စက်တင်ဘာအရေးအခင်းတွင် မြန်မာမွတ်စလင်မ်များ ပူပေါင်းပါဝင်မှုကို စစ်အစိုးရထိတ်လန့်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်း အမှတ်(၁)ရဲစခန်းမှုး ကိုကိုဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မြန်မာဒီမိုကရေစီ လှုပ်ရှားသူများ ၊ ၈၈ အရေးခင်းတွင် ရှေ့တန်းက ပါဝင်ခဲသူများ၊ နိုင်ငံရေးမှုဖြင့် ထောင်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများနှင့် ပြည်ပတွင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများ၏ ဆွေမျိုးများအား မျက်ခြေမပြတ် စောင့်ကြည့်နေပြီး၊ အပြစ်အမျိုးမျိုးပြကာ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုများ ပိုမိုဆိုးရွားလာကြောင်း စစ်တွေမြို့ခံသားတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရသိရှိသည်။ဖေဖော်ဝါရီနောက်ဆုံးပါတ်ခန့်ကစ၍ ပြင်းပြင်ထန်ထန်လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ၄င်းက နိုင်ငံရေးသမားတွေက်ု စောင့်ကြည့်လေ့လာပြိးတော့ သူတို့ရဲ့ အမြဲတမ်းလှုပ်ရှားနေထိုင်တတ်တဲ့ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို အမြဲစောင့်ကြည့်နေပြီးတော့ တချို့ပုဂ္ဂိုလ်တွေဆိုယင် အကြောင်းမရှိအကြောင်းရှာပြီး ဖမ်းဆီးမေးမြန်းတာတွေလုပ်နေတယ်။
ဘာဖြစ်လို့ဆိုတော့(နပခ)တိုင်းမှုးက စစ်တွေကုန်သည်ကြီးအသင်းက ကုန်သည်တစ်ဦးကို ရွှေဝါရောင် အရေးခင်းထဲမှာ ဘုန်းတော်ကြီးတွေနဲ့ မွတ်စလင်မ် အမျိုးသားတွေဟာ ပူးပေါင်းစည်းလုံးညီးညွတ်ပြီးတော့ မွတ်စလင်မ် ခေါင်းဆောင်တွေဟာ ဘုန်းတော်ကြီးတွေကို ထောက်ခံအားပေးနေတာကို တွေ့မြင်ရတော့ အတော်လေးအံသြသွားပြီး ပိုပြီး စိုးရိမ်သွားတယ်လို့ ပြောခဲ့တယ်လို့ ကြားနေရတယ်။ နောက်ပြီးတိုင်းမှုးက ပြည်နယ်ရဲမင်းကြီးကို ဘာဖြစ်လို့ ဒီလောက်ညီညွတ်သွားရတာလဲ၊ ဘယ်သူတွေနောက်က ကြိုးကိုင်နေသလဲဆိုတာကို ရှာဖွေစုံစမ်းပေးပါလို့ ညွန့်ကြားခဲ့တယ်လို့သိရတယ်။ စက်တင်ဘာ အရေးအခင်းထဲမှာလဲ စစ်တွေမှာ ဘယ်သူတွေအဓိက ဦးဆောင်ခဲ့တာကို ရှာဖွေမရတော့ပိုပြီး စိုးရိမ်သွားကြတာပေါ့ ’’ လို့ပြောပြတယ်။
ဘာမားတူဒေး စာမျက်နှာမှကူးယူပါတည်။

