နွဲ့ဆိုးကြီးများသို့ အိပ်ဖွင့် ပေးစာ
ကျွှန်တော်၏ မဖြစ်စလောက် အတွေ့ အကြုံအရ ဟု နိဒဏ်ပျိုးရမည်ပင်ဖြစ်ပါသည်။သို့သော်
တချို့သော ကိစ္စ ဝိစ္စ တို့သည် အနည်းငယ် အရည်အချင်းရှိသူများ အဖို့ ထိုမဖြစ်စလောက် အချိန်သည်အားလုံးအား ခြုံငုံ သုံးသပ် မိစေသည် ။ ခြုံငုံ သုံးသပ်ခြင်းဆိုသည်မှာ လက်ရှိ အခြေအနေ အားယေဘု ရာအားဖြင့်အရေးကြီးသော အချက်အလက် များကိုသာရွေးချယ်သုံးသပ်ခြင်းဖြစ်ပြီးစစ်ဆေးတည်ဖြတ်ခြင်းမှာ အချက်အလက်တိုင်းအား စနစ်တကျ စစ်ဆေး ခြင်းဖြစ်သဖြင့် အချိန်နှင့် ကျွမ်းကျင်မှူ့သည် အရေးကြီးလှပါသည်။ ဥပမာအားဖြင့် ဗီဂိတ် ခြောက်လ ရေးသော soft ware တစ်ခုအား ဈေးကွက်သို့တင်
ခွင့် ရရန်အစိုးရဌာနမှ ပြန်လည်စစ်ဆေးတည်ဖြတ်ရာတွင် သုံးနှစ်ကြာခဲ့ပါသည်။ကျွှန်တော်သည်လက်ရှိ မြန်မာအစ္စလမ်ထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့အတိုင်းအတာအား ခြုံငုံသုံးသပ်မိခြင်းသာ ဖြစ်ပါသည် အချိန်နှင့် ကျွမ်းကျင်မှူ့အား အခြေခံ၍ စစ်ဆေးတည်ဖြတ်ချင်း မဟုတ်ပါသဖြင့် ကျွန်တော်၏ တင်ပြမှူ့တို့အား ခြောက်ပြစ်ကင်း သလဲစင် ဟု မဆိုလိုပါ။သို့သော် နံကြားလက်ထောက် ၍ ရေးသော အကြားအမြင်ရ false space သမားတော့ မဟုတ်ပါ။တချို့ သက်သေ အထောက်အထားများအား ရေရှည် အကျိုအား ကြည့်၍ ပုဂ္ဂိုလ်ရေးရာသိက္ခာများအားထောက်၍ အစ္စလမ်တရားတော်နှင့် ချိန်ညိ့၍ နှိင်ငံရေးဆောင်းပါးများ ရေးသကဲ့ သို့ လမ်းကောင်း၍ ဒုံးမောင်းသည်ဟု၍ မရပါ ။ လုပ်၍ မရပါ ။အစ္စလမ် ဘာသာ၏ rule and law ကိုရေးခြင်းမဟုတ်သော်လည်း အစ္စလမ်ဘာသာဝင် ကျွှန်တော်တို့အားလုံး၏ အရေးကြီးလှသည့် စည်းလုံးညီညွတ်မှူ့အား သုံးသပ်တင်ပြ သဖြင့် အတော်အတန် အန္ဒရာယ်ကြီး၍ တာဝန်ကြီးလှပါသည်။ကျွန်တော်၏ အရည်အချင်းလောက်နှင့် ၏ဆောင်းပါးအား မရေးလျှင် ပိုကောင်းမှန် သိသော်လည်း တဖတ်သတ်ကြီး အောင်ပွဲးခံသွားသော (သို) ညီအကို စိတ်ဓာတ်ထက် ပြိုင်ဆိုင်လိုမှူ့ ဘက်သို့ အားသာနေသော နွဲ့ ဆိုးကြီးများအား ၎င်းတို့ မေ့လျှော့နေသော (သို) မေ့မေ့လျှော့လျှော့ ထားလိုက်သော အစ္စလမ်၏ လက်ရှိအခြေအနေအား တင်ပြလိုသော ဆန္ဒတစ်ခု မည်သိုမျှမျိုသိပ် မရပါသဖြင့် ဖွင့်ထုတ်လိုက်မိခြင်းသာဖြစ်ပါသည်။အစ္စလမ် လူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့ဟု ဆိုရာတွင် မြန်မာပြည်မျိုးနွယ်ပေါက် ပြည်တွင်းပြည်ပ မှ အစ္စလမ်အားလုံး အကျုံးဝင်သည်ဖြစ်သော်လည်း ပြည်တွင်း ရှိ အစ္စလမ်များ၏ စည်လုံးညီညွတ်မှူ့ သည် အဓိက အရေးကြီးပါသည်။ပြည်ပမှ အစ္စလမ် ချစ်သူများ အဖွဲ့အစည်းတွေ ဘယ်လောက်ပင် ဖွဲ့ဖွဲ့ ပြည်တွင်းမှ အစ္စလမ်များ တစ်ဦးကိုတစ်ဦး (သို) တစ်ဖွဲ့ကိုတစ်ဖွဲ့နင်ဘာလဲ ငါဘာလဲ လုပ်နေကြရင်တော့ ပြည်ပမှ ပုဂ္ဂိုလ်များ မည်သို့ပင် အောင်မြင်ပါသည်ဟု ဆိုစေကာမှူ့ တကယ်အစ္စလမ် လူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့ အား အကျိုးသက်ရောက်သည်ဟု ဆို၍ မရသေးပါ။သို့သော် ပြည်ပ မှ အစ္စလမ် အဖွဲ့ အစည်းများသည် ပြည်တွင်း အစ္စလမ် အဖွဲ့အစည်း များထက် ပို၍ လွတ်လပ်စွာ စည်းရုံးခွင့် ၊ သတင်းဖြန့်ဝေခွင့် စသည်ဖြင့် အခွင့်အရေးပို၍ ရှိကြသည် အလျှောက် အရေးကြီးလှသည့် အစိတ်အပိုင်းဖြစ်ပါသည်။ထို့ကြောင့် ပြည်ပမှ အစ္စလမ် အဖွဲ့အစည်းများအနေ နှင့် မိမိတို့ အဖွဲ့အစည်း ၏ ဦးတည်ချက် ရည်ရွယ်ချက်များတွင် မြန်မာပြည်တွင်းမှ အစ္စလမ် ထု တစ်ရပ်လုံးအတွက်ပါ အမှန်တကယ် အကျုံးဝင်ထိရောက်စေ
မည့် အချက်များ ဦးစားပေး ရေးဆွဲးသင့်ပါသည်။ယခုလက်ရှိ အခြေအနေအရ မြန်မာပြည်တွင်း ရှိ အစ္စလမ် အဖွဲ့အစည်းများသည် အပေါ်မီး အောက်မီးဖြင့် အဖုတ်ခံရသော ဘီးမုန့် ကဲသို့ပါ။အထက်ကို သတိထား၍ အောက်ကို လဲ ယုံ၍ မရသော ဘေးကြပ် နံကြပ် အခြေအနေများ နှင့် အ ဖွဲ့ အစည်းတစ်ခုတွင် အရေးကြီးလှသည့် ယုံကြည်မှူ့ ဆိုသည်ကို ထိထိရောက်ရောက် ဖန်တီး၍ မရဖြစ်နေကြပါသည်။နှစ်ပေါင်းအတော်ကြာကရှိခဲ့သည့် အင်အားကြီးခဲ့သော အဖွဲအစည်းများသည် အားပျော့လာကြသည်။အင်အားအတော်အသင့်ရှိသောအဖွဲ့အစည်းတို့သည်နာမည်သာကျန်တော့သည်။
