ကုရအာန် အလင်းပြကျမ်းအုပ် ၃၀ လုံးကို download ရယူနိုင်ပါပြီ။

အားလုံးစလာမ်ပါခင်ဗျာ။

ကုရအာန် အလင်းပြကျမ်းအုပ် ၃၀ လုံးကို download ရယူနိုင်ပါပြီ။ The Holy Quran Tafsir (Burmese Version) Vol - 1.pdf http://www.box.net/shared/2co3ptxuch
The Holy Quran Tafsir (Burmese Version) Vol - 2.pdf http://www.box.net/shared/czvfhzjnkk
The Holy Quran Tafsir (Burmese Version) Vol - 3.pdf http://www.box.net/shared/6lm34t3ye3
The Holy Quran Tafsir (Burmese Version) Vol - 4.pdf http://www.box.net/shared/rbquh11ig2
The Holy Quran Tafsir (Burmese Version) Vol - 5.pdf http://www.box.net/shared/27qdlh3x0u
The Holy Quran Tafsir (Burmese Version) Vol - 6.pdf http://www.box.net/shared/s1sim0yegy
The Holy Quran Tafsir (Burmese Version) Vol - 7.pdf http://www.box.net/shared/tuo9cf0v2v
The Holy Quran Tafsir (Burmese Version) Vol - 8.pdf http://www.box.net/shared/d1q8j56j9p
The Holy Quran Tafsir (Burmese Version) Vol - 9.pdf http://www.box.net/shared/vjxrluey7d
The Holy Quran Tafsir (Burmese Version) Vol - 10.pdf http://www.box.net/shared/qje50zlxau
The Holy Quran Tafsir (Burmese Version) Vol - 11.pdf http://www.box.net/shared/59kgupve1p
The Holy Quran Tafsir (Burmese Version) Vol - 12.pdf http://www.box.net/shared/f4ak5s6s95
The Holy Quran Tafsir (Burmese Version) Vol - 13.pdf http://www.box.net/shared/g6lklathpv
The Holy Quran Tafsir (Burmese Version) Vol - 14.pdf http://www.box.net/shared/r4epy4h5lh
The Holy Quran Tafsir (Burmese Version) Vol - 15.pdf http://www.box.net/shared/qdjzsktz1y
The Holy Quran Tafsir (Burmese Version) Vol - 16.pdf http://www.box.net/shared/zqzppa2loy
The Holy Quran Tafsir (Burmese Version) Vol - 17.pdf http://www.box.net/shared/ptsephzd7y
The Holy Quran Tafsir (Burmese Version) Vol - 18.pdf http://www.box.net/shared/a32yg2g1sf
The Holy Quran Tafsir (Burmese Version) Vol - 19.pdf http://www.box.net/shared/7lqxhujtt2
The Holy Quran Tafsir (Burmese Version) Vol - 20.pdf http://www.box.net/shared/oeuf23vli0
The Holy Quran Tafsir (Burmese Version) Vol - 21-22.pdf http://www.box.net/shared/z63uk2g7pv
The Holy Quran Tafsir (Burmese Version) Vol - 23-24.pdf http://www.box.net/shared/f61i8i7b6d
The Holy Quran Tafsir (Burmese Version) Vol - 25.pdf http://www.box.net/shared/kz62uz59z3
The Holy Quran Tafsir (Burmese Version) Vol - 26.pdf http://www.box.net/shared/s3nepqmg4i
The Holy Quran Tafsir (Burmese Version) Vol - 27.pdf http://www.box.net/shared/cvi4a4utiv
The Holy Quran Tafsir (Burmese Version) Vol - 28.pdf http://www.box.net/shared/2v9xvhumql
The Holy Quran Tafsir (Burmese Version) Vol - 29.pdf http://www.box.net/shared/ne50hr9y6h
The Holy Quran Tafsir (Burmese Version) Vol - 30.pdf  http://www.box.net/shared/7juqpbev3b