မောင်တောမြို့တွင် မူဆလင်ခေါင်းဆောင် ၁၀ ဦး ဖမ်းဆီိးခံရ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မူဆလင်ဘာသာဝင်ခေါင်းဆောင် ၁၀-ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံမူဆလင်ရေးရာအဖွဲ့ချုပ် မောင်တောခရိုင်ဥက္ကဌ ရှေ့နေ သန်းထွန်းခေါ် မူဟာမတ်ဆော်လိမ်နှင့် စိန်သုံးလုံးရွှေဆိုင်ပိုင်ရှင် ရွှေဇားရပ်ကွက်မှ ဦးနီရာ မတ်တို့ ပါဝင်ကြောင်းသိရှိရသည်။
ဖြစ်ပွားပုံ အသေးစိတ်နှင့်ပတ်သတ်ပြီး မျက်မြင်တဦးအပြောအရ ဦးသန်းထွန်းအပါအ၀င် မူဆလင်ခေါင်းဆောင် ၁၀-ဦးခန့်မှာ တနင်္ဂနွေနေ့ နံနက် ၁၀-နာရီက ဦးသန်းထွန်း အလုပ် လုပ်ကိုင်သော ရှေ့နေရုံးခန်းတွင် အစည်းအဝေးလုပ်နေစဉ် ဘူးသီးတောင်ဗျူဟာမှ ဗျူဟာ မှူးနှင့် မောင်တောခရိုင် ဥက္ကဌတို့ ပါဝင်သော အဖွဲ့တဖွဲ့မှ ရောက်ရှိလာပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဗျူဟာမှူးနှင့်အဖွဲ့မှာ ဦးသန်းထွန်းအခန်းအား ငါးနာရီနီးပါးခန့် ရှာဖွေမွှေနှောက်ပြီး ဖမ်းဆီးခံရသူအားလုံးကို ညနေလေးနာရီတွင် ဘူးသီးတောင်ဗျူဟာသို့ ခေါ်ယူသွားကြောင်း သတင်းရရှိသည်။
မောင်တောတွင်သူတို့ဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်ပြီး သတင်းဖြစ်ပေါ်နေသည်မှာ နိုင်ငံရေး နှင့် ဆက်နွယ်ပတ်သတ်နေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆို နေကြသည်ဟု သိရှိရသည်။
သို့သော်လည်း သူတို့အား မည်သည့်အတွက်ကြောင်း စစ်အာဏာပိုင်များမှ ဖမ်းဆီးခြင်းကို မည်သူတဦးတယောက်မှ အသေးစိတ်မပြောနိုင်သေးကြောင်း မောင်တောမှ ပေးပို့သော သတင်းတရပ်တွင် ဖော်ပြသည်။
ယခုကဲ့သို့ မူဆလင်ခေါင်းဆောင်များ ဖမ်းဆီးခံရသဖြင့် တခြားမူဆလင် ခေါင်းဆောင်များ မှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ထွက်ပြေးသူများ အထဲတွင် မူဆလင်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်လည်းပါဝင်ကြောင်း သိရှိ ရသည်။

အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင်များကိုပါ အဖွဲ့အစည်းဖြင့် ထိန်းချုပ်ဖို့ စစ်အစိုးရကြိုးပမ်း

ပြီးခဲ့သောနှစ် စက်တင်ဘာသံဃာ့အရေးအခင်းမှာ အစ္စလာမ်ဘာသာဝင် အများအပြား ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေရဲ့ မေတ္တာပို့ကံဆောင်ရာမှာ ကူညီပါဝင်ခဲ့ပြီးနောက်ပိုင်း မြန်မာအာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေကို ချုပ်ကိုင်နိုင်ဖို့ သံဃာ့မဟာနာယကလို အဖွဲ့မျိုးဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက သာသနာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချူပ်သူရအောင်ကို က အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ ခရစ်ယာန်၊မွတ်စလင်မ် နှင့် ဟိန္ဒူဘာသာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ကမ္ဘာအေး သာသနာရေးဌာန ရုံးချုပ်မှာ တွေ့ဆုံပြီး သက်ဆိုင်ရာဘာသာဝင်တွေရဲ့ ဦးဆောင်အဖွဲ့အစည်းတရပ်စီ ဖွဲ့ဖို့ပြောကြားခဲ့တယ်လို့ ရန်ကုန် အစ္စလာမ်ဘာသာဝင် သတင်းရပ်ကွက် တွေဆီက RFA ကစုံစမ်းသိရှိရပါတယ်။

