နွဲ့ဆိုးကြီးများသို့ အိပ်ဖွင့် ပေးစာ

                          ကျွှန်တော်၏ မဖြစ်စလောက် အတွေ့ အကြုံအရ ဟု နိဒဏ်ပျိုးရမည်ပင်ဖြစ်ပါသည်။သို့သော်
တချို့သော ကိစ္စ ဝိစ္စ တို့သည် အနည်းငယ် အရည်အချင်းရှိသူများ အဖို့ ထိုမဖြစ်စလောက် အချိန်သည်အားလုံးအား ခြုံငုံ သုံးသပ် မိစေသည် ။ ခြုံငုံ သုံးသပ်ခြင်းဆိုသည်မှာ လက်ရှိ အခြေအနေ အားယေဘု ရာအားဖြင့်အရေးကြီးသော အချက်အလက် များကိုသာရွေးချယ်သုံးသပ်ခြင်းဖြစ်ပြီးစစ်ဆေးတည်ဖြတ်ခြင်းမှာ အချက်အလက်တိုင်းအား စနစ်တကျ စစ်ဆေး ခြင်းဖြစ်သဖြင့် အချိန်နှင့် ကျွမ်းကျင်မှူ့သည် အရေးကြီးလှပါသည်။ ဥပမာအားဖြင့် ဗီဂိတ် ခြောက်လ ရေးသော soft ware တစ်ခုအား ဈေးကွက်သို့တင်
ခွင့် ရရန်အစိုးရဌာနမှ ပြန်လည်စစ်ဆေးတည်ဖြတ်ရာတွင် သုံးနှစ်ကြာခဲ့ပါသည်။ကျွှန်တော်သည်လက်ရှိ မြန်မာအစ္စလမ်ထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့အတိုင်းအတာအား ခြုံငုံသုံးသပ်မိခြင်းသာ ဖြစ်ပါသည် အချိန်နှင့် ကျွမ်းကျင်မှူ့အား အခြေခံ၍ စစ်ဆေးတည်ဖြတ်ချင်း မဟုတ်ပါသဖြင့် ကျွန်တော်၏ တင်ပြမှူ့တို့အား ခြောက်ပြစ်ကင်း သလဲစင် ဟု မဆိုလိုပါ။သို့သော် နံကြားလက်ထောက် ၍ ရေးသော အကြားအမြင်ရ false space သမားတော့ မဟုတ်ပါ။တချို့ သက်သေ အထောက်အထားများအား ရေရှည် အကျိုအား ကြည့်၍ ပုဂ္ဂိုလ်ရေးရာသိက္ခာများအားထောက်၍ အစ္စလမ်တရားတော်နှင့် ချိန်ညိ့၍ နှိင်ငံရေးဆောင်းပါးများ ရေးသကဲ့ သို့ လမ်းကောင်း၍ ဒုံးမောင်းသည်ဟု၍ မရပါ ။ လုပ်၍ မရပါ ။အစ္စလမ် ဘာသာ၏ rule and law ကိုရေးခြင်းမဟုတ်သော်လည်း အစ္စလမ်ဘာသာဝင် ကျွှန်တော်တို့အားလုံး၏ အရေးကြီးလှသည့် စည်းလုံးညီညွတ်မှူ့အား သုံးသပ်တင်ပြ သဖြင့် အတော်အတန် အန္ဒရာယ်ကြီး၍ တာဝန်ကြီးလှပါသည်။ကျွန်တော်၏ အရည်အချင်းလောက်နှင့် ၏ဆောင်းပါးအား မရေးလျှင် ပိုကောင်းမှန် သိသော်လည်း တဖတ်သတ်ကြီး အောင်ပွဲးခံသွားသော (သို) ညီအကို စိတ်ဓာတ်ထက် ပြိုင်ဆိုင်လိုမှူ့ ဘက်သို့ အားသာနေသော နွဲ့ ဆိုးကြီးများအား ၎င်းတို့ မေ့လျှော့နေသော (သို) မေ့မေ့လျှော့လျှော့ ထားလိုက်သော အစ္စလမ်၏ လက်ရှိအခြေအနေအား တင်ပြလိုသော ဆန္ဒတစ်ခု မည်သိုမျှမျိုသိပ် မရပါသဖြင့် ဖွင့်ထုတ်လိုက်မိခြင်းသာဖြစ်ပါသည်။အစ္စလမ် လူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့ဟု