ကျန်းမာဖို့ဆိုတာ ..........
ရာသီဥတုရယ်၊ အစားအသောက်ရယ်၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမယ့် ပုဂ္ဂိုလ် (သို့မဟုတ်) စိတ်အနှောက် အယှက်မပေးမယ့် ပတ်ဝန်းကျင်ရယ်၊ နေရာထိုင်ခင်းရယ်တွေဟာ အရေးကြီးတဲ့ အကြောင်းတရားတွေပါ။
မတဲ့စာ
အားနာစာ
နှမြောစာတွေ ရှောင်ဖြစ်အောင် ရှောင်နိုင်ရင် ကျန်းမာဖို့ ရောဂါမတိုးစေဖို့ သိပ်မပူရတော့ဘူးလို့ဆိုပါတယ်။ မိမိနဲ့မတဲ့သော အစားအစား ရှောင်ဖြစ်အောင် ရှောင်ပါ။
အားနာပြီး စားရမည့်အစားအစာရှောင်ပါ။
ထားတော့လည်းမကောင်းတော့တဲ့ နှမြောလွန်းတဲ့စိတ်နဲ့ စားမည့်အစားအစာလည်းရှောင်ပါ။ ဒါဆိုရင် အစား နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ပါဘူး။
ရာသီဥတုနဲ့အဆင်ပြေအောင် နေတတ်ရင်လည်း ကျန်းမာဖို့ အကြောင်းတစ်ရပ်ပါ။ တချို့က ရာသီ ဥတုနဲ့ ဆန့်ကျင်ပြီး နေကျတော့ နေမကောင်း ထိုင်မကောင်းဖြစ်လာရော။ ပူတဲ့ရာသီမှာ မပူအောင် နေတတ်ကြ တယ်လေ။ သူသူကိုယ်ကိုပါပဲ။
အဲယားကွန်းတတ်နိုင်တဲ့သူက မပူအောင် ကာကွယ်ကြတယ်။ အမြဲ တမ်းနေနိုင်ရင်တော့မဆိုးပါဘူး။...
ဒုက္ခသည်များကို ကယ်တင်ခဲ့သည့် မြန်မာ သင်္ဘော ကပ္ပတိန်အား နိုင်ငံတကာမှ ဂုဏ်ပြု

ဇွန်လ (၉) ရက် နေ့က ကြမ်းတမ်း ခက်ထန် လှသည့် ပင်လယ် ပြင်တွင် ဒုက္ခ သည်များအား သက်စွန့် ဆံဖျား ကယ်တင် နိုင်ခဲ့သည့် မြန်မာ သင်္ဘော ကပ္ပတိန် ဦးဇော်အောင် အား နိုင်ငံတကာ မှ တလေး တစား ချီးကျူး ဂုဏ်ပြု နေဆဲ ဖြစ်သည်။ စပိန် သတင်းစာ များက ဦးဇော်အောင် ၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့ မှုများကို တခမ်း တနား ဖော်ပြခဲ့ သလို မြန်မာ့ သတင်း မီဒီယာများ ကလည်း လူသားချင်း စာနာ မှုဖြင့် စွန့်စား ခဲ့သော ၎င်း၏ စိတ်ထား နှင့် လုပ်ရပ်ကို အလေးထား ဂုဏ်ပြုခဲ့ ကြသည်။ ဇွန်လ (၉) ရက်နေ့က စပိန်နိုင်ငံ၊ အနောက်မြောက်ပိုင်း ကမ်းလွန် မှ ကီလိုမီတာ (၅၅၀) အကွာမှ ရွက်လှေ တစ်စင်း ထံမှ အရေးပေါ် အကူ အညီ တောင်းခံသည့် SOS သတင်း ပေးပို့ မှုကို MTM Princess သင်္ဘော ပေါ်မှ ဖမ်းယူ ရရှိ ခဲ့သည်။ သင်္ဘောသား...
ဘ၀ တက္ကသိုလ်

(၁)မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချု...
နှိင်ငံရေး စည်းဝိုင်း
တူမောင်ညို။ ဇွန်လ ၂၉၊ ၂၀၁၀
(နအဖ) စစ်အုပ်စု စပွန်ဆာလုပ်တဲ့ “နိုင်ငံရေးအခင်းအကျင်း” ကတော့ တစ်စတစ်စ အသက်ဝင်လို့ လာနေပါပြီ။
မှတ်ပုံတင်ပြီးတဲ့ ပါတီစုစုပေါင်းကလည်း (၃၃) ပါတီ ရှိလာနေပါပြီ။ ဒီလိုမှတ်ပုံတင်ကြတဲ့ပါတီတွေထဲမှာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က ကချင်ပါတီတွေကတော့ “တည်ထောင်ခွင့်” လည်းမကျ၊ “မှတ်ပုံတင်ခွင့်” လည်း မရသေးပါဘူး။ ဒီပုံအတိုင်းသာဆိုရင်တော့ (နအဖ) စစ်အုပ်စုရဲ့ “ပါတီစုံ” ဆိုတာ ကချင်ပါတီတွေ မပါဝင်ရတဲ့ ပါတီစုံလို့ ပြောရတော့မယ် ထင်တယ်။ ကယားပါတီ တည်ထောင်တယ်/ မှတ်ပုံတင်တယ်လို့လည်း မတွေ့မိ မကြားမိပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုတော့ “NLD ပါတီဟောင်း” ဆိုပြီး မစ္စတာကပ်ကင်းဘဲ လာစဉ်က (နအဖ) ပြောခွင့်ရ အာဏာပိုင်က ထည့်သွင်းပြောဆိုသွားတာ ကြားလိုက်ရပါတယ်။ တည်ထောင်ခွင့်လျှောက်မယ့်ဒီချုပ်ထဲက “အပဲ့” ကို NLD ပါတီသစ်လို့ ရည် ရွယ်ချင်ပုံပါပဲ။ ဝံသာနု NLD ပါတီ ဆိုတာလည်း မှတ်ပုံတင်ထားပြီးပါပြီ။
ဘယ်သူမှအတိအကျမပြောနိုင်တာ...
Essay: Representation as a living political idea
“In the grand discovery of modern times, the system of representation, the solution of all the difficulties, both speculative and practical, will perhaps be found. If it cannot, we seem to be forced upon the extraordinary conclusion, that good Government is impossible.” (1)(Utilitarian Philosopher James Mill)In his 'Essay On Government', the Utilitarian philosopher James Mill, salutes representation as 'the grand discovery of modern times'. Andrew Heywood (2) states that representative democracy is a ‘limited and indirect form of democracy that is based on the selection of those who will rule on behalf of the people’. The defining characteristics of limited and indirect clearly shows the nature of representative democracy that recognizes the impossibility of all citizens being involved in...