အေမန် အလ် ၈ဇာလီ

ကျွန်တော်နှင့် အဘိဓမ္မာ {၂}

       တစ်ခါတစ်လေ ကိုယ့် ဘက်က နွေးနွးထွေးထွေး ပြုံးပြပေမယ့် ခနဲ့ တဲ့တဲ့..တုန့် ပြန်မှူ့တွေနဲ့ ကြုံ၇တဲ့ အခါ..ဒါမှမဟုတ် ကိုယ့်၇ဲ့ ယုံကြည်ချက် နဲ့ စေတနာကို တလွဲ အမှတ်ပေးခံ၇တဲ၌ အခါ..လူငယ်တစ်ယောက်အနေနဲ့ စိတ်လိုက်မန်ပါ..တုန့်ပြန်လိုက်ချင်ပါ၇ဲ့ ..ဒါပေမယ့် အစ္စလမ် လူငယ်တစ်ယောက်အနေနဲ့ ဘာသာတ၇ား၇ဲ့ ထိန်းချူပ်ပဲ့ပြင်မှူ့ တွေ ၊ မြန်မာနှိင်ငံသားတစ်ယောက်အနေနဲ့ ၇ိုး၇ာ ယဉ်ကျေးမှူ့တွေ ၇ဲ့ ဘောင်တွေကို ကျော်ထွက်မသွားအောင် self control ဆိုတာကို ဘယ်လိုမှ ဆန့်ကျင်မ၇တာ သဘာဝကျ သည်ဟုထင်မိသည်။

တစ်ချို့ လူကြီးတွေကပြေားတတ်ကြသည် "ခုခောတ်လူငယ်တွေကွာ..ပြန်မပြော နားမထောင် နဲ့ လုပ်ချင်၇ာလုပ်တယ် ၊ေ၇ှးယိုကိုလည်းပယ်တယ်..ဓျေးသုံးလည်လွယ်တယ်....ဒို့ခေတ် က စိမ်ခြူးကြာညောင် လို သချင်းမျိုးကိုတောင် DJ တွေ REMIX တွေနဲ့ေ၇ာပြီး ဆန့်ငင် ဆန့်ငင် ဖြစ်အောင်လုပ်တယ်..မင်းတို့ ကာ၇ံမဲ့ တယ်ကွာ"တဲ့"မင်းတိုပြောပြေားနေတဲ့ "အသစ်..အသစ်" ဆိုတာတွေကလည်း အဆက် အဆပ် မ၇ှိ ၊ဘောင်မ၇ှိ၊ Theory မ၇ှိတဲ့ ပ၇မ်းပတာတွေပါကွာ"တဲ့...ဒါသူတို့ဘက်ကအမြင်ပါ..ကျွန်တော်တို့ ဘက်အမြင်ကိုတော့ ၇ျင်းပြမခံကြတော့ပါဘူး။နောက်တွေ့ကြတာပေါ့ ကွာ ဆိုပြီး နုတ်ဆက်သွားတယ်..အင်း...ဒါ..လူကြီးဗြူဟာလို့ ခေါ်၇မယ်ထင်ပါတယ်။နှစ်၈ိုး တစ်၈ိုးနဲ့ အ၇ှူံး ခံ၇မယ့် အစား..သေ၇နဲ့ ဒိုင်ပွဲး၇ပ်လိုက်တဲ့ သဘောပါ။ ကျွန်တော်တို့ အေ၇ှ့တောင်အာ၇ှ မှာ ၈ီတဖလှယ်ပွဲးတွေ နှစ်စဉ်လိုလို လုပ်လေံ၇ှိတယ်။၈ီတအကြောင်းပြောချင်၍ မဟုတ်ပါ ဥပမာ တစ်ခုအားတင်ပြချင်သောကြောင့်ပါ။အဲ့ဒီလို ဖိတ်ခေါ် ပွဲးတွေမှာ မြန်မာက ဝင်ပြိုင်ဖူးပါတယ်။ကျွန်တော်မမှားဘးဆိုလျှင် ၂ဝဝ၉ ကထင်ပါတယ်။အဖြစ်ကတော့ မနှစ်ကနဲ့ မတူးပါဘူး။တခြားနှိင်ငံတွေက ခောတ်မှီ ၈ျက် တို့ ဗလူ့ တို့ လို ၈ီတမျိုးတေနဲ့ဝင်ပြိုင်တဲ့အခါ ကျွန်တော်တို့ မြန်မာပြည်က ကျေးလက်သီချင်းတစ်ပုဒ်နဲ့ ဝင်ပြိုင်ပါတယ်။သီးချင်းကတော့ "ထန်းပင် ..ထန်းလက်..ထတ်းသီးတွက တဝေဝေ"ဆိုတဲ့ စာသာကိုတော့ အခုထိအမှတ်၇တုံးပါ။မဆိုးပါဘူး အေ၇ှ့တောင်အာ၇ှမှာ အဆင့် ၁၂ ၇ခဲ၌တယ်တဲ့ ..ဟီးဟီး။