ဆိုရာတွင် မြန်မာပြည်မျိုးနွယ်ပေါက် ပြည်တွင်းပြည်ပ မှ အစ္စလမ်အားလုံး အကျုံးဝင်သည်ဖြစ်သော်လည်း ပြည်တွင်း ရှိ အစ္စလမ်များ၏ စည်လုံးညီညွတ်မှူ့ သည် အဓိက အရေးကြီးပါသည်။ပြည်ပမှ အစ္စလမ် ချစ်သူများ အဖွဲ့အစည်းတွေ ဘယ်လောက်ပင် ဖွဲ့ဖွဲ့ ပြည်တွင်းမှ အစ္စလမ်များ တစ်ဦးကိုတစ်ဦး (သို) တစ်ဖွဲ့ကိုတစ်ဖွဲ့နင်ဘာလဲ ငါဘာလဲ လုပ်နေကြရင်တော့  ပြည်ပမှ ပုဂ္ဂိုလ်များ မည်သို့ပင် အောင်မြင်ပါသည်ဟု ဆိုစေကာမှူ့ တကယ်အစ္စလမ် လူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့ အား အကျိုးသက်ရောက်သည်ဟု ဆို၍ မရသေးပါ။သို့သော် ပြည်ပ မှ အစ္စလမ် အဖွဲ့ အစည်းများသည် ပြည်တွင်း အစ္စလမ် အဖွဲ့အစည်း များထက် ပို၍ လွတ်လပ်စွာ စည်းရုံးခွင့် ၊ သတင်းဖြန့်ဝေခွင့် စသည်ဖြင့် အခွင့်အရေးပို၍ ရှိကြသည် အလျှောက် အရေးကြီးလှသည့် အစိတ်အပိုင်းဖြစ်ပါသည်။ထို့ကြောင့် ပြည်ပမှ အစ္စလမ် အဖွဲ့အစည်းများအနေ နှင့် မိမိတို့ အဖွဲ့အစည်း ၏ ဦးတည်ချက် ရည်ရွယ်ချက်များတွင် မြန်မာပြည်တွင်းမှ အစ္စလမ် ထု တစ်ရပ်လုံးအတွက်ပါ အမှန်တကယ် အကျုံးဝင်ထိရောက်စေ
မည့် အချက်များ ဦးစားပေး ရေးဆွဲးသင့်ပါသည်။ယခုလက်ရှိ အခြေအနေအရ မြန်မာပြည်တွင်း ရှိ အစ္စလမ် အဖွဲ့အစည်းများသည် အပေါ်မီး အောက်မီးဖြင့် အဖုတ်ခံရသော ဘီးမုန့် ကဲသို့ပါ။အထက်ကို သတိထား၍ အောက်ကို လဲ ယုံ၍ မရသော ဘေးကြပ် နံကြပ် အခြေအနေများ နှင့် အ ဖွဲ့ အစည်းတစ်ခုတွင် အရေးကြီးလှသည့် ယုံကြည်မှူ့ ဆိုသည်ကို ထိထိရောက်ရောက် ဖန်တီး၍ မရဖြစ်နေကြပါသည်။နှစ်ပေါင်းအတော်ကြာကရှိခဲ့သည့် အင်အားကြီးခဲ့သော အဖွဲအစည်းများသည် အားပျော့လာကြသည်။အင်အားအတော်အသင့်ရှိသောအဖွဲ့အစည်းတို့သည်နာမည်သာကျန်တော့သည်။
အဖွဲ့အစည်းအသစ်များထပ်၍ဖွဲ့စည်းခွင့် မရှိတော့ပါ။ လူအများစု မဆိုထားနှင့် အစ္စလမ်ဘာသာဝင် မိသားစုတစ်စု နှင့် တစ်စု တစ်ဦးနှင့် တစ်ဦးပင် နွေးထွေးသည့် ညီနှောင် အသွင်သဏ္ဌန် မရှိကြတော့ပါ။နားလည်မှူ့ အပြန်အလှန် မရှိတော့ပါ။ဤ သည်မှာ ကျွှန်တော်တို့ အစ္စလမ် ထု တစ်ခုလုံး၏ ကြီးမားသော ဆုတ်ရူတ်မှူ့ပင်ဖြစ်သည်။ထို ပြသနာအား ဖြေရှင်းရန် မှာ ရဲဝံ့စွာ ပွင့်ပွင့် လင်လင်း ရှေ့မှ ၇ပ်တည် ပြောဆိုစည်းရုံးရဲသော