အဖွဲ့အစည်းအသစ်များထပ်၍ဖွဲ့စည်းခွင့် မရှိတော့ပါ။ လူအများစု မဆိုထားနှင့် အစ္စလမ်ဘာသာဝင် မိသားစုတစ်စု နှင့် တစ်စု တစ်ဦးနှင့် တစ်ဦးပင် နွေးထွေးသည့် ညီနှောင် အသွင်သဏ္ဌန် မရှိကြတော့ပါ။နားလည်မှူ့ အပြန်အလှန် မရှိတော့ပါ။ဤ သည်မှာ ကျွှန်တော်တို့ အစ္စလမ် ထု တစ်ခုလုံး၏ ကြီးမားသော ဆုတ်ရူတ်မှူ့ပင်ဖြစ်သည်။ထို ပြသနာအား ဖြေရှင်းရန် မှာ ရဲဝံ့စွာ ပွင့်ပွင့် လင်လင်း ရှေ့မှ ၇ပ်တည် ပြောဆိုစည်းရုံးရဲသော အစ္စလမ်ကိုတရားနည်းလမ် ကျကျတန်ဖို ထားတတ်သောခေါင်းဆောင်များ လိုအပ်ပါသည်။ခေါင်းဆောင် ဖြစ်ချင်သူများမဟုတ်ပဲ အများက ခေါင်းဆောင်နေရာ တွန်းပို့ခြင်း ခံရသူများ ပို၍ လိုအပ်ပါသည်။ခေါင်းဆောင်ဟု ဆိုရာတွင် ဘာသာရေး ပညာရှင် ၊ ခောတ်ပညာ ရှင် ဟု ခွဲခြားနေမည့်အစား ခေါင်းဆောင် အရည်အချင်းနှင့် ပြည့်စုံ ရန်သာအရေးကြီးပါသည်။အဘယ်
အဖွဲ့အစည်းအသစ်များထပ်၍ဖွဲ့စည်းခွင့် မရှိတော့ပါ။ လူအများစု မဆိုထားနှင့် အစ္စလမ်ဘာသာဝင် မိသားစုတစ်စု နှင့် တစ်စု တစ်ဦးနှင့် တစ်ဦးပင် နွေးထွေးသည့် ညီနှောင် အသွင်သဏ္ဌန် မရှိကြတော့ပါ။နားလည်မှူ့ အပြန်အလှန် မရှိတော့ပါ။ဤ သည်မှာ ကျွှန်တော်တို့ အစ္စလမ် ထု တစ်ခုလုံး၏ ကြီးမားသော ဆုတ်ရူတ်မှူ့ပင်ဖြစ်သည်။ထို ပြသနာအား ဖြေရှင်းရန် မှာ ရဲဝံ့စွာ ပွင့်ပွင့် လင်လင်း ရှေ့မှ ၇ပ်တည် ပြောဆိုစည်းရုံးရဲသော အစ္စလမ်ကိုတရားနည်းလမ် ကျကျတန်ဖို ထားတတ်သောခေါင်းဆောင်များ
ကြောင့် ဆိုသော် တစ်ချို့သော ပုဂ္ဂိုလ်တို့သည်အင်္ဂလိပ်စားမကျွမ်းကျင်လျှင် အထင်မကြီးတတ်ကြပေ။ တစ်ခါကကျွန်တော်၏သူငယ်ချင်းတစ် ယောက်အား Email ပို့ရာတွင် စလုံးပေါင်းမှား ရေးမိသဖြင့် you are short sight ဟု အပြားခံ၇ဘူးပါသည်။ထိုသို့ ပြောသူသည် US(သို)UK တွင် နေထိုင်လို၍ အလွန် ဘို ဆန်ချင်သူ ဖြစ်တန်ကောင်း၏ ။ အာနာဖို့ကောင်းသည်မှာ ကျွန်တော်တို့သည် သူထင်ထားသကဲ့သို့ ဘိုရှူးများမဟုတ်ပါ။အင်္ဂလိပ်စာသည် ဘာသာစကား တစ်ခုသာ ဖြစ်၍ လူတစ်ယောက်၏ အရည်အချင်းအား အင်္ဂလိပ်စာကျွှမ်းကျင်မှူ့ ဖြင့် တိုင်းတာ ၍ မရဟု ထင်၏။အချိန်အနည်းငယ်ပေး၍ လေ့လာလျှင် စကားရေလုပွဲ ဝင်ပြိုင်၍ ရပါသည်။ယခုအခါတွင် အင်္ဂစာဖြင့်ရေးသားထားသော စာပေများအား translate Google .com မှ past လုပ်၍ click တစ်ချက်နှိပ်ရုံဖြင့် အာရဗီ စကား ၊ မလေးရှားစကား ၊အင်ဒိုနီးရှား စသည်ဖြင့် ဘာသာစကားအတော်များများအား စက္ကန့်ပိုင်းအတွင်း ဘာသာပြန်ဖတ်ရှူ့နှိင်ပါပြီး။ မြန်မာ စကားအား ထည့်သွင်းရန် Google သို့တောင်းဆိုထားပြီးဖြစ်ပါသည်။အစိုးရကောင်းလျှင်မကြာခင်မြန်မာလိုပါဘာသာပြန်ပေးတော့မှာပါ။ဘိုရှူးများ မြန်မာစာပြန်လေ့လာရန် အချိန်တန်လာတော့မှာပါ။တိုင်းတပါးသားများအား အထင်ကြီးလွန်ခြင်းထက် ကိုယ့် အမျိုးအား တိုင်းတပါးသားများက အထင်မသေးဖို့က ပိုအရေးကြီးပါသည်။သူတစ်ပါးအား အားကျ၍ အချိန်ကုန်နေခြင်းထက် ကိုယ်အရည်အသွေးအား မြင့်သထက်မြင့်အောင် လက်တွေ့အကောင်းအထည် ဖော်ခြင်းက အကျိုးရှိပါသည်။လက်ရှိ ခေါင်းဆောင်ဟု ကင်ပွန်းတပ်ထားသူများ တက်တက်ကြွကြွ ပြေးတက်လာသော လူငယ်များအား နားလည်မှူ့ အပြန်အလှန်ဖြင့် လက်တွဲး ခေါ်သင့်ပါသည်။ ဘိုလိုမှူတ်၍ အရှူးကွက်မနင်းသင့်ပါဘူ။လူငယ်များအနေနှင့်လည်းစိတ်ရှည်သိခံ၍ထိထိရောက်ရောက်ပညာယူသင့်ပါသည်။
ကိုယ်ထက် သဘာရင့်သူအား ပခုံးချင်း တန်းမရှင်သင့်ပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန်အတွက်နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရန်အရင်ကြိုးစားရမည်ပင်ဖြစ်ပါသည်။ပ
