World Condemns Israel Over Brutal Attack on Volunteer Gaza Ship

VOA-Islam.com - Thousands of people marched down the beaten path in various countries around the world condemned the barbarity of Israel who attacked the convoy of humanitarian aid Freedom Flotilla day Monday, May 31, 2010. Nineteen people were killed and tens of humanitarian activist others injured when Israeli troops raided Command Mavi Marmara ships carrying humanitarian aid and hundreds of activists from 30 countries. The demonstration not only done by people of Islam, but also by those who still care about the rights of the Palestinian people, which for decades in forcibly snatched by Israeli Colonizer.

Hundreds of people protesting in front of the United States embassy in Jakarta, Indonesia condemned the Israeli commando raid on the army convoy ship aid to Gaza (EPA)

Approximately 10.000 people gathered in Taksim Square in Istanbul Turkey protest Israeli attacks on humanitarian ships sailing to Gaza, Monday, May 31, 2010.

The demonstrators burned Israeli flags during a demonstration condemning the Israeli raid in Istanbul Turkey (AP photo)

A U.S. citizen activists during a demonstration in Rome, Italy (AP photo)

British pro-Palestinian citizens gathered in front of the Israeli embassy in London, England during the protests Monday, May 31, 2010. (AP photo) A U.S. citizen activists during a demonstration in Rome, Italy (AP photo)

British pro-Palestinian citizens gathered in front of the Israeli embassy in London, England during the protests Monday, May 31, 2010. (AP photo)

Thousands of pro-Palestinian activists gathered in front of Piazza Venezia in Rome, Italy to protest the Israeli commando raid, Monday, May 31, 2010. (AP photo)

Masses of angry demonstrators clashed with police on guard in front of Greek Israeli embassy in Athens, Monday, May 31, 2010. (Reuters photo)

A resident of pro-Palestinian demonstrators were arrested troops riot in France when protesting Rond Point des Champs Elysees, near the Israeli embassy in Paris. Monday, May 31, 2010

The protesters, including children march in front of Israeli Embassy in Copenhagen Danish, Monday, May 31, 2010. (AP photo)

One of his Pro-Palestinian supporter covered her mouth with a Palestinian flag stickers while protesting in front of the Ministry of Foreign Affairs of Belgium, Brussels Monday, May 31, 2010. (AP photo)

Anti-Israel posters hang on the fence the Israeli embassy in Madrid, Spain, Monday, May 31, 2010. (Reuters photo)

United States citizens shout slogans condemning Israel's humanitarian aid convoy to Gaza and asked the government to stop Barack Obama to Israel's aid.

The demonstrators chanted anti-Israeli slogans in the demonstration at the Sydney Town Hall, Australia (Reuters photo)

Palestinian children carrying placards against Israel during protests in front of UN building in Beirut, Lebanon, Monday, May 31, 2010. (AP photo)

Riot troops prepare for demonstrators Israeli citizens in Jerusalem after news of the attack on a convoy of aid ships to Gaza, Monday, May 31, 2010 (Reuters photo)

Protesters burned Israeli and American flags while protesting in Karachi, Pakistan during a demonstration condemning the Israeli attack boats Mavi Marmara Monday, May 31, 2010 (AP photo)

Palestinian refugees and Lebanese members of left-wing groups protesting in front of representatives of the UN building in Beirut, Lebanon. (EPA)

An Egyptian citizen g berorasi condemn Israel's atrocities in front of the Command Egyptian security forces stationed at Demonstration (EPA)

Jordanian citizens shouting anti-Israeli slogans during demonstrations condemning Israel's barbarity Commando troops in the capital Amman Yordani, Monday, May 31, 2010. Infromasi Jordanian Ministry called the Israeli attack as "terrible crime." (EPA)

Thousands of Turkish citizens carry the Palestinian flag from the consulate of Israel walked toward Thaksim Square in Istanbul, Monday, May 31, 2010. (AP photo)