ကျွန်တော် မလေး၇ှာမှာနေတုံးက တစ်လ နှစ်ခေါက်လောက် မြန်မာဆိုင်ဆွေ ၇ှိတဲ့ ပလာဇာကို သွား၇ပါတယ်။မြန်မာသီချင်ခွေတွေလည်းေ၇ွး၇င်းပေါ့။အဲ့ဒီမြန်မာဆိုင်၇ဲ့ ဆိုင်ချင်ကပ်လျက် တ၇ုတ်ဆိုင်တို့ မလေးဆိုင်တို့ က မြန်မာ REMIX သချင်းတွေဖွင်နေတာ မကြာခဏ သတိထားမိပါတယ်။အဲ့ဒီ သီချင်းက "ေ၇ွှစွန်ညို ဘာကိုလိုလို့ ဝဲးပါတယ်" ဆိုတဲ့ေ၇ှးဟောင်းသီချင်းကို သားစိုးက မြန်မာ ၈ီတနဲ့ နောက်တိုင်း၈ီတကိုေ၇ားပြီး REMIX လုပ်ထားတာပါ။သူတို့တွေ မြန်မာ စကားလည်းနားမလဲတာတောင် "BAGUS(GOOD)" လို့ပြေားကြပါတယ်။ကျွန်တော်တို့၇ဲ့ "အသစ် အသစ်ဆိုတာ ပ၇မ်းအတာ လားဆိုတာ သိသာလှပါတယ်။ကမ္ဘာပေါ် မှာ နာမည်ကြီး ထမင်းငတ် ၊ငပျောသီးမစားဖူးလိုက်ပဲနဲ့ ထောင်ထည်းမှာ သေသွားတဲ့ ကမ္ဘာကျော် ပု၈္ဂိုလ် တစ်ယောက် ၇ှိပါတယ်။"ဘာစကို ဒ၈ါးမား"ပါ။ဒါပေမယ့် သူ့ ၇ဲ့ အသစ်အသစ်ဆိုတာတွေ ကို ၇ှုာဖေချင်တဲ့ တစွတ်ထိုးစ၇ိုက်ကြောင့် ပဲ သူ့နှိင်ငံ တော်တော် စည်းပွားဖြစ်သွားတာ လူတိုင်းအသိပါ။မြစ်ထဲမှာ ခ၇ီးဆက်တာ နဲ့ အပြောကျယ်လှတဲ့ ပင်လယ်ထဲမှာ အသစ်တွေ ၇ှာဖွေတာ အကွာကြီးကွာလှပါတယ်..."ဗိုလ်ချုပ်၏ စကားတစ်ခွန်း တွင် ပထဝီကိုသာ သိယုံမကေ၇သစ်မြေသစ်တွေကိုလည်း ၇ှာဖွေနှိင်၇မည်"တဲ့...အခု ခောတ် ကြီးကိုက globalization { ကမ္ဘာ၇ွာ} ခောတ်ကြီးပါ။ဧ၇ာသတီ မြစ်ောကာင်းထက် အင်လယ်ကိုပိုပြီးစိတ်ဝင်စားတတ်တဲ့ လူငယ်တွေကို အပြစ်ပြော၇င် 110% မှားပါတယ်။

မောင်ဖြူဟာ "ဒွေး"ဖြစ်ချင်တာထက် မောင်ဖြူဟာ မောင်ဖြူ ဖြစ်နေဖို့ က ပိုပြီး အေ၇းကြီးပါတယ်။"ဒွေး" ကိုအားကျ ပြီး လိုက်အတုခိုး၇င် "ဒွေး"လောက်ပဲ ဖြစ်နှိင်မှပါ။သူထက်မပိုနှိင်ပါ။မောင်ဖြူဟာ မောင်ဖြူ၇ဲ့ ကိုယ်ပိုင်နည်းလမ်း စတိုင် အတိုင်း ကြီူးစားလျှင် Hollywood ထိေ၇ာက်သွားနှိင်ပါတယ်။ဥပမာအားဖြင့် ထိုင်းအက်၇ှင်မင်းသား"ဝမ်းဘက်"ဇတ်ကားကလိုမျိုး ပါ။၈ျက်ကီချမ်းတို့ ၈ျက်လီတို့ ထိုင်ငို သွားပါတယ်။ဆိုလိုချင်သည်မှာ အခုခောတ် လူငယ်များ ကာ၇ံမဲ့ နေကြပေမယ့် အဘိဓမ္မာ မမဲ့ကြပါ။ကာ၇ံဆိုသည်မှာ ချောမွှေ့ သိမ်မွေ့စေသောအ၇ာသာဖြစ်၍ အဘိဓမ္မာဆိုသည်မှာ အဓိက fundamental ကျလှသည့် အသက်သွေးကျေားမှင့်တူပါသည်။အဲ့ဒီအဘိဓမ္မာကြောင့်သာလျှင် မြန်မာ၊အ၈င်္လိပ်၊တ၇ုတ်၊အိန္ဒယား စသဖြင့် ကွဲးလွဲးစွာ မြင်နှိင်ချင်းသာ ဖြစ်တော့သည်။ကျွန်တော်သည် မြန်မာနှိင်ငံသား အစ္ခလမ်ဘာသာဝင်ဖြစ်သောကြောင့် အဘိဓမ္မာ နှစ်၇ပ် ၇ှိပါသည်။မြန်မာ၏ အဘိဓမ္မာနှင့် အစ္ဓလမ်၏ အဘိဓမ္မာပါ။အဲ့ဒီ နှစ်ခုစလုံး ၇ဲ့ ဘောင်အပြင်ကို မေ၇ာက်သွား၇အောင် ကြိုးစားဖို့ က မဖြစ်မနေ တာဝန် တစ်ခု ဖြစ်နေတော့ပါသည်။

