Burning Quran endanger U.S. troops in Afghanistan Tuesday, September 7, 2010 11:07 AM

U.S. Afghan war commander, General David Petraeus, warned that the lives of U.S. soldiers would be dangerous if the evangelical church Florida will implement his plan to burn the Koran holy book at the commemoration of 9 / 11 Saturday.

Petraeus said the plan to burn the sacred book of Muslims would be a propaganda coup for the Taliban in Afghanistan and inciting anti-US sentiment throughout the Muslim world.

Dove World Outreach Center in Gainesville, Florida said it plans to burn the Koran at the end of this week in an air raid warning to the 11 September-9 to protest what they call "Islamic criminals."

In an interview with "Wall Street Journal" on Tuesday, Petraeus said the event: "will endanger the lives of soldiers and it will also endanger all our efforts."
"Exactly the kind of action that will be used the Taliban and will cause severe problems. Not only here, but also anywhere in the world we are involved with the Islamic community," he said.

Plan protest by 50 members of the evangelical church - that in the page Facebooknya bermotto "Islam is Evil" - that has sparked outrage in Indonesia, the largest Muslim majority country in the world.

At the end of August about 100 Indonesian Muslims demonstrated outside the U.S. embassy in Jakarta and threatened "jihad" or holy war if U.S. Christian group doing that.

Allegations of Quran abuse by U.S. soldiers in Afghanistan and Iraq has become a burning issue in some time ago, including when a U.S. soldier deployed to Iraq a full copy of the holy book with bullets in the year 2008.

As a result demonstrations conducted about 2,000 people in central Afghanistan become an arena of violence, and a Lithuanian soldier and two civilians were killed in the crossfire between protestors and police. Florida church pastor, Terry Jones, said the concerns of Petraeus was "legitimate".

But in a statement to the WSJ, he added: "We must send a clear message to the radical elements of Islam. We will no longer be controlled and dominated by fear and threats to them."

Interviewed by the AFP in July, Jones said: "Islam and Sharia law is responsible for the attack 9 / 11." "We will burn the Koran because we think it is time for Christians, to the churches, for politicians to stand up and say no; Islam and sharia law is not welcomed in the United States."

သန်လျင်ရှိ အစ္စလာမ် ဘာသာရေးဝတ်ပြုဆောင် မတရား ပိတ်ပင်ခံရ

     ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် သခင်ဖိုးလှကြီးလမ်း ခြံအမှတ်၂၅တွင်တည်ရှိသောအစ္စလာမ်ဘာသာဝင်တို့ကိုယ်ထူကိုယ်ထဘာသာရေးသင်တန်းကျောင်းနှင့် ဘာသာရေးဝတ်ပြုဆောင်အားသြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁နာရီ ၃၀တွင် သန်လျင်မြို့နယ် (မ.ယ.က) အတွင်းအရေးမှူး ဦးဆောင်ပြီး နယ်မြေခံ (ရ.ယ.က) များပါဝင်သော အဖွဲ့သည်အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲလာရောက်ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။ အဆိုပါ အောင်ချမ်းသာ ရပ်ကွက်တွင် မွတ်စလင် အိမ်ခြေ တစ်ရာ ခန့်ရှိပြီး ယခုလို ဝါတွင်း (ရမ်မဒမ်) ကာလမျိုးတွင် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုကြကြောင်း သိရပါသည်။ အဆိုပါ ဘာသာရေးကျောင်း ဝတ်ပြုဆောင် ဖြစ်မြောက်ရေး ဆောင်ရွက်နေသော အကျိုးတော်ဆောင်များဖြစ်ကြသော ဦးသန်းလွင်၊ ဦးကျော်မြင့်၊ ဦးခင်မောင်ရီတို့အား (မ.ယ.က) အတွင်းအရေးမှူးမှ နောက်နောင်ဘာသာရေးကျောင်း၌ စုပေါင်းဝတ်ပြုခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။
အဆိုပါ ကျောင်းတွင် ခလေးသူငယ် (၃၀) ခန့်အား မော်လဝီဦးသန်းရွှေမှ ဘာသာရေးစာပေများ သင်ကြားပေးနေကြောင်း သိရပါသည်။ ခလေးသူငယ်များအား ဘာသာရေးစာပေများ သင်ကြားနိုင်ရန်နှင့် ဝါတွင်းကာလတစ်လတာ စုပေါင်းဝတ်ပြုနိုင်ရန် ဒေသခံ (ရ.ယ.က) နှင့် နယ်မြေ ရဲကင်းအား လစဉ်ငွေကြေးပေးရကြောင်းဒေသခံ မွတ်စလင်တစ်ဦးက ပြောပြပါသည်။ ယခုလို အကြောင်းပြချက် တစ်စုံတစ်ရာ မပေးပဲ အထက်က ညွှန်ကြားချက်အရ အဆိုပါ ဘာသာရေးစာသင်ကျောင်းအား ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့် မရှိခြင်း၊ အစ္စလာမ်ဘာသာဝင်များအား ခွဲခြားဆက်ဆံမှုများ ရှိနေခြင်းကိုပြသရောက်ကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင်များက ပြောကြားကြောင်းသိရပါသည်။
ယခုလို အစ္စလာမ်ဘာသာဝင်တို့၏ (ရမ်မဒမ်) ဝါတွင်းကာလတွင်း စာသင်ကျောင်းနှင့် ဝတ်ပြုဆောင်အား မတရားပိတ်ပင်ခြင်းဖြစ်ကြောင်း ဒေသခံအစ္စလာမ် ဘာသာဝင်များစွာ
စိတ်ထိခိုက် နေကြကြောင်း သိရပါသည်။

