စက်ကုန်းကျေးရွာဗလီ


Burma Youth's Islamic Center

Burma Youth's Islamic Centre                                                                                                                                                

Islamic Education in Myanmar

Islamic Education in Myanmar                                                                                                                                                

အစ္စလာမ်မစ် သီချင်း.



LYRICS:

Mother don't cry for me
I am heading off to war
God almighty is my Armour and Sword
Palestine, Forever Palestine

Children being killed for throwing stones in the sky
They say to their parents "don't worry, God is on our side"
Palestine, Forever Palestine

Mother don't worry when they come for us at night
Surely they'll be sorry when God puts them right
Tell me why they're doing what was done to them
Don't they know that God is with the oppressed and needy
Perished were the nations that ruled through tyranny
Palestine, Forever Palestine

Children of Palestine are fighting for their lives
They say to their parents, "we know that Palestine is our right"
They to say to their parents, "we'll fight for what is right"
They say, "not to worry! God is on our side"
They say, "we'll die for Palestine"
Palestine, Forever Palestine 

မြန်မာမွတ်စလင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုများ

မြန်မာမွတ်စလင်များကို အကြမ်းဖက်သမား ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများတိုက်ခိုင်မှု အသေးစိတ်စာရင်းimmdf2                                                                                                                                                

မြန်မာနိုင်ငံတွင်း မွတ်စလင်မ် ဗလီများ ဖျက်ဆီးခံရမှုသတင်း

၂၀ဝ၆ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း မွတ်စလင်မ် အနည်းစုနေထိုင်ရာ ဒေသများတွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့ပါသည်။
အဆိုပါအဓိကရုဏ်းကြောင့်ြုမိ့ငယ်တစ်ခုဖြစ်သော ဆင်ဖြူကျွန်းမြို့ရှိ မွတ်စလင်မ် အိမ်ခြေ (၁၀)အိမ်ခန့်မီးတင်ရှို့ခံခဲ့ရပါသည်။ ဆက်လက်ပြီး ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် စလင်ြးုမိ့တွင် မွတ်စလင်မ် အိမ်ခြေ (၅၀)နှင့် ဈေးဆိုင်များ ကိုမီးရှို့ဖျက်ဆီးခဲ့ရုံမျှမက မကွေးတိုင်း၏ြုမိ့ကြီးတစ်ြုမိ့ဖြစ်သော ချောက်မြို့တွင်ဗလီ (၂) လုံးအပါအဝင်များစွာသော မွတ်စလင်မ် အိမ်များနှင့်ဆိုင်များမှာ မီးတင်ရှို့ခြင်း
ခံခဲ့ရပါသည်။ အဆိုပါ အကြမ်းဖက်မှုသည်ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် ပွင့်ဖြူုမိ့၌ဆက်လက်ဖြစ်ပွာ်းခဲ့ပြီး ဗလီတစ်လုံး အပါအဝင် အချို့မွတ်စလင်မ် အိမ်များနှင့်ဆိုင်များကို လည်းゞင်းအကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့ ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါအကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော မွတ်စလင်မ်ဒုက္ခသည်များသည် ပူပြင်းလှသော မြန်မာနိုင်ငံအလယ်ပိုင်းနွေရာသီ၏ အပူဒဏ်အောက်တွင် ကယ်ဆယ်ထောက်ပံရေး အကူအညီတစ်စုံတစ်ရာ မရရှိပဲ လယ်ကွင်းများရှိအပင်ကြီး ရိပ်ကြီးများအောက်တွင် နေထိုင်နေရကြောင်း သတင်းရရှိပါသည်။
ြုမိ့တော်ရန်ကုန်ရှိ အစ္စလာမ် အဖွဲ့အစည်း များအနေဖြင့်လည်းအကြမ်းဖက်မှုဖြစ်ပွားရာ နေရာများသို့ အစိုးရ၏သွားရောက်ရန် တားမြစ်ထားမှုကြောင့်တစ်ကြောင်း၊ လမ်းခရီးဝေးကွာမှုကြောင့်တစ်ကြောင်း၊ ဆက်သွယ်ရေးစနစ်ခက်ခဲမှုကြောင့် တို့ကြောင့် အကူအညီ ပေးမှုများဆောင်ရွက်ရန်အခက်အခဲများရှိနေကြောင်း သိရှရပါသည်။
အဆိုပြါုမိ့များသို့ဆက်သွယ်ရန် တယ်လီဖုံးလိုင်းများလည်း ဖြတ်တောက်ခံထားရကြောင်း သတင်းရရှိပါသည်။
အဆိုပါအဓိကရုဏ်းဖြစ်ပွားရသော အကြောင်းရင်းမှာ ၁၂-၂-ဝ၆ ရက်နေ့တွင် ဆင်ဖြူကျွန်း အနီး စိတ်ဖြူမောင်ကန်တံတားအနီးတွင် ကိုစိုးတင့်ဆိုသူ မောင်းလာသောဟိုင်းလတ်ကား အား အမျိုးသမီးတစ်ဦး မှကားကြုံ လိုက်စီးလာခဲ့ပါသည်။၎င်းကားတွင်အခြားကားကြုံလိုက်စီး လာသူများလည်းပါဝင်ခဲ့ပါသည်။ လမ်းခရီး၌ယင်းအမျိုးသမီးသည် သူမဆင်းလိုသည့် နေရာရောက်သည့် အခါတွင် ရှေ့ခန်းရှိ ကားမောင်းသူအားလှမ်း၍ အော်ပြောသော်လည်း ကားမောင်းသူမကြားသဖြင့် ကားအရှိန်လျော့သည် အချိန်တွင် ကားပေါ်မှ ခုန်ချရာမှ အဆိုပါအမျိုးသမီး ဒဏ်ရာဖြင့်ဆေးရုံတင်ခဲ့ရသည် အဖြစ်အပျက်ဖြစ်ပွားခဲ့မှု အပေါ်အခွင့်ကောင်းယူကာ ဗုဒ္ဓဘာသာအစွန်းရောက်အကြမ်းဖက်သမားများက မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့် သတင်းများ ဖန်တီးထုတ်လွှင့်ခဲ့သဖြင့် အဆိုပါကဲ့သို့ အဓိကရုဏ်းများပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်။
ယခင်ကလည်း မြန်မာနိုင်ငံအနှံ့ ယင်းကဲ့သို့ လုပ်ကြံဝါဒဖြန့်မှုများအား စီးပွားရေး နိုင်ငံရေး အကျိုးအမြတ်ရရှိရန်အလို့ငှာ ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက် သမားများကဖန်တီးကာ မွတ်စလင်မ်များ၏ အထွတ်အမြတ်ထားရာဗလီများ၊ မွတ်စလင်မ်များ၏ စီးပွားရေးဆောင်ရွက်ရာ ဈေးဆိုင်များ၊ မွတ်စလင်မ်များ ၏ အသက်အိုးအိမ်များကိုမကြာခဏ ထိပါးကာဖျက်ဆီး သတ်ဖြတ်လေ့ရှိကြောင်း
သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်အတွင်း အပြစ်မဲ့ရွာသားများ ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ်ရှိ တရားရုံးအာဏာပိုင်များက အပြစ်မဲ့ရွာသားများကို အမှုဆင်၍ယခုလ ၂၄ ရက် နေ့တွင် မတရား ထောင်ဒဏ်များချမှတ်ခဲ့သည်။
မောင်းတောမြို့နယ်၊ သင်္ဘောကွဲရွာမှ ရွာသား(၁၂)ဦးကို ဗလီနှင့် အစ္စလာမ်ဘာသာရေး အခမ်း အနားပြုလုပ်သည့်နေရာ ပြင်ဆင်မွမ်းမံသည့်အတွက် ယခုကဲ့သို့ မောင်းတောမြို့နယ် တရားရုံး က ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထောင်ဒဏ်ကျခံရသူများမှာ သင်္ဘောကွဲရွာမှ အသက် (၄၀)အရွယ် ဟာရှင်အူလက်၊ မိုဟာမက် ရိုဖစ်၊ ဆယဒ်ယူလက်။ အသက် (၅၀)အရွယ် လက်တစ်ဖ်မစ်ထရီ၊ နျူရာမိုဟာမက်၊ နျာအစ္စလမ်၊ ရာဟာမက် အူလက်(၃၀ နှစ်)နှင့် အခြား(၅)ဦးတို့ ဖြစ်ကြပြီး ကျေးရွာဥက္ကဌဖြစ်သူ ခိုဘာအာမက်(၅၀ နှစ်) သည် နစကနှင့် ရဲတပ်ဖွဲ့တို့၏ ဖမ်းဆီးခံမှုကို တိမ်းရှောင်နေရကာ ဝရမ်းပြေးဖြစ်နေ သည်ဟု ရွာသားတဦးကပြောသည်။

