ဘယ်သူကိုမှ မဲမပေးနဲ့  အားလုံးကိုကန့် ကွက်ပါ။ ရွေးကောက်ပွဲဝင်သူတွေထဲမှာ တချို့ ရဲ့ စေတနာကိုလေးစားပါတယ်။ ဒါအလွန်အနည်းစုလေးဖြစ်ပါတယ်။ အများစုက အားကိုးလို့ မရနိင်ပါ။ ပါလီမန်ထဲမှာဆက်လက်တိုက်ပွဲဝင်မယ်ဆိုတာ မဖြစ်နိင်ပါ။ ဘာကြောင့်လဲဆိုတော့ပါလီမန် ဆိုတာ မဆလခေတ်က လွတ်တော်မျိုးသာဖြစ်ပါတယ်။ မဆလခေတ်က လွတ်တော်ပုံစံစနစ်ဆိုးကြောင့်
၈လေးလုံးတော်လှန်ရေးကြီးဖြစ်ပွားလာရခြင်းဖြစ်ပါတယ်။ ဒါကိုမမေ့ဖို့ လိုပါတယ်။
...
ကျောင်းသား ခေါင်းဆောင်ကိုမြအေး၏သမီးဝေနှင်းပွင့်သုန်အမြင့်ပေ၁၆၀မှခုန်ချမည်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား ကိုမြအေး၏ သမီးဖြစ်သူ ယခုလက်ရှိ UK နိုင်ငံတွင် ကျောင်းတက်နေသည့် ဝေနှင်းပွင့်သုန် ဟာ ၂၀၁၀ အောက်တိုဘာ ၁၆ ရက်နေ့တွင် လန်ဒန် O2(အိုတူး)ကစားကွင်းတွင် Burgee ဟုခေါ်သည့် ခြေထောက်တွင် ကြိုးချည်ပြီး အမြင့်ပေ ၁၆၀ မှ ခုန်ချကာ မြန်မာအရေးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း Freedom Group စာမျက်နှာတင်ဖော်ပြထားသည်။ ယခုအကြိမ်ဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
http://www.bmycharity.com/V2/jumpforfreedom
...
တပ်နဲ့ပြည်သူ လက်တွဲကြိုးပမ်းဖို့ လှုံ့ဆော်စာဖြန့်ဝေ

စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ မြန်မာ ပြည်သူတွေဟာ ဆင်းရဲချို့တဲ့နေကြပြီး တိုးတက်ပြောင်းလဲမှု မရှိတာကြောင့် တပ်နဲ့ပြည်သူ လက်တွဲပြီး မြန်မာနိုင်ငံ ကို ဦးမော့လာအောင် ကြိုးပမ်းကြဖို့ တပ်မတော်သား တွေကို လှုံ့ဆော်တဲ့ စာတစောင်ကို ရန်ကုန်မြို့ နေရာ တချို့မှာ အမျိုးသမီးလူငယ်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံရေး အင်အားစုများနှင့် ရဟန်းရှင်လူ ပြည်သူတရပ်လုံး ပါဝင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေးနေ့ကို စစ်အစိုးရက တပ်မတော်နေ့ အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။
စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၂၂ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ရှိတဲ့ အမျိုးသမီး လူငယ် အင်အားစုတွေက တပ်မတော်သားတွေကို အသိပေး နှိုးဆော်ထားတဲ့ ပို့စကဒ်တွေကို...