Civil Society ဆိုရာဝယ်

နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။

ဘာရိမ်း နိင်ငံမှာ လူထုတိုက်ပွဲတွေ ဆင်နွဲနေကြပြီ။ မြန်မာ တွေ ဘာလုပ်နေကြလဲ



ဘာရိမ်းနိင်ငံမှာ လူထုတိုက်ပွဲဆင်နွဲနေကြပြီ။ မြန်မာ တွေလာလုပ်နေကြသလဲ။

ဂျပန်တွေဟာ ပြာပုံပေါ်ကနေ ဖိနစ်ငှက်တကောင်လို့ ရှင်သန် ထမြောက်ပြီးခဲ့ပြီ။ ကြီးကျယ်ခန်းးနားတဲ့နိင်ငံတော်သစ်ကြီး ကိုတည်ဆောက်နိင်ခဲ့ပြီးပြီ။
အခုတခါ ရေအောက်ကနေ ပြန်လည်နိုးထလာဦးမယ်။
မြန်မာ တွေဘာလုပ်နေကြသလဲ။ ပြာပုံအောက်ကလည်းမထနိင်သေဘူး ။ ရေအောက်ကလည်းပေါ်မလာနိင်ဘူး။ ငါဒို့ ဟာ လူစင်မမှီတဲ့သူတွေလား အရည်အချင်းမရှိတဲ့လူမျိုးတွေလား ။ မဟုတ်ဘူးဆိုတာကို နအဖ စစ်အစိုးရကို ဖြုတ်ချပြီးသက်သေပြလိုက်ကြပါစို့ ။
မတ်လကနေ စပြီ တိုက်ပွဲတွေဆက်တိုက်ဆင်နွဲကြပါစို့  ။

 နိုင်ငံရေးသမား ဆိုသူတချို့  နောင်တချိန်တွင် ခဲပေါက်ခံရနိုင်သည်

ဖိုးသောကြ်ာ-
17,2, 2011။-

မြန်မာ့ နိုင်ငံရေးသည် လက်ရှိ အချိန်တွင် နအဖ စစ်အစိုးရက ညစ်ပတ်၍ အနိုင်ရယူထားသော ၂၁၀၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် လွှတ်တော်ခေါ်ခြင်း ၊ သမ္မတ ရွေးချယ်ခြင်း၊ ၀န်ကြီးများ ရွေးချယ်ခြင်း၊ နှင့် အစိုးရသစ်ဖွဲ့ကာ အေပြီ လတွင် အစိုးရသစ် တာဝန် ထမ်းဆောင်ရန် လုပ်ဆောင် နေသည်ကို နိုင်ငံရေး ငွေရောင် ပိတ်ကား ပေါ်တွင် မြင်ရသည်။

အခြားတဘက်တွင်လည်း ၀န်ကြီးပြုတ်များ ၊ စစ်ဗိုလ် ပြုတ်များက နောင်ရေး စိတ်အေးစေရန် ခိုးဝှက် လာဘ်စား ထားသည်များကို ထုတ်၍ ဦးသန်းရွှေမှ ခွဲတမ်း ချပေးသည့် နိုင်ငံပိုင် လေကြောင်း၊ ရေကြောင်း ၊ ကုန်ကြောင်း ခရီးသွားလာရေး လုပ်ငန်းများ၊ စက်ရုံ ၊ အလုပ်ရုံ၊ ရုံးအဆောက်အဦးများကို ၀ယ်ယူသည် မောင်ပိုင်စီးကြလေပြီ။

ပြည်သူတို့ ဆင်းရဲ ကြပ်တည်းနေချိန်တွင် အရှက်တရားမဲ့စွာ နိုင်ငံတော်သမ္မတ-က လစာ သိန်း ၅၀၊ ကား ၆စီး၊ ဒု သမ္မတ က ဘယ်လောက်၊ လွှတ်တော် ကိုယ်စားလှယ် တဦးကို လစာ ဘာယ်လောက် စသည်ဖြင့် ပြောဆိုသံများ သတင်းများ အင်တာနက်မှာ၊ လေလှိုင်းမှာ မကြားချင်အဆုံး ပလူပျံနေသည်။
မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ပြည်သူကို မေတ္တာ ထားသည်ကို ထုတ်ပြရန် နိုင်ငံတကာမှ တောင်းဆိုခဲ့သော် ပြစရာ မရှိ၍ အရှက်အိုး ကွဲပြီး ရစရာ မရှိဖြစ်မည့် အချိန် ကာလ ဖြစ်နေပေပြီ။



ယဉ်ကျေးသည့် ဗုဒ္ဓဘာသာ ၀င်အများ နေထိုင်သည့် နိုင်ငံမှ ဟုတ်၏လော။ အုပ်ချုပ် မင်းလုပ်သူတို့ ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ကြဘဲ အတုအယောင်တွေလောဟု မေးမြန်းသော် အဖြေပေးရန် အလွန် ခက်လှပေသည်။

ဗုဒ္ဓ ဘာသာ ၏ အခြေခံ ဖြစ်သော( ၅ )ပါးသီလနှင့် အုပ်ချုပ်သူတို့ နေထိုင်ကျင့်ကြံ ကြပါ၏လော။ ထပ်ဆင့်မေးပြန်သော် ပို၍ ခက်ရပေမေည်။
ဒါက စစ်တပ်၏ အုပ်ချုပ်မှူ ၁၉၆၂ မှ စ၍ရေတွက်သော် ကနေ့ အထိ နှစ်ပေါငး ၆၀ နီးပါး အထိ အရိုးစွဲနေသော စစ်တပ်၏ လုပ်ရပ်များဖြစ်ပေသည်။

အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မဖြစ်ပေါ်သေးတဲ့အတွက် ဥရောပသမဂ္ဂက လက်ရှိ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေး ထောက်ခံအားပေးကြတဲ့ ဆွီဒင် နိုင်ငံရေးသမားတွေ၊ နိုင်ငံသားတွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ မနေ့က စုပေါင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနေ့ကပြုလုပ်တဲ့ ဆွီဒင်နိုင်ငံက လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးပြီး သူမကိုမေးတဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားခဲ့တာပါ။

တရားမ၀င်အဖွဲ့အစည်းဖြစ်ခဲ့ပေမဲ့ (အောင်မိုးဝင်း)

                 အမေရိကန်ပြည်ထောင်စုမှာ အရှေ့အလယ်ပိုင်း နိုင်ငံရေး၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ နဲ့ အမျိုးသားလုံခြုံရေးဘာသာရပ်တွေကို လေ့လာသင်ယူတဲ့ ကျောင်းသားတော်တော်များများဟာ“ ပရောဖက် မိုဟာမက်”“ကိုရန်ကျမ်းစာ”နဲ့ “ ရှရီရာ” ဥပဒေသတွေကိုသင်ကြားကြရတယ်။အရှေ့အလယ်ပိုင်းမြေပုံတွေမှာ စစ်ရေး၊ စီးပွားရေးအရေ အရေးပါမဲ့နယ်မြေတွေအားလုံးကို အလွတ်ကျက်ရတယ်။

      ဟက်စ်ဘိုလာ၊ ဟားမတ်စ်၊ မွတ်စလင်ညီအကိုတော်များအဖွဲ့၊ အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တွေအပါအဝင်၊
အော်ကိုင်းဒါး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ယီမင်၊ ပါကစ္စတန်၊ အာဖကန် နိုင်ငံတွေဆီက အစ္စလာမ်စစ်အုပ်စုတွေရဲ့အမူအကျင့်တွေ၊ လူသစ်စုဆောင်းပုံတွေ၊ သူတို့အဖွဲ့တွေကြားက တူညီမှု၊ အငြင်းပွားမှု၊ မုန်းတီးမှုတွေကို ဆက်လက်လေ့လာကြရတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တွေပါ။ ကိုရန်ကျမ်းနဲ့ ရှရီရာဥပဒေသတွေမှာ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့အတွက် အင်မတန်ကောင်းတဲ့ အချက်အလက်တွေကို အများကြီးတွေ့ရမှာဖြစ်သလို၊ အစ္စလာမ်ဘာသာဝင် ပညာတတ်တွေရဲ့ သူတို့နိုင်ငံအပေါ်မှာထားတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကလည်း ကြောက်ခမန်းလိလိ ပြင်းထန်လေးနက်လွန်းတယ်။

ကမ္ဘာမြေမှာ စမ်းရေလိုအေး ပန်းတွေလိုမွှေး

ကမ္ဘာမြေဟာ

သူလက်ခံထားရတဲ့ အရာအားလုံးရဲ့ 

အနာဂတ်တွေ တောက်ပဘို့ အတွက်

သမီးရတနာ တယာက်

လူ့ လောကကိုရောက်လာတာ

တနှစ်မြောက်မို့ 

ဝမ်းမြောက်လို့  နေလေရဲ့ ...။ ကမ္ဘာမြေကို

ထမ်းပိုးထားတယ်ပဲဆိုဆို

ကမ္ဘာမြေကို

စောင့်ရှောက်တယ်ပဲထားထား

နတ်ဘုရားများနဲ့ 

ကမ္ဘာတလွှားက ဘာသာတရားအားလုံးတို့ ရဲ့ 

ဘုရားသခင်များ မေတ္တာတော်

သမီးလေး ယွန်းရန်နိုင်မှူးထံသို့ 

ကျရောက်တော်မူပါစေ ။

တကယ်တော့

ကဗျာဆရာ တယောက်ရဲ့  သမီးဟာ

အမျိုးဂုဏ်လည်းသစ္စာမဖောက်

မတရားမှုကိုလည်း

တော်လှန်ရမှာမကြောက်

သံသရာမှာလည်း မွှေးရနံ့ မပြယ်

ကိုယ့်ကိုယ်ကို လဲ ကာကွယ်

အများသူငါကိုလည်း ကယ်မ

တကယ်လှတဲ့ ဗီဇ မွေးရာပါ ပ...။

သမီးလေးရေ

ဘ၀မှာ

မကြောင့်မကျ မတောင်းမတ

လိုအင်ဆန္ဒဟူသမျှ ပြည့်ဝပြီး

စမ်းရေလိုအေး

ပန်းတွေလို မွှေးပါစေကွယ် ။

ရဲရင့်သက်ဇွဲ


(ကဗျာဆရာ (ကို)ရန်နိုင်ထွန်းရဲ့ သမီးလေး မယွန်းရန်နိုင်မှူးတနှစ်ပြည့်မွေးနေ့ သို့ )

မှတ်ချက် ...ကျွန်တော်သမီးနှင့် သမီးအားလုံးအတွက်တင်လိုက်ပါသည်။
BYIC (Admin)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management