကြခဲ့ကြကာ အတတ်လွန် မာန များဖြင့် ရှုးသွပ်ခဲ့ကြသည်။
ငါ ဆိုတဲ့ ငါ နဲ့  လူပုဂ္ဂိုလ် နဲ့ သူရဲကောင်း ကိုးကွယ်တည် ဆောက်မှု နဲ့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို သာ တစိုက်မတ်မတ် မှားမှားမှန်မှန် လုပ်ရမဲ့အနေအထားကို ဦးစားပေးတည်ဆောက်ခဲ့ကြသည်။
တနယ် တဗိုလ် ကိုယ်ပိုင်ရာ ကိုယ့်နယ်မြေမှာ ကိုယ်သာ မင်းဆိုတဲ့  တမင်းတချင်းကို အုပ်စုအလိုက် ၊ ဂိုဏ်းဖွဲ့ ကာ အပြိုင်အဆိုင် ထူထောင် ခဲ့ကြသည်။ ပကတိဖြစ်ရပ်နဲ့  နိုင်ငံရေးဖြစ်စဉ်ကို ပုံသေကား ချပ် များနဲ့ ထည့်တွက်ကြသည်။

နိုင်ငံရေးနည်းဗျူဟာနဲ့ ပါတီတွင်းအုပ်ချုပ်ရေး များတွင် အားနည်းချက်များ အဖြစ် ထင်ထင်ရှားရှားမှာ အတိုက်အခံပါတီတိုင်းလိုလိုတွင် ပါတီ ပြန်လည်ဖွဲ့  စည်းခြင်းနဲ့ ခေါင်းဆောင်များ မွေးထုတ်ခြင်း မလုပ် နိုင်ခဲခြင်း နဲ့  ပါတီတွင်းဒီမိုကရေစီကို သေသေချာချာကျင့်သုံးမှု့မရှိခြင်း တို့ ကြောင့်ကျစ်လစ် ခိုင်မာမှုမရှိတော့ဘဲ ၊ စစ်အာဏာရှင်ရဲ့ ဖြို ခွင်းခြင်းကို လက်ဦးစွာ ဖျက်ဆီးခံရသည်လို့ ရိုးရိုး ဘဲမြင်ပါသည်။
( ပါးစပ်ကနေ အာဏာရှင်စနစ်ကျဆုံးရမည်၊ ငါတို့ သာလစ်ဘရယ်တွေဖြစ်တယ်၊ ဒီမိုကရေစီကျင့်ထုံးတွေနဲ့  မြန်မာနိုင်ငံတွင် ပြောင်းလဲ ရမည်
ဟုသာပြောပြီး အမှန်တကယ် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးမှုများသည် အာဏာရှင် များကဲ့သို့ မခြားရှိခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်ကို ကိုယ်ကိုတိုင်လည်းမကျင့်ကြသလို၊ ကျင့်ကြံကြဖို့ လည်း အလေ့အကျင့်ကို မပြုခဲ့ကြတာကို တွေ့ ရပါသည်။ )
လက်နက် ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းနိုင်ငံရေး ဟန်ချက်ညီညီ ဘာကြောင့် မလုပ်နိုင်ရ တာလည်း ဆိုတာကို ကို ပြန်လည် သုံးသပ် လျှင် ဘာတွေကလှစ်ဟာနေခဲ့တာလည်းဘာတွေက မှားနေခဲ့တာလည်း ၊ဘာတွေက ကျွန်တော်တို့ တွင် အားနည်းချက် အဖြစ်ရှိနေတာလည်းဆိုတာကို ပြတ်သားသောအမြင် နဲ့ ကြည့်ကြရမည်ဖြစ်ပါသည်။
ဘယ်လိုသောအကြောင်းတွေက အတိုက်အခံ အားလုံးအတွက် မည်ကဲ့သို့ သော အခက်အခဲ များကို ဖြစ်ပေါ်စေ ကာ စုစုစည်းစည်းနဲ့  ရပ်တည် မှု့တို့  အတွင် အနှောက်ယှက်ဖြစ်ခဲ့ရပါသနည်း။
အားလုံး၏ရပ်တည်ခံယူချက်များကိုကြည့် သော် ဘုံတူညီချက်များ ကား တော်တော်များသည်ကိုတွေ့ ရပါသည်။
ဘုံရပ်တည်မှုများ၏ အသေးစိတ် လုပ်ငန်းစဉ်များကို အတူတကွ လုပ်ဆောင် ကာ စုပေါင်း ဖေါ်ဆောင် မှု ရှိ၊ မရှိနဲ့ ၊ ထို လုပ်ငန်းစဉ်များကို တကယ်ကော အတိအကျ လုပ်ဆောင်ခဲ့သည်လား ၊သို့ တည်းမဟုတ် ဟန်ပြ လုပ်ဆောင်ခဲ့မှုများ ကြောင့် လားဆိုတာလည်း မေးစရာရှိပါသည်။
ဆယ်စုနှစ်များကနေ ရာစုနှစ်သို့ ပင်လှမ်းတော့မည်ဖြစ်သည် ယနေ့ ထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲခြင်းအတွက် ပကတိအခြေအနေနဲ့ ထင်ဟတ်သောခြေလှမ်းတစ်ခုမှ မြင်သာ ထင်သာခြင်း မရှိသလို အပြုသဘောဆောင်သည့် ပူးပေါင်းလုပ်ဆောင်မှုများ ကို မည်သည့် ဖက်ကမှ
လိုလိုလားလား စတင် အကောင်အထည် ဖေါ်လုပ်ဆောင်ခဲ့ခြင်းများတစ်ခုမှမရှိသေးချေ။
အပြောလွယ်သလောက် အလွန်ခက်သည့်ခေါင်းစဉ်ကြီးနိုင်ငံတကာနဲ့ ကမ္ဘာသိုင်းအ၀ိုင်း မိသားစု အများထင်ကြသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်စဉ်များ၊သဘောထား တင်းမာမှုများ၊ အာဃာတ များ ၊ ပုဂ္ဂိုလ်ရေး အကြောင်းအရာအားလုံးတို့ သည် တွေ့ ဆုံ ဆွေးနွေး မှုနဲ့ ညှိနိုင်းမှုများဖြင့် ချက်ချင်း ပြေလည်သွားနိုင်မည်ဟု ဆိုကြသည်။ မည်သူနဲ့  မည်သူတွေ က နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဆွေးနွေးယုံနဲ့  အရာရာ မဟုတ်တောင် အတိုင်းအတာ တစ်ခုထိ ပြီးဆုံးသွားနိုင် သည် ဟုပြောဆိုနေကြခြင်းကို က အလွန်လွယ်သော၊ ပေါ့ပျက်သော စကား များဖြစ်နေ သေး ပါသည်ဟု ယူဆပါသည်။
မြန်မာနို်င်ငံတွင် တွေ့ ဆုံဆွေးနွေးညှိနိုင်းယုံနဲ့ မည်သည့်အကြောင်းအရာမှ အလွယ်တကုနဲ့ ပြီးစီးသွားဖို့ မဖြစ်နိုင်သေးချေ၊ ကျွန်ပ်အနေနဲ့ ကတော့ တွေ့ ဆုံဆွေးနွေးရေးအတွက် ဘက်၂ ဖက် ကနေ ဘောင်နဲ့ သတ်မှတ်ချက် ဥပဒေတော့ ထားရှိရမည်၊ ထိုမှသာ တွေ့ ဆုံဆွေးနွေးရေးသည် အရာထင်သလို ၊ အကျိုးရလဒ်ထွက် လာနိုင်ပေမည်ဖြစ်သည်။နှစ်ပေါင်းများစွာ လက်နက်ကိုင် လူမျိုး စုခေါင်းဆောင်များ ၊ စစ်အစိုးရ သည်လည်းကောင်း အတိုက်အခံ အဖွဲ့ အစည်း များ တို့ နှင့်လည်းကောင်း တစ်ဖွဲ့  နဲ့ တစ်ဖွဲ့  နိုင်ငံရေး အာဃာတ၊ ပုဂ္ဂိုလ် ရေးအာဃာတ၊ အပေးအယူမမျှခြင်း ၊ တကိုယ်ကောင်းဆန်ခြင်း တို့ ကား အလွန် ကို ပြင်းထန်ခဲ့ကြသည်။
စကားလုံးလှလှ နဲ့ ခေါင်းစဉ်ကြီးကြီး များသုံးပြီးတော့ တစ်ဖွဲ့ နဲ့  တစ်ဖွဲ့  ခြေထိုးခြင်း နောက်ကြောဒါးနဲ့ ထိုး ခြင်း၊ အာဏာ၊ ဖိအား ၊ တို့ သုံးကာ ညှစ်ပတ်ခဲ့ကြသောသမိုင်းဝင် ပတ်ပတ်လည်အရှုတ်တော်ပုံ ကြီး ကား မသေးလှပေ။ အဖွဲ့ ကြီးသုံး ဖွဲ့  လို့  စကားအရာ အရ ပြော သော်လည်း တကယ်က စစ်အစိုးရ ကို အဖွဲ့  ကြီးတစ်ခုအနေနဲ့ ပေးခဲ့သည်ဆိုအုံး ၊ကျန် အဖွဲ့ ကြီး ၂ ဖွဲ အော့က်တွင်ကား အဖွဲ့  ပေါင်း စုံနဲ့  ဖရိုဖရဲ နဲ့  တည်ထားသော အခြေအနေဖြစ်သည်။
အာဏာကို သိမ်းပိုက် ထားသော စစ်အစိုးရ သည် ၊ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပါမည်ဟုနိုင်ငံတကာ
သို့ ပြောဆိုနေသော်လည်း မည့်သည့်အခါက မှပြည်သူအပေါ်တွင် လည်း ကောင်း ၊မိမိတို့ နဲ့ အမြင် မတူ၊သဘောထားမတူသူတို့ အား ဒီမိုကရေစီကျကျသော်လည်းကောင်း၊ အာဏာကိုင်ထားသည့် အစိုးရတရပ်အနေနဲ့ သဘောထားကြီးကြီးထားကာ ညှိနိုင်း ဆွေးနွေး လုပ် ကိုင်သည့် အခင်းအကျင်း ကိုတချက်မှ မပြုမှုခဲ့ ချေ ။
အဆိုးဆုံးနဲ့ အလွန်အမင်းမျက်နှာပျက် စရာ သမိုင်းတွင် ဖျောက်ဖျက်လို့ မရအောင် အမဲစက်ထင်စေရသည့်အကြောင်းအရာကား မိမိတို့ ကိုယ်တိုင် ဦးဆောင်ကျင်း ပပေးခဲ့ သော ရွေးကောက်ပွဲ နဲ့ ထိုရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖေါ်ပေးခြင်းဖြစ်သည်။
ထိုအတွက် ကြောင့်လည်း လက်ခံနိုင်လောက်သည့် ဂတိဂ၀တ်နဲ့ ယုံကြည် ၊ အားကိုးစံထား လောက်သည် အဖြစ်တစ်ခုမှ မရှိသောကြောင့် ၊ မည်သို့ သော ဂတိစကားများထပ်ကာ ထပ် ကာ ပြောဆိုသော်ငြားလည်း ပြည်သူအပေါင်း အနေနဲ့ သော်လည်းကောင်း၊ လက်တွဲလုပ်ရမည့် နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ငြိမ်းချမ်း ရေးရယူထားသော၊ မယူထားသော လက်နက်ကိုင် အဖွဲ့ အစည်း မျာ။းမှ ယုံကြည်ခြင်းမရှိသည်မှာ အဆန်း တကျယ် မဟုတ်ချေ။



နိုင်ငံရေးပါတီအပေါင်းမှာလည်း မတရားမှု၊ မမျှတမှုများ နဲ့ ဥပဒေမဲ့ အနိုင်အကျင့် မှုများကို စစ်အစိုးရမှ အာဏာ ကိုအသုံးချကာ မတရား ဖိနှိပ်ကွပ်များ အောက်တွင် လှိမ့်ပိန့်  အောင့် ခံခဲ့ ရသည်မှာ အနှစ် ၂၂ ကျော်ပြီဖြစ်သည်။

ထို့ အတွက်ကြောင့်လည်း အိုးရွဲ့  စလောင်းရွဲ့ များ ဖြစ်ကုန်ကြကာ ပြည်တွင်း၊ ပြည်ပ အတိုက်အခံအဖွဲ့  ပေါင်း စုံမှ စစ်အစိုးရအပေါ် ထားရှိသည့် နိုင်ငံရေး အခင်းအကျင်းမှာ ဒုတ်နဲ့ မုန့် ဆိုသောနည်းဗျူဟာကို အသုံးပြုကြတော့ သည်။



အပစ်ခတ်ရပ်ဆဲကာ ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင် လုူမျိုးစုများ နဲ့  စစ်အစိုးရ ကြားတွင် နိုင်ငံရေး၊ စစ်ေရး၊ ရပိုင်ခွင့်နဲ့ ခံစားပိုင်ခွင့်  သဘောထားများကား ယနေ့  အချိန်ထိ အနိမ့်ဆုံးစံအနေနဲ့  ပွင့်လင်း မြင် သာ၊ ထင်သာ သိသတ်သတ်မှတ်မှတ် သဘောတူညီချက်မရှိသေး တာကို တွေ့ ရသည်။



ငြိမ်းချမ်းရေးမယူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအနေနဲ့ လည်း နိုင်ငံရေး သဘောထားမပြေလည်မှုများ ၊စစ်ရေး ရပ်ဆဲဖို့ သဘောတူညီချက်များ၊ နှစ်ပေါင်းကြာရှည်ခဲသော့ နားလည်မှု လွဲသော အမြင်အတွေးများ၊ လူမျိုးရေးခံစားချက်များ၊ တိုင်းရင်းသားတို့ ရဲ့  ခံစားခွင့်ရပိုင်ခွင်များ၊ တန်းတူညီတူ ခံစားခွင့်များ ကို မည်သူတွေက မည်သည့် လူမျိုးစုအတွက် ကိုယ်စားပြုပြီး မည်သည့်အချိန်တွင် မည်သည့် ကော်မတီ ၀င်များ နဲ့  မျက်နှာချင်းဆိုင် ညှိနိုင်းဆွေးနွေးမည်ဆိုတာ ယနေ့ ထိ တရားဝင်မတွေ့  ရသေးပါ။



ဖြစ်ပြီးခဲသော့ ပိဋိပက္ခများသည် လွယ်ကူစွာနဲ့ ရှင်းလို့  မရပေ။ ထို ဇတ်လမ်းအထိုထိုကို မည်သူတွေ က တာဝန်ခံ၊တာဝန်ယူကာ ဖြေရှင်းဖို့ ရဲ ရဲရင့်ရင့်လုပ် ဆောင် ကြပါမည်နည်း ။

နိုင်ငံသမိုင်း အပြောင်းအလဲဖြစ်ပေါ်ဖို့ အတွက် အလွန်အရေးကြီးသော မေးခွန်းလည်းဖြစ်ပါသည်။

ယနေ့ အချိန်ထိ ပြောတဲ့အတိုင်း လုပ် သလို၊ လုပ် တဲ့ အတိုင်း ပြတ်သားစွာ တာဝန်ယူ၊ တာဝန်ခံ၊ ဂတိစကား နဲ့ ပြောသော ခေါင်းဆောင်ဆိုသူများ ကား မပေါ်ပေါက်လာ သေးချေ။



အကယ်၍ မြန်မာ့နိုင်ငံရေး အိမ်မက်ဆိုးအား အပြီးပိုင် ဇတ်လမ်း ပြီးဆုံးချင်လျှင်လည်း တကျော့ပြန် လမ်း မရှိ ၊ တုံးတိဖြတ်ရမည့် လမ်းကြာင်းတစ်ခုတည်း ကလွဲပြီး တခြားသော အခင်းအကျင်း မရှိချေ.

