အမြစ်ကို နုတ်မလား ၊ အပင်ကို ခုတ်မလား




   ဒီနှစ်ဆယ့်တစ်ရာစုမှာ အစ္စလမ်နဲ့ပတ်သက်လို့ ခွဲးခြားခံရတာတွေ ၊ နှိပ်ကွတ်ခံရတာတွေ၊ အခက်အခဲးစိန်ခေါ်မှူ့တွေက ကျွှန်တော်တို့ မြန်မာပြည်သာ မဟုတ်ပါဘူး...တခြားအစ္စလမ် နှိင်ငံတွေပါ ပါပါတယ်။စစ်ရေးအရ ၊သံတမန် ရေးအရ ၊ စီးပွားရေးအရ ၊ လူမျိုးရေးအရ ..စသဖြင် ကမ္ဘာ့ မွတ်စလင်လောကတစ်ခုလုံကို စိန်ခေါ်မှူ့ကြီး တစ်ခုသဖွယ် ၈ရက်ရိုက်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွှန်တော်တို့ မှာ အဲ့ဒီစိန်ခေါ်မှူ့တွေကို လက်တလော ထိထိရောက်ရောက် ၊နက်နက်ရှိုင်းရှိုင်း  မြန်မြန်ဖြေရှင်းနှိင်ဖို့ နည်းလမ်းက အရေးကြီးဆုံး ဖြစ်လာတယ်။ကျွန်တော်က မြန်မာပြည်က မွတ်စလင်ဆိုတော့ မြန်မာပြည်အကြောင်းပဲ တင်ပြချင်ပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာ အဓိက အနေနဲ့ တခြားဘာသာခြား မြန်မာပြည်သူတွေ က မွတ်စလင်ဘာသာဝင်တွေကို မကောင်းဘူးလို့ ဘယ်အချက်တွေမှာ မှူးတည်ပြီး ဆွတ်ဆွဲးသလည်းဆိုတာ အရင်းဆုံး ဂဂနန သိဖို့ တော့ လိုမယ်.နောက်တစ်ခုက မြန်မာ တိုင်းရင်းသား တစ်ရပ်လုံးကလား ဒါမှမဟုတ် အုပ်ချုပ်ေ၇းလူတန်စား ပိုင်းကလား ၊လူချမ်းသာ ပိုင်းကလား၊သာမန် လူတန်းစားပိုင်းလား၊ပညာတတ်လူတန်စားထည်းကလား..ဒါမှမဟုတ် ပညာမဲ့ လူတန်းစား ထည်ကပဲလားဆိုတာ သေသေခြာခြာသိဖို့ လည်း လိုပါတယ်။.ဒါမှလည်း အနာသိမှ ဆေးရွေးလို့ ရမှာပါ။နောက်ထပ် အရေးကြီးဆုံး က အဲ့ ဒီလို့ တခြားတိုင်းရင်းသားတွေ ရဲ့ စိတ်ထည်းကို မွတ်စလင်တွေကို မုန်းတီးစိတ် ၀င်လာ စေတာ က မွတ်စလင်တွေရဲ့ လုပ်ရပ် အမှားကို သူတို့ မျက်စိနဲ့ တိုက်ရိုက်ကိုယ်တွေ့   မြင်သွားကြလို့ လား ဒါမှမဟုတ် သတင်းမီဒိယာတွေက ဒါမှမဟုတ် သွာပုတ်လေလွင့် နည်းနဲ့ ဖြန့် တဲ့ သတင်းတွေကပဲလား ဆိုတာ သေသေခြာခြာသိဖို့လည်းလိုပါတယ်။နောက်ဆုံး တစ်ချက်က ကျွန်တော်တို့  မွတ်စလင်တွေကရော တကယ်ပဲ သူများ မုန်းချင် စရာ ၊ ရွံရှာစရာတွေကို လုပ်ခဲ့ ကြလို့လားဆိုတာပါ။လုပ်ခဲ့ တယ်ဆိုရင်ရော တစ်ဦးတစ်ယောက်က သူရဲ့ ကိုယ်ပိုင်စရိုက် အကျင့် အရ လုပ်ခဲ့ သလား…ဒါမှ မဟုတ် အားလုံးက အစ္စလမ်ရဲ့ ဘာသာေ၇က ပြထမ်းခဲ့ ကြလို့ လုပ်သလား ဆိုတာလည်း စဥင်္းစားထားသင့် တဲ့ အချက်ပါ။

