၂၀၁၀ ရွေးကောက်ပွဲ နဲ့ မြန်မာနိုင်ငံ ( ၂ )

သူရဲကောင်းများဗိမ္မာန်

ကျွန်တော်တို့ နိုင်ငံ ၏သမိုင်း ခေတ်အဆက်ဆက်တွင် ယနေ့ လူငယ် နောင်တွင် တိုင်းပြည်၏ အနာဂါတ် ခေါင်းဆောင်များ ဟုပြောဆိုအသိမှတ်ပြုရသည့်ကျောင်းသား၊ လူငယ်( ကျား၊ မ) တိုင်း ၏ဘ၀ တို့ သည် သမိုင်း ရဲ့ အလှည့်အပြောင်းတိုင်းတွင် အဓိက အခန်းများတွင်ပါဝင်အသုံးပြခဲ့ကြရသည်။
ထိုအတူ အုပ်ချုပ်သူအစိုးရ ( ကိုလိုနီအစိုးရ ၊ပါလီမာန်အစိုးရ၊ အာဏာရှင်စစ်အစိုးရ) တို့ ရဲ့ အောက်တွင် သူတို့ ရဲ့ ဘ၀တွေ၊ အသက်တွေ ကို ပုံစံ အမျိုးမျိုးပေးဆပ် ခဲ့ကြရသည်မှာ မည်သူမှ ငြင်းလို့  မရသော အချက်ဖြစ်သည်။သို့ သော် ထိုသို့ တိုင်းရေးပြည်ရေး ၊နိုင်ငံအရေးကို ပါဝင် ဆောင်ရွက်ခဲ့ရကြသည်ဆိုပေမဲ့ ခေတ်အဆက် ဆက်က ကျောင်းသား၊ လူငယ်တို့  ရဲ့ သမိုင်း ပုံရိပ်များ၊ မှတ်တမ်းတို့ ကား ယနေ့ အချိန် ထိ၊ ဟိုတစ ဒီတစ်စနဲ့ ပြန့် ကျဲ ၊ ကွယ် ပျောက် နေခဲ့ သည် မှာ ယခုဆိုလျှင် ရာစု နှစ် သို့ ပင် ၀င်ရောက် လာ
နေပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံသမိုင်းအဆက်ဆက်တွင်၊ ဦးဆောင်မှုပြုခဲသော့ ကျောင်းသားလူငယ်တို့ သည် နိုင်ငံရဲ့  ခေါင်းဆောင်များလည်းဖြစ်ခဲ့ကြသလို၊ နိုင်ငံနဲ့ ပတ်သက်သော အဓိက ဆုံးဖြတ်ရသည့် နေရာတို့ တွင်လည်း ပါဝင်ခဲ့ကြသည်။လူတိုင်းတွင် အမှားလည်းရှိသည်၊ အမှန်လည်းရှိခဲ့ကြသည်။ ထိုကြောင့် ခေါင်းဆောင်တိုင်းတွင် အမှား ဆိုတာလည်းရှိခဲ့ကြမည်ဖြစ်သလို၊ အမှန်ဆိုတာ လည်းရှိခဲ့ကြမည်ဖြစ်သည်။ သို့ သော် နိုင်ငံသမိုင်းထဲ ကဖြစ်ရပ်မှန် အကြောင်း အရင်းအထိုထို နဲ့  ကောင်းသော လုပ်ရပ်ရဲ့ ပုံရိပ်များ ၊ မကောင်း သော လုပ်ရပ်များရဲ့ ပုံရိပ် များ၊ ကိုတော့ မည်သူကမှ မည်သို့ သောနည်းနဲ့ မဆို ဖျောက် ဖျက်ပြစ် လို့ မရချေ။
ကျွန်ုပ်တို့ သည် အမှန်ကိုလည်း ပြောဆို ချီးကျူး ဖေါ်ထုတ်ရမည်ဖြစ်သည်၊ အမှားကိုလည်းပြောဆို ရှုံချရမည်ဖြစ်သည်။ အမှားကိုဘဲ ပြောပြီး အမှန်ကို ချန်ထားလို့ မရချေ၊ ထိုအတူ အမှန်ကိုပြောပြီး အမှားကို လည်း ဖုံးလို့ မရချေ။ခေတ်အဆက်ဆက် က နိုင်ငံတော်အတွက် ပေးဆပ်ခဲ့ရသော အညတည မှသည် ခေါင်းဆောင် ဖြစ်ကြသော ကျောင်းသားလုူငယ် သူရဲ ကောင်းတို့ ရဲ့  သမိုင်း အကြောင်းသည် ပါးစပ်သမိုင်း ၊ စာသမိုင်းများ (တချို့ သောသူ များသာ) သာ ရှိနေ သည်ဟု နောင် မျိုးဆက်သစ်တွေအတွက် မဖြစ်စေရန် အတွက် သူရဲကောင်းတို့ ရဲ့ ဗိမ္မာန် ဖြစ်ရန် လုပ်ဆောင်ရန်အတွက် လက်ရှိ မျိုးဆက်တို့ မှတာဝန် လုံးလုံး ရှိသည်လို့ ခံယူပါသည်။အတွေးနဲ့ လက်တွေ့ တွေမတူညီ ခဲ့အာဏာရှင်စနစ်ကျဆုံးရေး၊ မတရားသော အမိန့် နဲ့ ဥပဒေတွေကို ဆန့် ကျင်ရေး ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးများ ပြည့်ဝ စွာရရှိရေး၊ လယ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ခံစားရရှိရေး၊ ကျောင်းသားတို့ ၏ရပိုင်ခွင့် အခွင့်အရေးအပြည့်အ၀ ရရှိရေး စသော အကြောင်းအရာများကို တိုင်းပြည် ရဲ့ အချုပ်ချာအာဏာ ကိုသိမ်းပိုက်ကာ အုပ်ချုပ် နေသော စစ်အစိုးရ ကို မြန်မာနိုင်ငံ တ၀ှမ်းတွင်နေ ထိုင် ကြသော ပြည်သူအပေါင်းရဲ့ အလွှာအတန်းအစားအသီးသီး မှ တစိုက်မှတ်မှတ်တောင်း ဆို လာသည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထက် ၁၉၈၈ နောက်ပိုင်းတွင်ပိုပြီးတော့ ကျယ်လောင်လာသည်။
ဖိနှိပ် အုပ်ချုပ်ခြင်းနဲ့ မတရား ခြင်း များစွာကို တွန်းလှန်လာခဲ့ကြသည်မှာလည်း ပိုပြီးတော့ အရှိန်မြှင့် လာသည်။ ပြည်သူပြည်သားအားလုံးတို့ သည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ ဘ၀လုံခြုံရေးကို အလွန် အ မင်း တမ်းတမ်း တတ နဲ့ လိုချင်ကြသည်၊ ခံစားချင်ကြသည်။
လွတ်လပ်ခြင်း၊ မျှတခြင်း၊ညီမျှခြင်း၊ လုံခြုံခြင်း နဲ့ ပြည့်စုံသော မင်္ဂလာရှိ သည့် မြန်မာလူမျိုး တို့  ၏ လူဘောင်ကို လေ့ကျင့်တည်ထောင်လို ကြသည်။ နိုင်ငံတကာမိသားစုနဲ့ ယှဉ်ပြိုင်နေထိုင်လိုကြသည်။
ထိုတောင်းဆိုမှုများကိုလည်း ပြည်သူအပေါင်းက စစ်အာဏာရှင်တို့ ထံတွင် တစိုက်မှတ်မှတ် နှင့် ငြိမ်းချမ်းစွာ အကြမ်းမဖက်ကန့်  ကွက်ဆန္ဒ ပြတောင်းဆိုခြဲ့ကပါသည်။
သို့ သော် တောင်းဆိုမှုများရဲ့ အနှိမ့်ဆုံးအဆင့်ကိုတောင်ကျွန်တော်တို့  ယနေ့ ခံစား၊ စံစားခွင့် မရရှိခဲ့ ကြသေးသလို ၊ မတရားမှု နဲ့ ဘ၀ လုံခြုံမှုမရှိခြင်း တို့ ကလည်း နိုင်ငံနဲ့ တ၀ှမ်း တွင်ရှိသော ပြည်သူ အပေါင်းတို့ နေ့ တဓူဝ ခံစားနေရသည်။
ပြည်သူလူထု ရဲ့အားကိုယူကာ လှုပ်ရှားမှုဆန္ဒပြမှု့ နဲ့ အတူ လက်နက်ကိုင် အင်အားကိုပေါင်းစပ်ပြီး ( Zero Sum Game) စစ်အစိုးရထံမှ တိုင်းပြည်အာဏာကို တိုက်ယူပြီး ပြည်သူအာဏာကို ပြည်သူသာလျှင် ပိုင်ဆိုင်ရမည်ဆို သည့် ထိပ်တိုက်အခင်းအကျင်း များသည် ၁၉၈၈ အရေးအခင်းပြီးမှ ပေါ်ပေါက်လာခြင်း မဟုတ်ချေ၊ ပြန်ကြည့်မည်ဆိုလျှင် ၁၉၄ရ မြန်မာနို်င်ငံ လွတ်လပ်ရေးပင်မရသေး၊ လွတ်လပ်ရေး ရရန် ရှေ့တန်းမှ ဦးဆောင် နေသော ဗိုလ်ချုပ်အောင်ဆန်းပင် မကျဆုံးသေး၊ ဇတ်လမ်းက စ ပြီဖြစ် သည်။