အစ္စလမ်ကိုတရားနည်းလမ် ကျကျတန်ဖို ထားတတ်သောခေါင်းဆောင်များ  လိုအပ်ပါသည်။ခေါင်းဆောင် ဖြစ်ချင်သူများမဟုတ်ပဲ အများက ခေါင်းဆောင်နေရာ တွန်းပို့ခြင်း ခံရသူများ ပို၍ လိုအပ်ပါသည်။ခေါင်းဆောင်ဟု ဆိုရာတွင် ဘာသာရေး ပညာရှင် ၊ ခောတ်ပညာ ရှင် ဟု ခွဲခြားနေမည့်အစား ခေါင်းဆောင် အရည်အချင်းနှင့် ပြည့်စုံ ရန်သာအရေးကြီးပါသည်။အဘယ်
ကြောင့် ဆိုသော် တစ်ချို့သော ပုဂ္ဂိုလ်တို့သည်အင်္ဂလိပ်စားမကျွမ်းကျင်လျှင် အထင်မကြီးတတ်ကြပေ။ တစ်ခါကကျွန်တော်၏သူငယ်ချင်းတစ် ယောက်အား Email ပို့ရာတွင် စလုံးပေါင်းမှား ရေးမိသဖြင့်  you are short sight  ဟု အပြားခံ၇ဘူးပါသည်။ထိုသို့ ပြောသူသည် US(သို)UK တွင် နေထိုင်လို၍ အလွန် ဘို ဆန်ချင်သူ ဖြစ်တန်ကောင်း၏ ။ အာနာဖို့ကောင်းသည်မှာ ကျွန်တော်တို့သည် သူထင်ထားသကဲ့သို့ ဘိုရှူးများမဟုတ်ပါ။အင်္ဂလိပ်စာသည် ဘာသာစကား တစ်ခုသာ ဖြစ်၍ လူတစ်ယောက်၏ အရည်အချင်းအား အင်္ဂလိပ်စာကျွှမ်းကျင်မှူ့ ဖြင့် တိုင်းတာ ၍ မရဟု ထင်၏။အချိန်အနည်းငယ်ပေး၍ လေ့လာလျှင် စကားရေလုပွဲ ဝင်ပြိုင်၍ ရပါသည်။ယခုအခါတွင် အင်္ဂစာဖြင့်ရေးသားထားသော စာပေများအား translate Google .com မှ past လုပ်၍ click  တစ်ချက်နှိပ်ရုံဖြင့်  အာရဗီ စကား ၊ မလေးရှားစကား ၊အင်ဒိုနီးရှား စသည်ဖြင့် ဘာသာစကားအတော်များများအား စက္ကန့်ပိုင်းအတွင်း ဘာသာပြန်ဖတ်ရှူ့နှိင်ပါပြီး။ မြန်မာ စကားအား ထည့်သွင်းရန် Google သို့တောင်းဆိုထားပြီးဖြစ်ပါသည်။အစိုးရကောင်းလျှင်မကြာခင်မြန်မာလိုပါဘာသာပြန်ပေးတော့မှာပါ။ဘိုရှူးများ မြန်မာစာပြန်လေ့လာရန် အချိန်တန်လာတော့မှာပါ။တိုင်းတပါးသားများအား အထင်ကြီးလွန်ခြင်းထက် ကိုယ့် အမျိုးအား တိုင်းတပါးသားများက အထင်မသေးဖို့က ပိုအရေးကြီးပါသည်။သူတစ်ပါးအား အားကျ၍ အချိန်ကုန်နေခြင်းထက် ကိုယ်အရည်အသွေးအား မြင့်သထက်မြင့်အောင် လက်တွေ့အကောင်းအထည် ဖော်ခြင်းက  အကျိုးရှိပါသည်။လက်ရှိ ခေါင်းဆောင်ဟု ကင်ပွန်းတပ်ထားသူများ တက်တက်ကြွကြွ ပြေးတက်လာသော လူငယ်များအား နားလည်မှူ့ အပြန်အလှန်ဖြင့် လက်တွဲး ခေါ်သင့်ပါသည်။ ဘိုလိုမှူတ်၍ အရှူးကွက်မနင်းသင့်ပါဘူ။လူငယ်များအနေနှင့်လည်းစိတ်ရှည်သိခံ၍ထိထိရောက်ရောက်ပညာယူသင့်ပါသည်။