ညာလိုရင် ကျွှန်တောင်ခံရသည်ဟု ကြားဖူးပါသည်။အဲ့ဒါရှေ့ ဘုရင်ခောတ်ကပါ ။ယခု globalization Information Technology ခောတ်တွင်တော့ ကျွန်ခံ၇မည်ဆိုက ဆ၇ာများအားလုံး အလုပ်လက်မဲ့ ဖြစ်သွားမှာပါ။ကျွှန်မခံလို့လက်ဆင့် မကမ်းနှိင်ပါဆိုလျှင်သူတို့ပညာများအားအရင်းအတိုင်းနောင်တမလွန်အထိယူသွားရန်သာရှိပါ သည်။ထို့ကြောင့် လက်ဆင့်ကမ်းသူနှင့် လက်လွဲးဆက်ခံသူ နှစ်ဦးနှစ်ဖက် သဟဇာတ ရှိရန်အထူးအရေးကြီး၏။ထို့သိုမဟုတ်က တပည့် မကောင်းဆရာ့ခေါင်း ၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်သာဖြစ်စေပါသည်။ဤအချက်သည်လည်း ကျွှန်တော်တို့ အစ္စလမ်လူထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှူ့ အားပိုမိုတိုးတက် စေရန်အဓိကအခန်းကဏ္ဏမှပါဝင်သောအ
ချက်ဖြစ်သည်။ နောက်ထပ်အရေးကြီးသော အချက်တစ်ခုမှာ ငွေကြေးချမ်းသာမှူ့ရှိသူများအား ၈၀% အော်တိုမက်တစ် အထင်ကြီးသော ကိစ္စဖြစ်ပါသည်။ချမ်းသာသူအားလုံး လူညံ မဟုတ်ကြပါ သို့သော် ချမ်းသာတိုင်း အရည်းအချင်းရှိပြီးသားဟု တစ်ထစ်ချယုံ၍ ပုံမအပ်သင့်ပါ။ အဘယ်ကြောင့် ဆိုသော် ငွေအကြောင်း ပြော၍ အစ္စလမ်အကြောင်း မေ့နေသော ခေါင်းဆောင်ဟု ဆိုသူများ မကြာခဏ ကြုံဖူးသောကြောင့် ဖြစ်ပါသည်။တချို့သော သာသာရေး၊လူမှူ့ရေးကိစ္စများအား စည်းပွားတွက် တွက် မိလျှင် ရေရှည်အတွက် မကောင်းပါ။ နောက်တစ်ချက်မှာ လူတစ်ဦး (သို) အဖွဲ့အစည်း တစ်ခုအား ၎င်းတို့၏ ရည်ရွယ်ချက်အမှန်အား အသေအချာ လေ့လာမှူ့ မရှိ ၊ ခိုင်လုံသည့် သက်သေမ၇ှိပါပဲလျှက်မိမိ၏ ထင်မြင်ချက်အား တရားလွတ် ဝေဖန်ခြင်း ၊သတင်းတဆင့်ဖြန့်ဝေ ခြင်းအား ရှောင်သင့်ပါသည်။ထိုမီးဆ မျိုးသည် ကျွှန်တော်တို့ အစ္စလမ် ထုတစ်ခုလုံ၏ စည်းလုံးညီညွတ်မှူ့အား တမဟုတ်ချင်း ပြာကျ သွားနှိင်ပါသည်။ထို့အပြင် ကျွှန်တော်တို့ အစ္စလမ်ဘာသာဝင်များ ထည်းမှ ဘာသာရေး ၊ လူမှူ့ရေး ၊ ပညာရေး ၊ နှိင်ငံရေး စသဖြင့် ကဏ္ဏ အသီးသီးတွင် ဦးစီးဦးဆောင်လုပ်နေသော ခေါင်းဆောင်းများသည်ကျွှန်တော်တို့လို မနေ့တနေ့ ကမှပေါက်သော လူငယ် များနှင့် ထိတွေ့ မိသောအခါ လိုအပ်သလောက် ပွင့်လင်းဖော်ရွေမှူ့မရှိခြင်း ၊ လူငယ်များထက်ပင် အထိမခံ sensitive ဖြစ်နေတတ်ကြပါသည်။ဤ နေရာ တွင် ကျွှန်တော် လူငယ်များ ရှူ့ထောင့်မှ တင်ပြချင်သည့် ကိစ္စအနည်းငယ်ရှိပါသည်။ယခုခောတ် လူငယ်အများစုသည် လူနေမှူ့ အဆင့်အတန်း ၊နည်းပညာ များ တိုးတက်သည်နှင့်အမျှ ရှေးခောတ်လူငယ်များကဲ့သို့ ကိုယ်အမှူအရာ နုတ်အမှူအရာ နူးညံသိမ်မွှေ့မှူ့ မရှိတာတော့ အမှန်ပါ အဘယ်ကြောင့် ဆိုသော် ယခုခောတ်လူအတော်များများသည် ယခင်ခောတ်လူများကဲ့သို့ယဉ်းကျေးတိုင်း လူရာသွင်းတတ်ကြသည်မဟုတ်သောကြောင့်ဖြစ်ပါသည်။အသည် ၊ကြောက်သည်ဟုပင် ထင်တတ်သူများရှိပါသည်။ယခုခောတ်လူတော်တော်များများသည် အကောင်သေးရင် ဆွဲးစားမယ် အဆွယ်ပါရင်တော့ မျှစားမယ်ဆိုသူများပင်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ထိုအခါ ဆွဲးစားခံရဖူးသောလူငယ် တစ်ချို့ သည်ပွဲစထွက်သည်နှင့်ဆေးမင်ကြောင်ပြထားသည့်သဘောသာဖြစ်ပါသည်။
သို့သော်အတော်များများမှာအလိမ်မခံရအောင်ဟန်ဟန်ကိုယ့် အဖို့လုပ်နေကြခြင်းသာဖြစ်၍စိတ်ဓာတ်ကောင်း
ကြပါသည်။ယခုခောတ်ပေါက်လူငယ်အတော်များများမှာ ကာရံ မဲ့နေကြပေမယ့် အဘိဓမ္မာ မမဲ့ ကြပါ။ တချို့ လူကြီးများ(သို)ခေါင်းဆောင်များသည် ဤအထာကို မေ့လျှော့၍် ဗြူဟာပေါင်းစုံဖြင့် လူရာမဝင်ရလေအောင် ဖယ်ထုတ်တတ်ကြသည်။အမှန်တကယ်တွင်မှားသည်ကိုပြင်ပေး၍စိတ်ရှည်ရှည်ထားလက်တွဲးခေါ်သင့်ပါသည်။