      ကဲဘာတွေလည်း သူတို့ ဆွတ်ဆွဲးထာတဲ့ အချက်တွေက….ကျွန်တော်သိကလောက်ပါ..ပိုတော့ မပို ဘူး လိုပဲလိုနှိင်ပါတယ်၊

  (၁) အစ္စလမ်ဘာသာဝင်တွေဟာ လူမျိုးခြား ၊ဘာသာခြား တွေဖြစ်ပြီး တခြားနှိင်ငံ ကနေ အတင်း ခိုးဝင် နေထိုင်သူများ ဖြစ်တယ်၊   

    (၂) အစ္စလမ် ဘာသာဝင်တွေဟာ တခြား ဘာသာခြား ၊လူမျိုးခြား မှ မိန်းကလေးများကို ၎င်း     တို့ရဲ့ မျိုးဆက် တိုးပွားရေး၊ မြန်မာ ယဉ်ကျေးမှူ့ ဓလေ့ ထုံးစံတွေကို လွမ်းမိုး နိုင်ရန်အတွက် အတင်းအဓမ္မ ကြိုးစားသွေဆောင်ဖျားယောင်းကြတယ်။

  (၃)အစ္စလမ် ဘာသာရေးမှ ပြဋ္ဌာန်းထားသော တရားဓမ္မ တို့မှာ ကြမ်းကြုတ်ရက်စက်၍ အစွန်းရောက်ကြတယ်။

     (၄)အစ္စလမ်ဘာသာဝင်တွေဟာ တဖြေးဖြေး လူဦးရေတိုးပွားလာပြီး မြန်မာ တိုင်းရင်သားတစ်ခုလုံး၏  ရီုး၇ာ ယဉ်ကျေးမှူ့ ဓလေ့ ထုံးစံများနှင့် လူမျိုးအား ၀ါးမျိုရန် ကြိုတင် အကွက်ချ စီစဉ်နေကြတယ်။