ကိုယ်ထက် သဘာရင့်သူအား ပခုံးချင်း တန်းမရှင်သင့်ပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန်အတွက်နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရန်အရင်ကြိုးစားရမည်ပင်ဖြစ်ပါသည်။ပ
ညာလိုရင် ကျွှန်တောင်ခံရသည်ဟု ကြားဖူးပါသည်။အဲ့ဒါရှေ့ ဘုရင်ခောတ်ကပါ ။ယခု globalization Information Technology ခောတ်တွင်တော့ ကျွန်ခံ၇မည်ဆိုက ဆ၇ာများအားလုံး အလုပ်လက်မဲ့ ဖြစ်သွားမှာပါ။ကျွှန်မခံလို့လက်ဆင့် မကမ်းနှိင်ပါဆိုလျှင်သူတို့ပညာများအားအရင်းအတိုင်းနောင်တမလွန်အထိယူသွားရန်သာရှိပါ သည်။ထို့ကြောင့် လက်ဆင့်ကမ်းသူနှင့် လက်လွဲးဆက်ခံသူ နှစ်ဦးနှစ်ဖက် သဟဇာတ ရှိရန်အထူးအရေးကြီး၏။ထို့သိုမဟုတ်က တပည့် မကောင်းဆရာ့ခေါင်း ၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်သာဖြစ်စေပါသည်။ဤအချက်သည်လည်း ကျွှန်တော်တို့ အစ္စလမ်လူထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့  အားပိုမိုတိုးတက် စေရန်အဓိကအခန်းကဏ္ဏမှပါဝင်သောအ
ချက်ဖြစ်သည်။ နောက်ထပ်အရေးကြီးသော အချက်တစ်ခုမှာ ငွေကြေးချမ်းသာမှူ့ရှိသူများအား ၈၀% အော်တိုမက်တစ် အထင်ကြီးသော ကိစ္စဖြစ်ပါသည်။ချမ်းသာသူအားလုံး လူညံ မဟုတ်ကြပါ သို့သော် ချမ်းသာတိုင်း အရည်းအချင်းရှိပြီးသားဟု တစ်ထစ်ချယုံ၍ ပုံမအပ်သင့်ပါ။ အဘယ်ကြောင့် ဆိုသော် ငွေအကြောင်း ပြော၍ အစ္စလမ်အကြောင်း မေ့နေသော ခေါင်းဆောင်ဟု ဆိုသူများ မကြာခဏ ကြုံဖူးသောကြောင့် ဖြစ်ပါသည်။တချို့သော သာသာရေး၊လူမှူ့ရေးကိစ္စများအား စည်းပွားတွက် တွက် မိလျှင် ရေရှည်အတွက် မကောင်းပါ။ နောက်တစ်ချက်မှာ လူတစ်ဦး (သို) အဖွဲ့အစည်း တစ်ခုအား ၎င်းတို့၏ ရည်ရွယ်ချက်အမှန်အား အသေအချာ လေ့လာမှူ့ မရှိ ၊ ခိုင်လုံသည့် သက်သေမ၇ှိပါပဲလျှက်မိမိ၏ ထင်မြင်ချက်အား တရားလွတ် ဝေဖန်ခြင်း ၊သတင်းတဆင့်ဖြန့်ဝေ ခြင်းအား ရှောင်သင့်ပါသည်။ထိုမီးဆ မျိုးသည် ကျွှန်တော်တို့ အစ္စလမ် ထုတစ်ခုလုံ၏ စည်းလုံးညီညွတ်မှူ့အား တမဟုတ်ချင်း ပြာကျ သွားနှိင်ပါသည်။ထို့အပြင် ကျွှန်တော်တို့ အစ္စလမ်ဘာသာဝင်များ ထည်းမှ ဘာသာရေး ၊ လူမှူ့ရေး ၊ ပညာရေး ၊ နှိင်ငံရေး စသဖြင့် ကဏ္ဏ အသီးသီးတွင် ဦးစီးဦးဆောင်လုပ်နေသော ခေါင်းဆောင်းများသည်ကျွှန်တော်တို့လို မနေ့တနေ့ ကမှပေါက်သော လူငယ် များနှင့် ထိတွေ့ မိသောအခါ လိုအပ်သလောက် ပွင့်လင်းဖော်ရွေမှူ့မရှိခြင်း ၊ လူငယ်များထက်ပင် အထိမခံ sensitive ဖြစ်နေတတ်ကြပါသည်။ဤ နေရာ တွင် ကျွှန်တော် လူငယ်များ ရှူ့ထောင့်မှ တင်ပြချင်သည့် ကိစ္စအနည်းငယ်ရှိပါသည်။ယခုခောတ် လူငယ်အများစုသည် လူနေမှူ့ အဆင့်အတန်း ၊နည်းပညာ များ တိုးတက်သည်နှင့်အမျှ ရှေးခောတ်လူငယ်များကဲ့သို့ ကိုယ်အမှူအရာ နုတ်အမှူအရာ နူးညံသိမ်မွှေ့မှူ့ မရှိတာတော့ အမှန်ပါ အဘယ်ကြောင့် ဆိုသော် ယခုခောတ်လူအတော်များများသည် ယခင်ခောတ်လူများကဲ့သို့ယဉ်းကျေးတိုင်း လူရာသွင်းတတ်ကြသည်မဟုတ်သောကြောင့်ဖြစ်ပါသည်။အသည် ၊ကြောက်သည်ဟုပင် ထင်တတ်သူများရှိပါသည်။ယခုခောတ်လူတော်တော်များများသည် အကောင်သေးရင် ဆွဲးစားမယ် အဆွယ်ပါရင်တော့  မျှစားမယ်ဆိုသူများပင်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ထိုအခါ ဆွဲးစားခံရဖူးသောလူငယ် တစ်ချို့ သည်ပွဲစထွက်သည်နှင့်ဆေးမင်ကြောင်ပြထားသည့်သဘောသာဖြစ်ပါသည်။
သို့သော်အတော်များများမှာအလိမ်မခံရအောင်ဟန်ဟန်ကိုယ့် အဖို့လုပ်နေကြခြင်းသာဖြစ်၍စိတ်ဓာတ်ကောင်း
ကြပါသည်။ယခုခောတ်ပေါက်လူငယ်အတော်များများမှာ ကာရံ မဲ့နေကြပေမယ့် အဘိဓမ္မာ မမဲ့ ကြပါ။   တချို့ လူကြီးများ(သို)ခေါင်းဆောင်များသည် ဤအထာကို မေ့လျှော့၍် ဗြူဟာပေါင်းစုံဖြင့် လူရာမဝင်ရလေအောင် ဖယ်ထုတ်တတ်ကြသည်။အမှန်တကယ်တွင်မှားသည်ကိုပြင်ပေး၍စိတ်ရှည်ရှည်ထားလက်တွဲးခေါ်သင့်ပါသည်။
အနာဂတ်အစ္စလမ့်အကျိုးမျော်၍ နည်းမှန်လမ်းမှန်ဦးဆောင်နှိင်သောခေါင်းဆောင်လောင်းများဖြစ်စေရန် အနစ်နာခံ ပညာပေးသင့်ပါသည်။ boy ဆိုသည့် အသုံးအနှူန်းသုံး ၍ ကိုယ့်ငါးချဉ် ပဲ ကိုယ် မချဉ်သင့်ပါဘူး။ခေါင်းဆောင်ကောင်တို့ ၏ အရည်အသွေးများထည်းတွင် အဲ့ဒီဗြူဟာမပါတာတော့ လူတိုင်းသိပါကြပါသည်။   အထက်တွင် ကျွှ့န်တော်တင်ပြခဲ့သော အချက်များသည် Phd သမားများအား က ကြီး ခခွေး ရွတ်ပြသကဲ့သို့ ဖြစ်ကောင်း ဖြစ်နေပါသည်။သိုသော် ထိုဆရာကြီးများသာ က ကြီးခခွေး မေ့တတ်ကြပါသည်။မူလတန်းကျောင်းသားများ မမေ့ကြပါ။ထို့ ကြောင့် အနန္ဒ တန်ခိုးတော်၇ှင် အလ္လာ၇ှင်၏ ကိုယ်စီကိုယ်စီ ပေးအပ်ထားပြီးဖြစ်သော အကလ် (ဥဏ်)အား အစ္စလမ်လူထုတစ်ရပ်လုံးအတွက် အကျိုးရှိရှိ အသုံးချနှိင်ကြပါစေဟု ဆုတောင်းရင်း..........

