ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။
By... aungkyawlatt မှ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း တွင် တင်ပြခဲ့ပါတယ်
ကမန် တိုင်းရင်းသားများမှာ မြန်မာ အစိုးရမှ ထုတ်ပေးသော နိုင်ငံသား စိစစ်ရေး ကဒ်ပြား အစစ်အမှန်ကို ကိုင်ဆောင်ထားသူများ ဖြစ်ကြသော်လည်း ခရီးသွားလာရာတွင် အဆိုပါ နိုင်ငံသား ကဒ်ပြားဖြင့် ခရီးသွားလာခွင့်မရဘဲ ပုံစံ(၄) ဖြင့်သာ ခရီးသွားလာနေကြရသည်။
ကျွန်တော်တို့မှာ နိုင်ငံတော် အစိုးရမှ ထုတ်ပေးထားတဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အစစ်အမှန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားလာခွင့်ကို အဲဒီကဒ်ပြားတွေနဲ့ သွားလာလို့ မရဘူး။ ပုံစံ (၄) စာရွက်နဲ့သာ သွားနေရပါတယ်။ အဲဒီ ပုံစံ ၄ စာရွက်ကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်ထိ တင်ရပါတယ်။ ပြည်နယ်က ခွင့်ပြုချက်ရပြီးမှ သွားလာလို့ ရတာ ဖြစ်ပါတယ် ဟု မင်းပြားမှ ကမန်အမျိုးသား တစ်ဦးဖြစ်သူ ဦးသိန်းရွှေက ပြောသည်။
ယခင်အစိုးရ ခေတ်အဆက်ဆက်တွင် ကမန်တိုင်းရင်းသားများ အနေဖြင့် လွှတ်လပ်စွာ ခရီးသွားလာခွင့် ရခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ ကန့်သတ်ခံလာရခြင်း ဖြစ်သည်။
ယခုတက်လာသော အစိုးရလက်ထက်တွင် ကမန်တိုင်းရင်းသားများအား ပိတ်ပင် ကန့်သတ်ထားချက်များကို ပယ်ဖျက်ရန်အတွက် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြထားသော်လည်း ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း သိရသည်။
ရွှေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ဦးဇော်ဝင်းမှ ကမန် အမျိုးသားများ အပေါ် ခရီးသွားလာခွင့် ကန့်သတ် ချက်ကို ပယ်ဖျက်ရန် အစိုးရသစ်ထံ တောင်းဆိုထားကြောင်း ပြောဆိုသည်။
ကျွန်တော်တို့ ပါတီက ရွှေးကောက်ပွဲမှာ အနိုင်မရခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ တိုင်းရင်းသား ကမန် အမျိုးသားတွေအတွက် လုပ်ဆောင်ရမယ့် တာဝန်ရှိကြောင်း ကမန်အမျိုးသားတွေ အပေါ်မှာ ချမှတ်ထားတဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ အစိုးရသစ်ဆီမှာ တောင်းခံထားတာ ရှိပါတယ်။ ကန့်သတ်သင့်တာကို ကန့်သတ်ပါ။ မလိုလားတဲ့ ကန့်သတ်ထားချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတာပါ။ ကျွန်တော်တို့လည်းဒီနိုင်ငံက တိုင်းရင်းသား လူမျိုး တစ်မျိုးဘဲ။ နိုင်ငံသား အခွင့်အရေးကို ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ အညီ ကျွန်တော်တို့လည်း တခြား လူမျိုးတွေလို ရသင့်တယ်ထင်လို့ ခရီးသွားလာခွင့် ကန့်သတ်တာကို ပြန်လည် စဉ်းစားပေးဖို့ တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား။

မြန်မာမွတ်စလင် နှင့် facebook ပြဿနာ
ဒီဖေ့ဘုတ် ကြောင့် ဖြစ်ရတဲ့ ပြသနာ တွေ အခုတစ်လေား ဆက်တိုက်ဆိုသလိုကြားနေရပါတယ်။ ဘာသာရေး ၊ လူမျိုးရေး ၊နှိင်ငံရေး ဇာရိတ္တ ပိုင်းနဲ့ စည်းပွားရေး အပိုင်းကိစ္စတွေပါ ပါမကျန် ပြဿနာ အရှုပ်အထုတ်ပေါင်း သောင်းခြောက်ထောင်နဲ့ပါ။အဲ့ဒီလိုပါပဲ တဖက်ကလည်း ကောင်းတဲ့ ပညာဗဟုသုတ နည်းပညာ သတင်းအချက်အလက် စသဖြင့် လူ့အကျိုးပြု ကိစ္စတွေလည်း တပုံတပင်ကြီးပါ။ ဒီဖေ့ဘုတ်ရဲ့ စည်းမျဉ်းစည်းကမ်း သဘေားသဘာဝ ကိုက Social Network ဆိုတဲ့အတိုင်း ကမ္ဘာ့ နှိင်ငံပေါင်းစုံက လူပေါင်းစုံရဲ့ နေ့တဓူဝ ကိစ္စပေါင်းစုံ ခံစားမှု့ပေါင်းစုံ ဖြစ်ရပ်ပေါင်းစုံကို ရေးခွင့် ပြေားခွင့် ဖြန့်ဝေခွင့် ပေးထားပါတယ်… အဲဒီလိုပါပဲ ဒီဖေ့ဘုတ် အသုံးပြုသူတွေထည်းမှာလည်း အသားအရောင် မျိုးစုံ ၊ခံယူချက်အမျိုးမျိုး ၊၀ါဒအမျိုးမျိုး၊စိတ်ဓာတ်အမျိုးမျိုးကောင်းသူများ ပါသလို မကောင်းသူများလည်းပါပါတယ်။တချို့က ဖေ့ဘုတ်ကို လူ့ အကျိုးပြု ဘာသာရေး ၊ပညာရေး ၊နည်းပညာနဲ့ သတင်းအချက်အလက်များ ဖြန့်ဝေ ဖို့လေ့လာဖို့ အသုံးပြုကြ သလို တချို့ကတော့ ဘာသာရေး ၊လူမျိုးရေး ၊နှိင်ငံရေး အဆိုးအကောင်းဝါဒတွေကို ဖြန့်ဝေ သွေးဆောင်ဖို့ ဒီ Social Network ကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြပါတယ်။တစ်ချို့ကတော့ စည်းပွားရေ အပိုင်း ကဏ္ဍ အမြတ်အစွန်းတွေ အတွက်ကြော်ငြာ ဖို့ အသုံးပြုကြပါတယ်။နောက်ဆုံး တမျိုး ကတော့ အဆင့် အတန်းမ၇ှိဆုံးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံး facebook user မျိုးပါ။မိန်းကလေး ၊သူများအထွတ်အမြတ်ထားရာဘာသာတရား ၊လူမျိုးရေး နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ပဲ သီးသန့် လိုက်ပြီးတိုက်ခိုက် အသရေဖျက်တတ်တဲ့ ဘယ်ရှု့ထောင့်ကကြည့်ကြည့် အသုံးမ၀င် အကျိုးမပြုတဲ့ အောက်တန်းစား facebook user မျိုးပါ။ ထို facebook user များကို အထူးသတိထားကြဖို့ပါ။