အကယ်၍များ အခြားသောလုပ်ဆောင်မှုများရှိသည်ဆို ပါမှု၊ နေရာ၊ အချိန်နဲ့ အခြေအနေပေါ်မှာမှုတည်ကာ လုပ်ဆောင်မှသာ မြန်မာနိုင်ငံရေးအိမ်မက်ဆိုးကို ရပ်တန့် လို့ ရတော့မည်ဖြစ်သည်ဟုလည်း ယုံကြည် ပါသည်။



ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ များကား၂၀၁၀ရွေးကောက်ပွဲပြီးသော်လည်း ပြည်တွင်းစစ် လည်း ပြီးပြည့်စုံ သော ငြိမ်းချမ်းရေး အဖြစ် သို့ အချိန်တိုတိုနဲ့ မရောက်ရှိနိုင် သေးသလို ၊ အမျိုးသား ပြန်လည် ညီညွတ်ရေး အတွက် အတော်ကို ကြိုးစားရအုံးမည့်အနေအထား မှာဘဲ ရှိနေသေး သည်လို့ မိမိအနေနဲ့  တထစ်ချယုံ ကြည်မိပါသည်။



ထိုကြောင့် ပြည်တည်နေသော အနာကို ဖောက်ပြီးဆေးထည့်မလား သို့ တည်းမဟုတ် အနာပေါက်သည် အချိန် ထိစောင့်ကာ ဆေးထည့်မလား ဆိုတာသာ စဉ်းစားရပေတော့မည်။



မည်သည့်နည်းလမ်းနဲ့ အခင်း အကျင်း သည် အားလုံးသော တိုင်း ရင်းသားပြည်သူတို့ အတွက်ကော၊ တိုင်းပြည်အတွက်ကော၊ ကောင်းမည်ဆိုတာကို စဥ်းစားကြရမည် ဆုံးဖြတ်ရမဲ့ တာဝန်သည်

မြန်မာနိုင်ငံတွင်ရှိသော ပြည်သူအပေါင်းရဲ့ လက်ဝယ်တွင် ရှိပါသည်.။

နိုင်ငံရေးခေါင်းဆောင် များပါဝင်ဆောင်ရွက် ရမည့် အပိုင်း လည်း ရှိပါသည်။

တိုင်း ရင်း သားခေါင်းဆောင်များပါဝင်ဆောင်ရွက်ရမည့် အပိုင်း လည်း ရှိပါသည်။

စစ်အစိုးရခေါင်းဆောင်များကလည်း သဘောထားကြီးစွာနဲ့ ပူးပေါင်းပေးရမည့် အပိုင်းနဲ့ ဦးဆောင်ကာ ပေးရမည့်အပိုင်းလည်း ရှိပါသည်။



လက် တွေ့ ကြသော လုပ်ငန်းစဉ် ကို မည်သို့ ဆုံးဖြတ်ကြမည်ဆိုသည်ကိုသိရန်မှာ မြန်မာနိုင်ငံ

ရဲ့ ဘက်စုံ တိုးတက်မှုနဲ့  ပြည်သူပြည်သားအားလုံးရဲ့  ဘ၀များ၏ အကျိုးသည်မည်မျှ တိုးတက်လာသနည်း ဆိုသည့် အချက်နဲ့  တိုက်ရိုက် ဆက်စပ်

နေသည်ဆိုတာကို တော့ မြန်မာနိုင်ငံသား အားလုံးထက် မြန်မာ့ နိုင်ငံရေးကို လုပ်ဆောင်နေကြသော၊သူ အားလူုံးနဲ့ လက်ရှိစစ်အစိုးရတို့ အထူး

သတိပြုမိ စေ ချင် ပါသည်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံ ( ၁ )

ဖြစ်ပေါ်နေသည့်၊ ဖြစ်ပေါ်နိုင်သည့်ရာသီဥတုအနေအထား

ပြည်တွင်း၊ပြည်ပ အတိုက်အခံနိုင်ငံရေး အင်အားစု အများစု အားလုံးက လာမဲ့ ရွေးကောက်ပွဲ တွင် ပြည်တွင်းမှာ မဲပေးမဲ့
ပြည်သူလူထုကနေ ပြီးတော့ ၀ိုင်းဝန်းဆန့် ကျင် ကန့် ကွက် သပိတ် မှောက် စေချင်သည်။ မဲမပေးဘဲနေစေချင်သည်။
ထို အတူ နိုင်ငံတကာ မိသားစုနဲ့  ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးကလည်း လက်ရှိရွေးကောက်ပွဲသည် တရားမျှတမှုနဲ့ လွတ်လပ်မှုမရှိခြင်း၊
အနာဂတ်မြန်မာ့နိုင်ငံရေးတွင် စစ်အစိုးရ သို့ မဟုတ် ဘောင်းဘီဝတ်နိုင်ငံရေးသမားများက တရားဝင် ၀င်ရောက်ချယ်လှယ် လုပ်ဆောင်ခွင့်ရသွားမည့် အဖြစ် ကိုဝိုင်းဝန်းကန့် ကွက်စေလိုကြသည်၊ ၀ိုင်းဝန်း အသိမှတ်မပြုဘဲ ဆန့် ကျင်ကြစေလိုသည်။
လက်ရှိစစ်အစိုးရ က စစ်အာဏာရှင်ကြီးစိုးသော ၊စစ်အာဏာရှင်ကြိုူးကိုင်သော အရပ်သား အစိုးရ တစ်ရပ်ပေါ်ပေါက်ရေးကို အသက်သွင်းရန်ကြိုးစား
သည့်ပွဲလို့ လည်းမြင်စေလိုသည်။
ထို ကြောင့် ၂၀၀၈ အခြေခံဥပဒေ ကို အခြေခံပြီးကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲ နဲ့  ထိုရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာသော မည်သည့် အစိုးရတစ်ရပ်ရပ်ကို မှ အသိမှတ်မပြုဖို့ ဟူသော သတ်မှတ်ချက်ရှိစေချင်သည့် အဖြစ်ကို လို ချင်သည့် အခင်းအကျင်းသာဖြစ်သည်ဟု မြင်ပါသည်။
အားလုံးသော အတိုက်အခံနိုင်ငံရေးသမားအားလုံးသည် မိမိတို့ပါတီရဲ့ နိုင်ငံရေးပန်းတိုင်၊ သို့ တည်းမဟုတ် မိမိတို့ ဖြစ်ချင်သော ဥုံဖွ ဒီမိုကရေစီနိုင်ငံတော်ကြီး ရောက်ရှိရေးကို ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်း အ၀ိုင်းက ကူညီဆောင်ကျဉ်းပေးသွားမယ် လို့ အနှစ်
၂၀ လုံးလုံး စိတ်ကူးယဉ် မျှော်လင့်ထားကြခဲ့တယ်လို့ ပြတ်သားစွာ စွတ်စွဲရင်လည်း မှားမယ်မထင်ပါ။
အဓိက အတိုက်အခံနိုင်ငံရေးပါတီအနေနဲ့ လည်းကောင်း၊ အခြားသော ပါတီများအနေနဲ့  ( ၉၀ ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သော ပါတီကြီးများ) ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းနဲ့ သပိတ် မှောက်နိုင်ပါသည်။ ထိုအတူ မတရားသော ၂၀၀၈ အခြေခံဥပဒေပေါ်မှာအခြေခံပြီး အလွန်တင်းကြပ်သော ဥပဒေများနဲ့ ကျင်းပသော ၂၀၁၀ရွေးကောက်ပွဲကို ဆန့် ကျင်ပိုင်ခွင့်ရှိပါသည်။
ထိုဆန့် ကျင်ခြင်းကိုလည်း ပြည်သူလူထုက သိုင်းဝိုင်းအားပေးထောက်ခံစေပြီး ၀ိုင်းဝန်းကာ မဲမပေးပဲ နေခြင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်း
တွေပြုလုပ်တောင်းဆိုခွင့်လည်းရှိပါသည်။
သို့ သော် တောင်းဆိုမှုနဲ့ အတူတာဝန်ယူမှုနဲ့ တာဝန်ခံမှုလည်းရှိရပါမည်။
ဖြစ်ပေါ်လာသောနိုင်သောနိုင်ငံရေး အခင်းအကျင်းများကိုဦးဆောင်နိုင်ရပါမည်။
မည်သူကတာဝန်ခံဦးဆောင်ပါမည်နည်း၊ မည်သို့ ဦးဆောင်ပါ မည်နည်း။
ကျွန်တော်တို့ ၏ အတိုက်အခံခေါင်းဆောင်များသည် နိုင်ငံရေး နည်းဗျူဟာများတွင် ၄င်း၊
ဦးဆောင်မှုပေး သော အခန်း များတွင်အမြဲတမ်း အားနည်း ကာ ချို့ ယွင်းချက်များရှိနေသည်ဟုမြင်ပါသည်။
စစ်အစိုးရ ရဲ့  ကြိုကန်မှု၊အာဏာလောဘကြီးမှု နဲ့ မျက်လှည့် ကွက်များ
၂၀၁၀ရွေးကောက်ပွဲ နောက်ပိုင်းဖြစ်လာနိုင်သောအခင်းအကျင်းများနဲ့ ဆက်လက် လုပ်ဆောင်ရမည့် အခင်းအကျင်းများ ကို
ကျွန်တော်တို့ ပြင်ဆင်သင့်ပါပြီ။
ပြည်သူအများကမထောက်ခံသည့် အတင်းဓမ္မ အခြေခံဥပဒေနဲ့ ထို ဥပဒေကိုအကြောင်းပြုပြီး ကျင်းပ ပေး ခြင်းဖြစ်သည့်အတွက်
ရွေးကောက်ပွဲကို သပိတ်မှောက် ခြင်းနဲ့ နောက်ကွယ် နိုင်ငံရေးအခင်းအကျင်းတွေကို ကျယ်ကျယ်ပြန့် ပြန့် လေ့လာပြီးပြီ လားလို့ လည်း နိုင်ငံရေးခေါင်းဆောင်များကို မေးခွန်းထုတ်သင့်ပါသည်။
ကျွန်တော်တို့ တွင် မည်သည့်အခြေခံသဘောတရားများက ဘုံအဖြစ် အသွင်တူရှိနေသည် ဖြစ်စေ၊ မတှူသည်
ဖြစ်စေ၊ မည်သို့ မည်ပုံ ကွဲပြားနေသည် ဘဲဆိုဆို၊ စစ်အစိုးရ ရဲ့ အဓိက ကျသော ရွေးကောက်ပွဲကျင်းပရခြင်း ရဲ့ အခြေခံသဘောတရား နဲ့ နောက်ကွယ်ဖြစ်ပေါ်လာမဲ့အကြောင်းအရာတွေကို ဖြစ်နိုင်သလောက် သေသေချာချာ လေ့လာသိရှိဖို့လိုကိုလိုအပ်နေပါသည်။
( အထူးသဖြင့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေပါသည်လို့ ကျွေးကျော်ပြီး နည်းလမ်းမကျဘဲ အာဏာရယူထားတဲ့အစိုးရများအုပ်ချုပ်သောတိုင်းပြည်များတွင် ကျင်းပသော ရွေးကောက်ပွဲတိုင်းကိုဆိုလိုပါသည်။)
ဒီအတွက် ပြည်ပ လေ့လာစောင့်ကြည့်ရေးများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှစိတ်ဝင်စားသူများ ရဲ့ စောင့်ကြည့်ခြင်းမှကင်းတဲ့အနေအထားဖြစ်နေတဲ့အပြင် ၊ အာဏာကိုကိုင်ထားတဲ့ မြန်မာနိုင်ငံမှစစ် အစိုးရတွေအနေနဲ့ ရွေးကောက်ပွဲ မကျင်းပပဲ အာဏာကို အရင်ကလည်းသိမ်းထားခြင်းနဲ့  ၊အခုလို ကူလီကူမာ လုပ်ပြီးတော့ အာဏာကို ဆက်လက် ထိန်းသိမ်းထားလို့ ဖို့  လုပ်ဆောင် ရန်ကလည်းအလွန်လွယ်ကူပါသည်။