လွတ်လပ်ရေးရရန်ကြိုးစားခဲ့ကြသော အဖွဲ့ အစည်းအသီးသီးအတွင်း တွင် လည်းကောင်း၊ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်း တွင်၊ မိမိတို့ ရဲ့ ပါတီဝါဒများ၊ အတွေးအမြင် ခံယူချက်သည်သာ မှန်သည်၊တရားသည်၊ ဆိုသည့် ကွဲလွဲ မှုသည်၊တစ်ဦးနဲ့ တစ်ဦးအကြားတွင် ပြင်းထန်လာကြသလို၊ နောက်ဆုံး တစ်ယောက်နဲ့ တစ်ယောက် ပုဂ္ဂိုလ်ရေးမနာလိုမှုများ နဲ့ ထင်ပေါ်ကြောဇောမှု မနာလိုမှုများထိ ပါဝင် ရိုက် ခတ်လာခဲ့တော့သည်။
ရဲဘော်ရဲဘက် လက်တွဲ ဦးဆောင်ခဲ့သူ အလံနီသခင်စိုးက နေ စပြီးတော့ လက်နက် ကိုင် တော်လှန် ခြင်းဖြင့် တဖက် အမြင်မတူသူကို လက်နက်နဲ့ ပြန်လည် ချေမှုန်း တိုက်ခိုက် ရမည်ဆိုသည့် အတွေးအမြင် ကို စတင်အကောင် အထည်ဖေါ်ပေးလိုက်သည်။ နောက်ဆက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ သည်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ သည်လည်း ကောင်း နိုင်ငံရေးကို မျက်နှာစုံညီနဲ့ နိုင်ငံရေးနည်း နဲ့ မရှင်းဘဲ စတင် ကာ လက်နက် ကိုင်စွဲခဲ့ ကြသည်ကို သမိုင်းတွင်တွေ့ ရမည်ဖြစ်သည်။
ထို့ အတူ ခေတ်အဆက်ဆက်ကို ကြည့်သော် မည်သည့် လက်နက် ကိုင်၊ တော်လှန်ရေးအဖွဲ့ အစည်းမှထိ ရောက်သော ဖိအား၊ ထိရောက်သော နိုင်ငံရေး ဖိအား၊ ထိရောက်သော စစ်ရေး အခင်းအကျင်းမျိုးဖြင့် အုပ်ချုပ်နေ သော အစိုးရတိုင်း ကို နိုင်ငံရေး စားပွဲ ၀ိုင်း ပေါ်သို့  မျက်နှာချင်းဆိုင် တွေ့ ဆုံးဆွေးနွေးရန် ခေါ်ဆောင် နှိုင်ခဲ့ခြင်း မရှိခဲ့ပါ။
လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ခေတ်အဆက်ဆက်ရှိ အစိုးရတိုင်းက လည်း မည်သည့်အခါက မှ နိုင်ငံရေးအရ အမြင်မတူသောတော်လှန်ရေး အဖွဲ့ အစည်းအသီးသီးကို သဘော ထား ကြီး ကြီးနဲ့  ခွင့်လွှတ်စိတ်ထားကာ အတူတကွ လက်တွဲ လုပ်ဆောင်ဖို့ လည်း စိတ်လက်ပါပါ မကြိုးစားခဲချေ။
( ချွင်းချက်။ ။ ၁၉၆၃ ပြည်တွင်းပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပထမဆုံးနဲ့ နောက်ဆုံးဖြစ်မည်ထင်ပါသည်)
အမှန်တကယ်တော့ မြန်မာနိုင်ငံအတွက် တွေ့ ဆုံဆွေးနွေးရေးဆိုသည်မှာ တဖက် မှ အခြား တဖက်ကို zero sum game ဖြစ်ဖို့ အတွက် တဖက်နဲ့ တဖက် အင်အား ၊အာဏာ များအပြင် အင်အားကြီးနိုင်ငံများရဲ့  ပံ့ပိုး ကျားကန်ပေးမှု ဖြင့် တစ်ဦးကိုတစ်ဦး အပြီးသတ်ချိနှဲ အော့င် ပြုလုပ်ရန်အတွက် အချိန်ကို ၀ယ်ရန် သုံးသော ခေါင်းစဉ်ကြီးတစ်ခုသာ ဖြစ်နေခဲ့ရပါသည်။

