ဂုဏ်ယူဖွယ် မွတ်စလင်မ်လူငယ် (၄) - ကာယဗလမောင် ဒေါက်တာနိုင်ဝေဝင်း

အားကစားမှာကော ပညာရေးမှာပါ ထူးချွန်တဲ့ mmsy ရဲ့ မန်ဘာအသစ် ကိုနိုင်ဝေဝင်း အကြောင်းကို MMSY ရဲ့ ညီအကို မောင်နှမများ အတုယူနိုင်ရန် တင်ပြချင်ပါတယ်။ ကိုနိုင်ဝေဝင်း နှင့် ကျနော် Facebook မှာ စတင်သိခွင့်ရပြီး၊ MMSY မလေးရှား၏ စုပေါင်းဝါဖြေပွဲတွင် ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ထူးချွန်ပြီး၊ မာနကင်းသော ခင်မင်စရာကောင်းသော အစ္စလမ့် ညီအကိုတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။



ကိုနိုင်ဝေဝင်းကို မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး မန္တလေးမှာပဲ ကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ ကာယဗလ ပြိုင်ပွဲများစွာကိုလည်း မန္တလေးကနေ စတင် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ် ပြည်နယ်နှင့်တိုင်းမှာ ရွှေတံဆိပ်ဆုရခဲ့ပြီး၊ ၂၀၀၉ မှာ ရွှေမန်းမောင် ရခဲ့ပါတယ်။ ၂၀၁၀ မောင်မြန်မာမှာတော့ အဆင့် ၆ ရရှိခဲ့ပါတယ်။
ကာယဗလမောင်တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ အနေအထိုင်း၊ အစားအသောက်၊ စနစ်တကျနဲ့နေထိုင်ပြီး ၊ ဝရိရရှိရှိနဲ့ အချိန်မှန် လေ့ကျင့်မှသာ ကိုနိုင်ဝေဝင်းလို အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ကိုနိုင်ဝေဝင်းဟာ အားကစားမှာသာမကပဲ ပညာရေးမှာလဲ ထူးချွန်ထက်မြတ်သူတစ်ယောက်ဖြစ်ပါတယ်။ ၁၀ တန်းကို ၂၀၀၂ မှာ အောင်မြင်ခဲ့ပြီး MBBS ဘွဲ့ကို ၂၀၀၉ မှာရရှိပြီး ဆရာဝန်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။








သူ၏ blog ဖြစ်တဲ့ http://myanmarfitness.com ကိုလည်း သွားရောက် ဖတ်ရှုနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management