http://burmese.b-m-a.org/?p=492

ဂုဏ်ယူဖွယ် မွတ်စလင်မ်လူငယ် (၄) - ကာယဗလမောင် ဒေါက်တာနိုင်ဝေဝင်း

အားကစားမှာကော ပညာရေးမှာပါ ထူးချွန်တဲ့ mmsy ရဲ့ မန်ဘာအသစ် ကိုနိုင်ဝေဝင်း အကြောင်းကို MMSY ရဲ့ ညီအကို မောင်နှမများ အတုယူနိုင်ရန် တင်ပြချင်ပါတယ်။ ကိုနိုင်ဝေဝင်း နှင့် ကျနော် Facebook မှာ စတင်သိခွင့်ရပြီး၊ MMSY မလေးရှား၏ စုပေါင်းဝါဖြေပွဲတွင် ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ထူးချွန်ပြီး၊ မာနကင်းသော ခင်မင်စရာကောင်းသော အစ္စလမ့် ညီအကိုတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။



ကိုနိုင်ဝေဝင်းကို မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး မန္တလေးမှာပဲ ကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ ကာယဗလ ပြိုင်ပွဲများစွာကိုလည်း မန္တလေးကနေ စတင် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ် ပြည်နယ်နှင့်တိုင်းမှာ ရွှေတံဆိပ်ဆုရခဲ့ပြီး၊ ၂၀၀၉ မှာ ရွှေမန်းမောင် ရခဲ့ပါတယ်။ ၂၀၁၀ မောင်မြန်မာမှာတော့ အဆင့် ၆ ရရှိခဲ့ပါတယ်။
ကာယဗလမောင်တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ အနေအထိုင်း၊ အစားအသောက်၊ စနစ်တကျနဲ့နေထိုင်ပြီး ၊ ဝရိရရှိရှိနဲ့ အချိန်မှန် လေ့ကျင့်မှသာ ကိုနိုင်ဝေဝင်းလို အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ကိုနိုင်ဝေဝင်းဟာ အားကစားမှာသာမကပဲ ပညာရေးမှာလဲ ထူးချွန်ထက်မြတ်သူတစ်ယောက်ဖြစ်ပါတယ်။ ၁၀ တန်းကို ၂၀၀၂ မှာ အောင်မြင်ခဲ့ပြီး MBBS ဘွဲ့ကို ၂၀၀၉ မှာရရှိပြီး ဆရာဝန်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။








