DKBA အဖွဲ့က ကရင်ပြည်နယ်အတွင်းရှိ ပလီတစ်လုံးအား မတရား ဖျက်ဆီးခဲ့

DKBA အဖွဲ့က ကရင်ပြည်နယ်အတွင်းရှိ ပလီတစ်လုံးအား မတရား ဖျက်ဆီးခဲ့


၂၀၀၉ခုနှစ်အတွင်း DKBA မှမီးရှို့ဖျက်ဆီးခဲ့သော
ကရင်ပြည်နယ်အတွင်းရှိ ခလော်ထော်ကျေးရွာ

စစ်အစိုးရ လက်ပါးစေ ကရင် ဗုဒ္ဓဘာသာအဖွဲ့ဟု ဘာသာရေး အမည်ခံပြီး ဖွဲ့စည်းထားသည့် အကြမ်းဖက် အုပ်စု ဖြစ်သော DKBA အဖွဲ့က ကရင်ပြည်နယ်အတွင်းရှိ ပလီတစ်လုံးအား မတရား ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

အစိုးရ အသိအမှတ်ပြု အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးများက နိုင်ငံတော်၏ ဘာသာရေး လွတ်လပ်ခွင့် ကို ထိပါးရာရောက်စေကြောင်း သတိပေးပါလျက် နယက ၏ ခွင့်ပြုချက်ဖြင့် DKBA အကြမ်းဖက် သောင်းကျမ်းသူ အဖွဲ့က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကတိုင်တိ ကျေးရွာမှ အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ နှစ်ပေါင်း ၁၀၀ ကျော် မှ ဗလီကြီး အား (၂.၅.၀၉) ရက်နေ့ မနက် (၇း၁၅) မိနစ် အချိန်တွင် DKBA အကြမ်းဖက်သောင်းကျမ်းသူ ၁၀ ဦးနှင့် အရပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဖြိုဖျက်ခဲ့ပါသည်။

ဖြစ်စဉ်မှာ- DKBA ခေါင်းဆောင် မြိုင်ကြီးငူ ဆရာတော် ဟုခေါ်သော ဦးသုဇန ဆိုသူမှ ၄င်းဗလီ နေရာ အောက်ခြေတွင် ဘုရားငုတ်တို ရှိသည်ဟု အိပ်မက် မြင်မက်သည်ဟု အကြောင်းပြ၍ ၄င်းဗလီ အားဖျက်ပေးရန် အုပ်ချုပ်သူ များအား DKBA နှင့် စာချ ဆရာတော်တို့မှ ခေါ်ယူ၍ နှုတ်ဖြင့် ပြောဆို ခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရ အသိအမှတ်ပြု အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး များမှ ပေါင်း၍ မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့် ကို ထိပါးရာ ရောက်စေကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာဖြင့် တရားဝင် အကြောင်းကြား မေတ္တာရပ်ခံခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းထူးခြင်း မရှိခဲ့ကြောင်း။ ကရင်ပြည်နယ် ပ.ရ.က ဒု-တပ်ရင်းမှူး ဗိုလ်ချုပ် ဇော်မင်းအား မေတ္တာရပ်ခံ ရာတွင် ၄င်းမှ “ဆရာတော် သိပ်လိုချင်ရင် ပေးလိုက်ပါ နောင်များ သင့်လျှော်သော မြေလွတ် မြေရိုင်းတွင် နေရာပြန်ပေးမည် ”ဟုသာ နှစ်သိမ့် ခဲ့ပါကြောင်း၊ ၄င်းဗလီ ဖျက်သိမ်းမည့် တစ်ရက် အလိုတွင်လည်း ကတိုင်တိ ကျေးရွာ ရ.ယ.က ဥက္ကဌ ဦးအောင်မျိုး မှလည်း အစ္စလာမ် ဘာသာဝင် များအား လူနည်းစု ဖြစ်၍ ပြဿနာ မတတ်ရေးသာ စဉ်းစား သင့်ကြောင်း မိမိတို့ ဘာမှ လုပ်မပေး နိုင်ကြောင်း သာပြောဆိုခဲ့သည်။ ယခု ဖြစ်စဉ် သည် မြိုင်ကြီးငူ ဆရာတော် ဆိုသူမှ ကရင်ပြည်နယ် အတွင်း ဖျက်ခိုင်း၍ ဖျက်ခဲ့ ရသော တတိယ မြောက် ဗလီဖြစ်ကြောင်း သိရှိရသည်။ ယခင်က နှဘူးကျေးရွာ နှင့် သခွတ်ဖိုး ကျေးရွာ များရှိ ဗလီဝတ်ကျောင်းတော် ၂ လုံးအားလည်း ဖျက်စီးခဲ့ပြီး ဖြစ်ပါသည်။

စစ်ထောက်လှမ်းရေးတစ်ဦး အဖြစ်ဒေသအတွင်း ထင်ရှားသော မြိုင်ကြီးငူဆရာတော်ဆိုသူ ဦးဆောင်သော အထက်ဖေါ်ပြပါ DKBA အကြမ်းဖက် အဖွဲ့သည် ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား လွပ်မြောက်ရေးတပ်မတော်အား ဘာသာရေးကို အခြေခံပြီး ခွဲထုတ်ရန် နအဖ မှ စနစ်တကျ စေလွှတ်ထားသော ဘုန်းကြီး အမည်ခံ စစ်ထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း ကရင်ပြည်နယ်အတွင်း များစွာသော လူသတ် မီးရှို့ အကြမ်းဖက် မှုများစွာ ကိုကျူးလွန်ခဲ့ကြောင်း များမကြာမှီလများအတွင်း ကလည်း KNU ခေါင်းဆောင်တစ်ဦးဖြစ်သော ဖဒိုမန်းရှာ အားထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်းလုပ်ကြံခဲ့သတ်ဖြတ်မှုတွင်၎င်း ဦးဆောင်သော DKBA အကြမ်းဖက် အဖွဲ့ လက်ချက်မကင်းဟုခန့်မှန်းရကြောင်း သိရှိရပါသည်။

၎င်း၏ DKBA အဖွဲ့မှလည်း စစ်အစိုးရ နှင့် ပူးပေါင်း၍ မြန်မာပြည်တွင်း သယံဇာတများ အား တဖက်နိုင်ငံအား တရားမ၀င် ခိုးယူသယ်ထုတ် ရောင်းချမှုများအား တရားဝင်ခွင့်ပြုချက်ရရှိထားသော အာဏာပိုင်အဖွဲ့အစည်းသဖွယ် ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

နန့်ကြည်အေး (MMM-ကရင်ပြည်နယ်)

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management