အနာဂတ်အစ္စလမ့်အကျိုးမျော်၍ နည်းမှန်လမ်းမှန်ဦးဆောင်နှိင်သောခေါင်းဆောင်လောင်းများဖြစ်စေရန် အနစ်နာခံ ပညာပေးသင့်ပါသည်။ boy ဆိုသည့် အသုံးအနှူန်းသုံး ၍ ကိုယ့်ငါးချဉ် ပဲ ကိုယ် မချဉ်သင့်ပါဘူး။ခေါင်းဆောင်ကောင်တို့ ၏ အရည်အသွေးများထည်းတွင် အဲ့ဒီဗြူဟာမပါတာတော့ လူတိုင်းသိပါကြပါသည်။ အထက်တွင် ကျွှ့န်တော်တင်ပြခဲ့သော အချက်များသည် Phd သမားများအား က ကြီး ခခွေး ရွတ်ပြသကဲ့သို့ ဖြစ်ကောင်း ဖြစ်နေပါသည်။သိုသော် ထိုဆရာကြီးများသာ က ကြီးခခွေး မေ့တတ်ကြပါသည်။မူလတန်းကျောင်းသားများ မမေ့ကြပါ။ထို့ ကြောင့် အနန္ဒ တန်ခိုးတော်၇ှင် အလ္လာ၇ှင်၏ ကိုယ်စီကိုယ်စီ ပေးအပ်ထားပြီးဖြစ်သော အကလ် (ဥဏ်)အား အစ္စလမ်လူထုတစ်ရပ်လုံးအတွက် အကျိုးရှိရှိ အသုံးချနှိင်ကြပါစေဟု ဆုတောင်းရင်း..........
မိုဟမ္မဒ် ဇဟာရီ
ရိုဟင်ဂျာများ အစာငတ်ခံ ဆန္ဒပြ
၂၀၀၈ ခုနှစ်အတွင်း ထိုင်းရေပိုင်နက်မှတဆင့် ခိုးဝင်လာသော ရိုဟင်ဂျာများကို ထိုင်းအာဏာပိုင်များက ဖမ်းမိထားစဉ် (ဓာတ်ပုံ - ရိုက်တာ)မူရင်းသတင်း ဧရာဝတီ
ထိုင်းနိုင်ငံတွင် အထိန်းသိမ်း ခံနေရသော မြန်မာ ရိုဟင်ဂျာများသည် ၎င်းတို့အား နေရပ်ပြန်ပို့ ပေးရန်အတွက် အစာအငတ်ခံ ဆန္ဒပြ တောင်းဆိုနေ ကြကြောင်း သိရသည်။“အစာငတ်ခံ ဆန္ဒပြတာ ၆ ရက် လောက်ရှိပြီ။ လာမယ့်အပတ်အထိ ပြန်မပို့သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် ကြမယ်လို့ ပြောကြတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်မှု ထိုင်း လှုပ်ရှားရေး ကော်မတီမှ လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။ထိုင်းရှေ့နေ တဦးဖြစ်သူ Nassir က ရိုဟင်ဂျာများကို ထိုင်းအစိုးရ အနေဖြင့် နေရပ် ပြန်ပို့ပါက လူ့အခွင့်အရေး ထပ်မံ ချိုးဖောက် ခံရမည်ကို NGO အဖွဲ့အစည်း များနှင့် ရိုဟင်ဂျာ အရေး ဆောင်ရွက် ပေးနေသော ရှေ့နေများက စိုးရိမ်နေကြ သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ရိုဟင်ဂျာ ၂၈ ဦးကို ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ပြန်ပို့ ခဲ့ကြောင်း သိရသည်။
“ဖမ်းမိတဲ့ အချိန်ကစပြီး အခု အချိန်အထိ သူတို့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ ဘက်က ပျော့ပြောင်းမှု မရှိဘူး။ ကာကွယ်မှု မရှိဘူး။ ဒါကြောင့် သူတို့ ကိုယ်နှိုက် ကလည်းမနေနိုင်တော့ဘူး၊ ပြန်မယ် ဖြစ်လာတယ်” ဟု ဦးမြင့်ဝေက ဆက်ပြောသည်။
၎င်းတို့ကို ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းထားစဉ် ၂ ဦးသေဆုံးသွားပြီးနောက်ပိုင်း ကျန်ရှိနေသော ၅၅ ဦးကို ယခုအခါတွင် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC) တွင် ပြောင်းရွှေ့ ထိန်းသိမ်းထားသည်ဟု သိရသည်။
ယခင်က အဆိုပါ ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်လာခဲ့ရာ ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိပြီး နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ရိုဟင်ဂျာများကိုယ်တိုင်က နေရပ်ပြန်မပို့ရန်နှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ဖူးသည်။
ရိုဟင်ဂျာများသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသမှ အစ္စလမ် ဘာသာဝင်များ ဖြစ်ပြီး နိုင်ငံသားများ အဖြစ် သတ်မှတ် ခံရခြင်း မရှိပေ။ မြန်မာအာဏာပိုင်များ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ စု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်း လာရာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် နိုင်ငံပြင်ပသို့ အရဲစွန့် ထွက်ခွာကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပ နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ၊ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ပြင်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။
ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိခဲ့သည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်ဟု ဆိုသည်။ ၂ဝဝ၅ -၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု သိရသည်။