ယနေ့ ခေတ် မြန်မာနိုင်ငံတွင် တွေ့ ဆုံဆွေးနွေးရေးဆိုသော ခေါင်းစဉ် သည် ပြည်သူများနဲ့ နိုင်ငံတကာ ရှေ့ တွင် နိုင်ငံရေးသမားများ၊ တော်လှန်ရေး သမားများ၊ စစ်အာဏာရှင် များတို့ ၏ ပြောကောင်း၊ ဆိုကောင်း ဝေဖန်ကောင်းအောင် အသုံးပြုသော ၊အသုံးချ ခေါင်းစဉ်သာသာ ဖြစ်ခဲ့ ရ သည်ပြောလျှင်မမှားပေ။

ဒီအတွက်ကြောင့် မြန်မာနိုင်ငံတွင် အစိုးရတစ်ရပ် ကို ဖြုတ်ချရန်အတွက် မည်သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းကမှ ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူးလို့ ရိုးသားစွာ ပြောလျှင်ပြောတဲ့သူ ၏ အမှားလို့  ပြောလို့ မရသလို ၊ အမှန်လို့ လည်းပြောလို့ မရချေ။

( ချွင်းချက်၊။ ၈၈၈၈ အရေးတော်ပုံကြီးကတော့ မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့သည်ဆိုပေမဲအော့င်မြင်စွာ

ဖြုတ်ချနိုင်တဲ့အဖြစ်ကိုတော့မရောက်သွားပါ၊ အဘယ်ကြောင့်ဆိုသော မဆလအစိုးရ ထံမှ တိုင်းပြည်အာဏာကို စစ်တပ်ထံသို့ ပေးအပ်နိုင်သွားပြီး (န၀တ) နအဖလက်ရှိစစ်အာဏာရှင်အစိုးရကို ဖေါ်ဆောင်သွားနိုင်ကာ နိုင်ငံတော် ရဲ့ အချုပ်ချာ အာဏာကို ထိန်းချုပ်နိုင် သွား ခဲ့လို့ ပြောရပါမည်။)
ကြာရှည်ခဲ့ရသည့်အကြောင်းရင်းများ
ဘာလိုသောအကြောင်းများ ကြောင့်စစ်အာဏာရှင်အစိုးရကို အပြည့်အ၀ ဖြုတ်ချလို့ မရနိုင် ခဲ့တာလည်း
ပြည်တွင်း၊ ပြည်ပ ဦးဆောင်ခဲ့သူ မည်သူမှ အမှန်တိုင်းသုံးသပ်ကာ ပြန်လည် မပြောကြသလို ၊ ပြောကြားသမျှအားလုံးသည်လည်း ကိုယ် ကောင်း၊ကိုယ် တော်၊ ကိုယ် တတ်၊ ကိုယ် သာ နိုင်ငံ ကို ချစ်သည်ဟုဆိုကြခဲ့ကြကာ အတတ်လွန် မာန များဖြင့် ရှုးသွပ်ခဲ့ကြသည်။
ငါ ဆိုတဲ့ ငါ နဲ့  လူပုဂ္ဂိုလ် နဲ့ သူရဲကောင်း ကိုးကွယ်တည် ဆောက်မှု နဲ့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို သာ တစိုက်မတ်မတ် မှားမှားမှန်မှန် လုပ်ရမဲ့အနေအထားကို ဦးစားပေးတည်ဆောက်ခဲ့ကြသည်။
တနယ် တဗိုလ် ကိုယ်ပိုင်ရာ ကိုယ့်နယ်မြေမှာ ကိုယ်သာ မင်းဆိုတဲ့  တမင်းတချင်းကို အုပ်စုအလိုက် ၊ ဂိုဏ်းဖွဲ့ ကာ အပြိုင်အဆိုင် ထူထောင် ခဲ့ကြသည်။ ပကတိဖြစ်ရပ်နဲ့  နိုင်ငံရေးဖြစ်စဉ်ကို ပုံသေကား ချပ် များနဲ့ ထည့်တွက်ကြသည်။