Syrian women carrying posters Sheikh Raed Salah, leader of the Islamic Movement of Israel-Arab who reportedly injured when the Israeli commando raid on the ship Mavi Marmara, Monday, May 31, 2010 (AP photo)

Palestinian Hamas supporters raised a green Islamic flag at march condemned the Israeli commando raid on a convoy of ships aid for Gaza, in the seaport of Gaza City, Monday, May 31st 2010. (AP photo)

A protestors carrying flags "Muhammad Laailahaillallah Rosulullah" in front of the Israeli Mission to the UN building in New York, United States, Monday, May 31, 2010. (Reuters photo)

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁)

ဟာဒစ်သမိုင်းကျမ်းရှင်များ၏ရည်ရွယ်ချက်

အေမန် ရှာဖီသည် မိမိ၏ တပည့် များကို ဟာဒစ်သမိုင်း ဆိုင်ရာ အချက် အ လက်များကို စုဆောင်း ရန် တိုက်တွန်း ခဲ့ခြင်းမှာ အစ္စလာမ် သာသနာသည် ကျမ်းမြတ် ကုရ်အာန် တစ်အုပ် တည်း နှင့် မွတ်စလင်မ်များ အဖို့ လုံလောက်မှု မရှိ ၍ ကုရ် အာန်၏ အားနည်း နေသော ဥပဒေများကို အ ထောက်အကူ ပြု ရန် အတွက်ဟာဒစ်များကို စုဆောင်း စေ ခဲ့ခြင်း မဟုတ်ပေ။

ဤသည့် အချက်ကို သတိထား ရမည်မှာ မွတ်စလင်မ်များ အတွက် အသက် သွေးကြော တမျှ အရေးကြီး သောအချက် ဖြစ်သည်။ မွတ်စလင်မ် တစ်ဦးသည် ထိုကဲ့သို့ အတွေး အခေါ် ဝင်ရောက် လာပါက မည်မျှပင် ကြီးမားသော လူသား ပညာရှိကြီး ဖြစ်နေ စေကာမူ ထိုသူသည် ကုရ်အာန်၏ အခြေခံ မူဝါဒ ဖြစ် သောကျမ်းမြတ် ကုရ်အာန်၅း၃ အခြေခံ ဥပဒေ ဖြစ်သည့် အစ္စလာမ် သာသနာ ပြီးပြည့်စုံပြီ ဟူသော ဗျာဒိတ် အား ငြင်း ဆန်ခြင်းတစ်ရပ်ဖြစ်သည်။ အကယ်၍ ကုရ်အာန်သည် လူသားများ ရေးသားစီရင် အပ်သော လူရေးကျမ်းများ အားဖြင့်သာ ပြည့်စုံသည် ဟုယူဆ ခြင်းဖြင့် ထို လူရေးကျမ်း များမရှိခဲ့ သေးသော ကာလရှိ မဟာသာဝကများ အဂ္ဂ မဟာသာဝက များနှင့် ၎င်းတို့၏ အရိုက်အရာ များကို ဆက် ခံခဲ့သော မွတ်စလင်မ်များ သည် ပြီးပြည့်စုံသော လမ်း ညွှန်မှုကို အ ပြည့်အဝ မရရှိခဲ့ကြပါ ဟုတိုက်ရိုက် စွပ်စွဲခြင်း တစ်ရပ် လည်းဖြစ်သည်။