အရှင်ရာဟုလာ (မစိုးရိမ်)
“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။
“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး
အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
ဒီနေ့ကမ္ဘာမှာလည်း တက္ကသိုလ်တွေကနေ ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေကို ညှိနိုင်းဆွေးနွေးတဲ့ ပြဌာန်းစာတွေ သင်ကြားပို့ချပြီး၊ လက်မှတ် certificate တွေ၊ ဘွဲ့ ဒီဂရီတွေ ပေးနေပါပြီ။ အောက်ဖေါ်ပြပါ ၀က်ဘ်ဆိုဒ်လင့်ခ်တွေကို ဖွင့်ကြည့်နိုင်ပါတယ်။ ဘာသာတရားတွေ သဟဇာတဖြစ်မှုကို ဒီနေ့ကမ္ဘာက သင်ကြားပေးနေပါပြီ။
ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ နအဖက သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ နအဖက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို စစ်အစိုးရက ဘုရားဝမ်းဗိုက်ဖောက်ကာ ဌာပနာတွေကိုယူတာ ပြည်သူတွေသိသွားတဲ့အချိန်တုန်းကလည်း ကုလား - ဗမာအဓိကရုဏ်းလုပ်ပြီး လမ်းလွှဲခဲ့တာပါ။
မစိုးရိမ်တိုက်သစ်က ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အဖမ်းခံရတုန်းက အဖြစ်ပျက်တစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ဦးဝီရသူ အဖမ်းခံရတော့ မစိုးရိမ်တိုက်သစ်က သံဃာတွေဟာ ဆန္ဒပြဖို့ ညကြီး ထွက်လာကြပါတယ်၊ မစိုးရိမ်တိုက်ဟောင်းက သံဃာတွေကို ထွက်လာဖို့ ဆန္ဒပြဖို့  အစပြုတဲ့ သံဃာတွေက ခေါ်နေတုန်း၊ ဒီတီ DT ဆိုင်ကယ်နဲ့ ဒကာတစ်ယောက်ကလည်း သံဃာတွေထွက်လာဖို့ ၀ိုင်းစည်းရုံးပါတော့တယ်။ အဲဒီအချိန်မှာ ကျောင်းပတ်ဝန်းကျင်တွေမှာ စစ်တပ်ချထားပြီးပါပြီ။ သက်တော်ကြီး သံဃာတစ်ပါးက ဒီဆိုင်ကယ် ဘယ်လိုလုပ် ကျောင်းဝန်းထဲဝင်လာတာလည်း ဖမ်းစမ်းဆိုပြီး ဖမ်းခိုင်းတော့ အဆိုပါ ဆိုင်ကယ်သမားဟာ ထွက်ပြေးသွားပါတော့တယ်။
ဒီဆိုင်ကယ်သမားကို သိလားဟေ့လို့ မေးတော့ သံဃာတစ်ပါးက မစိုးရိမ်တိုက်သစ်က ဘုန်းကြီး ဦးဝါသေဋ္ဌ ကားမောင်းတဲ့ကောင်လို့ ပြောပါတယ်။ ဘုန်းကြီးတွေကြားထဲမှာ ထောက်လှမ်းရေးထည့်ထားတာပါ။ အဲဒီည ဆန္ဒပြပွဲမှာ စစ်တပ်က ပစ်လို့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်၊ သံဃာတစ်ချို့လည်း ဆေးရုံရောက်ခဲ့ပါတယ်။ အခုတော့ ဒီ ဆိုင်ကယ်သမား (ကားသမား) ဟာ ခင်ညွန့်တပည့်ဆိုတာ သံဃာတွေ အားလုံးက သိသလို၊ သူနေတဲ့ရပ်ကွက်ကလဲ သိနေပါတယ်၊ ခင်ညွန့်ပြုတ်တော့ သူလည်း ငုတ်တုပ်၊ အလုပ်မရှိ အကိုင်မရှိ၊ လူ့အမုန်းခံဘ၀မှာ ရောက်နေရှာတော့တယ်။ မစိုးရိမ်တိုက်သစ်က ဘုန်းကြီးတွေနားမှာ ကပ်နေတဲ့ ထောက်လှမ်းရေးတွေ ပေါ်ကုန်ပါတယ်။
အာဏာရှင်တွေ၊ နယ်ချဲ့တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းတွေဖြစ်တိုင်း လူမျိုးရေး သွေးခွဲတာတွေ၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လုပ်တာတွေဟာ သူတို့ရဲ့ ဗျူဟာတစ်ခုပါ။
အင်္ဂလိပ်လက်ထက်က ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာလည်း နယ်ချဲ့ ကအင်္ဂလိပ်က၊ ကုလား - ဗမာ အဓိကရုဏ်း ဖန်တီးလိုက်လို့ ကျောင်းသားတွေ ငြိမ်အောင် အဲဒီတုန်းက သမ္မတလုပ်နေတဲ့ ဒေါက်တာဘမော်ကို ခေါ်ပြီး မိန့်ခွန်းပြော ထိန်းခိုင်းခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။ ယခုအာဏာရှင်တွေက ဒီလို လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။
အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။
အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။
ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။
ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထား ဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။
ယခုတစ်လောမှာ အင်တာနက်စာမျက်နှာတွေ အီးမေးလ်တွေမှာ စီဘောက်ထဲမှာ ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှု နဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