သူ၏ blog ဖြစ်တဲ့ http://myanmarfitness.com ကိုလည်း သွားရောက် ဖတ်ရှုနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။

Kadar Night

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ (ရွေးကောက်ပွဲ)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော်ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။


ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။
ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်"

“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်၏မိခင်ဖြစ်သူမှ ကိုဖြိုးဝေအောင်မတရားညှင်းပန်းနှိပ်စက်ခံရပြီး အဓမ္မဖြောင့်ချက်ပေးခိုင်းခံရသည်
မှားကို တိုင်ကြားထားသော
စာအား attath file ဖြင့်ပေးပို့ပါသည်။ ဆက်လက်ဖြန့်ဝေဖေါ်ပြပေးပါရန်
လေးစားစွာဖြင့်



"သင်္ကြန်ဗုံးဖေါက်ခွဲမှုတွင်ပါဝင်“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”
မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီးး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ ကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီးး ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ ဗမာပြည်မှာဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီးလို့ စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှတလတကြိမ်နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာနေမှာ ပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြားထိခိုက်တာကြောင့်ရော၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီး မားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။
စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက်ထုတ်ပြန် ပြီးး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီးးဝပ်လို့အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကိုနေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရစာပေစိစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိထားတယ်ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့များစွာကိုလည်း စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို သေချာလေ့လာပြီးးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ ဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့၊ စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင်ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကိုလိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ ပြဿနာတွေကိုရှင်းဘို့၊ အာဏာ ရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအဝိုင်းကိုပြန်လိမ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့ သားသမီးတွေစုဝေးရာဖြစ်ပြီးး ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါလာသွားနေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေ သမဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်ထွက် ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီးး ဗိုလ်မှူးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအ ဝင် လုံခြုံရေးများစွာရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်းပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့် ကို မကြည် တဲ့ တပ်တွင်းအသိုင်းအဝိုင်း၊ တခြား VIP သားသမီးတချို့ကိုမကြည်တဲ့တပ်တွင်းအသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီးအုန်းချိုကိုမကြည်တဲ့ တပ် တွင်း အသိုင်းအဝိုင်း တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလွင်နေအိမ်နဲ့ နယ် စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီးး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ)၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီးး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီးး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေကပေါ်နေ ပတ်သက်နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိဘဲ ပေါက်ထွက်လာပြီးး ပြည်ပသတင်းဌာနတွေကနေပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန်ဗုံးပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာမလုံမခြုံဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီးးမကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော်သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက်အင်အားစာရင် ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါ တယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဖို့၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင်ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာ ကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်းဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဖူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ ဖြစ်ပါတယ်။ သင်္ကြန်အပြီးး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာအားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာတွေ၊ နိုင်ငံရေးနယ်ပယ်ကသူတွေနဲ့ ပတ်သက်ခဲ့တာတွေကို ပြော ပြဖြစ်ခဲ့မှာဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးး ကောင်းမွန်စွာနေထိုင်ကျောင်းတက်ပါမည်ဟု ဝန်ခံလက်မှတ်ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံဘုန် ကြီးကျောင်းကို ထရန်စဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၎င်းသံဃာတော်များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါတော့တယ်။ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်းအပြီးးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီးးနောက်နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေ တာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း၊ ကျွန်မအမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကိုပြော သွားတာတွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅ မိနစ်တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်း ပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီးး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့်မရခဲ့ဘဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ်၊ ထောင်ပို့ပြီးဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူးပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ် သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ ရှေ့နေကသက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုး ကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့လုံခြုံရေးတွေ သက် သေဖြစ်လာရင် လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကိုလိမ်ညာလှည့်ဖြားဖို့ ရဲချုပ်ခင်ရီရဲ့ ထွက် ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသားကောင် ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်

http://www.scribd.com/full/36152204?access_key=key-9ibhc6kjo2557n7zevd

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management