သန်လျင်ရှိ အစ္စလာမ် ဘာသာရေးဝတ်ပြုဆောင် မတရား ပိတ်ပင်ခံရ

     ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် သခင်ဖိုးလှကြီးလမ်း ခြံအမှတ်၂၅တွင်တည်ရှိသောအစ္စလာမ်ဘာသာဝင်တို့ကိုယ်ထူကိုယ်ထဘာသာရေးသင်တန်းကျောင်းနှင့် ဘာသာရေးဝတ်ပြုဆောင်အားသြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁နာရီ ၃၀တွင် သန်လျင်မြို့နယ် (မ.ယ.က) အတွင်းအရေးမှူး ဦးဆောင်ပြီး နယ်မြေခံ (ရ.ယ.က) များပါဝင်သော အဖွဲ့သည်အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲလာရောက်ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။ အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။
အဆိုပါ ကျောင်းတွင် ခလေးသူငယ် (၃၀) ခန့်အား မော်လဝီဦးသန်းရွှေမှ ဘာသာရေးစာပေများ သင်ကြားပေးနေကြောင်း သိရပါသည်။ ခလေးသူငယ်များအား ဘာသာရေးစာပေများ သင်ကြားနိုင်ရန်နှင့် ဝါတွင်းကာလတစ်လတာ စုပေါင်းဝတ်ပြုနိုင်ရန် ဒေသခံ (ရ.ယ.က) နှင့် နယ်မြေ ရဲကင်းအား လစဉ်ငွေကြေးပေးရကြောင်းဒေသခံ မွတ်စလင်တစ်ဦးက ပြောပြပါသည်။ ယခုလို အကြောင်းပြချက် တစ်စုံတစ်ရာ မပေးပဲ အထက်က ညွှန်ကြားချက်အရ အဆိုပါ ဘာသာရေးစာသင်ကျောင်းအား ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့် မရှိခြင်း၊ အစ္စလာမ်ဘာသာဝင်များအား ခွဲခြားဆက်ဆံမှုများ ရှိနေခြင်းကိုပြသရောက်ကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင်များက ပြောကြားကြောင်းသိရပါသည်။
ယခုလို အစ္စလာမ်ဘာသာဝင်တို့၏ (ရမ်မဒမ်) ဝါတွင်းကာလတွင်း စာသင်ကျောင်းနှင့် ဝတ်ပြုဆောင်အား မတရားပိတ်ပင်ခြင်းဖြစ်ကြောင်း ဒေသခံအစ္စလာမ် ဘာသာဝင်များစွာ
စိတ်ထိခိုက် နေကြကြောင်း သိရပါသည်။

http://burmese.b-m-a.org/?p=492

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management