တရားမ၀င်အဖွဲ့အစည်းဖြစ်ခဲ့ပေမဲ့ (အောင်မိုးဝင်း)

                 အမေရိကန်ပြည်ထောင်စုမှာ အရှေ့အလယ်ပိုင်း နိုင်ငံရေး၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ နဲ့ အမျိုးသားလုံခြုံရေးဘာသာရပ်တွေကို လေ့လာသင်ယူတဲ့ ကျောင်းသားတော်တော်များများဟာ“ ပရောဖက် မိုဟာမက်”“ကိုရန်ကျမ်းစာ”နဲ့ “ ရှရီရာ” ဥပဒေသတွေကိုသင်ကြားကြရတယ်။အရှေ့အလယ်ပိုင်းမြေပုံတွေမှာ စစ်ရေး၊ စီးပွားရေးအရေ အရေးပါမဲ့နယ်မြေတွေအားလုံးကို အလွတ်ကျက်ရတယ်။

      ဟက်စ်ဘိုလာ၊ ဟားမတ်စ်၊ မွတ်စလင်ညီအကိုတော်များအဖွဲ့၊ အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တွေအပါအဝင်၊
အော်ကိုင်းဒါး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ယီမင်၊ ပါကစ္စတန်၊ အာဖကန် နိုင်ငံတွေဆီက အစ္စလာမ်စစ်အုပ်စုတွေရဲ့အမူအကျင့်တွေ၊ လူသစ်စုဆောင်းပုံတွေ၊ သူတို့အဖွဲ့တွေကြားက တူညီမှု၊ အငြင်းပွားမှု၊ မုန်းတီးမှုတွေကို ဆက်လက်လေ့လာကြရတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တွေပါ။ ကိုရန်ကျမ်းနဲ့ ရှရီရာဥပဒေသတွေမှာ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့အတွက် အင်မတန်ကောင်းတဲ့ အချက်အလက်တွေကို အများကြီးတွေ့ရမှာဖြစ်သလို၊ အစ္စလာမ်ဘာသာဝင် ပညာတတ်တွေရဲ့ သူတို့နိုင်ငံအပေါ်မှာထားတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကလည်း ကြောက်ခမန်းလိလိ ပြင်းထန်လေးနက်လွန်းတယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management