အနိုင်မခံ

အနိုင်မခံ ငါ့အား ဖုံးလွှမ်းထားသော 
လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ 
အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို
ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော 
လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း
ငါကားမတုန်လှုပ် မငိုကြွေး ကံတရား၏ 
ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် 
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွတ်ကား မညွတ် ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ 
အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။ 
သုဂတိသို့ သွားရာ တံခါးဝသည်
မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌
ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ 
ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။ 

သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇) ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ 
"Invictus" Out of the night that covers me, 
Black as the Pit from pole to pole,
I thank whatever gods may be For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance 
My head is bloody, but unbowed.
Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid. 
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in 
Our Store! Rate this Quote! Tell a Friend.
                                             William Ernest Henley (23 August 1849 – 11 July 1903) 


“မိမိရေးလိုက်သည့် စာပေသည် အမြဲတမ်း ရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘော ပါစေရမည်၊ ခေတ်မီ၍ ပြုပြင် ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီးပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” သခင်အောင်ဆန်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

"အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"

လူထုစိန်ဝင်း နွယ်နီမဂ္ဂဇင်း အတွဲ(၂၀)အမှတ်(၃)ဇူလှိုင်လ ၂၀၁၀ခုနှစ် ဒီတနှစ်လောက်အတွင်းဂျာနယ်တွေဖတ်ကောင်းလာတယ်။အရင်ကလိုအရည်မရအဖတ်မရ ဖျော်ဖြေရေးသတင်းတွေအစား နိုင်ငံရေးအကြောင်းဒီမိုကရေစီအကြောင်း၊ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေသူ့ ထက်ငါ ပြိုင်သထက်ပြိုင်အောင် ဖေါ်ပြလာကြတယ်။ ယောင်ဝါးဝါးအသိ ဒီလိုဖေါ်ပြလာကြတာလူကြီးပိုင်းအတွက်လဲကောင်းတယ်။မကြားရ၊မပြောရတာကြာပြီဖြစ်တဲ့  စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရစားမြုံ့ ပြန်နိုင်ကြတယ်။လူငယ်လူရွယ်တွေအတွက်လဲအများကြီးကောင်းတယ်။ အဆက်ပြတ်နေတဲ့ခေတ်အကြောင်းတွေကိုသိကြရတယ်။ဂျာနယ်တွေကိုကျေးဇူးတင်မိတယ်။ လူငယ်လူရွယ်တွေသာမကဘူးအခုချိန်မှာ အသက်(၅၀)တန်းအောင်ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့  သမိုင်းကိုသေသေချာချာမှန်မှန်ကန်ကန်သိကြာတာမဟုတ်ဘူး၊ယောင်ဝါးဝါးလောက်သာသိကြတာ။ အတိတ်သမိုင်းကိုမသိတဲ့အခါကျတော့အခုပစ္စုပ္ပန်မှာရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့အခါမှာ ဟိုလူပြောလဲဟုတ်နိုးနိုးဒီလူပြောလဲဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။ ကိုယ်တိုင်တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိကြဘူး။ တအံ့တသြဖြစ်ကြ ဂျာနယ်လစ်တွေ ပြန်ပြီးဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ ဆိုရင်မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာတွေ့ ရတယ်။ ကာတွန်းတွေတွေ့ ပြန်တော့လည်းဒီလိုသရော်လို့ ရသလား၊ဒီလိုလှောင်လို့ ရသလားနဲ့ တအံ့တသြဖြစ်နေကြတယ်။ ဒါကြောင့်ဂျာနယ်တွေကိုကျေးဇူးတင်တယ်ပြောခဲ့တာ။ ဒါပေမယ့်ဘ၀င်မကျသဘောမတူနိုင်တာတွေလည်းရှိပါတယ်။ ဂျာနယ်တွေကပြန်လည်ဖေါ်ပြတဲ့အတိတ်ဖြစ်ရပ်တွေထဲမှာအများစုကနိုင်ငံရေးသမားအချင်းချင်းကွဲ ကြပြဲကြတာတွေ တဦးနဲ့ တဦးအပြန်အလှန်ပုတ်ခတ်တာတွေချည်းတွေ့ ရတယ်။ နိုင်ငံရေးဆိုတာကိုယ်တိုင်မကြုံဘူးသူတွေရဲ့  အမြင်မှာနိုင်ငံရေးသမားတွေ ဆိုတာ ဒီလိုဘဲကွဲကြပြဲကြတိုက်ခိုက်နေကြတာဘဲ၊ ဘယ်သူမှမကောင်းပါလားလို့ ယူဆထားစရာဖြစ်နေတယ်။ ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလအောင်ဆန်း၊ဗိုလ်လင်္ကျာ၊ဗိုလ်စင်္ကြာ၊ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျ၊ဗိုလ်ရန်အောင်၊ဗိုလ်မှုးအောင်၊ဗိုလ်ဗလ၊ဗိုလ်တာရာ၊စတဲ့ပဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ ခံနိုင်ငံရေးသမား ဆိုတဲ့အချက်မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။ နားမလည်နိုင်ဘူး ညီညွတ်ရေးအရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့အကြောင်းပြချက်ကလည်းမှန်တယ်မထင်ပါဘူး။ ညီညွတ်ရေးအကြောင်းတခြားပြောစရာပြစရာ နမူနာတွေအများကြီးရှိပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံကြီးအကြောင်း၊၁၉၂၀၊၁၉၃၆ ကျောင်းသားသပိတ်ကြီးအကြောင်းတို့ ၊နေသူရိန်အစည်းအဝေးကြီးအကြောင်းတို့ ။ပင်လုံညီလာခံအကြောင်းတို့ လိုအကြောင်းတွေ မနည်းလှပါဘူး။ဒါတွေကိုဇောင်းပေးဖေါ်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာပြဲတာတွေချည်းဖေါ်ထုတ်နေကြတာတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။လူ့ လောကမှာအမြင်သဘောထားခြင်းမတူကွဲပြားတာဟာလူ့ သဘာဝဖြစ်တယ်။ကဲ့ရဲ့ ရှုတ်ချရမယ့်ကိစ္စမဟုတ်ဘူး၊ နိုင်ငံရေးလုပ်တယ်ဆိုတာကလည်းလူ့ လောကအရေးကိုလုပ်ကြတာဘဲ။အဲဒီတော့သဘောများအယူအဆကွဲပြားတာတွေ ဆွေးနွေးငြင်းခုန် တာတွေ ရှိမြဲဖြစ်တယ်။ ငြင်းခုန်တာလူ့ သဘာဝ ဆွေးနွေးငြင်းခုန်ခြင်းဟာရန်ဖြစ်တာမဟုတ်ပါဘူး။သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန်တစ်နိုင်ငံလုံးငြင်းးခုံခဲ့ကြသလို လွှတ်တော်နှစ်ရပ်လုံးမှာလည်းငြင်းခုံဆွေးနွေးကြတာပါဘဲ။လွှတ်တော်ထည်းမဲခွဲတဲ့အခါမှာလည်းအိုဘားမားရဲ့ ပါတီကဒီမိုကရက်အမတ် ကန့် ကွက်မဲပေးသူတွေရှိခဲ့သလို၊ပြိုင်ဘက်ရီပတ်ဘလစ်ကန်အမတ်တွေကထောက်ခံမဲပေးသူလည်းရှိခဲ့ပါတယ်။အဲဒီလိုငြင်းခုန်ခဲ့ကြလို့  ကန့် ကွက်/ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှနှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်းသူ့ ပါတီတွေကပုတ်ခတ်မပစ်ခဲ့ကြဘူး။ ဂျပန်နိုင်ငံက LDP ဆိုတဲ့ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တစ်ဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ပါတီဖြစ်တယ်။ဒါတောင် LDP ဟာနိုင်ငံရေးအာဏာကို တစ်လျှောက်လုံးနီးပါး၊ချုပ်ကိုင်ထားနိုင်ခဲပါတယ်။ဂိုဏ်းအုပ်စုတွေကြောင့် ပါတီအစိတ်စိတ်အမွှာမွှာကွဲတာမျိုး မဖြစ်ခဲ့ပါဘူး။ သဘောပေါက်သင့်တယ် စိတ်ဓါတ်အတွေးအခေါ်ရင့်ကျက်သူတိုင်းငြင်းခုန်တာဟာရန်ဖြစ်တာမဟုတ်၊ကိုယ်နဲ့ အယူအဆမတူတိုင်းရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့ သဘောသဘာဝကိုနားလည်ကြပါတယ်။ဂျာနယ်တွေကဒီအချက်ကိုသဘောပေါက်ထားသင့်တယ်။မီးလောင်ရာလေပင့်သလိုဖြစ်မသွားအောင် သတိထားဆင်ခြင်သင့်တယ်။ငြင်းခုံတိုင်းရန်ထဖြစ်တာမရင့်ကျက်သေးတဲ့ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ရင့်ကျက်သူတွေဟာငြင်းတိုင်းရန် ထမဖြစ်ဘူး၊ကိုယ့်နဲ့ မတူကိုယ့်ရန်သူလို့ သဘောမထားဘူး၊မတူပေမယ့်လက်တွဲမဖြုတ်တမ်းနေချင်ကြတယ်။အိုဘားမားနဲ့ ဟီလာရင်ကလင်တန် ဟာအကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တစ်ဦးနဲ့ တစ်ဦးအပြင်းအထန်ဝေဖန်တိုက်ခိုက်ကြငြင်းခုန်ခဲ့ကြတာဘဲ။ဒါပေမယ့်အခုတော့သမ္မတနဲ့ နိုင်ငံခြား ရေးဝန်ကြီးအဖြစ်လက်တွဲနေနိုင်ခဲ့ကြတယ်။ဒါဟာရင့်ကျက်ခြင်းရဲ့ အကောင်းဆုံးသာဓကဖြစ်တယ်။ ကျေးဇူးကန်းရာရောက်ရောက်မယ် ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပက်သက်တဲ့ဗဟုသုတဖြန့် ဝေပေးရာမှာဒီအချက်တွေကို အလေးအနက်ထား စဉ်းစားပြီးမှပေးသင့်တယ်။နိုင်ငံရေးသမားဆိုတာဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေဖြစ်ပေါ်စေမယ့်အကြောင်းတွေကိုရှောင်ရှားသင့် တယ်။လူငယ်တွေလက်ထဲဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့ သမားတွေနဲ့ ဖက်ဆက်တွေကို အသစ်စွန့် တိုက်လိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရ အောင် မပစ်ဖပစ်၊အိုးပစ်အိမ်ပစ်၊သားပစ်မယားပစ်၊ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာရောက်သွားပါလိမ့်မယ်။ သတိထားကြ၊ဆင်ခြင်ကြစေလိုပါတယ်။ "လူထုစိန်ဝင်း"

