ဆယ်စုနှစ် နှစ်ခု အတွင်းမှာ ပထမဦး ဆုံး ကျင်းပတဲ့ စစ်အစိုးရ ရဲ့  ရွေးကောက်ပွဲ ကျင်းပပြီး စီးသွားရင်ထိုင်းအစိုးရ အနေနဲ့  ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တွေ ကို နေရင်း ဒေသကို ပြန်ပို့ မှာ ဖြစ်တယ် လို့ အမေရိကန် နိုင်ငံ နယူးယောက် မြို့  ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ တက်ရောက် စကားပြောဖို့ ရောက်ရှိလာတဲ့ ထိုင်း နိုင်ငံခြား ရေးဝန် ကြီး က Asian Society နှီးနှော ဖလှယ်ပွဲ မှာ အခု လို ပြောကြား လိုက်တာ ဖြစ်ပါတယ်။
ထိုင်း နိုင်ငံထဲမှာ မြန်မာ နိုင်ငံက ရွှေ့ ပြောင်း လာတဲ့ လူဦးရေ နှစ်သန်းကျော်ရှိပြီး နယ်စပ် ဒုက္ခသည် စခန်းတွေမှာတော့ တစ်သိန်းခွဲ ကျော်ရှိတယ်လို့ ပြောကြားသွားပါတယ်။ ထိုင်း နိုင်ငံ ထဲမှာ မြန်မာ နိုင်ငံက ဒုက္ခသည်တွေ တင်ရှိတာ မဟုတ်ဘဲ မြန်မာ နိုင်ငံက ပြောင်းရွှေ့ အခြေစိုက် လာတဲ့ အလုပ်သမား တွေ လည်းရှိပါတယ်။ကဆစ် ဖိရူမာ က ဒုက္ခသည် တွေ ကို နေရပ် ပြန်ပို့ ရေး ဟာ ထိုင်း အစိုးရ ရဲ့ ဦးစားပေး အစီအစဉ် တစ်ရပ် ပဲ...
မဇ်ဟဗ်များ ကွဲလွဲခြင်းဆိုသည်မှာ
အစ္စလာမ် သာသနာတော်၏ ပညတ်ချက်အတော်များများသည် ကွဲလွဲမှုမရှိ၊ ကွဲလွဲခွင့်မရှိသည့် ပညတ်ချက်များဖြစ်သည်။ သို့သော် အချို့အမှုကိစ္စများသည် ကုရ်အာန်၊ ဟဒီးဆ် ၌ အတိအလင်းဖော်ပြထားခြင်း မရှိသောကြောင့် ထိုကိစ္စများနှင့် ပတ်သက်၍ တရားတော်၏ အမိန့်မည်သို့ ရှိသည်ကို မေးမြန်းဆည်းပူးနိုင်ရန် ၀ါရင့်၊ သမ္ဘာရင့်၊ ကျယ်ဝန်းနက်ရှုင်းစွာ အသိအမြင်ရှိသူ၊ သစ္စာသမာဓိရှိသူထံ ချဉ်းကပ်ရန် အရေးကြီး၏။ အီမာန်ကြီးလေးပါးစလုံးသည် ဖော်ပြပါ အရည်အချင်းများနှင့် ညီညွတ်ပြီး၊ အစ္စလာမ့်လောက၌ တညီတညွတ်တည်း လက်ခံထားခြင်းခံရသူများဖြစ်သောကြောင့်ယင်းတို့၏ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်မှ ဖော်ထုတ်ထားသော ပညက်ချက်များကို ဥပဒေအကျယ်ပြန်များအဖြစ်လက်ခံထားကြသည်။ ထို့ကြောင့် အလ္လာဟ့် ရစူလ် ၏ မိန့်မြွက်ချက်များကို နာခံရမည့် အစား ထိုပုဂ္ဂိုလ်များ၏ အမိန့်ကိုနာခံနေကြသည် ဆိုလျှင်မမှန်ကန်ပါ။...