ဒါကြောင့်လည်း န၀တအစိုးရအနေနဲ့  မဆလ အစိုးရကဲ့သို့ အလားတူစွာနဲ့ ပြုလုပ်ဖို့ လုပ်ဆောင်သည်ဟု ပြောဆိုဝေဖန်အပြစ်တင်သည့် အနေအထားများမှာ ဟိုးယခင်ကတည်းကရှိခဲ့သည်။ ယခင် ကတိုးတိုး ၊တိုးတိုးကနေ ကျယ်ကျယ်လောင် လောင်ဝေဖန် ကန့် ကွက်ပြောနေသည့်ကြားကပင် န၀တအစိုးရသည် ယခုဆိုလျှင် ဗြောင်အတိ လုပ်ကိုင်လာသည့်အဖြစ် ကိုလည်း တွေ့ ခဲ့ကြရပါသည်။
အနှစ် ၂၀ လုံးလုံး၊ ၉၀ ခုနှစ်ရွေးကောက်ပွဲကို အသိမှတ်မပြု၊ အာဏာမလွဲပေးဘဲ တိုင်းပြည် အာဏာကို ဆက်ယူထားသောကြောင့် ၊ပြည်တွင်းတွင်လည်း အုပ်ချုပ်ရေးအဆင်မပြေသလို ၊ ပြည်ပတွင်လည်း အစိုးရတစ်ရပ်ရဲ့  တရားဝင်မှု (legitimacy) မရ ခဲ့ချေ၊ သည့်အတွက် နိုင်ငံရေး၊သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ တောက်လျှောက် အများကြီး တွေ့ကြရသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကထက်စာလျှင် ယခုသည်ပိုမို ဆိုးဝါးက ပိတ်ပင်မှုတွေမှာ နိုင်ငံရေးအရကော၊ စီးပွားရေးအရကော၊ လူမှုရေးအရာကော တိုးပွာလာပါ တော့သည်။

ထိုအတူ ပြည်တွင်း၊ပြည်ပ မှ မြန်မာနိုင်ငံသား တို့ စစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းသူများတိုးပွားလာသလို စိတ်သဘောထားကွဲလွဲမှုများ သည် ဗမာလူမျိုးအချင်းချင်းတွင်မက တိုင်းရင်းသားညီအစ်ကိုတို့ နဲ့ လည်း ကောင်း၊ လူမျိုး ပေါင်းစုံး အတွင်းထိ ပတ်လှည်လိုက်ကာတနေ့ တခြား တိုးပွားလာနေတော့သည်။
စစ် အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ သည်သူတို့ ရဲ့ ထွက်ပေါက်ဖြစ်ပြီး ၊တိုင်းသူပြည်သား ကိုတော့ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးပြောင်းလဲရေး ဖြစ်စဉ်တွင်မဖြစ်မနေဖြတ် သန်းရမည့် အချိုးအကွေ့ ၊ အစပျိုးခြေလှမ်း လို့  နိုင်ငံပိုင်မီဒီယာများကနေ မှိုင်းသွင်းခြင်းကိုတစိုက် မှတ်မှတ်လုပ်ဆောင်ခဲ့ပါသည်။
အမှန်တကယ်ကတော့ မိမိတို့ ရဲ့ အာဏာ၊ရပ်တည်မှုသည် တရားဝင်မှုရှိ စေ( legitimacy ) ရန်အတွက် စနစ်တကျစီမံ့ တွက်ချက် ကာ လုပ် ဆောင် သော ပွဲ လို့ ပြောရင်လည်းရသော လုပ်ပွဲတစ်ခုဖြစ်ပါသည်။
ဤနေရာတွင်စဉ်းစားစရာတစ်ခုလည်းရှိပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ပျက်ပြားသွားအောင်လုပ်နိုင်ရင် သို့ တည်းမဟုတ် အဖိနှိပ်ခံပြည်သူတွေကထကြွပုန်ကန်တဲ့  အဖြစ်မျိုး နဲ့  စစ်အစိုးရကို ဖြုတ်ချဖို့  ၈၈၈၈ အရေးတော်ပုံ ကဲ့သို့ ဖြစ်ပေါ်လာနိုင်စရာများရှိသလားလို့ ရှာဖွေ စဉ်းစားတွေးကြည့် ဖြစ်ပါသည်။
လက်ရှိ စစ်အစိုးရအခြေနေ သည် ၈၈၈၈ မတိုင်မှီကအခြေအနေနှင့် တော့မတူပေ၊ ကွဲပြားခြားနားချက်တော်တော်များများရှိနေ သည်။ထို့ အတွက်ကြောင့် ၈၈၈၈ ကဲ့သို့ အရေးတော်ပုံကြီး တစ်ခုနိုင်ငံတ၀ှမ်းလုံးအနေနဲ့ ပေါ်ပေါက်လာစရာအကြောင်းတော့မရှိနိုင်ပေ၊
“ ဖြစ်နိုင်ချေအများဆုံးမှာ အစိုးရနဲ့ စစ်တပ်အတွင်းအခြေအနေသည် အကောင်းကြီးမဟုတ်ပေမဲ့ ၊ လက်ဦးသူ နိုင်စတမ်းဆိုသည့်  အာဏာလွှဲပြောင်း သိမ်းပိုက်ခြင်းဆိုတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်ပေသည် ဟုထင်မြင်ထားသည်။ “
၂၀၁၀ရွေးကောက်ပွဲ ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ၊ ရလဒ်များကို အဆိုးနဲ့ အကောင်းခွဲခြား ကြည့်ပါက အဆိုးဖက်ကသာများပါသည်။လက်ရှိ စစ်အစိုးရ တစ်ဖွဲ့ လုံးသည် ပြေးစရာမြေ ကမ္ဘာတွင်မရှိသောအနေအထားသို့ ရောက်သွားနိုင်သည့် အနေအထားကိုရောက်သွားသည်။
ဒီအတွက် ကြောင့် လည်း ၂၀၀၈ အခြေခံဥပဒေကို အခြေပြုပြီး ၂၀၁၀ရွေးကောက်ပွဲကို မိမိတို့  နောက်ကွယ်ထောက်ပံ့ပေးသော ပါတီနဲ့  တက်သုတ်ရိုက်ပြီးရွေးကောက်ပွဲကျင်းပပေးကာ ၊ legitimacy ရလာနိုင်မယ့် မဟာ အခွင့်အရေးကို နောင်တက်လာမဲ့ အစိုးရကနေ ကာကွယ်နိုင်ရန်အတွက်ဗြောင်ကြိုး စားရ တော့တဲ့အခြေအနေသို့ ရောက်သွားရသည်။
တချိန်တည်းမှာဘဲ ၁၉၉၀ပြည့်ရွေးကောက်ပွဲတွင်အနိုင်ရရှိသော အတိုက်အခံပါတီကြီး မပါဝင်လာရေးနဲ့  တရားဝင်ရပ်တည်မှုကိုလည်း တကြိမ်တည်း နဲ့ အပြီးသတ် ရှင်းလင်းရေးကိုလုပ်ဆောင် လိုက် တော့သည်။
နိုင်ငံတကာကပြောဆိုတောင်းပန်နေသည့် လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပဖို့ ဆိုတာကိုစစ်အစိုးရ အနေနဲ့ အပြီးပိုင် ဥပက္ခာပြုကာ မိမိတို့ အတွက်သာဆိုတဲ့ စိတ်နဲ့ အစိုးရပါတီ ကိုယ်တိုင် က ရွေးကော်ပွဲ အနိုင်ရဖို့အတွက်ကိုပဲ နည်းမျိုးစုံနဲ့ ကြိုးပမ်းခြင်းမျိုးကို ကျင့်သုံးတော့သည်ကိုတွေ့ ရသည်။
ဤ သို့ သော အခြေအနေကို စစ်အစိုးရဘာကြောင့် ကိုင်ဆုတ်သွားရပါသနည်း?
ကျွန်တော်တို့ သည် စစ်အစိုးရကို အပြောနဲ့ လက်တွေ့ များ ဆက်စပ်လို့ ရသည့် အခင်းအကျင်းများ ကို ဟန်ချက်ညီစွာမခင်းနိုင်ခြင်း၊ အချိန်နဲ့ လုပ်ဆောင်မှုများအံဝင်ဂွင်ကျမရှိခြင်း နဲ့  တပြိုင်တည်း ဒုတ်နဲ့ မုန့်  ဆို
သောနိင်ငံရေးပါဝါ ဂိမ်းကို ခင်းခဲ့သည့် အကျိုးများသာဖြစ်သည်ဟုယုံကြည်ပါသည်။
ထပ်၍ဆောင်းသော် ခေါင်းဆောင်တို့ ရဲ့  တာဝန်မယူနိုင်ခြင်းနဲ့ တာဝန်ခံခြင်း မရှိခြင်း၊ ရန်သူမှ မိမိကို ရန်သူအဖြစ်မြင်လင့်ကစား၊ လေးစားယုံကြည်မှုမရှိခြင်းကို တန်းတူညီတူ မပေးသော အကြောင်းတရား ရဲ့ အကျိုး၏နောက်ဆက်တွဲများဟုလည်း မြင်ပါသည် သတိထားရန်အချက်တစ်ခုရှိပါသည်
ရွေးကောက်ပွဲတွင် မဲ မပေးဖို့ အခွင့်အရေးနဲ့  ရွေးကောက်ပွဲတွင် ပါဝင်မဲပေးတဲ့ လူဦးရေ ရာခိုင်နှုန်း နည်းနိုင်သမျှနည်းစေဖို့ပဲလို့ အတိုက်အခံအင်အားစုအားလုံးကဆိုကြပါသည်။ထိုအကြောင်းအရာသည်သိမ်မွေ့ သလိုအလွန်ကို သတိထားရမည့်အချက်ဖြစ်သည်။
ကျွန်တော်တို့ သည် မဲဆန္ဒပေးပိုင်ခွင့်ရှိသော နယ်မြေရှိ မဲပေးနိုင်သည့် လုူဦးရေကို သေသေချာချာသိဖို့ လည်းလိုကိုလိုအပ်သလို ၊

ထိုနယ်မြေအလိုက် မည်မျှသော လူဦးရေသည်စစ်အစိုးရ ကျောထောက်ခံနောက်ခံပေးထားသည့်ပါတီရဲ့ အင်အားစု အဖြစ်

တည်ရှိနေသလည်း ဆိုတာကိုပါထည့် တွက်စဉ်းစားဖို့ လို ပေသည်။
မဲမပေးဘဲနေပိုင်ခွင့်နဲ့ ရွေးကောက်ပွဲတွင်ပါဝင်မဲပေးတဲ့လူဦးရေ ရာခိုင်နှုန်း ကို နည်းအောင် ချသည်မှာ လည်း အမှန်တကယ်တော့ ထိရောက်သောအကျိုးမဖြစ်ထွန်း လာဖို့ လမ်းမမြင်ချေ။အဘယ်ကြောင့်ဆိုသော်မည်မျှမဲလာပေးမှ ရွေးကောက်ပွဲ ပျက်ပြယ်သည်လို့ 
မပြဌာန်းထားချေ။ ထိုအတွက်ကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ မိသားစုမှ
ဆန်ကျင်သူများပြားသောရွေးကောက် ပွဲတစ်ခုဖြစ်သည်ဟုဆိုသည့် မှတ်ချက်ကလွဲပြီး ဖြစ်တည်လာ သောအစိုးရကို ဒီမိုကရေစီကျင့်ထုံး များနဲ့ လူအခွင့်အရေးများကို ဂရုတစိုက် ဖေါ်ဆောင်ပေးရန်အနီးကပ် တိုက်တွန်းပြောဆိုမည်ဖြစ်ကြောင်းပြောဆိုလာကြမည်သာဖြစ်သည်။

'ကျွန်တော်မြင်သော Facebook မှ User များအကြောင်း'

         ကျွန်တော်တို့တွေသုံးနေကြတဲ့ ဒီ FaceBook ဆိုတဲ့ Atmosphere ထဲကို ပုံစံအမျိုးမျိုးနဲ့သုံးနေကြတဲ့သူတွေအများကြီးရှိပါတယ်.. အဲ့ဒီထဲမှာမှ ဒီလိုကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်းထဲကိုဝင်လာတဲ့သူတွေ အများကြီးနဲ့ပတ်သတ်လို့ ကျွန်တော်တို့ တွေ့ကြုံရမယ့် လူအမျိုးအစား (4 ) မျိုးရှိပါတယ် လို့မြင်တယ်ဗျာ....

၁။ ဒီမိုကရေစီဘက်တော်သားစစ်စစ်တွေနဲ့ ပြည်သူတွေ...

၂။ စစ်အစိုးရဘက်တော်သားစစ်စစ်နဲ့ အလိုတော်ရိတွေ...

၃။ ရွေးကောက်ပွဲကို အခြေခံဥပဒေတောင် သေသေချာချာ မဖတ်ဘူးသေးတဲ့..ဖတ်ခဲ့ရင်တောင်..ကိုယ့်ကျိုးစီးပွားအတွက် ရပ်တည်မဲ့..စစ်အစိုးရရဲ့ ကြိုးကိုင်မှုအောက်မှာ ..စစ်အာဏာရှင်တွေရဲ့  စစ်ကျွန်တရားဝင်လုပ်မဲ့ အခြေခံဥပဒေ ဆိုတဲ့ မတရားရေစီးကြောင်းမှာ လှေကြုံစီးလိုက်ပြီး တဖက်တလမ်းက ကိုယ်ကျိုးစီးပွားရှာသွားမဲ့၊ ပါတီအကျိုးစီးပွားကိုရှာသွားမဲ့...စစ်တပ်အလိုတော်ရိလည်းမဟုတ်...ဒီမိုကရေစီလိုလားတဲ့ ပြည်သူလည်းမဟုတ်တဲ့...NDF, Myanmar Egress တို့လို ခေါင်းစီးအမျိုးမျိုးအောက်မှာ လှုပ်ရှားနေတဲ့ ပွဲလန့်တုန်း ဖျာဝင်ခင်းမဲ့၊ ကိုယ်ကျိုးကြည့် ညာဝါးတွေ....

၎။ စပိုင်တွေ......