အေမန် ရှာဖီသည် ၎င်း၏ တပည့်များကို ဟာဒစ်သမိုင်း ကျမ်းများကို စု ဆောင်း စေခဲ့ခြင်းမှာ အေမန်အဘူဟနီဖာ၏ အသိဥာဏ်ကို အခြေခံ၍ ဆုံးဖြတ်ခြင်းမျိုး ထက် ရှေးသမိုင်းများမှ မဟာ သာဝကများ၊ အဂ္ဂမဟာ သာဝကများ ၏ပြုမူ ဆောင်ရွက် ချက်များကို ပြန်လည်ရှာဖွေ ခြင်းဖြစ်သည်။ ဖော်ပြပါ အေ မန်အဘူဟနီဖာ ၏ဆုံးဖြတ် ချက်များသည်လည်း၊ အစ္စလာမ်သာသနာ အတွက် မရှိ မဖြစ် လိုအပ်ချက် ဥပဒေ များ မဟုတ်ပေ။ ကုရ်အာန်တွင် ပါဝင်သော ဥပဒေများ နှင့်စပ်လျှင်းပြီး အဓိက သိထားရ မည့် အချက်မှာ ကုရ်အာန်သည် ခေတ်တိုင်း နေရာတိုင်း နှင့် လူတိုင်း အတွက် ဟူသော အချက်ဖြစ်သည်။

ဥပမာ အားဖြင့် လင်နှင့်မယား စပ်ကြား ကွာရှင်းပါက “အစ်ဒသ်” စောင့် ဆိုင်းကာလအတိ အကျ ဖော်ပြ ထားပြီး ဖြစ်သည်။ အလားတူ လင်ယောက်ျား သေဆုံး သွားသော အမျိုးသမီးများ ၏ စောင့်ဆိုင်းကာလ ကိုလည်း အတိအကျ ပြဌာန်း ထားပြီးဖြစ်သည်။ သို့ရာတွင် အိမ်မှ ထွက်သွား ၍ ပြန်လည် ရောက်ရှိ လာခြင်းမရှိသော လင်ယောက်ျား ၏ဇနီး အတွက် နောက်အိမ်ထောင် ထူထောင်ရန် ကိစ္စကို ကုရ်အာန်တွင် မည်မျှ အတိုင်း အတာ အထိ စောင့်ဆိုင်းရမည် ဟူ၍ အတိအကျ ဖော်ပြ ထားခြင်း မရှိသည်မှာ အလွန် သဘာဝ ကျသော ကိစ္စဖြစ်သည်။ လူတစ်ယောက် ပျောက်သွားခြင်း ကိစ္စကို အဖြေရှာရာ၌ ခေတ်ကာလ နှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။ ခေတ်မှီ တိုးတက်သော အခြေ အနေနှင့် အချိန်အခါ ပေါ်တွင် မူတည်၍သာ အချိန် သတ်မှတ် နိုင်မည်ဖြစ်သည်။ ဥပမာ အားဖြင့် လူတစ်ယောက် သည် အသက်ရှင် လျှက်ရှိနေသည် သို့မဟုတ် သေဆုံး သွားပြီ ဟူသော ကိစ္စမှာ ခေတ်မှီ တိုးတက်သော နိုင်ငံ ကြီး များတွင် ၎င်းတို့၏ Biometric ခေါ် လက်ဗွေ၊ ID. CellPhone. Credit Card များအားဖြင့် အချိန်တိုတို အတွင်း စုံစမ်းနိုင်သည်။ ထိုကဲ့သို့ စုံစမ်းရာ၌ ခေတ်မှီ တိုး တက်မှု မရှိသေး သော နိုင်ငံများနှင့် နေရာများတွင် အထက်မှ တိုးတက်သော နိုင်ငံများ ကဲ့သို့မြန်နိုင်မည် မဟုတ် ပေ။ ဤသည်ကို အကြွင်း မဲ့သိသော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ၎င်း၏ ခေတ်မှီ လမ်းညွှန်မှု ကျမ်းတွင် လူသား များရေး သားသော ဥပဒေများ ကဲ့သို့ လှေနှံဒါးထစ် ဘောင်ခတ် ၍ပြဌာန်း ထားခြင်း မရှိပေ။ လူသား၏ မြင် တွေ့မှု သည် ၎င်း၏ မျက်စေ့ တစ်ဆုံး ကိုသာ မြင်နိုင်သောကြောင့် ၎င်း၏ ဥပဒေ သည်လည်း ၎င်း၏ ခေတ်ကာလ ပတ်ဝန်း ကျင်လောက် ကိုသာ လွှမ်းမိုးနိုင်မည်။ ကုရ်အာန်သည် ထိုကဲ့သို့ လူသားတို့၏ စီရင်အပ်သော လူရေးကျမ်းမျိုး မဟုတ် ကြောင်းကို ကုရ်အာန် ၄း၈၂ တွင် ဖော်ပြထားသည်။