နိုင်ငံရေးနည်းဗျူဟာနဲ့ ပါတီတွင်းအုပ်ချုပ်ရေး များတွင် အားနည်းချက်များ အဖြစ် ထင်ထင်ရှားရှားမှာ အတိုက်အခံပါတီတိုင်းလိုလိုတွင် ပါတီ ပြန်လည်ဖွဲ့  စည်းခြင်းနဲ့ ခေါင်းဆောင်များ မွေးထုတ်ခြင်း မလုပ် နိုင်ခဲခြင်း နဲ့  ပါတီတွင်းဒီမိုကရေစီကို သေသေချာချာကျင့်သုံးမှု့မရှိခြင်း တို့ ကြောင့်ကျစ်လစ် ခိုင်မာမှုမရှိတော့ဘဲ ၊ စစ်အာဏာရှင်ရဲ့ ဖြို ခွင်းခြင်းကို လက်ဦးစွာ ဖျက်ဆီးခံရသည်လို့ ရိုးရိုး ဘဲမြင်ပါသည်။
( ပါးစပ်ကနေ အာဏာရှင်စနစ်ကျဆုံးရမည်၊ ငါတို့ သာလစ်ဘရယ်တွေဖြစ်တယ်၊ ဒီမိုကရေစီကျင့်ထုံးတွေနဲ့  မြန်မာနိုင်ငံတွင် ပြောင်းလဲ ရမည်
ဟုသာပြောပြီး အမှန်တကယ် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးမှုများသည် အာဏာရှင် များကဲ့သို့ မခြားရှိခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်ကို ကိုယ်ကိုတိုင်လည်းမကျင့်ကြသလို၊ ကျင့်ကြံကြဖို့ လည်း အလေ့အကျင့်ကို မပြုခဲ့ကြတာကို တွေ့ ရပါသည်။ )
လက်နက် ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းနိုင်ငံရေး ဟန်ချက်ညီညီ ဘာကြောင့် မလုပ်နိုင်ရ တာလည်း ဆိုတာကို ကို ပြန်လည် သုံးသပ် လျှင် ဘာတွေကလှစ်ဟာနေခဲ့တာလည်းဘာတွေက မှားနေခဲ့တာလည်း ၊ဘာတွေက ကျွန်တော်တို့ တွင် အားနည်းချက် အဖြစ်ရှိနေတာလည်းဆိုတာကို ပြတ်သားသောအမြင် နဲ့ ကြည့်ကြရမည်ဖြစ်ပါသည်။
ဘယ်လိုသောအကြောင်းတွေက အတိုက်အခံ အားလုံးအတွက် မည်ကဲ့သို့ သော အခက်အခဲ များကို ဖြစ်ပေါ်စေ ကာ စုစုစည်းစည်းနဲ့  ရပ်တည် မှု့တို့  အတွင် အနှောက်ယှက်ဖြစ်ခဲ့ရပါသနည်း။
အားလုံး၏ရပ်တည်ခံယူချက်များကိုကြည့် သော် ဘုံတူညီချက်များ ကား တော်တော်များသည်ကိုတွေ့ ရပါသည်။
ဘုံရပ်တည်မှုများ၏ အသေးစိတ် လုပ်ငန်းစဉ်များကို အတူတကွ လုပ်ဆောင် ကာ စုပေါင်း ဖေါ်ဆောင် မှု ရှိ၊ မရှိနဲ့ ၊ ထို လုပ်ငန်းစဉ်များကို တကယ်ကော အတိအကျ လုပ်ဆောင်ခဲ့သည်လား ၊သို့ တည်းမဟုတ် ဟန်ပြ လုပ်ဆောင်ခဲ့မှုများ ကြောင့် လားဆိုတာလည်း မေးစရာရှိပါသည်။
ဆယ်စုနှစ်များကနေ ရာစုနှစ်သို့ ပင်လှမ်းတော့မည်ဖြစ်သည် ယနေ့ ထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲခြင်းအတွက် ပကတိအခြေအနေနဲ့ ထင်ဟတ်သောခြေလှမ်းတစ်ခုမှ မြင်သာ ထင်သာခြင်း မရှိသလို အပြုသဘောဆောင်သည့် ပူးပေါင်းလုပ်ဆောင်မှုများ ကို မည်သည့် ဖက်ကမှ
လိုလိုလားလား စတင် အကောင်အထည် ဖေါ်လုပ်ဆောင်ခဲ့ခြင်းများတစ်ခုမှမရှိသေးချေ။
အပြောလွယ်သလောက် အလွန်ခက်သည့်ခေါင်းစဉ်ကြီးနိုင်ငံတကာနဲ့ ကမ္ဘာသိုင်းအ၀ိုင်း မိသားစု အများထင်ကြသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်စဉ်များ၊သဘောထား တင်းမာမှုများ၊ အာဃာတ များ ၊ ပုဂ္ဂိုလ်ရေး အကြောင်းအရာအားလုံးတို့ သည် တွေ့ ဆုံ ဆွေးနွေး မှုနဲ့ ညှိနိုင်းမှုများဖြင့် ချက်ချင်း ပြေလည်သွားနိုင်မည်ဟု ဆိုကြသည်။ မည်သူနဲ့  မည်သူတွေ က နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဆွေးနွေးယုံနဲ့  အရာရာ မဟုတ်တောင် အတိုင်းအတာ တစ်ခုထိ ပြီးဆုံးသွားနိုင် သည် ဟုပြောဆိုနေကြခြင်းကို က အလွန်လွယ်သော၊ ပေါ့ပျက်သော စကား များဖြစ်နေ သေး ပါသည်ဟု ယူဆပါသည်။