သာသနာရေး ဒုဝန်ကြီးက လက်ရှိရှိပြီး မွတ်စလင်မ် အဖွဲ့အစည်း ၅ ခုပေါင်းပြီး နိုင်ငံတော်အစိုးရ အသိအမှတ်ပြု အစ္စလာမ်အဖွဲ့ချူပ်ကြီးတခု ဖွဲ့စည်းပေးမှာဖြစ်ပြီး အနာဂတ်မှ လုပ်ငန်းဆောင်တာတွေကို ဒီအဖွဲ့ကြီးကနေ ဆက်သွယ်ဆောင်ရွက်မှာ ဖြစ်ပြီး အဖွဲ့ခွဲအသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့တာတွေ မလုပ်တော့ဘူးလို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ အဖွဲ့ ၅ခုအနေနဲ့ အဖွဲ့ကိုယ်စားလှယ် ၃ ဦးစီနဲ့ အဖွဲ့ချူပ်ကို ဖွဲ့ပြီး စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးနဲ့ အစ္စလာမ်အဖွဲ့ချူပ်ကြီးမှာ ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။

အဖွဲ့ချူပ် ဥက္ကဌနဲ့ အတွင်းရေးမှူးရာထူးတွေကို အစိုးရစိတ်ကြိုက်ခန့်မှာ ဖြစ်ပြီး ဒါဟာ သံဃာ့နာယက အဖွဲ့လို ရုပ်သေးမွတ်စလင်မ် အဖွဲ့ချူပ်ဘဲ ဖြစ်လာနိုင်တယ်လို့ ရန်ကုန်မွတ်စလင်မ် အသိုင်းအ၀ိုင်းမှ ပြောပါတယ်။

သံဃာ့အရေးအခင်မှာ တခဲနက်ပါခဲ့တဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အစ္စလာမ့်လူငယ်အဖွဲ့က ပြောခွင့်ရသူ ကိုမိုဟာမက်ယာဆင်ကတော့ ဒါဟာ စစ်အစိုးရအာဏာပိုင်တွေက အာဏာတည်မြဲရေး အသုံးချဖို့အတွက် ကြိုးပမ်းချက်ပဲလို့ RFA ကို အခုလိုပြောပါတယ်။

သံဃာနာယကအဖွဲ့လို ထိန်းချုပ်ဖို့အတွက် ဒီလိုအဖွဲ့အစည်းတွေနဲ့ပဲ တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်နိုင်အောင် လုပ်တာပါပဲလို့သူက ဆိုပါတယ်။ နိုင်ငံတော် သံဃာ့နာယကလို အဖွဲ့မျိုးဖွဲ့ခိုင်းတယ်ဆိုတာကိုက တခုခုဖြစ်လာရင် အစိုးရကို မတိုက်ခိုက်အောင် ထိန်းချူပ်ဖို့လုပ်တာဖြစ်ပြီး ဒီအဖွဲ့အစည်းတွေဟာ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း ပြောကြားပေးဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ ကိုမိုဟာမက် ယာဆင်က ပြောပါတယ်။

ရန်ကုန်မှာ အခြေစိုက်တဲ့ အစ္စလာမ့်အဖွဲ့အစည်းတွေရဲ့ အဆိုအရ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ တကယ့်မွတ်စလင်မ် အဖွဲ့အတွေဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသံ နဲ့ စိုးရိမ်မှုတွေကို လွတ်လွတ်လပ်လပ်ပြောခွင့်မရတဲ့ အကြောင်းပြောဆိုတာတွေ ရှိနေပါတယ်။