ကျွန်တော် ၄..ကပြန်စပြောမယ်ဗျာ...စပိုင်လို့ဆိုရာမှာ...No. ၁..၂..၃..အုပ်စု ၃ခုလုံးမှာရှိနိုင်တယ်..ဒါပေမဲ့..အုပ်စု( ၁) မှာတော့ အများဆုံးပေါ့ဗျာ....ဒီနေရာမှာ..အုပ်စု( ၁) ကိုဖြိုဖို့က အရေးအကြီးဆုံးကို...(၂ နဲ့ ၃) က ရွေးကောက်ပွဲကို ထောက်ခံရေးသားမှာဆိုတော့ အချင်းချင်းတွေ ဖြစ်သွားပြီ...ဘာမှ သူတို့ထဲ ၀င်ပြီး ပြန် စပိုင်လုပ်နေဖို့ မလိုတော့ဘူးပေါ့ဗျာ...

No-၃ ကတော့..တော်တော် အရေးပါတယ်ဗျ...သူတို့ဟာ ကျွန်တော်တို့ အကိုတို့လိုပဲ..အရင်က သာမန်ပြည်သူတွေများတယ်...ဒါပေမဲ့ ..သူတို့အပေါ်က သူတို့ ဆရာတွေ..ဒါမှမဟုတ်.အဲဒီ လိုလူမျိုးတွေကိုယ်တိုင် ၀င်လာတာ ဖြစ်နိုင်တယ်...ဘာလို့ ၀င်လာလဲဆိုတော့..သူတို့က..ရွေးကောက်ပွဲမှာ..တတ်နိုင်သလောက် နေရာရချင်တယ်..ရွေးကောက်ပွဲ ပျက်မှာကို...စစ်တပ်က ပူသလိုမျိုး သူတို့က လည်းပူတယ်ဗျာ..ဒါကြောင့် ရွေးကောက်ပွဲ ကို အတိုက်ခံလုပ်မဲ့ သူအားလုံးဟာ..သူတို့ရဲ့ Target တွေပဲ..စစ်တပ်ကို ချစ်လွန်းလို့တော့ မဟုတ်ဘူးနော်.. No-၂ ကတော့ စစ်တပ်ကိုယ်တိုင်ပေါ့ဗျာ...စစ်တပ်လို့ပြောတဲ့အခါအားလုံးကို ပြောချင်တယ်...ကြံဖွတ်၊ ရုရှရောက် စစ်သားတွေ၊ Internet သုံးနိုင်တဲ့ သူတို့သားသမီးတွေ၊အလိုတော်ရိစားဖားတွေ..ဒါမှမဟုတ်..အထူးတာဝန်ပေးရေးခိုင်းထားတဲ့ သူတွေ..ပေါ့ဗျာ.....အထူးတာဝန်ပေးရေးခိုင်းထားတဲ့ သူတွေလို့ ဆိုရာမှာ..ဒါမျိုးတွေကို No.၃ အုပ်စုမှာလည်းတွေ့နိုင်တယ်ဆိုတာကို သဘောပေါက်ထားရမယ်ဗျာ..
သူတို့ ဘာလို့ Internet ..email တွေကို ၀င်လာလည်းဆိုတော့...ပြည်တွင်းမှာက ဘာမှလုပ်လို့မရဘူး..ရေးလို့မရဘူးဗျာ...သံဃာတောင် ဖမ်းဆီးသတ်ဖြတ်နေတာ အကိုတို့လည်းသိတဲ့ အတိုင်းပဲ..ဒီတော့ ပြည်တွင်းက သူတွေကို သူတို့အနေနဲ့ ကြောက်စရာမလိုဘူးပေါ့ဗျာ....လှုပ်တာနဲ့ ဖြုတ်ထည့်လိုက်ရုံပဲလေ...
အဲ Internet ..email မှာတော့ ဒီလောက် ထိန်းချုပ်ရမလွယ်တော့ဘူးဗျ...အပြင်မှာထက်လည်း...လူများများကို အချိန်နည်းနည်းနဲ့ Safe ဖြစ်စွာ..သတင်းတွေဖြန့် နိုင်တယ်ဗျာ..သူတို့ ဖုံးသမျှ သတင်းတွေကိုလည်းဖော်နိုင်တယ်...ပြည်သူတွေ အနေနဲလည်း..ပြည်တွင်းမှာ မသိနိုင်တဲ့ သတင်းတွေကို လည်းတွေ့နိုင် ဖတ်နိုင်တယ်လေ...
ဒီတော့ ဒါကို ထိန်းချုပ်ဖို့က လိုက်ဖမ်းထောင်ချလို့ မရနိုင်တော့...ရွေးကောက်ပွဲကို ထောက်ခံဖို့ ..အပြိုင်လာ ရေးတော့မှာပေါ့ဗျာ...သူတို့ဟာပြည်သူ အစစ်လဲမဟုတ်၊ အကို ထင်သလို သူဟာသူတစ်သီးပုဂ္ဂလအနေနဲ့ ရပ်တည်မဲ့ သူလဲ မဟုတ်ဘဲ ...ပြည်သူအယောင်ဆောင် နာမည်သုံးမဲ့..No-2 (or) No-3 အုပ်စုတွေထဲက ဆိုတာ ကို နားလည်ထားရမယ်ဗျ။

ကျွန်တော်တို့ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ...အရေးအသားတွေက သိသာပါတယ်...ဘယ်အုပ်စုကလူမျိုးတွေက ဘယ်လိုအရေးအသားမျိုးကို ရေးလေ့ရေးထရှိလဲဆိုတာကိုသုံးသပ်ကြည့်လေ အဖြေပေါ်လေပါပဲဗျာ...ဒီလို ပြောရတာလဲ အကြောင်းအရင်းက ခိုင်ခိုင်လုံလုံရှိပြီးသားပဲဗျာ..
နံပါတ်( 1 ) ဒီလိုလူမျိုးတွေရဲ့ အဓိက ဦးတည်ချက်ခြင်းက တူညီကြတယ်..နံပါတ်( 2) ဒီလိုလူမျိုးတွေက ဘောင်.. အကန့်အသတ် တစ်ခုအောက်ကပဲရေးရကြတယ်..သူတို့မှာ သူတို့ကိုယ်ပိုင် သုံးသပ်ချက်နဲ့ သူတို့ကိုယ်ပိုင် စွမ်းရည်နဲ့ ရေးရတာမျိုး မဟုတ်ကြဘူး.... နံပါတ်(3) ဒီလိုလူမျိုးတွေက ပုံစံ နှစ်မျိုးနှစ်စား နဲ့ ကျွန်တော်တို့ရဲ့ Atmosphere ကိုဝင်ရောက် ပတ်သတ်လာကြတယ်..အနုနည်း နဲ့ပဲဖြစ်ဖြစ် အကြမ်းနည်းနဲ့ပဲဖြစ်ဖြစ် အဓိက သိသာတာက..အနုနည်းနဲ့ပဲ လာလာ..အကြမ်းနည်းနဲ့ပဲ လာလာ..သူတို့တွေရဲ့ အရေးအသားတွေက ပြည်သူချင်းကို...ပြည်ပကပြည်သူတို့ ပြည်တွင်းကပြည်သူဆိုပြီးသွေးခွဲရေး ဦးတည်နေတာဖြစ်လို့ပါ....

"ပြည်သူများဟာ ကိုယ့်အားကိုကိုးပြီး ကိုယ်ကြမ္မာ ကိုယ်ဖန်တီးဖို့အဆင်သင့်ပါပဲ။" "BBC, VOA, RFA, လေထဲက အော်နေတဲ့သူတွေကို မယုံပါနဲ့" ဆိုတဲ့ သူ့ရဲ့ အရေးအသားတွေကို...
ပြည်တွင်းသတင်းစာတွေ၊ စစ်အာဏာရှင်တွေ ထိန်းချုပ်ထားတဲ့ Media တွေမှာ တွေ့နေကြ အရေးအသား၊အပြောအဆိုတွေပဲ မဟုတ်ဘူးလားဗျာ.......
တစ်ချို့ facebook သုံးတဲ့ user တွေရဲ့ status တွေ..notes တွေကိုကြည့်ခြင်း အားဖြင့် ဘယ်လိုအရေးအသားမျိုးကို ဇောင်းပေးပြီး ရေးထားလဲ ဆိုတာသိသာပါတယ်ဗျာ...ရေးသားပုံ ရေးသားနည်းများသာ လူခြင်း မတူလို့ ဖေါ်ပြပုံ ကွာခြားချင် ကွာခြားနေမှာပါ...သူတို့ဘာကိုဆိုလိုတယ်ဆိုတာကတော့ သိသာမြဲ ထင်ရှားမြဲပါပဲ...

ဒါကြောင့် သူတို့တွေဟာ ဘယ်နာမည်တွေနဲ့ပဲ Account တွေလုပ်လာလာ၊ Female,Male လို့ပဲ ဘယ်လိုပဲ နာမည်ခံထားထား သေသေချာချာလေ့လာကြည့်ရင် Target တစ်မျိုးထဲကို ဦးတည်နေတာကို တွေ့ရမှာဖြစ်တယ်ဗျာ။

ကျွန်တော် ဟာလည်း ၀ါရင့် Politician တစ်ယောက်မဟုတ်ပါဘူး..တဖက်သတ် သတင်းအမှောင်ချမှုတွေကြောင့်...အားတဲ့အချိန်တွေမှာ ...တတ်နိုင်တဲ့ ဘက်က Individually Contribute လုပ်နေတဲ့ သာမန်ပြည်သူတစ်ယောက်ပါပဲဗျာ.....



ဒါပေမဲ့ ကျွန်တော် တင်နေတဲ့ Photos, Videos , Notes တွေကို ကြည့်ရင် ကျွန်တော် ဟာ ဘယ်အုပ်စုက လည်းဆိုတာ အကိုတို့ ခန့်မှန်းးမိမှာပါဗျာ..ကျွန်တော့်ကို လာAdd တဲ့ ခုလို 1000 ကျော် Friends တွေက လည်း သူတို့ဘာသာသူတို့..သူတို့စိတ်နဲ့ လာAdd တဲ့ သူတွေချည်းပါပဲဗျာ...ဘယ်သူ့ကိုမှ လိုက် ခေါ်နေစရာမလိုပါဘူးဗျာ...ဒါဟာ ဘာလို့လည်းဆိုတော့ ..ကျွန်တော် တော်လို့ မဟုတ်ဘူးဗျ...ကျွန်တော့်ရဲ့ Updates တွေအားလုံးက တကယ့်အခြေအနေမှန်တွေကို Highlight လုပ်နေတဲ့ ပြည်သူအားလုံး ဖတ်ချင်နေတဲ့ သတင်းတွေမိုလို့ပဲ....



ကျွန်တော်တို့လို Site တွေမှာ လာပြီး အတိုက်အခံ ရေးလိုက်ရင်လည်း နာမည်ကြီးသွားတတ်တယ်ဗျ...ပြီးရင်တော့ ..သူတို့ Site တွေကို ခေါ်ပြီး ...သူတို့ ရေးတာတွေကို မှိုင်းသွင်း ဖတ်ခိုင်းလို့ရပြီပေါ့ဗျာ...ကျွန်တော် ဒါမျိုးတွေ ကြုံတာများပါပြီဗျာ...ဒါပထမဆုံးဟုတ်တော့ပါဘူး...နောက်လဲ ကျွန်တော်သာမကပါဘူး..ညီအကိုတို့တွေလဲ ကြုံလာကြအုံးမှာပါ..



အကြမ်းနည်းနဲ့ ၀င်ရောက်တိုက်ခိုက်တဲ့သူတွေကို ဖြေရှင်းတဲ့နေရာမှာ ပြတ်ပြတ်သားသား ဖြေရှင်းလို့ ရပေမယ့်...ဒီလို မှိုင်းသွင်းဖို့ ရည်ရွယ်ချက်မျိုးနဲ့ ၀င်ရောက်လာတဲ့သူမျိုးတွေကျတော့ဝင်လာတဲ့သူရဲ့အရည်အသွေးပေါ်မူတည်ပြီး..သူခင်းတဲ့ အကွက်တွေက ကျွန်တော်တို့တွေကို တွေဝေသွားစေတာမျိုးတွေလဲ ဖြစ်လာအုံးမှာပါ... သူ့လူလိုလို..ကိုယ့်လူလိုလို...ဆွေးနွေးချင်သလိုလို..လက်တွဲချင်သလိုလိုနဲ့...သလိုလိုတွေ များတဲ့ ပုံစံမျိုးတွေလဲ နောက်ဆိုရင် အများကြီး ကြုံရအုံးမှာပါဗျာ...ဒီလို လူမျိုးတွေကို Myanmar Egress အမည်အောက်မှာယောင်္ကျားရော၊ မိန်းကလေးတွေပါ အများကြီး အခု Facebook ပေါ်မှာ တွေ့နိုင်ပါတယ်..No-3 အုပ်စုတွေပေါ့ဗျာ....



ပြည်သူအများစုက ဒီ Fake Constitution နဲ့ Sham Election ကို မကြိုက်ကြဘူးဆိုတာကို သူတို့သိတယ်ဗျ..



1. NLD ..ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားခေါင်းစဉ်အောက်က ကျောင်းသားခေါင်းဆောင်တွေ၊ တကယ့်အရည်အချင်းရှိသူတွေ လွတ်မြောက်ပါဝင်လာပြီး မဲယှဉ်ထည့်ရင် 1990 လို အပြတ်အသတ်ဖြစ်သွားမှာ ...



2. ပြည်သူတကယ်ချစ်တဲ့ သူတွေအားလုံးကို ထောင်နှစ်ရှည်ချသင့်တာချ၊ အကျယ်ချုပ်လုပ်သင့်တာလုပ်ပြီး ခုလိုပဲ အနူတော လူချောလုပ်ပြီး မတရားရွေးကောက်ပွဲလုပ်တာတောင် ပြည်သူအများစုက မဲလာမပေးကြမှာ...ရွေးကောက်ပွဲ ပျက်မှာကို သူတို့က အကြောက်ဆုံးပဲဗျ.....



ကျွန်တော်ပြောတာကို သံသယရှိရင် ရေးတာတွေ..ဒီလိုလူမျိုးတွေ ရေးသွားတဲ့ Commentတွေ ကို ယှဉ်ဖတ်ကြည့်နိုင်ပါတယ်ဗျာ...ကျွန်တော်တို့ အားလုံးချစ်တဲ့ တောင်းတနေတဲ့ Democracy ဆိုတာကို ဘာလဲဆိုတာ အားလုံးသဘောပေါက်ကြပါတယ်ဗျာ...