အစ္စလမ်၏ အဘိဓမ္မာအကြောင်း တစ်စေ့တစ်စောင်း ပြောပါ၇စေ။ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဘဝ လောက်အထိ သဘလစ် ထွက်တဲ့ အလေ့ အထ၇ှိပါသည်။တစ်နေ့တော့ ဝါ၇င့် သဘလစ် သူတော်စင် တစ်ယောက်၇ဲ့ မ၈၇စ်ပြီး အစ်စတေမာ မှာ ဝပ် လုပ်တာ နားထောင်းဖူးပါသည်။သူ့၇ဲ့တင်ပြမှူ့ က ဒီလိုပါ။

တခါက ပေါ်တူ၈ီ{သို} ဒခ်ျ စစ်သင်္ဘောတစ်စီး ပင်လယ်ထဲမှာ ၇ွက်လွင့်နေ၇င်း သဘောင်္ပေါ်မှာ စားပွဲးသောက်ပွဲး တွေလပ်ြနေ၇င်း မူးကြ ၇ှူးကြပြီးတော့ ကု၇င်္အာန် ကျမ်းမြတ်ကို မလေးမစား မိး၇ို့ ဖျက်ဆီးကြပါတယ်တဲ့။အဲ့ဒီလိုနဲ့ ၇ုတ်တ၇က် ကောင်းကင်မှ အလင်းတန်းကြီး တစ်ခု ပေါ်လာပြီး လေပြင်းမုန်တိုင်းတွေကျပြီး သင်္ဘော တစ်ခုလုံးေ၇းထည်းမှစ်မြုပ် သွားပါတော့တယ်။တစ်ဦးတစ်ယောက်မျှ အသက်၇ှင်လျက် မကျန်ခဲ့ပါဘူးတဲ့။ဒါဟာ အောလ္လာဘက်ကနေ အာဇတ် အပြစ်ပေးတာပါတဲ့။အဲ့ဒီသင်ခန်းစာကို.ယူပြီး ကု၇်အာန်ကို မလေးမစားလုပ်ဖို့ စသဖြင့် သူပေးချင်ကတော့ တကယ်ကို အေ၇းကြီးလှ ကိစ္ဓကိုသိစေလိုတဲ့ သဘေားသက်သက်ပါ။ဒါပေမယ်ကျွန်တော်မေးလိုက်မိတဲ့ မေးခွန်းကြောင့် "မင်း တော်တော်" " ၇ှည်တဲ့ အကောင်ပဲဆိုပြီး စိတ်ဆိုးသွားပါတော့တယ်ခင်ဗျာ။ကျွန်တော်မေးလိုက်မိတာက ...

"အဲ့ဒီသင်္ဘေားပေါ်က လူတစ်ယောက်မှ အသက်မ၇ှင်ကျန်ခဲ့ဘူးဆို၇င် အဲ့ဒီသင်္ဘေားပေါ်က အဖြစ်အပျက်တွေကို ဘိုင်တို့ စတလိုက် satellite နဲ့ ကြည့်တာလားဗျာ" လို့ မေးလိုက်မိခြင်းသာ ဖြစ်ပါတော့တယ်ဗျာ။