အင်တာနက်စာမျက်နှာထဲ အီးမေးတွေထဲ စီဘောက်တွေထဲမှာ ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင်၊ လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ရေးသားနေတာ တွေ၊ ဘလော့တွေလုပ်နေတာတွေ၊ မေးလ်တွေ တွေ့နေရတာဟာ ဘယ်သူတွေလုပ်နေတာလဲဆိုတာ ဒီဆောင်းပါးက သိစေချင်တာပါ။ သံဃာ့ကိစ္စပေါ်တိုင်း အမြဲလက်ရှောင်နေတဲ့ နိုင်ငံတော်သံဃာမဟာနာယ အဖွဲ့ကို အာဏာရူးနအဖတွေက ဘာရည်ရွယ်ချက်နဲ့ဖွဲခဲ့သလဲဆိုတာ မီးမောင်းထိုးပြချင်တာပါ။
တကယ်တော့ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်တိုင်းမှာ စွမ်းရည်လည်းရှိ၊ ပညာလည်းပြည့်တဲ့ ဆရာတော်ကြီးတွေ အဆက်မပြတ်ပေါ်ခဲ့ပါတယ်၊ ဒီလူသားအရင်းမြစ်တွေကို အုပ်ချုပ်သူအဆက်ဆက်တို့ ညံ့ဖြင်းမှုကြောင့် တတိယ သံဃာယနာတင် ဥက္ကဋ္ဌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်တို့လို ဘုရင့်သားတော် သမီးတော်တွေကို သာသနာ့ဘောင်မှာ တာဝန်ပေးနိုင်သော၊ နိုင်ငံ၏ ပေါ်လစီတွေနဲ့ နိုင်ငံအသီးသီးကို ဗုဒ္ဓသာသနာပြန့်အောင် လုပ်နိုင်သော၊ အုပ်ချုပ်သူတို့ကို ဆုံးမနိုင်သော ဆရာတော်များ အခုချိန်ထိ မပေါ်ပေါက်သေးပါကြောင်းလည်း ရေးသားတင်ပြအပ်ပါတယ်။
ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်အကာကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
အရှင်ရာဟုလာ (မစိုးရိမ်)
လွတ်လပ်အေးချမ်းရာသို့ ဦးတည်သည့် ခရီးရှည်
[အင်ဒိုနီးရှား သတင်းထောက်တစ်ဦးမှ ရိုဟင်ဂျာများအတွက် အင်ဒိုနီးရှား အစ္စလမ်းဘာသာရေးအဖွဲ့အစည်းများသို့ အကူအညီတောင်းပေးသော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ထိုဆောင်းပါးအား အင်ဒိုနီးရှားအစ္စလမ် အွန်လှိုင်းသတင်းတွင် အင်ဒိုနီးရှား ဘာသာဖြင့် တွေ့ရှိခဲ့ပါသည်။ကျွှန်တော် အတတ်နှိင်ဆုံး မြန်မာမှူ့ ပြုထားပါသည်။]
JALAN PANJANG MENUJU KESELAMATAN
လွတ်လပ်အေးချမ်းရာသို့ ဦးတည်သည့် ခရီးရှည်
Imam Husen (34) mengatupkan kedua telapak tangannya dan meletakkan di
dada. Mulutnya melafalkan Surat Yasin dengan perlahan dan suara lirih.
Dari kedua sudut matanya menetes air mata.
အီမန် ဟူစိန် (၃၄) နှစ် , လက်ဖဝါး နှစ်ဖက် ဖြင့် ရင်ဘတ်ကို ထု၍ နွမ်းလျှ တုံရင်နေသောအသံဖြင့် စူရာယာစင် အား နုတ်မှ တဒွတ်ဒွတ် ရွတ်ဆိုနေ၏။မျက်ဝန်းနှစ်ဖက်မှ မျက်ရည်တို့ တစိမ့်စိမ့် စီးတွေလျက်။
Imam Husen adalah salah seorang dari 193 warga Myanmar yang selamat
sampai perairan Indonesia. Berkat dua nelayan Desa Ie Meulee -
Sukajaya, Sabang, Ujang dan Nurdin, perahu layar yang digunakan para
pelarian asal Myanmar bisa bersandar dengan selamat di Dermaga
Pangkalan TNI Angkatan Laut, Sabang, Rabu (7/1/09) siang.
အီမန်ဟူစိန် မှာ ၁၉၃ ယောက်သော မြန်မာပြည်သား များနှင့် အတူ အင်ဒိုနီးရှာရေပိုင်နက်သို့ ရှောင်ပြေးလွတ်မြောက်လာသော သူတစ်ယောက်ပင်ဖြစ်ပါသည်။Ie Meulee Sukajaya ရွာသား သင်္ဘေားသား နှစ်ယောက်ဖြစ်သော Ujang နှင့် Nurdin တို့ ၏ ကောင်းမှူ့ဖြင့် မြန်မာပြည်မှ ၎င်းတို့ အသုံးပြုခဲ့သော လှေအား ဆာဘန်း Dermaga Pangkalan TNI ရေတပ် စခန်းသို့ ဗုဒ္ဓဟူးနေ့(၇/၁/၀၉) နေ့လယ်တွင် အန္ဒရာယ်ကင်းစွာ ပို့ဆောင်ပေးနှိင်ခဲ့သည်။
Ujang (37) menuturkan, semula ia takut melihat para penumpang kapal
tersebut. Ia mengira mereka perompak. "Tapi setelah mereka menggunakan
bahasa isyarat yang menyatakan kehausan dan kelaparan, saya berani
mendekat. Seluruh perbekalan saya berikan pada mereka," katanya.