တကယ်စစ်မှန်တဲ့ ပြည်သူက ကိုယ်ကိုယ်ကို ပြည်သူလို့ သုံးခဲတယ်ဆိုတာကိုလဲ ညီအကိုမောင်နှမတို့ ပြန်လည် သုံးသပ်စေချင်တယ်...



ဘယ်သူတွေကပဲ ပြည်သူပြည်သူဆိုပြီး နာမည်ခံသုံးနေလဲဆိုတာတွေကိုရောပေါ့ဗျာ.....



ဆန္ဒပြရင် သေမယ်..ထောင်နှစ်ရှည်ချခံရမယ်ဆိုတာ..ကျွန်တော်တို့တွေအားလုံး တောင်သိတာဗျာ..ကျန်တဲ့ လူတွေကကော မသိဘဲ နေမလားဗျာ...ဒါဆို...2007...1996...1990...1988..မြောက်များလှစွာသော လူထုလှူပ်ရှားမှုတွေ က ဘာလို့ ဖြစ်ခဲ့တာလဲ....မြှောက်ပေးရုံနဲ့ လုပ်တာလို့ ညီအကိုတို့ တကယ်ပဲ ထင်လား....ပြည်ပက အော်ပေးလို့ ထွက်ပြီး အပစ်ခံတာလို့ ရော..ယုံကြလားဗျာ..ဘယ်လိုပဲစဉ်းစား စဉ်းစား..ဘယ်လိုပဲတွေးတွေး ဘယ်လောက်တုံးတုံး အသိဥာဏ်တော့ နဲနဲရှိကြပါတယ်...သေမှာကို သိတယ်...သိသိကြီးနဲ့ အော်ပေးရုံ ..မြှောက်ပေးရုံနဲ့တော့ ယုံကြည်ချက် နားကြည်းချက်မရှိဘဲ ထွက် ဆန္ဒပြ...အသေမခံဘူးဗျ...တကယ်ကို နာကြည်းခံပြင်းလောက် စရာတွေ ရှိလို့ပေါ့ဗျာ....



ကဲ ဒီသဘောတရားကို ကျွန်တော်တို့လို ညီအကိုတို့လို လူပြိန်းတွေတောင်သိတယ်ဆိုပါတော့ဗျာ...ဒါဆို ဘာလို့ ကျွန်တော်ပြောခဲ့တဲ့ အုပ်စု 2 နဲ့ 3 က ..ပြည်ပက လူတွေ ..သက်သက်မဲ့ ပြည်တွင်းက သူတွေ သေအောင်လို့ အော်မနေပါနဲ့လို့ ပြောနေလဲ..ဆိုတာ စဉ်းစားကြည့်ရအောင်ဗျာ....



အဓိက က 2 ချက်ရှိတယ်....



1. စစ်တပ်က လူသတ်တာကို စစ်တပ်ကို အပြစ်အားလုံးမရောက်ဘဲ တခြားသူတွေကို လွှဲချချင်တယ်....နှစ်ပေါင်းများစွာ မခံနိုင်လို့ ဆန္ဒပြတာက လူထု...အာဏာမပေးချင်လို့ ရက်ရက်စက်စက်သတ်တာက စစ်အာဏာရှင်တွေ ..ဘယ်နဲ့ကြောင့် လူထုကို မြောက်ပေးလို့ ဆန္ဒပြတယ်လို့ ..သတ်လဲသတ်သေး..အသရေလဲဖျက်သေးဗျာ....နာမ်နှိမ်ပြီးသားပေါ့ဗျာ...ပြည်ပ က ပြည်သူတွေကို လည်း သူခိုးက လူဟစ် ...စွပ်စွဲပြီးသားပေါ့ဗျာ



2. သေသေချာချာသုံးသပ်ကြည့်ရင်...ပြည်တွင်းက သူချည်းပဲဆို ထောင်နှစ်ရှည်ချတန်ချ..မဒိန်းကျင့်ဦးချိုးသင့်တာချိုး...အကျယ်ချုပ်ထားသင့်တာထားလုပ်ပြီး စစ်တပ်က ကောင်းကောင်းထိန်းနိုင်တယ်ဗျ..လက်တွေ့မှာလည်း ဒီလိုပဲလုပ်နေတာပြီး နှစ်ပေါင်းများစွာ လက်နက်နဲ့ အကြမ်းဖက်လာတာပဲဗျာ....

ပြည်ပ က ပြည်သူတွေနဲ့ ပြည်တွင်းက ပြည်သူတွေ ပေါင်းမိမှာ၊ ဆက်သွယ်လှုပ်ရှားမှာကိုတော့ ကောင်းကောင်း သတိထားကြရတာပေါ့ဗျာ...ပြည်တွင်းမှာ က လူအင်အားရှိပြီး ပြည်ပမှာ က ငွေကြေးအင်အား၊နည်းပညာ၊ နောက်ခံBackground နိုင်ငံတွေ ရှိတယ်လေဗျာ...ဒီနှစ်ဘက် မပေါင်းမိအောင် သွေးခွဲထားဖို့က တော်တော်အရေးကြီးတာပေါ့ဗျာ....



ဒါဟာ အုပ်စု (2 နဲ့ 3 ) လုပ်နေကြနည်းလမ်းတွေပါပဲဗျာ....ရေးသားသူရဲ့ အသုံးအနှုံးတွေကို ကြည့်ပြီးပြောရင်တော့ ကျွန်တော်တို့ အတွက် က ဘယ်သူတွေဟာ ဘာလဲဆိုတာ သေချာတာပေါ့ဗျာ....တစ်ချို့လူများရဲ့ status နဲ့ ရေးထားတာတွေကို ကြည့်တာနဲ့တင် သူဟာဘာလည်းဆိုတာကို သိသာပါတယ်...ဖျက်လိုက်တဲ့ အချိန်နဲ့ တိုးလို့ သတိမထားမိလိုက်ကြဘူးဆိုရင်တော့ နှမျောစရာပဲ။ ကျွန်တော်ကတော့ ရှင်းပါတယ်ဗျာ..သူ့ တို့ဟာသူတို့ အုပ်စု 3 မကလို့ 2 ပဲဖြစ်ဖြစ်..သူတို့ထင်တာ သူတို့ယုံကြည်တာကို သူတို့လွတ်လွတ်လပ်လပ်ရေးနိုင်စည်းရုံးနိုင်ပါတယ်။ ဒါဟာ သူတို့ လွတ်လပ်ခွင့်ပဲလေ.....ယုံတဲ့ သူတွေရှိသလို ..အကိုတို့လိုမယုံတဲ့ လူတွေလဲ ရှိမှာပဲလေ။ ဒါထက်တဆင့်တိုးပြီးတော့ ကျွန်တော်တို့လို လိုစစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို အမှန်အတိုင်း Publishing လုပ်နေတဲ့ Account တွေကို တိုက်ခိုက်သလိုမျိုး....ကျွန်တ်ာကို လူပျိုကြီးက နေ့စဉ်ရက်ဆက် တိုက်ခိုက်သလိုမျိုး ဆိုရင်တော့ မကောင်းတော့ဘူးပေါ့ဗျာ....ငါရေးတာ..ငါတင်တာကိုပဲ ယုံ ..တခြားလူတင်တာဆိုတာဆို မယုံနဲ့လို့တော့ ဘယ်ရမလဲကွာ...ဖတ်တဲ့လူတွေမှာ ဦးနှောက်ရှိတယ်ဗျာ..ဒီအရွယ်တွေမှာ မြှောက်ပေးလို့ အော်ပေးလို့ လိုက်လုပ်တယ်ဆိုတာ ကို လက်ခံနိုင်စရာ အကြောင်းကိုမရှိလို့ပါဗျာ.....



နိဂုံးချုပ်ရရင်တော့...ကျွန်တော့်အနေနဲ့ အပြည့်အ၀ယုံပြီးသားလူတွေလဲရှိသလို....... အကြမ်းနည်းနဲ့ တိုက်ခိုက်ရေးသားတဲ့ သူတွေအပြင် ..ပိုကြောက်စရာကောင်းတဲ့ ..အပျော့ဆွဲ စည်းရုံးရေးသမားတွေ Red Alert Level မှာ ထားပါတယ်ဗျာ... တစ်ချို့ကိုမိန်းကလေးလို့လည်း အပြည့်အ၀ မယုံနိုင်သလို...Photo တွေက လည်းအဲ့ဒီမိန်းကလေးရဲ့photos တွေပါလို့ ကျွန်တော်တို့တွေ100% ယုံဖို့ မဖြစ်နိုင်ပါဘူးဗျ....ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ ဒါမျိုးတွေကို ကြုံခဲ့ရဘူးလို့ပါဗျာ....သူတို့လည်း သူတို့ လုပ်ချင်တာ ယုံကြည်တာကို လုပ်နေပါစေ...ကျွန်တော်တို့တွေလဲ ..ကျွန်တော်တို့ယုံကြည်ထားတဲ့ အရာအတွက် ဆက်လက်ပြီးတော့ ကျွန်တော်တို့ လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြဖို့သာ အဓိကကျပါတယ်...အကြမ်းနည်းနဲ့ ၀င်လာတဲ့သူတွေကို ကျွန်တော်တို့တွေက ပြတ်ပြတ်သားသားပြန်တိုက်ခိုက်နိုင်ကြပေမယ့်..အနုနည်းနဲ့ ၀င်လာတဲ့ အပျော့ဆွဲသမားတွေရဲ့ လှည့်ကွက်တွေထဲ ကျွန်တော်တို့တွေမပါသွားရအောင် ကျွန်တော်တို့တွေ အရင်ထပ်ပိုစည်းလုံးပြီး..မပြတ်မလပ် တိုင်ပင်ဆွေးနွေးနေဖို့လဲလိုပါတယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်ဗျာ....



ဒီနေရာမှာကြုံတုန်း စစ်တပ်လိုတော်ရိတွေ...ရုရှရောက် အသိဥာဏ်နုံနဲ့တဲ့...Brain Washed လုပ်ခံထားရတဲ့ Account တွေက ကျွန်တော်တို့ကို စွတ်စွဲနေတဲ့ စကားလုံးတစ်လုံးအကြောင်းကိုလည်း ပြောချင်တယ်ဗျာ.....့ဥပမာဗျာ..ကျွန်တော် San Maung ဆိုပါတော့ဗျာ...စစ်အာဏာရှင်တွေရဲ့ အရမ်းနှိပ်စက်၊ အနိုင်ကျင့်တာတွေအပြင် ...ရှိသမျှ ပြည်သူတွေသိသင့်သိရမဲ့ သတင်းအမှန်တွေ အားလုံးကို အမှောင်ချလွန်းအားကြီးလို့ ဘယ်လိုမှ မတရားလွန်းလို့ကို မခံနိုင်လို့ ကျွန်တော် တတ်နိုင်သလောက် အားတဲ့ ချိန်လေးတွေမှာ ..ကျွန်တော်လုပ်နိုင်တဲ့အပိုင်းကို လုပ်ဆောင်နေတာဗျာ...ဒါကို ဒီလိုလူတွေက ကျွန်တော် ဘယ်သူမှန်းတောင်မသိဘဲနဲ့ စန်းမောင်က တကယ့်နိုင်ငံရေးသမားကြီးပါတဲ့ဗျာ ...ကျွန်တော်လိုပဲ မတရားလွန်းတာကို..ပြည်သူတွေ မတရားခံနေရတာကို မနေနိုင်လို့ နိုင်တဲ့ ဘက်က ၀င်ရောက်ကူညီရေးသားလာတဲ့ တခြားညီအကိုမောင်နှမ Account တွေလဲ တဖြည်းဖြည်းပိုများလာတာကို တွေ့ရမှာပါ..ဒီလို Account တွေကို နိုင်ငံရေးသမားတွေလို့ပြောလို့ရမလားဗျာ...



ကိုယ့်ရဲ့တစ်နိုင်ငံထဲသားချင်းတွေ..ရက်ရက်စက်စက် နှိပ်စက် ခေါင်းပုံဖြတ်ခံနေရပြီး ...တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အဖက်ဖက် ပညာရေး၊စီးပွားရေး၊လူသားတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးတွေကို ဆုံးရှူံးနေရတာဗျာ။ ရှေ့မှာလည်း ရဟန်းသံဃာ၊ မိဘပြည်သူ၊ ကျောင်းသားကျောင်းသူ အကိုမောင်နှမတွေဟာ..ရက်ရက်စက်စက် သတ်ဖြတ်ခံ၊ ထောင်နှစ်ရှည်ချခံ၊ မဒိန်းကို လက်နက်တစ်ခုလို ဦးချိုးပြုကျင့် ယုတ်မာရက်စက်တာတွေကို သွေးမြေကျခံပြီး တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားခဲ့ကြပြီဗျာ...အရည်အချင်းရှိသူတော်တော်များများကလည်း သေသူသေ၊ ထောင်ထဲ ရောက်သူရောက်၊ အကျယ်ချုပ်ခံရသူခံရတော့တာမို့...ကျွန်တော်တို့လို လူတွေကလည်း ကိုယ်နိုင်တဲ့ဘက်က တာဝန်ကို ကိုယ်လုပ်ရမဲ့ အချိန်ရောက်လာပြီပေါ့ဗျာ။ ဘယ်လိုလုပ်ပြီး ကိုယ့်တစ်ကိုယ်တည်း..ကိုယ့်မိသားစုတစ်စုတည်း...ကိုယ့်ဆွေမျိုးတစ်ခုတည်း ကောင်းစားအဆင်ပြေနေရင်ပြီးရောဆိုပြီး....ကျန်တဲ့ တစ်နိုင်ငံတည်းသား ညီအကို မောင်နှမ သားချင်းတွေရဲ့ ကူညီသူကင်းမဲ့စွာ ငိုကြွေးပူးဆွေးနေမှူတွေကို ...ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး မျက်နှာလွှဲနေနိုင်မှာလဲဗျာ...သူတို့တွေရဲ့ အရေးဟာလဲ ကျွန်တော်တို့ အားလုံးရဲ့ အရေး..ဒါဟာ တစ်နိုင်ငံလုံးရဲ့အရေး...တမျိုးသားလုံးနဲ့ဆိုင်တဲ့အရေး နိုင်ငံ့အရေးဆိုတာပဲဗျ။