နစက (၈)သို့ မကြာခင်က အသစ်ပြောင်းရွေ့လာသော တပ်မှူးသည် ဗလီနှင့် အစ်ဒ်နေ့ အခမ်း အနားလုပ်သည့် အဆောက်အဦးပြန်လည်ပြုပြင်သည့်နေရာကို “နစက အင်အား(၁၀) ယောက် လောက်ရှိတယ်။ သူတို့ရောက်လာပြီး ဒီမှာ ဗလီကိုပြင်နေတဲ့ ရွာသား(၁၂)ယောက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က နစက စခန်းကိုခေါ်သွားတာလေ၊ အရင်က (နစက) တပ်မှူးဟောင်း ဗိုလ်မှူးက ထုတ်ပေးထားတဲ့ ခွင့်ပြုမိန့်နဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ပြတာ လည်း လက်မခံဘူး။ အဖမ်းခံရတဲ့ သူတွေကိုတော့ နစကစခန်းမှာ (၁၀)ရက်လောက် ချုပ်ထား ပြီးမှ မောင်းတော ရဲစခန်းကို ပို့လိုက်တာ” ဟု အဖမ်းခံရသူတဦး၏ အစ်ကိုက ပြောသည်။
ရခိုင်ပြည်နယ်တွင် အာဏာပိုင်တို့က ရိုဟင်ဂျာအသိုင်းအ၀ိုင်းတွင် ဘာသာရေးကျောင်းများနှင့် အိမ်များကို ပြင်ဆင်ဆောက်လုပ်ခွင့်ကို မပေးသည့်အပြင်ဒေသခံများကို ရခိုင်ပြည်နယ်အတွင်း မနေနိုင်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management