အစ္စလမ်ဘာသာသည် အစွန်းေ၇ာက်သော ၊ပင်ပန်းကြီးစွာ လိုက်နာ၇သော ပြင်းထန်လွန်းသည့် သာသနာမဟုတ် ပါ။အလျှော့အတင်း၇ှိပါသည်။သူဘက်ကိုယ့် ဘက်ကြည့်တတ်အောင် ပြထားသော သာသနာပါ။ပုံပြင်ဆန်သော ၊ယုတ္တိ ယုတ္တ၇ာ မကျ သာသနာမဟုတ်ပါ။အစ္စလမ်က တိကျစွာ ပြထားပါသည်။ယုတ္တိ၇ှိစွာ ပြထားပါသည်။ကျွန်တ်ာတို့ ၈၈နန မသိပဲ false space နဲ့ေ၇ားမကြိတ်မိဖို့ ပဲလိုတာပါ။ဆိုလိုချင်သည်မှာ မသေချာ၇င် တိတ်တိတ်လေးနေလိုက်ပါ..သေချာတယ် အထောက်အထာ၇ှိတယ်တို၇င်တော့ သဘောပေါ့။အထောက်အထားဟုဆို၇ာတွင် ဟိုနှိင်ငံမှေ၇းသော မွတ်ပသီ၇ဲ့ စာအုပ်၊ဒီနှိင်ငံမှေ၇းသော မော်လာနာ၏ စာအုပ် ဒါမှမဟုတ် စော်ဒီမျကျောင်းပြီးသော လျပ်စစ်ပညာ၇ှင်၏ စာအုပ် ဆိုသည်ထက် ကု၇်အာန်ကျမ်းမြတ်သည်သာ အဓိကကြလှသည်မဟုတ်ပါလား။

ကျွန်တော်ဆိုလိုချင်သည်မှာ အသေးအဖွဲး ကိစ္စလေးများ အား ပုံကြီးချဲ့ နေမည့် အစား၊ငြင်ခုံနေကြမည့် အစား၊သွေးကွဲးနေကြမည့်အစား ကလေမာအား နှလုံးသားနှင့်ဖတ်ထားပြီး ကု၇်အာန်နှင့်မလွဲးလျှင် တအူထုံးဆင်းညီနှေင်၇င်းကဲ့ သို့ ညီညွတ်စေလိုသည့် ဆန္ဒသာလျှင်ဖြစ်ပါသည်။ငြင်းခုံ ခွဲးခြားနေမည့်အစား ပလီတွင်လာေ၇ာက်၍ တပြေညီ၇င်ပေါင်တန်း အောလ္လာေ၇ှ့တွင် ဒူးထောက်သူအားလုံးအား အတူတူသာဖြစ်သည်ဟု ယူဆစေလိုသည့် ဆန္ဒ သာဖြစ်ပါသည်။တမန်တော်မြတ်ကြီး{စွလ္လာ} ၏ ဟဒစ်တစ်ပုဒ်အား တင်ပြချင်ပါသည်။အလိုသဘေားမှာ....

လူတစ်ဦးတစ်ယောက် မိမိ၏ေ၇ှ့တွင် အမှားလုပ်နေသည်ကို သေချာစွာ တွေ့၇လျှင် ထိုသူအား ၇ိုက်နက် ၍တားသင့်သော သူဆိုလျှင်{ သား၊သမီး၊တူ၊တပည့် ..စသဖြင် မိမိထက်ငယ်သောေ၇ွှမျိုးသားခင်} အား ၇ိုက်နက်၍ တားမြစ်လိုက်ပါ။အကယ်၍ ထိုသူသည် နုတ်ဖြင့် သာတာမြစ်သင့် သောသူ{သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်း၊ေ၇ွှမျိုးထဲမှ၇ွယ်တူ..စသဖြင့်} အား နုတ်ဖြင့်အသိပေးတားမြစ်လိုက်ပါ။အကယ်၍ ထိုသူသည် ၇ိုက်နက်၍လဲ ဆုံးမ၍လဲ မသင့်တော် ၊နုတ်ဖြင့်ပြေားဆိုတားမြစ်၇န်လည်း မသင့်တော်သောသူ ဖြစ်ပါလျှင်{ဆ၇ာသမား၊ေ၇ွမျိုးမတော်စပ်သူ၊သာမန်အသိမိတ်ဆွေ..စသဖြင့်} မိမိ၏စိတ်အတွင်းမှ မနှစ်မြို့ ကြောင်း တွေးလိုက်လျှင်ပင်တာဝန်ကျေ၏။