Ujang (၃၇ နှစ်) ၏ အဆိုအရ , ပထမတော့ သူလည်းအဲ့ဒီလှေ ကို ခပ်ကြောက်ကြောက်ပါပဲတဲ့။၎င်းတို့အား ပင်လယ်ဓားပြများဟုထင်ခဲ့သည် ။သို့သော် ‘‘သူတို့က ရေနှင့် အစားအစာ ဆာလောင်မွတ်သိပ်ကြောင်း ဟန်အမှူအရာဖြင့် ပြောမှသာ အနားသို့ကပ်ရဲပါတော့တယ်။ကျွန်တော် စားစရာသောက်စရာတွေ သူတို့ကို ပေးခဲ့ ပါတယ်’’ဟု ပြောပါသည်။
Imam Huen dengan bahasa inggris patah - patah menjelaskan, dirinya
bersama ratusan orang asal wilayah Mondu, Myanmar, melarikan diri
karena tidak tahan kekerasan yang dilakukan junta militer. Selain itu,
kaum Muslim yang merupakan minoritas dalam struktur masyarakat Myanmar
dianiaya oleh junta militer dan masyarakat mayoritas.
အီမန်ဟူစိန်၏ အင်္ဂလိပ်စကားပြတ်တောက်ပြတ်တောက်ဖြင့်ပြောပြချက်အရ ၎င်းတို့သည် မြန်မာပြည် မုတုံ မှဖြစ်ကြောင်း ၊ မြန်မာစစ်အစိုးရ နှင့် တခြားဘာသာခြား ပြည်သူများ ၏ ရက်စက်ကြမ်းကြုတ်စွာ ကိုယ်ထိလက်ရောက် ပြုမှူဆက်ဆံ ညှဉ်ပမ်းနှိပ်စက် အုပ်ချုပ်မှူ့များအား မခံစားနှိင်တော့သည့်အဆုံး လွတ်ရာလွတ်ကြောင်း ရာချီသည့်လူများနှင့်အတူ ထွက်ပြေးလာရပါကြောင်းပြောပါသည်။
Husen menuturkan, wilayah tempat tinggal mereka dekat dengan perbatasan
Myanmar dan Bangladesh. Bahasa sehari - hari yang mereka gunakan bahasa
Urdu yang berbeda dengan bahasa mayoritas rakyat Myanmar.
ဟူစိန်၏ ပြောပြချက်အရ ၎င်းတို့သည် မြန်မာနှင့် ဘင်္ဂလား နယ်စပ်တွင်နေကြောင်း ၊ ၎င်းတို့နေ့စဉ်သုံးဆွဲသော ဘာသာစကားမှာ မြန်မာရိုရာစကားနှင့် ကွာခြား၍ အိုဒူ စကားဖြစ်ကြောင်း သိရသည်။
Husen menuturkan, ratusan pelarian asal Myanmar meninggalkan negara itu
awal Desember. Ada empat kapal layar, satu diantaranya berisi anak -
anak dan kaum perempuan, berlayar menuju Malaysia dan negara - negara
yang mayoritas penduduknya beragama Islam.
ထို့အပြင် ဟူစိန်၏ တင်ပြချက်အရ ၎င်းတို့ ရာချီသည့် ဒုက္ခသည်များသည် ဒ်ီဇင်ဘာလ အစောပိုင်ကတည်းက မြန်မာပြည်မှ ထွက်ပြေးလာကြောင်း၊စက်လှေလေးစင်းဖြစ်ကြောင်း နှင့် စက်လှေတစ်စင်းမှာ ကလေးနှင့်မိန်းကလေးများအား တင်ဆောင်လာကြောင်း၊မလေးရှားနှိင်ငံနှင့် တခြား အစ္စလမ်နှိင်ငံများသို့ ဦးတည်ရွက်လွင့်ခဲ့ကြောင်းသိရပါသည်။
"Pakistan, Afganistan, Saudi Arabia, Indonesia, Malaysia. Muslim. Yes",
katanya lirih.
‘‘ပါကစ္စတန်၊အာဖဂန်နစ္စတန်၊ဆော်ဒီအာရေဗီရ၊အင်ဒိုနီးရှား၊ မလေးရှား.မွတ်စလင် ရက်စ်’’ ဟု ပြေားပါသည်။
Dalam perjalanan, mereka sempat singgah dan masuk e perairan Thailand.
Namun, mereka diusir oleh Armada Angkatan Laut Thailand. "Kami
dipukuli, bahkan ada yang ditusuk senjata tajam," katanya.
၎င်းတို့၏ ခရီးတစ်လျှောက်တွင် ထိုင်းနှိင်ငံသို့ ဝင်ရောက်ဆိုက်ကပ်ခဲ့ပါသေးသည် သို့သော် ထိုင်းရေးတပ်မှ ၎င်းတို့အား မောင်းထုတ်ခဲ့ပါသည်။ ‘‘ ကျွှန်တော်တို့ကို ရိုက်နက်သည့်အပြင် ချွန်ထက်တဲ့ လက်နပ်တွေနဲ့လဲထိုးပါသေးတယ်’’ဟု ပြောပါသည်။
Husen menunjuk teman sekapalnya, Qadir, yang dianiaya tentara Thailand.
Luka tusukan benda tajam masih terlihat jelas.
ဟူစိန်၏ အဖော် ကာဒေ တွင် ထိုင်း စစ်တပ်၏ ချွန်ထက်သည့် လက်နက်ဖြင့်အထိုးခံထားရသော ဒဏ်ရာမှာ အထင်အရှားကြီးပင် ဖြစ်ပါတော့သည်။
Menurut dr. Togu Siburian, anggota tim medis RSUD Kota Sabang, para
pengungsi banyak mengalami trauma karena kekerasan benda tumpul.
ဆာဗန်း မြို့ RSUD ဆေးအဖွဲ့ဝင် ဒေါက်တာ Togu Siburian ၏ သဘေားမှာ ဒဏ်ရာပြင်းထန်သောဒုက္ခသည်တော်များများမှာလည်း မာကြောသည့်လက်နက်များဖြင့်ရက်နက်ခံထားရကြောင့်ပြောပါသည်။
Ajijullah, salah seorang pelarian juga menuturkan hal yang
sama. "perahu kami diusir dan kami dipukuli oleh anggota Angkatan Laut
Thailand saat mengisi bahan bakar dan tambahan logistik," katanya.