RFA မှကူးယူဖေါ်ပြပါသည်။

မြန်မာမွတ်စလင်မ်များကို နှိပ်ကွပ်ဖို့ နအဖ စီမံကိန်းချနေပြီ

မြန်မာနိုင်ငံသား တိုင်းရင်းသားမွတ်စလင်များကို နအဖ စစ်အစိုးအရမှ နှိပ်ကွပ်ရန် စီမံကိန်းများ ချနေပြီဟု စုံစမ်းရရှိသော သတင်းများအရ သိရှိရသည်။ သံဃာတော်များ ဦးဆောင်သော စက်တင်ဘာ ရွှေဝါရောင်တော်ရေးကြီးတွင် သံဃာတော်များနောက်မှ တခဲနက်ထောက်ခံပြီး ပူးပေါင်းပါဝင်ခဲ့သော မြန်မာမွတ်စ်လင်များကို စစ်အစိုးရမှ အခဲမကြေဖြစ်ခဲ့သည်။
မြို့နယ်အဆင့်ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် လသာမြို့နယ် မယကဥက္ကဌ မှ ဘုန်းကြိးတွေလုပ်တဲ့ဆန္ဒပြပွဲနောက်မှာ အဖျက်သမားတွေ၇ှိတယ်။ အဲ့ဒီ အဖျက်သမားတွေထဲ့မှာ ကုလားတွေလည်းပါတယ်။ ဘုန်းကြီးနဲ့ကုလားနဲ့ဘာဆိုင်လဲ ဆိုပြီး ရင့်ရင့်သိးသီးပြောဆိုခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံသား တိုင်းရင်းသား မွတ်စလင်မ်များ အနေဖြင့် သမို်င်းတလျောက်မှာ နယ့်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတို့မှာ လူမျိုးရေး၊ဘာသာရေးခွဲခြားမှု မရှိဘဲ တိုင်းရင်းသား ညီနောင်များဖြင့် အတူလက်တွဲတိုက်ပွဲဝင်ခဲ့သည်မှာ မြန်မာသမိုင်းတွင်ရော မျက်မှောက်ခောတ်ကာလတွင်ပါ အထင်အရှားဖြစ်ပါတယ်။
နောက်ထပ်ရရှိသော သတင်းများအရ မွတ်စလင်မ်ဆန့်ကျင်ရေးနှင့် နှိပ်ကွပ်ရေးအတွက် နအဖစစ်အစိုးရမှ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးစီမံကိန်းချ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ အဆိုပါအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဥိး၊ ပြန်ကြားရေးဝန်ကြိး ဗိုလ်မှုးချူပ်ကျော်ဆန်း တို့မှ ဦးဆောင်သည်ဟု သိရပါတယ်။ ၄င်းတို့အနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္ဓလာမ်ဘာသာဝင်များ အကြားပဋ္ဋိပက္ခများဖန်တီးရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ မဆလ၊န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် နိုင်ငံရေးအကျပ်အတည်း ကြုံလာတိုင်း ဘာသာရေး၊ လူမျိုးရေး ပဋ္ဋိပက္ခများ ဖန်တီးပြိး လူထုကို အာရုံလွဲသည့်နည်းလမ်းကို အသုံးချကာ ၄င်းတို့၏ ထွက်ပေါက်အနေဖြင့် အသုံးချခဲ့သည့်မှာ အထင်အရှားဖြစ်ပါတယ်။
ပြီးခဲ့သည့်ရွှေဝါရောင်တော်လှန်ရေး အတွင်း၌လည်း မွတ်စလင်မ် ဗလီများကိုဝင်ရောက် ဖျက်ဆီးပြီး ဘာသာရေး ပဋ္ဋိပက္ခ များဖြစ်အောင်ဆောင်ရွက်မည် ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း မြန်မာမွတ်စလင်မ်များ အနေဖြင့် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ ပြည်သူများနှင့် ပူးပေါင်းကာ စည်းလုံးညီညွတ်စွာဖြင့် နအဖ စစ်အစိုးရဆန့်ကျင်ရေးကို ဆောင်ရွက်နိုင်ခဲ့သဖြင့် နအဖ စစ်ဗိုလ်ချူပ်တို့ အနာပေါ်တုတ်ကျပြိး မွတ်စလင်မ်များ အပေါ်အညှိုးကြီးခဲ့ ပါတယ်။
နောက်ဆက်တွဲအနေဖြင့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော မွတ်စလင်မ်များ၊ သံဃာများကို ရေချမ်းကပ်လှူခဲ့သာ မွတ်စလင်မ်များ ကို ဖမ်းဆီးကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးမှု ပျက်ပြားအောင်လုပ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူ များအနက် စုံစမ်းသိရှိရသူများ၏ အမည်များမှာ