အင်ဆန် လူသားအားလုံးအမေ့ အမှား မကင်းကြကြောင်းလူတိုင်း သိပါ၏။ဘာအတွက်ကြောင့့် ကျွန်တော်တို့ က ငြင်းကြ၊ ခုံကြ၊တစိမ်းသ၇ံစာတွေလို ကွဲကွဲပြဲပြဲ ဖြစ်ကြတဲ့အထိ ပြသနာတွေ တက်နေကြ၇တာလည်း။တကယ်မှားနေ၇င် အောလ္လာ အပြစ်ပေးပါလိမ့်မယ်။မလိုအပ်၇င် ဒါမှမဟုတ် ပြော၍လက်မခံလျှင် စိတ်လျှော့ပြီး ပိုပြီး နူးညံ့ တဲ့နည်းဗြူဟာမျိုးသုံးပြီး လိမ်မာပါးနပ်စွာ ညိ ယူလို၇တဲ့နည်းတွေ၇ှိတယ်ဆိုတာ လူတိုင်းစဉ်းစားမိကြမှာပါ။ ကိုယ်နဲ့တူတဲ့ ကာ၇ံမျှိုး လိုက်ညိနေဖို့ထက် အဓိကကြတဲ့ အဘိဓမ္မာ တွေ အပျက်မခံမိဖို့ အေ၇းကြီးလှပါတယ်။

ဥပမာအားဖြင့် မြန်မာပြည်မှ အဓိက လွဲးကြ..ကွဲးကြတဲ့ ကိစ္စတော်တော်များများဟာ တကယ့် အစ္စလမ် နှိင်ငံကြီးတွေမှာ အသေးအဖွဲကိစ္စမျိုးဖြစ်နေတာကများပါတယ်။ဥပမာ ဓာတ်ပုံ၇ိုက်ခြင်း၊ဗီဒီယို၇ိုက်ခြင်း၊သီချင်းဆိုခြင်း၊သီချင်းနားထောင်ခြင်း၊ဝတ်စားဆင်ယင်မှူ့ ၊မုတ်ဆိတ်ကိစ္စ.ဒါတွေက အဓိက ပြသနာတွေလို့ ထင်မိသည်။ကျွန်တော် အစ္စလမ် နှိင်ငံ နှိင်ငံမှာ နှစ်အကြားကြီး နေဖူးလေ့လာဖူးသလောက်တော့..၇ှဒစ်{တုဖက်ကိုးကွယ်ခြင်း} ဖြစ်စေတဲ့ အပြုအမှူ အပြေားအဆို အနေအထိုင် ဇတ်းလမ်းဖတ်ကွက်တွေက လွဲ၇င် တခြားသာမန် အချစ် အမုန်း ဘဝ ဒုက္ခ ၇သ ပညာပေးစတဲ့ သီချင်းတွေဆိုတာတို့ နားထောင်တာတို့ ဗီဒိယိုဇတ်ကား၇ိုက်တာတို့ က ဟာ၇မ်မဟုတ်ကြောင်း ဒီအစ္စလမ်နှိင်ငံတွေမှာ၇ှိတဲ့ အိုလမာတွေ သာသနာ့ ပညာ၇ှင်အဖွဲ့ တွေ.အစ္စလမ် organization တွေက ထုတ်ပြန်ထားကြတယ်။မုတ်ဆိတ်ကိစ္စလောက်တော့ ၇ီတာပေါ့..ဝတ်ချင်၇ာသတ်..လုံလုံချုံချုံ ဖြစ်၇င် ပြီးတာပဲ စတိုင်တောင်ဖြစ်သေးတယ်။ကဲဒါဆို ကျွန်တော်တို့ က ဘာတွေများငြင်းဖို့လိုသေးသလဲဗျာ။

လူဆိုတဲ့ သဘာဝကိုက ဒီဘက်အိမ်က ၇န်ဖြစ်၇င် ဟိုဘက်အိမ်က ကြိတ်ဝမ်းသာကြ တာ ထုံစံပါ။ကျွန်တော်တို့ မလိုအပ်တဲ့ နည်းလမ်းအမှားတွေနဲ့ သွေးကွဲးစ၇ာတွေ ဖြစ်မဲ့အစား ပိုပြီး နူးနူးညံညံ နီးနီးကပ်ကပ် စည်စည်းလုံးလုံးနဲ့ တိုက်၇ိုက်မဟုတ်၇င်တေင် သွယ်ဝိုက်သောတည်းလမ်းကောင်းတွေနဲ့ ညီး၇င်းအကို ပီသစွာ ဆွေးနွေးညိနျိင်းကြ၇င်တော့ ကောင်းတာသေချာပါတယ်။စိတ်မပူကြပါနဲ့ အစ္စလမ်ကိုဖျက်ဆီးမဲ့မိုနာဖစ်တွေ ကာဖေတွေက အောလ္လာ အမိန့် မပါပဲနဲ့ ဘာမှလပ်ြလို့မ၇ပါဘူး။အောလ္လာမဟာ၈၇ုဏ၇ှင်၇ဲ့ ကြီးကျယ်လှတဲ့ မဟာစီမံကိန်းကြီးတွေကို ကျွန်တော်တို့ ၇ဲ့ မြူမုန်လောက်ပဲ၇ှိတဲ့ စွမ်းအား၊ဥဏ်အားလောက်နဲ့ တော့ ဘာမှ အကျိုးမဖြစ်စေနိင်သလို မဆုတ်ယုတ်နှိင်ပါဘူ။ဒါကြောင့် စစ်မှန်တဲ့ သာသနာဖြစ်တဲ့ အစ္စလမ်သာသတနာကို တခြားသူတွေ မမြင်မြင်အောင် ပညာ၇ှင်များအနေနဲ့ ဖွင့်ပြထားသင်ပါတယ်။သို့ သော် သတိကြီးစွာ ထားသင့်သော အချက်မှာ အစ္စလမ်သည် သုံးကြိမ်ထက်ကျော်၍ မတ၇ား အနှိင်ကျင့်လာပါက ခေါင်းငုံ့ခံ၍ အသေခံ၇မည်ဟု ပြမထားပါ။ထို့ကြောင့် အချုပ်အနေဖြင့် ဆိုလိုချင်သည်မှာ