(ထိုသူတို့သည် ကုရ်အာန်ကို ဂဃ နဏ နှိုက်နှိုက် ချွတ်ချွတ် စေ့ငုံစွာ လေ့လာသမှု မပြုကြ လေသလော၊ အကယ်၍ သာထိုကျမ်းသည် တုနှိုင်း မဲ့ကိုး ကွယ်ရာ အရှင်ထံမှ မဟုတ်ဘဲ အခြားတစ်ဦးဦး ထံမှဖြစ်ခဲ့သော် ဧကန် အသင်တို့သည် များစွာသော ကွဲလွဲ မှုများကို ဧကန် တွေ့ကြ ရမည်ဖြစ် သည်)

ဖော်ပြပါ ကုရ်အာန်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း မရှိသော ကိစ္စကို လူ သားပညာ ရှိဖြစ်သော အေမန် အဘူဟနီဖာ က ၎င်း၏ခေတ် ၎င်း၏ကာလ၌ ၎င်း၏ အမြင်အရ လင်ယောက်ျား ပျောက် ဆုံးသွားသော ဇနီးသည် နောက် အိမ်ထောင် ပြု လိုပါက နှစ်ပေါင်းရှစ်ဆယ်စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုတရား ဆုံးဖြတ် ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ထို အမျိုးသမီး အနေဖြင့် ဒီတစ်သက် နောက်အိမ်ထောင် မထူတော့ နှင့် ဟုဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အိမ်ထောင် ပြုပြီးသော အမျိုးသမီး တစ်ယောက်၏ အသက်မှာ အနည်းဆုံး ၁၈နှစ် ဆိုပါလျှင် နှစ်ပေါင်း၈၀ ထပ်ပေါင်းပါက ဒီတစ်သက် နောက် အိမ်ထောင်ပြုခွင့် မရှိဟူသော ဆုံး ဖြတ်ချက်ဖြစ်သည်။ ထိုကိစ္စရပ် အပေါ် အေမန်ရှာဖီ၏ ဆုံးဖြတ်ချက်မှာ ဇနီးသည် အတွက် လေးနှစ် စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုဆုံးဖြတ်သည်။ အေမန် ရှာဖီ၏ တပည့် အေမန်ဘိုခါရီသည် ၎င်းရှာ ဖွေ ရရှိခဲ့သော ဟာဒစ် သမိုင်း များ အရဘိုခါရီကျမ်းတွင် (၂)နှစ်စောင့် ဆိုင်းရမည် ဟုဖော် ပြထား သည်။

ဖော်ပြပါ မွတ်စလင်မ်ပညာရှိ သုခမိန်ကြီးများ အတွင်း၌ပင်လျှင် အယူဝါဒ ဆိုင်ရာ ဓမ္မသတ် များသည် ၎င်းတို့၏ခေတ် ၎င်းတို့၏ဘောင်များ အတွင်း ပြောင်းလဲလာသော အခြေအနေ ပေါ်တွင် မူတည်၍ တစ်ဦး၏ ဓမ္မသတ်နှင့် အခြား တစ်ဦးတို့မှာ တူညီမှုမရှိပေ။ ဤအချက်လေး တစ်ခုတည်း ကိုကြည့်ခြင်းဖြင့် နှစ်ပေါင်း ၁၅၀၀ ကတည်းက လူသား တစ်ရပ်လုံးကို လမ်းညွှန်ရန် အတွက် ချပေးခဲ့သော ကုရ်အာန် ၄း၈၂၏ ဟော ကိန်းပါ (လူသားတို့၏ ရေးသော လူရေးကျမ်း၊ လူသားတို့၏ ပြောသောစကား၊ လူသားတို့၏ဆုံးဖြတ်ချက်၊ လူသားတို့ ၏ ထင်မှတ် ယူဆ ချက်များသည် ကွဲ ပြားခြားနားမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