မြန်မာနို်င်ငံတွင် တွေ့ ဆုံဆွေးနွေးညှိနိုင်းယုံနဲ့ မည်သည့်အကြောင်းအရာမှ အလွယ်တကုနဲ့ ပြီးစီးသွားဖို့ မဖြစ်နိုင်သေးချေ၊ ကျွန်ပ်အနေနဲ့ ကတော့ တွေ့ ဆုံဆွေးနွေးရေးအတွက် ဘက်၂ ဖက် ကနေ ဘောင်နဲ့ သတ်မှတ်ချက် ဥပဒေတော့ ထားရှိရမည်၊ ထိုမှသာ တွေ့ ဆုံဆွေးနွေးရေးသည် အရာထင်သလို ၊ အကျိုးရလဒ်ထွက် လာနိုင်ပေမည်ဖြစ်သည်။နှစ်ပေါင်းများစွာ လက်နက်ကိုင် လူမျိုး စုခေါင်းဆောင်များ ၊ စစ်အစိုးရ သည်လည်းကောင်း အတိုက်အခံ အဖွဲ့ အစည်း များ တို့ နှင့်လည်းကောင်း တစ်ဖွဲ့  နဲ့ တစ်ဖွဲ့  နိုင်ငံရေး အာဃာတ၊ ပုဂ္ဂိုလ် ရေးအာဃာတ၊ အပေးအယူမမျှခြင်း ၊ တကိုယ်ကောင်းဆန်ခြင်း တို့ ကား အလွန် ကို ပြင်းထန်ခဲ့ကြသည်။
စကားလုံးလှလှ နဲ့ ခေါင်းစဉ်ကြီးကြီး များသုံးပြီးတော့ တစ်ဖွဲ့ နဲ့  တစ်ဖွဲ့  ခြေထိုးခြင်း နောက်ကြောဒါးနဲ့ ထိုး ခြင်း၊ အာဏာ၊ ဖိအား ၊ တို့ သုံးကာ ညှစ်ပတ်ခဲ့ကြသောသမိုင်းဝင် ပတ်ပတ်လည်အရှုတ်တော်ပုံ ကြီး ကား မသေးလှပေ။ အဖွဲ့ ကြီးသုံး ဖွဲ့  လို့  စကားအရာ အရ ပြော သော်လည်း တကယ်က စစ်အစိုးရ ကို အဖွဲ့  ကြီးတစ်ခုအနေနဲ့ ပေးခဲ့သည်ဆိုအုံး ၊ကျန် အဖွဲ့ ကြီး ၂ ဖွဲ အော့က်တွင်ကား အဖွဲ့  ပေါင်း စုံနဲ့  ဖရိုဖရဲ နဲ့  တည်ထားသော အခြေအနေဖြစ်သည်။
အာဏာကို သိမ်းပိုက် ထားသော စစ်အစိုးရ သည် ၊ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပါမည်ဟုနိုင်ငံတကာ
သို့ ပြောဆိုနေသော်လည်း မည့်သည့်အခါက မှပြည်သူအပေါ်တွင် လည်း ကောင်း ၊မိမိတို့ နဲ့ အမြင် မတူ၊သဘောထားမတူသူတို့ အား ဒီမိုကရေစီကျကျသော်လည်းကောင်း၊ အာဏာကိုင်ထားသည့် အစိုးရတရပ်အနေနဲ့ သဘောထားကြီးကြီးထားကာ ညှိနိုင်း ဆွေးနွေး လုပ် ကိုင်သည့် အခင်းအကျင်း ကိုတချက်မှ မပြုမှုခဲ့ ချေ ။
အဆိုးဆုံးနဲ့ အလွန်အမင်းမျက်နှာပျက် စရာ သမိုင်းတွင် ဖျောက်ဖျက်လို့ မရအောင် အမဲစက်ထင်စေရသည့်အကြောင်းအရာကား မိမိတို့ ကိုယ်တိုင် ဦးဆောင်ကျင်း ပပေးခဲ့ သော ရွေးကောက်ပွဲ နဲ့ ထိုရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖေါ်ပေးခြင်းဖြစ်သည်။
ထိုအတွက် ကြောင့်လည်း လက်ခံနိုင်လောက်သည့် ဂတိဂ၀တ်နဲ့ ယုံကြည် ၊ အားကိုးစံထား လောက်သည် အဖြစ်တစ်ခုမှ မရှိသောကြောင့် ၊ မည်သို့ သော ဂတိစကားများထပ်ကာ ထပ် ကာ ပြောဆိုသော်ငြားလည်း ပြည်သူအပေါင်း အနေနဲ့ သော်လည်းကောင်း၊ လက်တွဲလုပ်ရမည့် နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ငြိမ်းချမ်း ရေးရယူထားသော၊ မယူထားသော လက်နက်ကိုင် အဖွဲ့ အစည်း မျာ။းမှ ယုံကြည်ခြင်းမရှိသည်မှာ အဆန်း တကျယ် မဟုတ်ချေ။