                                                                                                                  
                                                                                                                       မိုဟမ္မဒ် ဇဟာရီ

ရိုဟင်ဂျာများ အစာငတ်ခံ ဆန္ဒပြ


၂၀၀၈ ခုနှစ်အတွင်း ထိုင်းရေပိုင်နက်မှတဆင့် ခိုးဝင်လာသော ရိုဟင်ဂျာများကို ထိုင်းအာဏာပိုင်များက ဖမ်းမိထားစဉ် (ဓာတ်ပုံ - ရိုက်တာ)မူရင်းသတင်း ဧရာဝတ


ထိုင်းနိုင်ငံတွင် အထိန်းသိမ်း ခံနေရသော မြန်မာ ရိုဟင်ဂျာများသည် ၎င်းတို့အား နေရပ်ပြန်ပို့ ပေးရန်အတွက် အစာအငတ်ခံ ဆန္ဒပြ တောင်းဆိုနေ ကြကြောင်း သိရသည်။“အစာငတ်ခံ ဆန္ဒပြတာ ၆ ရက် လောက်ရှိပြီ။ လာမယ့်အပတ်အထိ ပြန်မပို့သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် ကြမယ်လို့ ပြောကြတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်မှု ထိုင်း လှုပ်ရှားရေး ကော်မတီမှ လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။ထိုင်းရှေ့နေ တဦးဖြစ်သူ Nassir က ရိုဟင်ဂျာများကို ထိုင်းအစိုးရ အနေဖြင့် နေရပ် ပြန်ပို့ပါက လူ့အခွင့်အရေး ထပ်မံ ချိုးဖောက် ခံရမည်ကို NGO အဖွဲ့အစည်း များနှင့် ရိုဟင်ဂျာ အရေး ဆောင်ရွက် ပေးနေသော ရှေ့နေများက စိုးရိမ်နေကြ သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ရိုဟင်ဂျာ ၂၈ ဦးကို ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ပြန်ပို့ ခဲ့ကြောင်း သိရသည်။

“ဖမ်းမိတဲ့ အချိန်ကစပြီး အခု အချိန်အထိ သူတို့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ ဘက်က ပျော့ပြောင်းမှု မရှိဘူး။ ကာကွယ်မှု မရှိဘူး။ ဒါကြောင့် သူတို့ ကိုယ်နှိုက် ကလည်းမနေနိုင်တော့ဘူး၊ ပြန်မယ် ဖြစ်လာတယ်” ဟု ဦးမြင့်ဝေက ဆက်ပြောသည်။

၎င်းတို့ကို ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းထားစဉ် ၂ ဦးသေဆုံးသွားပြီးနောက်ပိုင်း ကျန်ရှိနေသော ၅၅ ဦးကို ယခုအခါတွင် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC) တွင် ပြောင်းရွှေ့ ထိန်းသိမ်းထားသည်ဟု သိရသည်။

ယခင်က အဆိုပါ ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်လာခဲ့ရာ ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိပြီး နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ရိုဟင်ဂျာများကိုယ်တိုင်က နေရပ်ပြန်မပို့ရန်နှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ဖူးသည်။

ရိုဟင်ဂျာများသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသမှ အစ္စလမ် ဘာသာဝင်များ ဖြစ်ပြီး နိုင်ငံသားများ အဖြစ် သတ်မှတ် ခံရခြင်း မရှိပေ။ မြန်မာအာဏာပိုင်များ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ စု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်း လာရာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် နိုင်ငံပြင်ပသို့ အရဲစွန့် ထွက်ခွာကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်ပ နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ၊ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ပြင်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။

ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိခဲ့သည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်ဟု ဆိုသည်။ ၂ဝဝ၅ -၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု သိရသည်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management