          ဒါတွေက သူတို့ ဘက်က ဆွတ်ဆွဲးမှန်တီးစေတဲ့ အဓိက အချက်တွေပါ၊

  နောက်တစ်ခုက တိုင်းရင်းသားအားလုံး၊ လူတန်းစားအားလုံး က ဒီလို ဆွတ်ဆွဲ မုန်းတီတာ မဟုတ်ပါ။စဉ်းစားဆင်ချင် နှိင်တဲ့ ဗဟုသုတ ၇ှိသော ပညာတတ် လူတန်းစားထည်ကလည်းမဟုတ်ပါ။လူမျိုးကြီးဝါဒ အား ဆုတ်ကိုင်ထားကြသော အာဏာပိုင်များနှင့်  နောက်လိုက် အလိုကျ လိုက်အော်ပေးတဲ့ မီဒီယာ များနဲ့ သွားပုတ်လေလွင့် လူမျိုးကြီးဝါဒီများသာဖြစ်ပါတယ်။လူ့ အဖွဲ့အစည်းတိုင်းတွင် မီဒီယာ အရေးကြီးပါသည်။မီဒီယာ တွေရဲ့ အာပေါ် ဟာ ဒေသခံတွေရဲ့  အယူအဆတွေကို အများကြီး ချုပ်ကိုင် လွမ်းမိုးနှိင်စေပါတယ်၊ ဥပမာ အားဖြင့် ကျွန်တော် မြန်မာပြည် ၊နယ်မှာ နေတုံး ပညာသင်နေစဉ်တုံး က ရိုဟင်၈ှာ ဆိုသော လူမျိုးစု အကြောင်းကို ဂဂနန မသိပါ။မြန်မာ သတင်းစာ များနှင့် တီဗီ မှ ကြေညာသည့် အတိုင်း ဗဂ်လား မှ ခိုးဝင်နေထိုင်ကြသော တိုင်းတပါးသားတွေဟု ထင်ခဲ့ မိသည်။သိုသော် ကျွန်တော် နှိင်ငံ ခြားသို့ ရောက်၍ ၎င်း နှိင်ငံ တို့ ၏ မီဒီယာ များ နှင့် သတင်စာများ ဖတ်လိုက်ရ မှ ရိုဟင်ဂျာ၏ သမိုင်းအမှန်ကို သိရပါသည်။ဒါဟာ မီဒီယာ  ရဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့ လွမ်းမိုးမှူ့ တစ်ခုပါ။ဘယ်လောက်အင်းအားကောင်းသည့် စစ်တပ်ကြီး တစ်ခု ပင်လျှင် ကတင်းမှားကြောင့် အနည်းငယ်သော ရန်သူလပ်တွင်းမှာ ဖြုတ်ဖြုတ်ပြုန်းသွားနိုင်ပါသည်။မြန်မာပြည်လို စစ်မင်းစစ်အာဏာ နဲ့ အ၇ာ၇ာ ကို ထိန်ချုပ်ထား တဲ့ ဒိမို ကရေစီ မဟုတ်တဲ့ ဘာသတင်လွတ်လပ်ခွင့် မျှမရှိသေးတဲ့ နှိင်ငံမှာ အဲ့ဒီမီဒီယာတွေ ဟုတ်ဟုတ်မဟုတ်ဟုတ် အော်ခိုင်းရင် အော်ကြရမှာပါ။အဲ့ ဒီမီဒီယာတွေ ကလွဲးလို့ တခြားသိစရာ ကြားစရာမ၇ှိတဲ့   ပြည်သူတွေအတော်များများက လောင်အိမ်ထည်းက ကြွက်ကလေးတွေလိုပါပဲ…ပြောတာ..ယုံ ကြွေးတာစား..ခိုင်းတာလုပ် ဆိုတဲ့ ကျွန် ဆန်ဆန် ဘ၀ကို  ကိုယ့် ကို ကိုယ် ရောက်မှန်းမသိကြ။ဆိုလိုခြင်သည်မှာ မီဒီယာများအား ထိမ်းချုပ်ထားသော အရာ မှာ အစိုးရရဲ့ ပေါ်လစီပါ။အဲ့ဒီ အစိုးရ စနစ်က တစ်ပြည်လုံကို ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲ ဖြစ်ဖြစ် အရာရာကို စတင် စေခဲ့ကတာပါ။