-တာမွေမြို့နယ်မှ ကိုထွန်းမြင့်အောင်၊
-ဗဟန်းမြို့နယ်မှာ ဟန်ဇော်မင်းအောင်၊
-သာကေတမြို့နယ်မှ ကိုသောင်းထွတ်၊
-ရွှေလှေခါးမုန့်ဟင်းခါးဆိုင်မှ ကိုနိုင်မင်း၊
-၃၈ လမ်းမှ ကိုမျိုးသန့်၊
- ၃၁ လမ်းမှ ကိုညီညီဇော်၊
-၂၇လမ်းမှ ကိုမျိုး၊
-မင်္ဂလာတောင်ညွန့် မီးရထားဝင်းနေ ကိုကျော်ကျော်ဆက် နှင့်
-အထက်ပုဇွန်တောင်လမ်းနေ ကိုထွန်းထွန်းနိုင် တို့ဖြစ်ကြပါတယ်။ ၄င်းတို့ကို နအဖ စစ်ဖက်လုံခြုံရေးအဖွဲ့(စရဖ -ထောက်လှမ်းရေးဖျက်သိမ်းပြီးနောက်အစားထိုးဖွဲ့စည်းခဲ့သည။်) မှ အရာရှိများမှ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ပြီးစစ်ဆေးနေကြောင်းသိရပါတယ်။
လက်ရှိပြောင်းရွှေ့သွားသော ကြပ်ပြေးနေပြည်တော် သို့ဝန်ထမ်းများ ပြောင်းရွှေ့ရာတွင် လည်း မြန်မာမွတ်စ်လင် ၀န်ထမ်းများကို ရွှေ့ပြောင်းခြင်းမပြုကြောင်း၊ နေပြည်တော်တွင် မြေ၊အိမ်ပိုင်ဆိုင်မှုတွင်လည်း မြန်မာမွတ်စလင်မ် ဆိုပါက ၀ယ်၍မ၇ကြောင်း၊ စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် မြေငှားရမ်းပြီးသာ လုပ်ကိုင်နိုင်ကြောင်း၊ သိရှိရသည်။
သို့ဖြစ်ပါ မြန်မာပြည်သား တိုင်းရင်းသားမွတ်စလင်များအနေဖြင့် ယုတ်မာကောက်ကျစ် လှသော စစ်အာဏာရှင် စနစ်ကို အမြစ်မှဆွဲနှုတ်ပြိး မြန်မာ့မြေပေါ်မှ သာမက ကမ္ဘာမြေပေါ်မှ ပါအပြီးတိုင်ပပျောက်အောင် တိုင်းရင်းသား ညီအစ်ကိုများဖြင့် အတူလက်တွဲပြီး ဆောင်ရွက်ကျပါရန် တိုက်တွန်းလိုက်ပါတယ်။

Kyaw Zwar

မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် လိုအပ်ဟု အစီရင်ခံစာတစောင်က ဆို

မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ အောက်တိုဘာလ 27 ရက် 2009 ခုနှစ်
နယူးဒေလီ။      ။ မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် စပ်လျဉ်းပြီး ဝေဖန်ထားသည့် အစီရင်ခံစာ တစောင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။