"၇ိုးသားစွာ နေပါ သို့သော် လူညံ့ မဖြစ်ပါစေနဲ့"

"၇ိုးကျိုးစွာနေပါ သို့သော် ကျွန်မဖြစ်ပါစေနဲ့"

"သိခံစိတ်၇ှည်ပါ သို့သော် လူကြောက် မဖြစ်ပါစေနဲ့"

ဤသည်သာလျှင် အစ္စလမ်၏ အဘိဓမ္မာများဖြစ်တော့သည်။ ။



လေးစားစွာဖြင့်

ဟာ၇ှင်{IDN}

{ဆက်လက်ကြိုးစားပါမည်}

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း .............Universal Declaration of Human Rights ................

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်အောက်ဖေါ်ပြပါအချက်များတွင်အပြည့်အစုံပါရှိသည်။

ဤကဲ့သို့ ရာဇ၀င်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန်ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။

                   စကားချီး........

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တစ်ကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှူ၊ တရားမျှတမှူ၊ ငြိမ်းချမ်းမှူတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း....

လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကိုချိုးဖေါက် ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုမှူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှူ၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှူတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကောင်း.....

နိုင်ငံအခြင်းခြင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း.......

ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောင်္ကျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း ၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှူကြီးပွား တိုးတက်ရေးနှင့်တစ်ကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိန်ဌာန်ချပြီးဖြစ်သောကြောင့် လည်းကောင်း..... ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း........



ထို့ကြောင့်...အထွေထွေညီလာခံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်းအဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမယ်ဟုလည်းကောင်း...........



ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့်အားထုတ်ကြရမည်ဟုလည်းကောင်း...................



ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာဆောင်ရွ် နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။













အပိုဒ် ၁



လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း ၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ။









အပိုဒ် ၂



လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှူအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်းဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေစီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍သော်လည်းကောင်း၊ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချူပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော် နယ်မြေများ ဖြစ်သည်၊ ဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ ။









အပိုဒ် ၃



လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။









အပိုဒ် ၎



မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကိုကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။









အပိုဒ် ၅



မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှူမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။









အပိုဒ် ၆



လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။









အပိုဒ် ၇



လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှူံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည် ။









အပိုဒ် ၈



ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း ၊အခြားဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖေါက်ဖျက်ဆီးသော ပြုလုပ်မှူကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။









အပိုဒ် ၉



မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ချူပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။









အပိုဒ် ၁၀



အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှူကြောင့် တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။









အပိုဒ် ၁၁



(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှူကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှူနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှူကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှူအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအားပေးပြီး ဖြစ်စေရမည်။



(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှူမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှူအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ၊ထို့အပြင် ပြစ်မှူကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုးကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။









အပိုဒ် ၁၂



မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက် စွက်ဖွက်ခြင်းမခံစေရ၊ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှာ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။









အပိုဒ် ၁၃



(၁) လူတိုင်းတွင် မိမိနိုင်ငံ နယ်နမိတ် အတွင်း၌ လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။



(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊အခြားတိုင်းပြည်မှလည်းကောင်း၊ထွက်ခွာသွားပိုင်ခွင့်ရှိသည့် အပြင် မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။









