သန်လျင်ရှိ အစ္စလာမ် ဘာသာရေးဝတ်ပြုဆောင် မတရား ပိတ်ပင်ခံရ

     ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် သခင်ဖိုးလှကြီးလမ်း ခြံအမှတ်၂၅တွင်တည်ရှိသောအစ္စလာမ်ဘာသာဝင်တို့ကိုယ်ထူကိုယ်ထဘာသာရေးသင်တန်းကျောင်းနှင့် ဘာသာရေးဝတ်ပြုဆောင်အားသြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁နာရီ ၃၀တွင် သန်လျင်မြို့နယ် (မ.ယ.က) အတွင်းအရေးမှူး ဦးဆောင်ပြီး နယ်မြေခံ (ရ.ယ.က) များပါဝင်သော အဖွဲ့သည်အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲလာရောက်ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း...

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလက်စွဲ

Handbook on Election Monitor_Burmese_in PDF ...

ဂုဏ်ယူဖွယ် မွတ်စလင်မ်လူငယ် (၄) - ကာယဗလမောင် ဒေါက်တာနိုင်ဝေဝင်း

အားကစားမှာကော ပညာရေးမှာပါ ထူးချွန်တဲ့ mmsy ရဲ့ မန်ဘာအသစ် ကိုနိုင်ဝေဝင်း အကြောင်းကို MMSY ရဲ့ ညီအကို မောင်နှမများ အတုယူနိုင်ရန် တင်ပြချင်ပါတယ်။ ကိုနိုင်ဝေဝင်း နှင့် ကျနော် Facebook မှာ စတင်သိခွင့်ရပြီး၊ MMSY မလေးရှား၏ စုပေါင်းဝါဖြေပွဲတွင် ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ထူးချွန်ပြီး၊ မာနကင်းသော ခင်မင်စရာကောင်းသော အစ္စလမ့် ညီအကိုတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကိုနိုင်ဝေဝင်းကို မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး မန္တလေးမှာပဲ ကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ ကာယဗလ ပြိုင်ပွဲများစွာကိုလည်း မန္တလေးကနေ စတင် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ် ပြည်နယ်နှင့်တိုင်းမှာ ရွှေတံဆိပ်ဆုရခဲ့ပြီး၊ ၂၀၀၉ မှာ ရွှေမန်းမောင် ရခဲ့ပါတယ်။...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management