တော်လှန်ရေးသမားတွေလား...နိုင်ငံရေးသမားတွေလား



လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကတည်းက ဒီစကားလုံးနှစ်ခုနဲ့ပတ်သက်ပြီး တွေးလာတာ အခုမှအဖြေထွက်တော့တယ်။ လွတ်လပ်ပွင့်လင်းတဲ့ တိုင်းပြည်တွေမှာ နိုင်ငံရေးသမားပဲရှိတယ်။ တော်လှန်ရေးသမား မရှိ။ (ဥပမာ...သြော်စီ၊ အမေရိက၊ ထိုင်း။) ဒီနိုင်ငံတွေက လုပ်တဲ့ နိုင်ငံရေးက အာဏာရရေး။ လွတ်လပ်စွာယှဉ်ပြိုင်၊ လွတ်လပ်စွာ ဒဲ့...ပြောရေး။ ပြည်သူအတွက် ဘယ်ပေါ်လစီက အကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်မလဲ။ အကောင်းဆုံးပေါ်လစီကို ချပြနိုင်တဲ့ ပါတီတွေ အာဏာရမယ်။ ဒါက တခြားနိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံရေးသမားတွေရဲ့ အလုပ်။



ကျနော်တို့တိုင်းပြည်က အတိုက်အခံတွေဟာ နိုင်ငံရေးသမားတွေမဟုတ်တော့ဘူး။ တော်လှန်ရေးသမားတွေဖြစ်တယ်။ အာဏာရှင်လက်အောက်မှာ မတရားတာကို ဆန့်ကျင်ရတယ်။ အာဏာ လိုချင်လို့ မဟုတ်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည် အာဏာလိုချင်ပါတယ်လို့ တခါမှမပြောခဲ့ဘူး။ အလားတူ တောထဲကသူပုန်တွေလည်း ဒီအတိုင်းပဲ။ အာဏာကို ငန်းငန်းတက်နေလို့ လုပ်နေတာမဟုတ်ကြဘူး။ စစ်အာဏာရှင်တွေက နှိပ်စက်နေတာကို မခံနိုင်လို့ တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ ထောင်ထဲမှာ၊ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ တော်လှန်ရေးသမားတွေရှိတယ်။



တချို့ က အာ,နဲ့ တော်လှန်ရေးလုပ်တယ်။ ကျနော့်လိုပေါ့။ တချို့ က သေနတ်ကိုင်ပြီးလုပ်တယ်...တချို့ က ကလောင်နဲ့...တချို့ က ဒို့အရေးအော်တာကို ကြိုက်တယ်။ ...ဆိုတော့ ကျနော်တို့တိုင်းပြည်က အတိုက်အခံဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ အရမ်းနှိပ်စက်၊ အနိုင်ကျင့်တာကို မခံနိုင်လို့ ထ,ချ နေတာကို နိုင်ငံရေးသမားလို့ပြောလို့ရလား။ ကျနော်တော့ မထင်ပါဗျာ။



Facebook ကို ကျွန်တော် စတင်ရောက်ရှိလာကတည်းက ကျွန်တော်တို့တွေကို ပြောလာတဲ့ No2 နဲ့ No.3 အုပ်စုဝင်တွေရဲ့ စကားတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ မင်းတို့သေအောင်အော် ..သေအောင်ဆန့်ကျင်..ငါတို့စစ်တပ်ကို ဘယ်တော့မှ မနိုင်ဘူး...ငါ့တို့ ရွေးကောက်ပွဲလည်း ဖြစ်သွားမှာပဲ...မင်းတို့ ဒေါ်အောင်ဆန်းစုကြည် အသက်ကြီးပြီးသာသေသွားမယ်..မင်းတို့လိုချင်တဲ့ Democracy ဘယ်တော့မှ ရမှာမဟုတ်ဘူးတဲ့ဗျာ..



ကျွန်တော် ဟားတိုက်ပြီး ရယ်လိုက်ချင်ပါတယ်ဗျာ...ဒါဟာ ဒီလူတွေ အမေစုရဲ့ စိတ်ဓာတ်၊ ရဟန်းသံဃာကျောင်းသားမိဘပြည်သူတွေရဲ့စိတ်ဓာတ်၊ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ဓာတ်ကို အထင်သေးတာပဲဗျ။



ဒီ စစ်ကျွန်ဘ၀ကို တရားဝင်သွတ်သွင်းမဲ့..တရားမ၀င်စစ်အစိုးရကို တရားဝင် အရေခွံလဲထားတဲ့ အရပ်သားအမည်ခံ အယောင်ဆောင် အစိုးရဖြစ်လာစေမဲ့ မတရားအခြေခံဥပဒေနဲ့ ..အကွက်ချ အတုအယောင် ရွေးကောက်ပွဲလေးလုပ်ပြီး ညာဝါးအစိုးရဖြစ်လာရုံနဲ့တော့ ပွဲကဘယ်ပြီးဦးမလဲဗျာ။



ကျွန်တော့်တို့ရှေ့မှာ..ကျွန်တော်တို့ရဲ့ အဘိုးတွေ၊အဖေတွေ၊ အကိုတွေ အမတွေ၊ ရဟန်းသံဃာတော်မြတ်တွေ..သွေးမြေကျ ကိုယ်ကျိုးစွန့်သွားခဲ့ကြပြီ၊ ကျွန်တော်တို့ အလှည့်မှာလည်း နောက်ဆုံးထွက်သက်ကျန်တဲ့အထိ ..ကျွန်တော်တို့ရဲ့ ခန္ဒာနဲ့ စိတ်တည်မြဲနေသ၍ ဒီအတုအယောင် မသူတော်တွေကို ဆက်တိုက်မယ်။ ကျွန်တော်တို့ရဲ့ သက်တမ်းကုန်သွားရင်လည်း ကျွန်တော်တို့ရဲ့ သားသမီးတွေက ဆက်ပြီး ဒီအတုအယောင် မသူတော်တွေကို ဆက်ဆန့်ကျင်တော်လှန်နေဦးမှာပဲဗျ။ Former Soviet Union ကိုပဲကြည့်ဗျာ..အနှစ် ၇၀ လောက်ကြာအောင် တော်လှန်ခဲ့ကြရသေးတာပဲဗျာ။ လောကကြီးမှာ တည်မြဲတဲ့ အရာဆိုလို့ မတည်မြဲခြင်းဆိုတဲ့ သဘောတရားတခုဘဲ ရှိတယ်ဆိုတာကိုတော့ သူတို့တွေ မေ့လျှော့နေကြပြီး လက်နက်နဲ့ ခွေးရူးကောင်းစားနေချိန်ဆိုတော့လည်း တွေ့သမျှကို ၀င်ဟောင်ဝင်စော်ကားနေတော့တာပေါ့ဗျာ။



Candidly yours,

San Maung

ဒီမိုကရေစီ နှင့် မြန်မာပြည်

            အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှမြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။ အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။
         အချို့ကပြောကြတယ် ၊ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။ ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။ နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။ ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။ လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။
         အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။ သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။ ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။ သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။
        တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။
          အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။ တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက် ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။
         မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင် အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။ ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့(ရေးသား ပေးပို့သူ ဆောင်းပါရှုင်-ဗမာ့သွေး)

လက်ရှိ အာဏာရှင်တွေကတော့ လက်နက်ပြခြိမ်းခြေက်ပြီး ပြည်သူလူထု ကို စော်ကားခဲ့တာ အကြိမ်ပေါင်း မနည်းတော့သလို အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထု သွေးချောင်းးစီးခဲ့ကြတာလည်း မနည်းတော့ပါဘူး ။ လက်နက်ကိုင်ထားပြီး တိရစ္ဆာန်စိတ် ပေါက်နေတဲ့ သူတို့တွေမှာ ကိုယ်ချင်းစာ တရားဆိုတာလည်း မရှိကြတော့ပါဘူး ။ အာဏာကို ယစ်မူးပြီးတော့ ၊ အာဏာမြဲစေဖို့ အတွက်ဆိုလျှင် ကိုယ်မိဘတောင် ကိုယ်ပြန်သတ်ခိုင်းတဲ့ အမိန့်မျိုးကိုတောင် ထုတ်ပြန်ဖို့ ၀န်မလေးတော့ပါဘူး ဆိုတာ သူတို့ လုပ်ရပ်တွေကို ကြည့်ရင် သိသာထင်ရှား လွန်းပါတယ် ။

ကိုးကွယ်တာက ဗုဒ္ဓဘာသာ ၊ လက်တွေ့သရုပ်ဖော် လုပ်ဆောင်နေတာ က မိစ္ဆာအယူဝါ ဒ ၊ ဘယ်သူမှားတယ် ၊ဘယ်သူမှန်တယ်ဆိုတာ အငြင်းပွားစရာ မလိုအောင်ကို ယုတ်မာပြထားတာ ။ သံဃာကိုတောင် အကြမ်းဖက်ဖို့ ၀န်မလေးတာ ၊ လူဆိုရင် ပြောမနေနဲ့တော့ ။ ဆက်ပြီး သီးခံနေရင် လည်း ဒီထက်ပိုပြီး ဆိုးရွားလာ စရာဘဲ ရှိတယ် ။ အဲဒီတော့ ခေါင်းငုံ့ခံနေကြမယ့် အစား တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါလို့ ပထမဦးစွာ လေးစားစွာ တိုက်တွန်းနိုးဆော် ဖိတ်ကြားအပ်ပါတယ် ။

ဒီနေ့ တပ်မတော် သားတွေကို ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ အပ်နှင်းထားတဲ့ လက်နက်တွေနဲ့ ပြည်သူလူထု ဘ၀ကို စောင့်ရှောက်ဖို့ တိုင်းပြည်က လစာနဲ့ ရိက္ခာပေးထားတာ မဟုတ်ဘူးလား ။ အခုတော့ ဒီလက်နက်တွေကို အသုံးချပြီး ပြည်သူလူထုကို အနိုင်ကျင့်နေတာသူရဲကောင်းတို့ လုပ်ရပ်လား ။ စစ်သည်တော် တို့ရဲ့ ကျင့်ဝတ်နဲ့ ညီရဲ့လား ။ သူတို့ခိုင်းသမျှ လိုက်လုပ်နေကြရတဲ့ တပ်မတော်သားတွေ အတွက် အကျိုးအမြတ်က ဘာလဲ ။ ယူနီဖောင်း မြင်ရင် ပြည်သူလူထုက ရွှံရှာတဲ့ အကြည့်ကို ခံနေရတာကို ၀မ်းသာအားရ ဖြစ်နေကြအုံးမှာလား ။ အာဏာရှင်တွေ စည်းစိမ် ယစ်မူးနေတဲ့ အချိန်မှာ ခင်ဗျာတို့မှာ ၀မ်းရေး အတွက်တောင် မနည်း ရုန်းကန်နေရတယ် ။
ပြည်သူလူထု ဘ၀နဲ့ မခြားလှတဲ့ ခင်ဗျာတို့ ဘ၀တွေကို ဘာကြောင့်များ အနစ်မွန်းပြီး အာဏာရှင်တွေကို ကာကွယ်ပေးနေရတာလဲ ။ အမိန့်ဆိုတဲ့ စကားကို ရေလဲ သုံးပြီး ပြည်သူလူထုနဲ့ တပ်မတော်ကြား မှာ နားလည်မှု လွဲအောင်လုပ်ပြီး အမြတ်ထုတ်နေတာ အာဏာရှင်လူတစ်စုပါ ။ ပြည်သူတွေရဲ့ နာကြည်းချက်တွေ ဟာ အခုချိန်မှာ ပေါက်ကွဲလုဖြစ်နေပြီ ။ ပြည်သူလူထု တွေ နာကြည်းချက်တွေ ပေါက်ကွဲတဲ့နေ့ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှု တွေ လုပ်လာကြမှာ အမှန်ပါဘဲ ။ အဲဒီလို ဆန္ဒပြတဲ့ ပြည်သူလူထု ကို အကြမ်းဖက်နှိမ်နှင်းဖို့ အာဏာရှင်တွေ အမိန့်ပေးလာခဲ့ရင် ပြည်သူလူထုဘ၀ နဲ့ ငါတို့ဘ၀ လည်း ထူးမခြားနားပါလား ဆိုတဲ့ အတွေးကို တွေးပြီး တိုင်းပြည်အရေး အတွက် ပြည်သူလူထု နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် အကယ်၍များ ငါတို့က တပ်မတော်သားတွေမို့ အမိန့်ကို နာခံပြီး လုပ်ဆောင် ကြမယ်ဆိုရင် နှစ်ဖက်လုံး ဒုက္ခများကြဖို့ဘဲ ရှိပါတယ် ။ခင်ဗျာတို့ မိသားစုဝင်တွေ ဆိုတာ လည်း ပြည်သူလူထုပါဘဲ ။ ရာထူး ၊ တာဝန် နဲ့ အာဏာ ဆိုတဲ့ အဓိပ္ပာယ်ကို သေချာစွာ နားလည် သဘောပေါက် အောင် စဉ်းစား ဆင်ခြင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းတာ အားလုံးအကျိုးရှိမယ်ဆိုတဲ့ အယူအဆလေးတွေကို တွေးခေါ်လိုက်နာ ကျင့်ကြံပေး ကြပါလို့မေတ္တာရပ်ခံ အကြံပြုအပ်ပါတယ် ။