နိုင်ငံရေးပါတီအပေါင်းမှာလည်း မတရားမှု၊ မမျှတမှုများ နဲ့ ဥပဒေမဲ့ အနိုင်အကျင့် မှုများကို စစ်အစိုးရမှ အာဏာ ကိုအသုံးချကာ မတရား ဖိနှိပ်ကွပ်များ အောက်တွင် လှိမ့်ပိန့်  အောင့် ခံခဲ့ ရသည်မှာ အနှစ် ၂၂ ကျော်ပြီဖြစ်သည်။

ထို့ အတွက်ကြောင့်လည်း အိုးရွဲ့  စလောင်းရွဲ့ များ ဖြစ်ကုန်ကြကာ ပြည်တွင်း၊ ပြည်ပ အတိုက်အခံအဖွဲ့  ပေါင်း စုံမှ စစ်အစိုးရအပေါ် ထားရှိသည့် နိုင်ငံရေး အခင်းအကျင်းမှာ ဒုတ်နဲ့ မုန့် ဆိုသောနည်းဗျူဟာကို အသုံးပြုကြတော့ သည်။



အပစ်ခတ်ရပ်ဆဲကာ ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင် လုူမျိုးစုများ နဲ့  စစ်အစိုးရ ကြားတွင် နိုင်ငံရေး၊ စစ်ေရး၊ ရပိုင်ခွင့်နဲ့ ခံစားပိုင်ခွင့်  သဘောထားများကား ယနေ့  အချိန်ထိ အနိမ့်ဆုံးစံအနေနဲ့  ပွင့်လင်း မြင် သာ၊ ထင်သာ သိသတ်သတ်မှတ်မှတ် သဘောတူညီချက်မရှိသေး တာကို တွေ့ ရသည်။



ငြိမ်းချမ်းရေးမယူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအနေနဲ့ လည်း နိုင်ငံရေး သဘောထားမပြေလည်မှုများ ၊စစ်ရေး ရပ်ဆဲဖို့ သဘောတူညီချက်များ၊ နှစ်ပေါင်းကြာရှည်ခဲသော့ နားလည်မှု လွဲသော အမြင်အတွေးများ၊ လူမျိုးရေးခံစားချက်များ၊ တိုင်းရင်းသားတို့ ရဲ့  ခံစားခွင့်ရပိုင်ခွင်များ၊ တန်းတူညီတူ ခံစားခွင့်များ ကို မည်သူတွေက မည်သည့် လူမျိုးစုအတွက် ကိုယ်စားပြုပြီး မည်သည့်အချိန်တွင် မည်သည့် ကော်မတီ ၀င်များ နဲ့  မျက်နှာချင်းဆိုင် ညှိနိုင်းဆွေးနွေးမည်ဆိုတာ ယနေ့ ထိ တရားဝင်မတွေ့  ရသေးပါ။



ဖြစ်ပြီးခဲသော့ ပိဋိပက္ခများသည် လွယ်ကူစွာနဲ့ ရှင်းလို့  မရပေ။ ထို ဇတ်လမ်းအထိုထိုကို မည်သူတွေ က တာဝန်ခံ၊တာဝန်ယူကာ ဖြေရှင်းဖို့ ရဲ ရဲရင့်ရင့်လုပ် ဆောင် ကြပါမည်နည်း ။

နိုင်ငံသမိုင်း အပြောင်းအလဲဖြစ်ပေါ်ဖို့ အတွက် အလွန်အရေးကြီးသော မေးခွန်းလည်းဖြစ်ပါသည်။