စစ်အစိုးရသည် နိုင်ငံတော်က ထောက်ပံ့ ပျိုးထောင်သော ဗုဒ္ဓဘာသာကို မျက်နှာသာပေးခြင်း၊ ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နေပြီး တချိန်တည်းတွင် ဗုဒ္ဓဘာသာဝင်နှင့် အခြား ဘာသာဝင်တို့၏ နိုင်ငံရေး ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ ပိတ်ပင် တားဆီးမှုများ ပြုလုပ်နေသည်ဟု တနင်္လာနေ့က ထုတ်ပြန်လိုက်သော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအရေး ဗျူရို၏ ၂၀၀၉ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာတွင် စွပ်စွဲရေးသားထားခြင်း ဖြစ်သည်။

''စစ်အစိုးရသည် ဘာသာရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အလို့ငှာ အီလက်ထရောနစ် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ မတရားအသင်း ဥပဒေများ အပါအဝင် ဘာသာရေးနှင့် မပတ်သက်သည့် ဥပဒေများကို အသုံးပြု ဖိနှိပ်နေသည်'' ဟု အစီရင်ခံစာက ဆိုသည်။

''အစိုးရသည် အဖွဲ့အစည်း အားလုံးနီးပါးအတွင်း ထိုးဖောက် ဝင်ရောက်ထားပြီး၊ ဘာသာရေး ပွဲလမ်းများကို စောင့်ကြည့်နေကာ တဦးချင်းသော် လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝတ်ပြု ကိုးကွယ်ခြင်းများကို သူတို့၏ နေရာအနှံ့ ပျံ့နှံ့နေသော ပြည်တွင်းလုံခြုံရေး ယန္တရားကို အသုံးပြု၍ ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေသည်'' ဟု အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။




သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို အထူးသဖြင့် ရည်ညွှန်းကာ ဗိုလ်ချုပ်ကြီးများသည် `ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့် မြှင့်တင်ရေး ဆောင်ရွက်ချက်တို့ကို စနစ်တကျ ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ရန်´ ကြိုးပမ်းခဲ့သည်ဟု အစီရင်ခံစာက ရေးထားသည်။

အမေရိကန် အာဏာပိုင်များက တိုင်ပင် ဆွေးနွေးခဲ့သူများ အပြောအရ မြန်မာနိုင်ငံတွင် အကျဉ်းချခံနေရသူ သံဃာတော်များ ၂၀၀ ခန့်ရှိပြီး၊ ထိုအထဲမှ လေးပုံသုံးပုံမှာ ရွှေဝါရောင် တော်လှန်ရေးအပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုအတောအတွင်း စစ်အစိုးရ၏ အကျိုးစီးပွားနှင့်အညီ ဗုဒ္ဓဘာသာကို ထွန်းကားအောင် ပြုလုပ်ရေးသည် စစ်အစိုးရအတွက် ရည်မှန်းချက် ပန်းတိုင်တရပ် ဖြစ်မြဲဖြစ်နေကာ ပုဂ္ဂိုလ်ရေးအရ အဆင့်မြင့်ရာထူး တိုးရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း နည်းလမ်းလည်း ဖြစ်နေသည်။

`လက်တွေ့အားဖြင့် အစိုးရ ဝါဒဖြန့်ချိရေးကိုသုံးပြီး ထေရဝါဒ ဗုဒ္ဓသာသနာကိုသာ သူတို့ လိုလားကြောင်း အစိုးရက ဆက်လက်ပြသခဲ့သည်။ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းကန်များကို လှူဒါန်းခြင်း၊ ကျေးလက်ဒေသများရှိ ဘုန်းကြီးကျောင်း ပညာရေးလုပ်ငန်းများကို အားပေး အားမြှောက် ပြုခြင်း၊ သာသာနာပြု လုပ်ငန်းများကို ထောက်ပံ့ခြင်း စသည်တို့ အပါအဝင် နိုင်ငံတော်က ကြီးမှူးကျင်းပသော ပွဲလမ်းများကို ကျင်းပ ပေးခဲ့သည်။

စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို သဘောမကျကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသေးသည်။ ထိုဖွဲ့စည်းပုံအရ သာသနာ့ ဝန်ထမ်းများကို မဲပေးခွင့် ပေးမထားဘဲ ဘာသာရေးကို ဖိနှိပ်သည့်အနေနှင့် ဖွဲ့စည်းပုံတွင် ပြည်သူ့ ငြိမ်ဝပ်ပိပြားရေး၊ အကျင့်သိက္ခာ၊ ကျန်းမာရေး နှင့် အခြား ပြဋ္ဌာန်းချက်မျာကို ထည့်သွင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံရှိ မည်သည့် ဖွဲ့စည်းပုံတွင်မျှ သာသနာ့ ဝန်ထမ်းများကို မဲပေးခွင့် ပေးမထားခဲ့ပါ။

အစီရင်ခံစာတွင် အစိုးရက အတင်းအကျပ် ဘာသာပြောင်းလဲ သွတ်သွင်းခြင်းများ မရှိဟု ရေးသားထားသော်လည်း စစ်အစိုးရသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ သွတ်သွင်းရန် နည်းလမ်း ပေါင်းစုံသုံးကာ ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း ဖော်ထုတ် ရေးသားထားသည်။

ဗုဒ္ဓဘာသာကို အခြားလူနည်းစု ဘာသာများထက်ပို၍ ထွန်းကားအောင် အစိုးရက လုပ်ပေးခြင်းသည် မြန်မာ့ခေတ်သစ် သမိုင်းတွင် အခိုင်အမာ အမြစ်တွယ်နေသော အချက်သာ ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်ထားသည်။

`အရပ်သားနှင့် စစ်အစိုးရ အဆက်ဆက်သည် ဘာသာရေး လွတ်လပ်ခွင့် ဆိုသည်ကို သူတို့၏ ဗဟိုအာဏာနှင့် အမျိုးသား ညီညွတ်ရေးကို ခြိမ်းခြောက်နေသော အရာများဖြစ်သည်ဟု ယူဆခဲ့ကြသည်´ ဟု ရေးထားသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များသည် စစ်အစိုးရ၏ ရွေးချယ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရသူများ ဖြစ်သည်။ သူတို့သည် ယခုထိလည်း မြန်မာ့လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ် ဖြစ်ကြောင်း ဖော်ပြသည့် အမျိုးသား မှတ်ပုံတင်ကဒ်ကိုလည်း မရရှိပါ။

၂၀၁၀ နှစ်ဆန်းတွင် ထွက်ရှိလာမည်ဟု မျှော်လင့်ထားသည့် ကမ္ဘာတလွှား ဘာသာရေး လွတ်လပ်ခွင့် အဆင့်အတန်းကို ဖော်ပြသည့် ဝါရှင်တန်၏ နှစ်စဉ် တရားဝင် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အထူးစိုးရိမ်ရသော နိုင်ငံ (Country of Particular Concern – CPC) အဖြစ် သတ်မှတ်ခံ ရနိုင်သည်ဟု အများက မျှော်လင့်နေကြသည်။

ဤအဖွဲ့ကို ၁၉၉၉ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ပြီး ကတည်းက မြန်မာနိုင်ငံသည် ဤစာရင်းတွင် နှစ်စဉ် ပါရှိခဲ့သည်။

ဘာသာရေး လွတ်လပ်ခွင့်ကို ကမ်းကုန်အောင် ဆက်လက် ချိုးဖောက်နေသော နိုင်ငံများ၏ အစိုးရများကို ထိုသို့ CPC အဆင့်အတန်းဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသည်။ ဤသို့ သတ်မှတ်ခံရခြင်းကြောင့် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ခံရနိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ မပြဋ္ဌာန်းမီကပင် ထိုသို့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ခံခဲ့ရပြီး ဖြစ်သည်။ -->

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management