အရေးပေါ်အထူးသတင်း Breaking news (နေပြည်တော်က အာဏာသိမ်းမှူသတင်း)

        ဗိုလ်ချုပ်သန်းရွှေတို့ ၈၄ ဦး နေပြည်တော်က ထွက်ခွါသွားကြပြီးတဲ့နောက်မှာ နေပြည်တော်မှာ အစည်းအဝေးတရပ်ကို လျှို့ဝှက်ထိုင်ကြတယ်လို့ သိရတယ်။ နေပြည်တော်တိုင်းမှူး ဝေလွင်က ဗိုလ်ချုပ်မှူးကြီးကို အိန္ဒိယနိုင်ငံက ဒီမိုကရေစီအတိုက်အခံတွေ ။ အိန္ဒိယနိုင်ငံသားတွေ ဆန္ဒပြနေတာကို ဆွေးနွေးကြတယ်။ ဒီ့နောက်မှာ သူတော်စင်မဟတ္တမဂန္ဒီကြီးရဲ့ အုဌ်ဂူကို ဆုတောင်းအမျှဝေပေးဖို့ရာမှာ စစ်ယူနီဖေါင်းနဲ့ ဂါဝရမပြုရခြင်း အကြောင်းများကို ဆက်ပြီးဆွေးနွေးကြတယ်လို့ သိရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖိတ်ကြားတဲ့အတွက် စစ်ယူနီဖေါင်းနဲ့သာ အခန်းအနားနဲ့ ကြိုဆိုရာမှာ အခုလို ဒိမိုကရေစီနိုင်ငံက တိုက်ပုံအင်င်္ကျီနဲ့ တက်ရောက်စေတာဟာ ၂၀၁၀ ပြီးရင် သမ္မတ ဦးသန်းရွှေအဖြစ် နိုင်ငံတကာကိုပါ အသိပေးခြင်းမျိုးလားဆိုပြီး ဝေဖန်ကြတယ်လို့လဲ သိရတယ် တိုင်းမှူးဝေလွင်ဟာ အရင်က ဗိုလ်ချုပ်ကြီးခင်ညွန့်လို လက်စောင်းထက်သူဖြစ်ပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်ဖြစ်တယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခြေအနေတွေကို ပြောင်းလဲသွားစေတဲ့ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နိုင်ငံတကာမှာ သိက္ခာကျလောက်အောင် ဆန္ဒပြခြင်း၊ကန့်ကွက်ခံရခြင်းများကို ခံရခြင်းအတွက် နေပြည်တော်ကဗိုလ်မှူးတွေက တော်တော်ကလေး စိတ်ပျက်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုင်းမှူးဝေလွင်ကို အာဏာသိမ်းဖို့ တိုက်တွန်းကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း မစ္စတာသပ်ဆင်ရှင်နာဝပ်ကို ကမ္ဘာ့ကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ် အာဏာသိမ်းယူခဲ့တဲ့ဖြစ်ရပ်တွေ ရှိနေခဲ့တာမို့ ထိုင်းနိုင်ငံက ဗိုလ်ချုပ်တွေနဲ့လဲ ဆက်သွယ်ကမ်းလှမ်းနေတယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ ရန်ကုန်မှာဖြစ်နေတဲ့ ပိဋကတ်တိုက်ပြသနာကိုလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူလာမှ ရှင်းမယ်၊ လွှတ်ပေးထားလိုက်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့  တော်ဝန်ဟောင်းဦးကိုလေးက အာဏာသိမ်းမှူကို ညွှန်ကြားနေခြင်းဖြစ်ပြီး နေပြည်တော်မှ ဦးကောင်းမြတ် ဆိုသူလဲ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဦးကောင်းမြတ် ဆိုသူဟာ ဘယ်သူလဲ ဆိုတာကို ခုအချိန်ထိ စုံစမ်းလို့ မရသေးဘူးလို့ ဆိုပါတယ်။ သျှမ်းပြည်တပ်မတော် ( မြေက်ပိုင်း ) ကလဲ ပြည်သူ့စစ်တပ်ဖွဲ့စည်းဖို့ မဖြစ်နိုင်သေးလို့ နယ်စပ်ဒေသတင်းမာမူဖြစ်နေချိန် အခုလို အာဏာ သိမ်းမှူတွေ ပြုလုပ်မဲ့ သတင်းတွေ ကြားနေရတာကြောင့် ရှမ်းပြည်နယ်တိုင်းမှူးအောင်သန်းထွဋ်က နေပြည်တော်သို့ စစ်ကြောင်းများဖြင့် ဆင်းသွားပြီလို့လဲ ကြားသိရပါတယ်။ ဗိုလ်ချုပ်အောင်သန်းထွဋ်ဟာ နေပြည်တော်တိုင်းမှူးဝေလွင်နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ပဏာမစားသူဖြစ်ကြောင်း အခြားစစ်ဖက်ဆိုင်ရာသတင်းရပ်ကွက်များက ဆိုပါတယ်။ အခုဆိုရင် ပြည်သူတွေဟာ နေပြည်တော်မှာ အာဏာသိမ်းမှူဖြစ်မဲ့အကြောင်းကို အရိပ်အမြွက် သိကုန်နေကြပြီး တပ်မတော်အတွင်း ပေါက်ကွဲမူတွေကြောင့် သွေးထွက်သံယိုမှူများ ဖြစ်ကုန်မလား ဆိုပြီး စိုးရိမ်နေကြပါတယ်။ တိုင်းနှင့် ပြည်နယ်အဆင့်ထိကို နေပြည်တော်က အာဏာသိမ်းမှူသတင်းတွေ ခုအချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၏ နေအိမ်အနီးတ၀ိုက်မှာ လုံခြုံရေးများ ချထားတယ်လို့ နိုင်ငံရေးရပ်ကွက်တွေက လာတဲ့သတင်းအပေါ် ကိုးကားနေကြပါတယ်။ ဦးတင်ဦးဟာ အရင်က ကာကွယ်ရေးစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူမို့ အခုလို တပ်တွင်းပုန်ကန်မှူဖြစ်ပြီး တိုင်ျးမှူးဝေလင်းက အာဏာသိမ်းရန် အစည်းအဝေးထိုင်ပြီး ကြိုးပမ်းနေခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစုံတရာဖြေကြားဖို့ ငြင်းဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံကို ၅ ရက်တာခရီးမသွားခင်ကတည်းက နေပြည်တော်အတွင်း တိုင်းမှူးတွေ နဲ့ စစ်တိုင်းမှူးတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အရေး ဆွေးနွေးကြရာမှ အခုလို ပြသနာကြီးထွားသွားရခြင်းဖြစ်ကြောင်း သတင်းထွက်ပေးနေပါတယ်။ ဒါပေမဲ့ ရွေေးကာက်ပွဲကော်မရှင်က နေပြည်တော်ရဲ့ တပ်တွင်းပြသနာများကို ပြည်သူတွေနှင့် နိုင်ငံတကာက မရိပ်မိအောင် ရွေးကောက်ပွဲနေ့ရက်ကို ကြေညာတော့မယ် ဆိုပြီး အသံတွေထွက်ပေးနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ အာဏာအရှိဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ခရီးစဉ် တလျောက်လုံးဘာမှ ထုတ်ဖေါ်မပြောဘဲ နေခြင်းကိုကြည့်ပြီး သိသာနိုင်ပါတယ်။ နေပြည်တော်က အာဏာသိမ်းရန်ကြိုးစားနေတာကို စုံစမ်းခိုင်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ တိုင်းမှူးဝေလွင်ကတော့ အခုအချိန်ထိ နေပြည်တော်မှာ လုံခြုံရေးအပြည့်နဲ့ နေရာယူထားကြောင်း ကြားသိရပါတယ်

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management