  နောက်ဆုံး တစ်ချက်က ကျွန်တော်တို့ အစ္စလမ်တွေ ဘက်ကရော အားလုံး တစ်ယောက်စီတိုင်း ဟာ  သူများ မုန်းချင်စရာ ဖြစ်စေတဲ့ အချက်တွေ ၊ သွေးကွဲးချင်စရာဖြစ်စေတဲ့ အချက်တွေ ကနေ လုံးဝ လွတ်ကင်းခဲ့ ကြသလားဆိုတာပါ။မကင်းပါ…..တစ်ချို့ တွေ ဦးနှောက် မသုံးကြပါ။တခြား တိုင်းရင်းသားတွေနဲ့ ရင်းနှီးမှူ့ ၊ နားလည်မှု့ ပိုရစေတဲ့ နီးနီးကပ်ကပ် နေခြင်း ၊ လက်တွဲး ညိံ နှိင်း လုပ်ကိုင်ခြင်းတွေကို တွေကို  တခြားအစ္စ လမ်မစ်နှိင်ငံ တွေမှာ အသုံးတဲ့ တဲ့ ဘာသာရေးအရောင်ပြ   ၀ါဒတွေ ၊နည်းစနစ်တွေကို မြန်မာပြည်အစ္စလမ်ထု ထည်းကိုသွတ်သွင်းဝါဒဖျန့်တာတွေ ၇ှိပါတယ်။မြန်မာပြည် လို စစ်စိတ်စစ်မာန် စစ်သားဝါဒ တွေ  ပိတ်ပြီး မှိုင်းသွင်းခံထားရတဲ့ ပြည်သူတွေကြားမှာ ဒို့ အစ္စလမ်က စွန်နတ်ပဲကွာဆိုပြီး တသီးပု၈္ဂလ လမ်းမထွက်ပြီး စောဒီအ၀တ်အစားနဲ့ ဘ၈င်္လာ အ၀တ်အစားတွေ ၀တ်ပြီး မှတ်ပုံတင်ရုံးသွားရင်တော့  တိုးရစ်လားဟ ဆိုပြီး ရစ်တာတော့ သဘာဝ ကြတယ်ထင်၏။ အစ္စလမ် တရားတော်က လည်း သတ်လို့ မှသေသေ ကွာ ဒီအတိုင်းပဲ နေရာတိုင်း အခြေအနေတိုင် အချိန်အခါတိုင်းမှာ တသဝေ မတိမ်းလုပ်ကိုလုပ်၇မယ်လို့ မပြထားပါ။ေ၇မရှိတဲ့ အချိန်၊နေရာ မှာ မြေကြီး၊ခဲး ကို သုံး …ထ ဖတ်ဖို့ အခက်အခဲ တစ်ကယ်ဖြစ်ရင် ထိုင်ဖတ်..ဒီလောက် လွယ်လွယ်ကူကူ တရားမျှမျှတတ ၇ှိတဲ့ ရှဒီအပ်ကို ကျွန်တေိာတို့ တစ်တွေက အခြေအနေနဲ့ အချိန်အခါမကြည့်  ကို့ ယို့ ကားယား….ဒေါင့် မကျိုး သူများ မျက်စိထည်းမှာ ခလုပ်ဖြစ်စေအောင် လုပ်တာတွေလည်းပါတယ်လို့ ကျွှန်တော်ထင်တယ်။အချုပ်ကို ပြေားရမယ်ဆိုရင်..ဒီအခက်အခဲ စိန်ခေါ်မှူ့တွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကိုယ်ကို ကိုယ် အရင်ဆုံး သင့်တဲ့ နေရာမှာ သင့်တော်သလိုနေတတ်အောင် အရင်ကြိုးစားရမယ်။ပြီးတော့ တစ်ယောက်စီ တစ်ယောက်စီကို လိုက်တိုက် နေမဲ့ အစား…စနစ်ကို တိုက်ရမယ်….ဒီစနစ်ဆိုးကြီးတစ်ခုလုံး ပျက်စည်းသွားပြီး လူ့အခွင့် အရေး၊ ၊ဘာသာရေး လွတ်လပ်ခွင့် ၊ သတင်းလွတ်လပ်ခွင့် နဲ့ ကမ္ဘာ ကုလသမ္မဂ ရဲ့ ယူနီဗာဆယ် လူ့အခွင့်အရေးစာတမ်နဲ့ အညီ အုပ်ချုပ်နှိင်တဲ့ ပြည်သူ့ အစိုးရစနစ်တစ်ခုပေါ်လာရင် အားလုံး ဟာ အောလ္လာရဲ့ မဟာဂ၇ုနာတော် နဲ့ ချူပ်ညိမ်းသွားမည် ဖြစ်တဲ့ အကြောင် ကျွန်တော်ရဲ့ အမြင်ကို မြန်မာ အစ္စလမ်ထု တစ်ရပ်လုံးအား တင်ပြအပ်ပါသည်။အကြံ ဥဏ်ပေးခြင်း ၊ဝေဖန်ခြင်း ၊ ဖြည့်ဆွတ်ထောက်ပြခြင်း ၊ အမှားထောက်ပြခြင်း နှင့် အပြစ်ပြေားခြင်းများအား လွတ်လပ်စွာ ကြီုဆိုပါသည်။


ဟာရှင်
    
         

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management