ကျွန်တော်တို့ ပြည်သူလူထုမှာ လည်း ရွေးစရာ လမ်းမရှိတော့ပါဘူး ။ အာဏာရှင်စနစ်ဆိုး ကို ဆက်လက် သီးခံပေးနိုင်တဲ့ အင်အားလည်း မရှိတော့ပါဘူး။ ငတ်လို့ မသေဘူးဆိုတဲ့ မြန်မာ ပြည် ရေ တောင် သောက်စရာ မရှိအောင် ဖြစ်ပွားခဲ့ပြီးတာလည်း အားလုံးအသိ ။ ကုန်ဈေးနှုန်းက ကြီးရတဲ့ အထဲ ၀င်ငွေကနည်းတော့ မကြာခင် တမျိုးလုံး လည်း ပြုတ်တော့မယ် ။ အဲဒီတော့ ရရာလက်နက် ကိုင်ဆွဲ ပြီး စည်းလုံးညီညွှတ်မှု ရှိတဲ့ ပြည်သူလူထု ကို အင်အားအဖြစ် အသုံးချပြီး တိုက်ပွဲဝင်ကြဖို့ နည်းလမ်း တစ်ခုဘဲ ရှိတယ် ။ ဘယ်သူတွေ ခေါင်းဆောင် သည်ဘဲ ဖြစ်ပါစေ ၊ ကိုယ်တိုင် မဦးဆောင်နိုင်ရင် နောက်လိုက်ကောင်း ဖြစ်အောင် ကြိုးစားပေးကြပါ ။ နောက်ဆုံး အခြေအနေ ကို တကယ်ရောက်နေလို့ လိုက်လံ နိုးဆော် တိုက်တွန်းနေတာပါ ။ တိုင်းရင်းသားကျေးရွာ တော်တော်များများကို ရက်စက်စွာ မတရား နှိပ်စက် ပြခဲ့ ပြီးလို့ မြို့ပေါ်မှာ အခြေချ ပဲခူးမှာ လူသတ်ပြခဲ့ပြီးပြီ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လူထုကိုယ်စား ပြု NLD ကို နိုင်ငံရေး ပါတီကို တရားမ၀င်ပါဘူး ကြေငြာချက် ထုတ်ပြန်ခဲ့တယ် ။ သူတို့တွေ ယုတ်မာတာ ငါတို့မိသားစုနဲ့ အဝေးကြီးပါလို့ တွေးနေတဲ့ လူတွေ ကို အထူးပြောကြားလိုတာက အခု ကံကြမ္မာဆိုးနဲ့ လတ်လတ်ဆတ်ဆတ် တိုးထားကြတဲ့ တိုင်းရင်းသာ မျိုးနွယ်စုတွေနဲ့ ပြည်သူလူထု တော်တော်များများ ဟာ တကယ်ကို အပြစ်မဲ့စွာ ယုတ်မာ စော်ကားခြင်းကို ခံရတာပါ ။ သူတို့တွေ နိုင်ငံရေးလုပ်လို့လည်း မဟုတ်ပါဘူး ။
ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ စစ်ပွဲ သဖွယ် လက်စွမ်းပြသွားတဲ့ လူတွေဟာ နောက်တခါ ခင်ဗျာတို့ ကိုကော ချမ်းသာပေးမယ်ထင်ထားလို့လား ။

မိစ္ဆာအယူဝါဒကို ဖက်တွယ် တိရစ္ဆာန် သဖွယ် ဖြစ်နေတဲ့ အာဏာရူးတွေ က အစမ်းသဘော မျိုးနဲ့ လုပ်ဆောင် ပြီး ပြည်သူလူထုကို သွေးတိုးစမ်းနေတာပါ ။

ခင်ဗျားတို့ ငုံ့ခံနေကြရင် နောင် အခါ ဖက်ဆစ် အုပ်ချုပ်တာထက် ဆိုးရွားလာမည့် အနေအထား ကို ဦးတည်နေပါတယ် ။

ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ကိုယ်ကမေတ္တာ ထား နိုင်လို့ သူတို့ဘာလုပ်လုပ် သီးခံနေကြတာမှ မဟုတ်တာ ။ ကိုယ့်ရင်ထဲက ဒေါသတွေကို သိမ်းဆည်း အိမ်ထဲမှာ ပေါက်ကွဲ ပြ နေလို့ တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး ။ လူတွေ အားလုံးပါ ရင် ငါတို့လည်း ပေါင်းစည်းဖို့ ၀န် မလေးပါ ဘူးဆိုတဲ့ အတွေးအခေါ်ကို တွေးခေါ်နေသမျှ တော့ ဒီတသက် အာဏာရှင်စနစ် လွတ်မြောက်ရေး တိုက်ပွဲ ဆိုတာ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး ။ သူတို့တွေ စိတ်အားတက်ကြွလာအောင် ငါတို့တွေ စတင်လုပ်ဆောင် ပြမယ် ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူမှ အာဏာရှင်စနစ်ဆိုးအောက် ရုန်းထွက်ဖို့ ခြေလှမ်းစတင်နိုင်ကြမှာပါ ။

အရင်တုန်းကလည်း ဒီလို လူထုလုပ်ရှားမှု တွေ လုပ်ခဲ့ပြီးပြီ ၊ မအောင် မြင်ခဲ့ပါဘူးလို့ အပြစ်တင်စကားပြော လာမယ့်သူတွေလည်း လေးလေးနက်နက် စဉ်းစားစေချင်တယ် ။ အခြေအနေက မတူတော့ပါဘူး ။ နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ အချိန်အခါမှာ အာဏာရှင်တွေ အကြမ်းဖက် နှိမ်နှင်းဖို့လည်း လွယ်တော့ မလွယ်လှပါဘူး ။ အကြမ်းဖက်လာခဲ့ရင် လည်း ပြည်သူလူထု က ခုခံကာကွယ်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြတော့ပေါ့ ။ အခုလို ချိန်ခါမျိုးမှာ ပြည်သူတွေ ရင်ဘတ်ထဲက အကြောက်တရားတွေကို မောင်းထုတ်ပေးနိုင်ဖို့ ဘဲ စဉ်းစားစေချင်ပါတယ် ။ မတရားတာကို ခေါင်းငုံ့ခံပေးကြပါ လို့ ဘယ်စာပေကျမ်းဂန်မှာ မပြဆိုခဲ့သလို ဘယ်ပညာရှိမှ လည်း မမိန့်ကြားခဲ့ပါဘူး ။ ငါတို့က ပြည်ပမှာ တို့နဲ့တော့ သိပ်မဆိုင်ပါဘူးဆိုတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ လည်း တာဝန်ယူချင်စိတ် ရှိကြဖို့ အဓိကပါ ။ ကိုယ်လုပ်ပေးနိုင်တဲ့ အခန်းဂဏ္ဍကနေ လုပ်ပေးလို့ ရတာ အများကြီးပါ ။ အထူးသဖြင့် ငွေကြေး အကူအညီပေါ့ ။ သပိတ်မှောက် ဆန္ဒပြမယ်ဆိုရင် သပိတ်တပ်သားတွေကို ပြည့်စုံအောင် ထောက်ပံ့ပေးထားနိုင်မှ သူတို့တွေ ရှေ့တန်းက အင်အားရှိစွာ လုပ်ရှား ပေး နိုင်မှာပါ ။ ဘယ်သူမှ အားအားယားယား အချိန်ကုန်ခံပြီး နိုင်ငံရေး လုပ်နေကြတာ မဟုတ်ဘူး ။ မြန်မာ ပြည်ကြီး ပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ရာ တာဝန် ကို ယူနေကြတာ ။ နိုင်ငံတကာ အလယ်မှာ မြန်မာလူမျိုးတွေ အဖိနှိပ်ခံ ဘ၀ရောက်နေတာကို လွတ်မြောက်အောင် ကြိုးစားနေကြတာ ပါ ။ တိုင်းပြည်ချစ်စိတ်လေးကို မွေးမြူးပေးကြပါ ။

လူထု လုပ်ရှားမှု လုပ်ကြမယ်လို့ ဆိုတာနဲ့ စည်းလုံးညီညွှတ်မှု ကို အရင်ဆုံး စဉ်းစားလာကြတယ် ။ သူများတွေ ပါရင် ငါတို့လည်း ပါမှာပါ ဆိုတဲ့ အတွေးပိုင်ရှင်တွေက တော့ အများဆုံးလို့ ထင်မိပါတယ် ။ လမ်းပေါ်တက် ပြီး ဆန္ဒပြပွဲတွေ လုပ်တာ ပြည်သူလူထုအတွက် မကောင်းဘူးလို့ တွေးထင်တဲ့လူတွေ လည်းရှိပါတယ် ။ လူထုဆန္ဒပြပွဲတွေ လုပ်တာဟာ မြန်မာတနိုင်ငံတည်းသာ မဟုတ်ပါဘူး တကမ္ဘာလုံးက ပါ သိစေဖို့ အထိရောက်ဆုံး နည်းလမ်းဆိုတာတော့ ဘယ်သူမှ ငြင်းဆန်လို့ မရပါဘူး ။ ဒီနေရာမှာ တချက်စဉ်းစားရမှာက အာဏာရှင်တွေ ဘက်က တုန့်ပြန်လာမှုပါဘဲ ။ သူတို့တွေကတော့ လူစိတ်ပျောက်နေပြီလို့တောင် ပြောလို့ရတယ် ။ အဲဒီအတွက် အကြမ်းဖက် နှိမ်နှင်းရေး လမ်းစဉ်ကို အသုံးချအုံးမှာ အမှန်ပါဘဲ ။ အဲဒီလမ်းစဉ်တွေကို တကယ် အကောင်အထည်ဖော်ပေးမှာက တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေ ပါဘဲ ။

ဒါဆို တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေကို ပြည်သူလူထု ဘက်တော်သားဖြစ်လာအောင် အရင်ဆုံးစည်းရုံးကြည့်ဖို့ ကြိုးစားကြည့်ရင်ကော မဖြစ်နိုင်ဘူးလား ။ ဖြစ်နိုင်ပါတယ် ၁၀၀% တော့ မသေချာဘူး ။ ဒါဆို တစ်ချက်ချင်း အဖြေရှာကြည့်ရအောင် ။ ပထမဆုံး ကြံ့ဖွတ်စွမ်းအားရှင်ဆိုတဲ့ အာဏာရှင်လက်ကိုင်ဒုတ်တွေ ဆိုတာ ပြည်သူလူထု ကြားက ဘဲ ပေါက်ဖွားလာတာပါ ။ ဥပမာ ရပ်ကွက် တစ်ခု အနေအထားနဲ့ စတင် စဉ်းစားကြည့်ရအောင် ။ မိမိတို့ ရပ်ကွက်နေပြည်သူလူထုနဲ့ အဲဒီစွမ်းအားရှင် ဆိုတဲ့ လက်ကိုင်ဒုတ်
အရေ အတွက် ဘယ်သူက ပိုများလဲ ။ သူတို့တွေ ရပ်ကွက် ထဲမှ ထင်တိုင်းသောင်းကျန်းလို့ ရ နိုင်တာ ရပ်ကွက်နေ ပြည်သူလူထု က စည်းလုံးမှု မရှိလို့ပါ ။ တကယ်တမ်း သူတို့ကို တိုက်ရိုက်ဆန့်ကျင်မှု တွေကို ရပ်ကွက်နေ ပြည်သူလူထုအားလုံးက ကျင့်သုံးကြမယ်ဆိုရင် သူတို့တွေ နေစရာ မရှိပါဘူး ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး နေလို့ မရဘူးဆိုတာ အားလုံးသဘောပေါက် နားလည်ပြီးသားပါ ။ အဲဒီလို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ ဆိုတာ တစ်ရပ်ကွက်လုံးပေါင်းမှ ဆယ်ယောက်တောင် မရှိလောက်ပါဘူး ။ ကိုယ့်ရပ်ကွက်မှာ လူဦးရေ ထောင်နဲ့ချီပြီးရှိတာ ။ ဘာကိုများ
စိုးရိမ်ထိတ်လန့်နေစရာ ရှိလဲ ။ သူတို့တွေ က အကြမ်းဖက်လာရင် ကိုယ်ကလည်း ကိုယ့်ဘက်ကလည်း တုန့်ပြန်ပေးလိုက်ရုံပေါ့ ။ တကယ်တမ်း သူတို့တွေမှာ စိတ်ဓါတ်ခွန်အား မရှိကြပါဘူး ။ သတ္တိဆိုတာလည်း မရှိပါဘူး ။ အာဏာရှင်စနစ်ကို အားကိုးပြီး မိုက်ပြနေတာပါ ။ ဒါဆို ပြည်သူလူထုကလည်း စည်းလုံး ညီညွှတ်ရေးကို အင်အားအဖြစ် အသုံးချပြီး တုန့်ပြန်ဆောင်ရွက်လို့ရတာဘဲ မဟုတ်ဘူးလား ။
ကိုယ့်နေတဲ့၇ပ်ကွက်မှာ မတရားဗိုလ်ကျမှုတွေကို သူများတွေ ခံနေရတာ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး လက်ပိုက် ကြည့်နေကြရင် နောက်တစ်ခါ ကိုယ့်အလှည့်ဆိုတာ မဖြစ်လာနိုင်ဘူးလား ။ ငါတို့ကတော့ ဆန့်ကျင်ချင်ပါတယ် ၊ သူတို့ကတော့ပါမှာ မဟုတ်ဘူးလို့တော့ မတွေးထင်ထားကြပါနဲ့ ။ ဒီစနစ်ဆိုးကြီးအောက် မှာ ဒုက္ခမျိုးစုံ အဖုံဖုံကိုအတူတူ ခံစားနေကြရတာပါဘဲ ။
ကိုယ်ရှာမှ ကိုယ်စားရမှာ ၊ နိုင်ငံရေးဆို ဝေးဝေးရှောင်ဆိုတဲ့ ကြားနေ၀ါဒတွေ ကျင့်သုံးတာ ဟာ အာဏာရှင်စနစ်ဆိုးကြီး တည်မြဲနေအောင် ထောက်ပံ့ပေးထား ဖြစ်တဲ့အတွက် အဲဒီအယူဝါဒကို စွှန့်လွတ်လိုက်ကြပါ ။ အမျိုးသားရေး အလုပ်ဖြစ်တဲ့ အတွက် တမျိုးသားလုံးလုံးနဲ့ဆိုင်ပါတယ် ။ ကိုယ်တိုင်ပါဝင် နိုင်အောင် အထူးအားထုတ် ကြိုးစားကြမယ်ဆိုရင် ကြံ့ဖွတ် စွမ်းအားရှင်တို့ ပြည်သူလူထုကို အနိုင်ကျင့်ဖို့ မပြောနဲ့ အဲဒီဝတ်စုံတောင် လူမြင်ကွင်းမှာ ၀တ်ပြီး လမ်းမထွက်ရဲပါဘူး ။ အခုလိုမျိုး မိမိတို့ ကိုယ်တိုင့်စတင်ပြီး ရပ်ကွက် မြို့ရွာ ၊ မြို့နယ်များမှ တဆင့် တနိုင်ငံလုံး
အတိုင်းအတာ နဲ့ ဆန့်ကျင်ကြမယ် ဆိုရင် ဒီလို အာဏာရှင်လက်ကိုင်ဒုတ်တွေ ဆိုတာ သူ့အလိုလို ပျောက်ကွယ်သွားမှာပါ ။
ဒီနေရာမှာ လူငယ်တွေကို အထူးတာဝန်ပေးချင်ပါတယ် ။ ကိုယ်နေထိုင်ရာ ရပ်ကွက်တွင်းမှ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအပေါင်းကို လူငယ်များက စတင်စည်းရုံးပြီး အဖွဲ့အစည်း ငယ်လေးတွေ အသွင်ဖြင့် စတင်လုပ်ရှားသင့်ပါတယ် ။ ရပ်ကွက်တွင်း သာရေး နာရေး ကိစ္စတွေသာ မက ကိုယ့်၇ပ်ကွက်ရဲ့ လိုအပ်တာ မှန်သမျှကို စည်းလုံး ညီညွှတ်စွာနဲ့ လိုက်လံလုပ်ဆောင် ကြမယ်ဆိုရင် မကြာခင် မြန်မာနိုင်ငံကြီး အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာမှ သေချာပါတို့ ကျွန်တော် ဂတိပေးရဲပါတယ် ။