အပိုဒ် ၁၄



(၁) လူတိုင်းသည် ညှင်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းသွာ ခိုလှူံနေနိုင်ခွင့်ရှိသည်။



(၂) နိုင်ငံရေးနှင့် မပတ်သတ်သည့် ပြစ်မှူများမှ သော်လည်းကောင်း၊ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားမှူများကို ဖီဆန်သော အမှူများမှ သော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှူကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှူအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။









အပိုဒ် ၁၅



(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။



(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်းငြင်းပယ်ခြင်း မခံစေရ။







အပိုဒ် ၁၆



(၁) အရွယ်ရောက်ပြီးသော ယောင်္ကျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချူပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောင်္ကျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ်အချိန်အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိပ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။



(၂) သတို့သားနှင့် သတို့သမီးနှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။



(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့ အစည်း၏ သဘာဝကျသောအခြေခံအဖွဲ့တစ်ရပ်ပင်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။









အပိုဒ် ၁၇



လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင် မည်သူမှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။









အပိုဒ် ၁၈



လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။









အပိုဒ် ၁၉



လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်းပါဝင်သည်။









အပိုဒ် ၂၀



(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။



(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။









အပိုဒ် ၂၁



(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချူပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။



(၂) လူတိုင်းတွင်မိမိနိုင်ငံရှိပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့် အခွင့်အရေးရှိသည်။



(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချူပ်အာဏာ၏ အခြေခံဖြစ်ရမည်။အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားချက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။









အပိုဒ် ၂၂



လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှူရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှူဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ကာပူးပေါင်းဆောင်ရွက်မှူဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့်လည်းကောင်း၊သယံဇာတာအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာလွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှူရေးနှင့် ယဉ်ကျေးမှူ အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။









အပိုဒ်၂၃



(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှူအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။



(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။



(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့်မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်၊ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှူရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။



(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။









အပိုဒ် ၂၄



လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။









အပိုဒ်၂၅



(၁) လူတိုင်းတွင် မိမိနှင့်တစ်ကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တစ်ကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ၊ အ၀တ်အတည် နေအိမ်၊ ဆေးဝါး အကူအညီနှင့်လိုအပ်သည့် လူမှူအထောက်အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှူအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။



ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌သော်လည်းကောင်း၊



မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သော အခါ၌သော်လည်းကောင်း၊



မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊



အသက်အရွယ်အိုမင်းသောအခါ၌သော်လည်းကောင်း၊



မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသော အခါ၌ သော်လည်းကောင်း၊



နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှူ အခွင့်အရေးရှိသည်။



(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်း နှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။



ဥပဒေအရထိမ်းမြားခြင့်ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှူကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။









အပိုဒ် ၂၆



(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှူလက်မှူပညာနှင့် အသက်မွေးမှူပညာများကို ယေဘုယျအားဖြင့်သင်ကြားရယူနိုင်စေရမည်။ထို့ပြင် အထက်တန်းပညာအတွက အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေးရရှိစေရမည်။



(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတိုက်မှူအပြင်၊ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်ရိုသေလေးစားမှူတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။

ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊လူမျိုးစုများတွင်လည်းကောင်း၊ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊အချင်းချင်း နားလည်မှူ၊သည်းခံမှူနှင့် ခင်မင်ရင်းနှီးမှူများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။



(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။









အပိုဒ်၂၇



(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှူ လောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ် များကို

လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့်

ထိုပညာ၏အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။



(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊စာပေမှဖြစ်စေ၊သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည်ဖန်တီးမှူမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှူကို ရရှိရန် အခွင့်အရေးရှိသည်။







အပိုဒ် ၂၈



လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှူဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည့်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။









အပိုဒ် ၂၉



(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။



(၂) မိမိ၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်၊ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌါန်းထားသည့် ချူပ်ချယ်မှူများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။



(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့် အမှူကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊

အခြေခံမူများနှင့် လည်းကောင်းဆန့်ကျင်၍ မသုံးစွဲရ။









အပိုဒ် ၃၀



ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ

လူတစ်ခုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊

ကိုယ်တိုင်ဆောာင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရ။





Special thanks to my adorable sis for her kind support.....



Candidly yours,



San Maung



Primary Link on Facebook : http://www.facebook.com/note.php?note_id=169037869775717&id=100001368265940



Original Link to English Version : http://www.un.org/en/documents/udhr/index.shtml#a1





Original Link to Burmese Version : http://www.ohchr.org/EN/UDHR/Pages/Language.aspx?LangID=bms

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management