ယနေ့ အချိန်ထိ ပြောတဲ့အတိုင်း လုပ် သလို၊ လုပ် တဲ့ အတိုင်း ပြတ်သားစွာ တာဝန်ယူ၊ တာဝန်ခံ၊ ဂတိစကား နဲ့ ပြောသော ခေါင်းဆောင်ဆိုသူများ ကား မပေါ်ပေါက်လာ သေးချေ။



အကယ်၍ မြန်မာ့နိုင်ငံရေး အိမ်မက်ဆိုးအား အပြီးပိုင် ဇတ်လမ်း ပြီးဆုံးချင်လျှင်လည်း တကျော့ပြန် လမ်း မရှိ ၊ တုံးတိဖြတ်ရမည့် လမ်းကြာင်းတစ်ခုတည်း ကလွဲပြီး တခြားသော အခင်းအကျင်း မရှိချေ.

အကယ်၍များ အခြားသောလုပ်ဆောင်မှုများရှိသည်ဆို ပါမှု၊ နေရာ၊ အချိန်နဲ့ အခြေအနေပေါ်မှာမှုတည်ကာ လုပ်ဆောင်မှသာ မြန်မာနိုင်ငံရေးအိမ်မက်ဆိုးကို ရပ်တန့် လို့ ရတော့မည်ဖြစ်သည်ဟုလည်း ယုံကြည် ပါသည်။



ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ များကား၂၀၁၀ရွေးကောက်ပွဲပြီးသော်လည်း ပြည်တွင်းစစ် လည်း ပြီးပြည့်စုံ သော ငြိမ်းချမ်းရေး အဖြစ် သို့ အချိန်တိုတိုနဲ့ မရောက်ရှိနိုင် သေးသလို ၊ အမျိုးသား ပြန်လည် ညီညွတ်ရေး အတွက် အတော်ကို ကြိုးစားရအုံးမည့်အနေအထား မှာဘဲ ရှိနေသေး သည်လို့ မိမိအနေနဲ့  တထစ်ချယုံ ကြည်မိပါသည်။



ထိုကြောင့် ပြည်တည်နေသော အနာကို ဖောက်ပြီးဆေးထည့်မလား သို့ တည်းမဟုတ် အနာပေါက်သည် အချိန် ထိစောင့်ကာ ဆေးထည့်မလား ဆိုတာသာ စဉ်းစားရပေတော့မည်။



မည်သည့်နည်းလမ်းနဲ့ အခင်း အကျင်း သည် အားလုံးသော တိုင်း ရင်းသားပြည်သူတို့ အတွက်ကော၊ တိုင်းပြည်အတွက်ကော၊ ကောင်းမည်ဆိုတာကို စဥ်းစားကြရမည် ဆုံးဖြတ်ရမဲ့ တာဝန်သည်

မြန်မာနိုင်ငံတွင်ရှိသော ပြည်သူအပေါင်းရဲ့ လက်ဝယ်တွင် ရှိပါသည်.။

နိုင်ငံရေးခေါင်းဆောင် များပါဝင်ဆောင်ရွက် ရမည့် အပိုင်း လည်း ရှိပါသည်။

တိုင်း ရင်း သားခေါင်းဆောင်များပါဝင်ဆောင်ရွက်ရမည့် အပိုင်း လည်း ရှိပါသည်။

စစ်အစိုးရခေါင်းဆောင်များကလည်း သဘောထားကြီးစွာနဲ့ ပူးပေါင်းပေးရမည့် အပိုင်းနဲ့ ဦးဆောင်ကာ ပေးရမည့်အပိုင်းလည်း ရှိပါသည်။



လက် တွေ့ ကြသော လုပ်ငန်းစဉ် ကို မည်သို့ ဆုံးဖြတ်ကြမည်ဆိုသည်ကိုသိရန်မှာ မြန်မာနိုင်ငံ

ရဲ့ ဘက်စုံ တိုးတက်မှုနဲ့  ပြည်သူပြည်သားအားလုံးရဲ့  ဘ၀များ၏ အကျိုးသည်မည်မျှ တိုးတက်လာသနည်း ဆိုသည့် အချက်နဲ့  တိုက်ရိုက် ဆက်စပ်

နေသည်ဆိုတာကို တော့ မြန်မာနိုင်ငံသား အားလုံးထက် မြန်မာ့ နိုင်ငံရေးကို လုပ်ဆောင်နေကြသော၊သူ အားလူုံးနဲ့ လက်ရှိစစ်အစိုးရတို့ အထူး

သတိပြုမိ စေ ချင် ပါသည်။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management