မောင်ချင့်ချိန်
ဗမာပြည်ဒီမိုကရေစီရေးသမိုင်းတလျှောက် လေးစားရလောက်သောသူရဲကောင်းများစွာ ၊ အားကိုးရ လောက်သော ခေါင်းဆောင်များစွာပေါ်ထွန်းခဲ့ပါတယ် ၊ သို့သော် စံထားရလောက် သောခေါင်းဆောင် ကောင်းကတော့ အလွန်နည်းပါးခဲ့ပါတယ် ။
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း အံ့သြစရာသမိုင်းခေတ်အဖြစ် လူငယ်ခေါင်းဆောင် တွေ ၊ ကျောင်းသားခေါင်းဆောင်တွေ ၊ အမျိုးသမီးခေါင်းဆောင်တွေ အများအပြားပေါ်ထွန်း လာခဲ့ပါတယ် ၊ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်တွေထဲရောက်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ၊ ကိုကိုကြီးတို့လူနည်းစုလေးကလွဲရင် စံထားအား ကိုးလောက်တဲ့ခေါင်းဆောင်ကောင်း မရှိ ဘူးဆိုတာ တွေ့ရပါတယ် ။
ခေါင်းဆောင်ဆိုတာ လုပ်ငန်းကိစ္စတိုင်း ၊ နေရာဌာနတိုင်းမှာ ရှိရပါတယ် ၊အရမ်းအရေး ကြီးပါတယ် ၊ ခေါင်းဆောင်ဖြစ်ရုံသာမကပဲ ခေါင်းဆောင်ကောင်းဖြစ်ဘို့လဲလိုပါတယ် ၊ကိုယ့်အတ္တ ကိုယ်ဦးစားပေး တဲ့ ၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းပြီး ဘ၀င်မြင့်တတ်တဲ့...