တပ်မတော်သားတွေ ဆိုတာ ပြည်သူကြားက ပေါက်ဖွားကြီးပြင်း လာကြတာ ဖြစ်လို့ ပြည်သူလူထုနဲ့ အမြဲ ထိတွေ့ ဆက်ဆံနေရတာပါဘဲ ။ သူတို့ကို စည်းရုံးပြောဆို မယ်လို့ စိတ်ကူးထားရင် သူတို့အနားက လူတွေကို အရင်ဆုံး နားလည်သဘော ပေါက်အောင် စည်းရုံးထားရမယ် ။ လူရဲ့သဘာဝ က ကိုယ်ပတ်ဝန်းကျင် ကို လိုက်ပြီး စိတ်ဓါတ်တွေ ပြောင်းလဲ လေ့ရှိတယ် ။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ တိုင်းပြည်ချစ်စိတ် ရှိသူတွေ များလာတဲ့ အခါ သူတို့ကိုယ်တိုင်လည်း တိုင်းပြည်နဲ့ လူထု အပေါ်ကို ထားရှိရမည့် သဘောထား အမှန်ကိုနားလည် လာကြလိမ့်မယ် ။ နိုင်ငံတကာ က စစ်တပ်တွေနဲ့ အခု အာဏာရှင်ရဲ့ လက်ရုံးစစ်တပ်တွေ ကြားက ကွာခြားချက်တွေကို သူတို့တွေ နားလည် သိရှိလာအောင် ပြောဆိုပေးရပါမယ် ။ တိုင်းပြည်ကို ကာကွယ်ဖို့ လက်နက်ကိုင်ဖို့ ပြည်သူလူထု က အခွင်အာဏာပေးထား တယ်ဆိုတာ သူတို့တွေ သိရှိသဘောပေါက် လာစေချင်တယ် ။ ဒီမိုကရေစီ နိုင်ငံတော်ကြီး အောက်မှာ ပြည်သူလူထု လေးစားချစ်ခင်မှု ကို ခံရတဲ့ တပ်မတော်ကြီးကို တည်ဆောက် နိုင်ပါတယ်ဆိုတဲ့ အတွေးမျိုးတွေကို ဖြန့်ဝေပေးကြရ ပါလိမ့်မယ် ။

လူထုလုပ်ရှားမှု ဆိုတာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တာ အမှန်ပါဘဲ ။ အများပြည်သူကောင်းစားရေးကို ရှေ့ရှုထားတာ ဖြစ်လို့ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်ပါတယ် ။ ဆန္ဒပြပွဲတွေ လုပ်ပြီ ဆိုရင်
ဒါတွေဟာ မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံ အချက်အလက်တွေပါဘဲ ။ ဒီလို အခြေခံ အချက်တွေကို လိုက်နာဆောင်ရွက်နိုင်ကြမယ်ဆိုရင် ပြည်သူလူထု လိုလားတောင့်တ နေတဲ့ ဒီမိုကရေစီ နိုင်ငံကြီးဆီကို အမြန်ဆုံးချီတက်နိုင်ဖို့ အာဏာရှင်
စနစ်ဆိုးကြီးကို အရင်ဆုံးဖြိုဖျက်နိုင်မှာ ဖြစ်ပါတယ် ။ အချို့က ဖြစ်မလာသေးတာကို စိတ်ပူနေကြတယ် ။ စနစ်ဆိုးကြီးအောက်က ရုန်းထွက်တော့လည်း ဘယ်သူက တိုင်းပြည်ကို ကောင်းလာအောင် စီမံခန့်ခွဲပေးနိုင်မှာလဲတဲ့ ။ အဲဒီလို အတွေးအခေါ်ကို ပြောဆိုဆွေးနွေး နေကြတဲ့ လူဟာ ဘယ်သူတွေရဲ့ စည်းရုံးရေးမှုးတွေလဲ ပြည်သူတွေ သဘောပေါက်ကြစမ်းပါ ။ ဘာဖြစ်လို့များ ဒီလို အတွေးအခေါ်တွေကို လက်ခံ သိမ်းပိုက်ထားကြတာလည်း ။
ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး စနစ်လို့ အမည်တပ်ခံထားရတဲ့ ဖက်ဆစ် စနစ်ကို အသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်စနစ်ဆိုး ကြီးအောက် က ရုန်းထွက်တာနဲ့ မြန်မာပြည် တိုးတက်ကောင်းမွန်လာစေရမယ်လို့ အသက်နဲ့ထပ်တူ လောင်းကြေးထပ်ရဲပါတယ် ။

လူထု လုပ်ရှားမှု လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် က ပြည်သူလူထု လိုလားတောင့်တချက်တွေ ကို အာဏာရှင်တွေ လိုက်နာဆောင်ရွက်ပေးဖို့ပါဘဲ ။ အဲဒီတော့ ပွဲ မ၀င်ခင် အပြင် က ကျင်းပ ဆိုတဲ့ စကားအတိုင်း ဘယ်လို အချက်အလက်တွေကို အဓိက တောင်းဆိုစေချင်တယ်ဆိုတာတော့ အားလုံး ညှိနှိုင်းထားသင့်သလို ၊တောင်းဆိုစေချင်တဲ့ အရာတွေဟာ လည်း ပြည်သူလူထု အမှန်တကယ် လိုအပ်ချက်တွေနဲ့ ကိုက်ညီစေချင်တယ် ။
အစိုးရကို ရက်အကန့်အသတ်ဖြင့်သာ စဉ်းစားခွင့်ပေးထားသင့်တယ် ။ သတ်မှတ်ရက် ရောက်လို့မှ တောင်းဆိုချက်ကို မလိုက်နာခဲ့လျှင် ပြည်သူလူထု ကိုယ်စားပြု အဖွဲ့အစည်း တခုခုမှ အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းရယူနိုင်ရေး အတွက် အထူးစီမံ ဆောင်ရွက်ထားသင့်တယ် ။
ဆန္ဒပြပွဲတစ်ခုရဲ့ အဓိကရည်ရွယ်ချက် အပိုင်းက အုပ်ချုပ်ရေး အာဏာကို လူထုလက်ထဲ ပြန်ထည့်ပေးဖို့ ဖြစ်တဲ့ အတွက် ဒီကိစ္စကိုတော့ ပညာရှင်အားလုံး ၀ိုင်းဝန်းကူညီ စဉ်းစားပေးစေလိုပါတယ် ။
လူထုဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ အခါမှာ ညဘက်ခွေးဆွဲ တဲ့ ရန် အတွက်လည်း ကြိုတင်ပြင်ဆင် ထားရှိသင့်တယ် ။ မြန်မာပြည်မှာ ပြည်သူလူထု လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေ အားနည်းလာရခြင်းရဲ့ အဓိက အကြောင်းက ညဘက်ခွေးဝင်ဆွဲတဲ့ ဒဏ်ကို မခံနိုင်လို့ပါဘဲ ။ ဆန္ဒပြပွဲတွေ ကျင်းပနေတဲ့ အချိန်မှာ ဆန္ဒပြပွဲကို ပါဝင်ဆင်နွှဲကြတဲ့ လူတွေ စုစုစည်းစည်း နေထိုင်နိုင်ကြရင် အကောင်းဆုံးပါဘဲ ။ သူတို့တွေ အတွက် စားဝတ်နေရေးကို ပြည်သူလူထုက ခတ္တခဏတော့ တာဝန်ယူပေးနိုင်ဖို့ အရေးကြီးတယ် ။ စာရေးပြရတာ လွယ်သလောက် လက်တွေ့လိုက်နာဖို့ကျတော့ ခက်တယ်ဆိုတဲ့ စကားတွေနဲ့ပြောဆိုလာကြမှာ လည်း ရှိပါတယ် ။ အများကောင်းစားရေး အတွက် ဦးတည် ကြိုးစားတာ ဖြစ်လို့ မကျေနပ်သူတွေ ကန့်ကွက်ပြောဆိုလည်း ဂရုမစိုက်ဘဲ ကိုယ်ဦးတည်ချက် ကို ရဲရဲကြီးကြီး လျှောက်လှမ်းကြဖို့ အရေးကြီးဆုံးပါဘဲ ။
အခြေခံ လိုအပ်ချက်တွေ ပြည့်စုံပြီဆို ရင်တော့ သတ်မှတ်သော နေ့ရက်များတွင် သတ်မှတ်သောနေရာကို ညီညွတ်စွာဖြင့်အရောက်ချီတက်ကာ တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို ကြွေးကြော်သံများဖြင့်ချီတက်ကြကာ အာဏာရှင်စနစ်ဆိုး ကို ညီညွတ်စွာဖြင့်တိုက်ထုတ်ကြပါစို့။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်

              နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၃ ရက်နေ့တွင် လုံးဝလွှတ်ပေး ရ မည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေရေးရာအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၁ နှစ်တာအတွင်း ၁၅ နှစ်ကြာမျှ အကျယ်ချုပ် ကျခံနေခဲ့ရသည်။
Freedom Now အဖွဲ့၏ ကြေညာချက်တွင် “မြန်မာအစိုးရရဲ့ ဥပဒေကြောင်းအရ ၂၀၁၀၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ရမှာ ဖြစ်တယ်” ဟု ဖော်ပြထားသည်။စစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည် ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို “နိုဝင်ဘာတွင် လွှတ်ပေးမည်” ဟူသော လူသိရှင်ကြား ပြောထားသည့် စကားကို Freedom Now အဖွဲ့က ထောက်ပြထားသည်။
နေအိမ်အကျယ်ချုပ် ၆ နှစ်ကြာ ကျခံပြီး လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လသို့ လျှော့ချခဲ့သည်။
“မဖိတ်ခေါ်ဘဲ နေအိမ်အတွင်းသို့ ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန် ယက်ထောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေချိုးဖောက်သည်ဟု ဆိုကာ အကျယ်ချုပ်သက်တမ်း အတိုးခံရခြင်းဖြစ်သည်” ဟု Freedom Now က ဖော်ပြထားသည်။

တည်ဆဲ မြန်မာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်သည့် အကျယ်ချုပ် သက်တမ်းသည် အင်းစိန်ထောင်သို့ လွှဲပြောင်းပေးသည့် ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ရေတွက်ရမည်ဟု Freedom Now အဖွဲ့က ဆိုသည်။
“စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို တိုးခြင်း၊ အသစ်ပြန်လည် အသက်သွင်းခြင်း မပြုလုပ်နိုင်ပါ။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မအရ သတ်မှတ်ထားသည့် နေအိမ်အကျယ်ချုပ် ချနိုင်သည့် အများဆုံး သက်တမ်း ၅ နှစ်ထက် ကျော်လွန်ကာ ဒေါ်အောင်ဆန်းစုကြည်သည် တနှစ်ပိုလွန်၍ ကျခံထားရပြီး ဖြစ်သည်။ ထိုမျှသာမက အသစ်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း မပြုဘဲ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့သေးသည်” ဟု Freedom Now က ဆိုသည်။
စစ်အစိုးရသည် ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု Freedom Now က ထောက်ပြထားသည်။
ပထမအချက်အနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ကာကွယ်သည့်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခွင့်မပြုပေ။ “နိုင်ငံသား တဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများ ပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါး အန္တရာယ် ဖြစ်စေမည့်” လူမျိုးကိုသာ ထိန်းသိမ်းခွင့် ရှိသည်။

ဒုတိယအနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ သည် အများဆုံး ၅ နှစ် ထိန်းသိမ်းခွင့်ရှိပြီး တနှစ်သာ သက်တမ်းတိုးခွင့်ရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ် အစိုးရ ချမှတ်ထားသည့် အပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ကတည်းက လွတ်မြောက်သင့်ကြောင်း၊ သို့သော် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်မှာ ၆ နှစ်ကြာခဲ့ကြောင်း Freedom No က သုံးသပ်ပြထား
သည်။
စက်တင်ဘာ ၁၄ ရက်နေ့တွင် စစ်အစိုးရ မီဒီယာများမှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၁၀ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ သည်။
NLD သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သဖြင့် ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်ထားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများဖြင့် ပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန်လည်း ပြုလုပ်ထားသည်။
http://www.irrawaddy.org/bur/ မှပြန်လည်ကူးယူမျှဝေသည်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management