ကမ္ဘာမြေမှာ စမ်းရေလိုအေး ပန်းတွေလိုမွှေး

ကမ္ဘာမြေဟာ သူလက်ခံထားရတဲ့ အရာအားလုံးရဲ့  အနာဂတ်တွေ တောက်ပဘို့ အတွက် သမီးရတနာ တယာက် လူ့ လောကကိုရောက်လာတာ တနှစ်မြောက်မို့  ၀မ်းမြောက်လို့  နေလေရဲ့ ...။ ကမ္ဘာမြေကို ထမ်းပိုးထားတယ်ပဲဆိုဆို ကမ္ဘာမြေကို စောင့်ရှောက်တယ်ပဲထားထား နတ်ဘုရားများနဲ့  ကမ္ဘာတလွှားက ဘာသာတရားအားလုံးတို့ ရဲ့  ဘုရားသခင်များ မေတ္တာတော် သမီးလေး ယွန်းရန်နိုင်မှူးထံသို့  ကျရောက်တော်မူပါစေ ။ တကယ်တော့ ကဗျာဆရာ တယောက်ရဲ့  သမီးဟာ အမျိုးဂုဏ်လည်းသစ္စာမဖောက် မတရားမှုကိုလည်း တော်လှန်ရမှာမကြောက် သံသရာမှာလည်း မွှေးရနံ့ မပြယ် ကိုယ့်ကိုယ်ကို လဲ ကာကွယ် အများသူငါကိုလည်း ကယ်မ တကယ်လှတဲ့ ဗီဇ မွေးရာပါ ပ...။ သမီးလေးရေ ဘ၀မှာ မကြောင့်မကျ မတောင်းမတ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝပြီး စမ်းရေလိုအေး ပန်းတွေလို မွှေးပါစေကွယ် ။ ရဲရင့်သက်ဇွဲ (ကဗျာဆရာ (ကို)ရန်နိုင်ထွန်းရဲ့ သမီးလေး မယွန်းရန်နိုင်မှူးတနှစ်ပြည့်မွေးနေ့ သို့ ) မှတ်ချက် ...ကျွန်တော်သမီးနှင့်...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management