ထွက်ပြေးတိမ်းရှောင်သူတစ်ယောက်ဖြစ်သော အဇီဇွလ္လာ မှာလဲ တူညီသော အဖြစ်အပျက်အားတင်ပြပါသည် ‘‘ ကျွှန်တော်တို့ စက်လှေ ဆီနဲ့ရိက္ခာ ဝင်ဖြည့်တုံးက ထိုင်းစစ်တပ်က ရှိုက်နက်မောင်းထုပ်ခဲ့ပါတယ်’’ ဟုပြေားပါသည်။
Kapal berukuran panjang sekitar 10 meter dengan lebar empat meter yang
mereka tumpangi hanya bermesin dengan kapasitas 16 PK. Dua layar yang
mereka gunakan sudah banyak berlubang.
အရှည် ၁၀ မီတာ ၊အကျယ် ၄ မီတာ ခန့်ရှိသော ၎င်း လှေအား မြင်းကောင်ရေ ၁၆ ကောင်းအား စက်တစ်လုံးသာ တပ်ဆင်ထားပါသည်။ထို့ပြင်တခြားစက်လှေနှစ်စင်းမှာလည်း အပေါက်များစွာနှင့်ပါ။
Para pengungsi yang ditempatkan di lapangan Pangkalan Angkata Laut
Sabang sebenarnya ingin bercerita banyak tentang penderitaan selama
tinggal di Myanmar dan perjalanan panjang mereka. Namun, aparat
keamanan di Sabang melarang mereka melakukan kontak fisik dan kontak
suara dengan para wartawan.
၎င်းတို့အား ဆားဗန်းရေတပ်စခန်းရှေ့ ကွင်းပြင်တွင် နေရာချထားပေးပါသည်။တကယ်တော့ ၎င်းတို့၏ မြန်မာပြည် နေရသည့် အခြေအနေနှင့် ခရီးလမ်းတစ်လျှောက် အတွေ့အကြုံများ အား မေးမြန်ချင်သော်လဲ ဆားဗန်းလုံချုံရေးက ၎င်း တို့အား သတင်းထောက်များနှင့် တွေ့ဆုံခွင့်အားတားမြစ်ထားပါသည်။
Padahal, mereka hanya ingin bebas dari penyiksaan dan tinggal di
wilayah yang mampu menjamin keselamatan kecil mereka.
တကယ်တော့ ၎င်းတို့ မှာ ညှဉ်းပမ်းနှိပ်စက်မှူ့များမှ လွတ်မြောက်ရန်နှင့် အန္ဒရာယ်ကင်းမှူ့အား အာမခံချက်ပေးနှိင်သော ဒေသတစ်ခုတွင် နေထိုင်လိုသည့် ဆန္ဒရှိကြ၏ ။
Itu tadi berita dari Kompas, yg versi online-nya ga ada, di Kompas pun
nyempil di halaman dalam dan ada di pojok bagian bawah. Kalo ga rajin2
baca pasti kelewatan.
ထိုအရာသည် ကွန်ပက်မှ သတင်း ဖြစ်သည်။ အွန်လှိုင်းသတင်းတွင်တော့ မတွေ့ရပါ။ထိုကွန်ပတ်တွင်လဲ အတွင်းစာမျက်နှာ၏ အောက်ထောင့်နေရာတွင် ဖြစ်ပါသည်။အကယ်၍ ဝရိယ မကောင်းပါက သေချာပေါက်ကျော်သွားမည်ပင်ဖြစ်သည်။
Saudara sesama muslim kita yang dekat dan teraniaya, adakah lembaga2
sosial muslim kita yang membantunya. Saya tidak tahu kebijakan
pemerintah kita soal pengungsi, tapi setidaknya kalo ada lembaga sosial
muslim kita yang membantu, ada tempat buat kita untuk menyalurkan
bantuan.
စွန့်ပယ်အနှိင်ကျင့်ခြင်း ခံရသော ကျွှန်ုပ်တို့နှင့် နီးကပ်လှသည့်ဘာသာတူမွတ်စလင်ညီနှောင်များအားကူညီနှိင်မည့် မွတ်စလင်လူ့အဖွဲ့အစည်းများ ရှိပါသလား။ ကျွှန်ုပ်တို့ အစိုးရ၏ ဒုက္ခသည်များနှင့်ပတ်သက်၍ ဆောင်ရွက်နေသည်များအား ကျွှန်တော့်အနေနှင့် မသိပါ။မွတ်စလင်အဖွဲ့အစည်းများအနေနှင့် ၎င်းတို့အား ကူညီထောက်ပန့်မှူ့များပေးနှိင်သည့် နေရာများရှိပါသလားခင်ဗျာ။
Nangis rasanya baca berita seperti ini, hanya sebuah masyarakat kecil
yang tidak bisa bikin dan jadi newsmaker (bandingkan dengan berita yang
impactnya besar), akan lebih banyak dilupakan dan terlupakan sehingga
tidak tertolong.
ထိုသတင်းများအားဖတ်လိုက်ရ၍ ဝမ်းနည်းလွန်းသဖြင့် ငိုချင်စိတ်ပင်ဖြစ်မိပါသည်။လူနည်းစုသာဖြစ်ရှာသည့် ၊ သတင်းစာကြီးများတွင် တခမ်းတနား ဖော်ပြခြင်းမခံရရှာသည့် အင်းအားချိနဲ့ လှသည့် ၏ ဒုက္ခသည်များအား ကူညီနှိင်သူမရှိသဖြင့် မေ့မေ့လျှော့လျှော့ ဒါမှမဟုတ် မေ့လျှော့ခြင်း ခံနေကြရသည်သာဖြစ်ပါသည်။
Moga2 ada yang membantu dan menolong
ကံကောင်းထောက်မ၍ ကူညီဖေးမမယ်သူရှိပါစေ။
Salam,
စလမ်ဖြင့်
Maria Ulfa
(မာရီရာ အုလ်ဖာ)


Burma Young Islamic Center




