အလားတူ ကျမ်းမြတ် ကုရ်အာန်တွင် အသေးစိပ် ဖော်ပြထားမှု မရှိသော ရေ တွင်း ရေကန် ထဲသို့ ခွေး၊ ကြောင်၊ တိရိစ္ဆာန် တစ်ကောင်ကောင် ကျသွားပါက ရေကို မည်ကဲ့သို့ သုံးရန် လမ်းညွှန်မှု ပါဝင်ခြင်း မရှိပေ။ ဤသည်လည်း အလွန် သဘာဝ ကျသော ကိစ္စရပ် ဖြစ်သည်။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဗျာ ဒိတ်ကျမ်းသည် ခေတ်တိုင်း နေရာတိုင်း လူတိုင်း အတွက်ဖြစ်သည်။ ညစ်ညမ်းသွားသော ရေကို သန့်စင်ရန် ကိစ္စရပ် သည် ခေတ်ကာလ တိုင်းတွင် တူညီမှု မရှိနိုင်ပေ။ ယနေ့ခေတ် မှီတိုးတက်သော နိုင်ငံများ အနက် ရုရှားသည်လည်း တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ ရုရှားနိုင်ငံ မြို့ကြီးများ ၏ ရေပေး ဝေရေး စနစ်သည် အလွန် စိတ်ဝင်စား ဖွယ်ရာ ကောင်းပေသည်။ တစ်မြို့လုံးမှစွန့်ပစ်လိုက်သော ရေများသည် ရေမြောင်းများမှ မြို့ပြင်သို့ ရောက်ရှိသွားသည်။ ထို မြို့ပြင်မှ ထိုရေများကို အထပ်ထပ် ဇကာခံစစ်ရာ မှ လုံးဝ အညစ်အကြေး များစင်၍ ရေကြည် စစ်စစ်အဖြစ်သို့ရောက် ရှိသွားသည်။ ထိုရေကြည် ၌ ပိုးမွှားများ ကင်းစေရန် ပိုးသတ်ဆေးရည် များရော၍ ထိုမြို့ပြင် ရေသန့်စက်ရုံမှ မြို့ထဲ သို့ပြန်လည်၍ သောက်ရေ အဖြစ် ပြန်လည် ဖြန့်ဖြူး သော စနစ်ကို အသုံးပြုခဲ့ သည် မှာ နှစ်ပေါင်း များ စွာအလျှင် ကပင် ဖြစ်သည်။ ယနေ့ ခေတ်တွင် ထိုစနစ်ကို များစွာသော ခေတ်မှီ နိုင်ငံများတွင်လည်း သုံးစွဲလျှက် ရှိနေသည်။ ဤကဲ့သို့ ကိစ္စရပ် များအား ကုရ်အာန်တွင် ဖော်ပြမှု မပြုခဲ့ခြင်းမှာ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ အရာရာကို လွှမ်း ခြုံသော အနှိုင်းမဲ့ ဥာဏ်တော်ကြောင့်ဖြစ် သည်။

မွတ်စလင်မ် တိုင်းသည် ကျမ်းမြတ် ကုရ်အာန်ပါ လမ်းညွှန် မှုများကို အစွဲကင်းစွာဖြင့် နားလည် သဘော ပေါက်ကြ မည် ဆိုပါက အထက်မှ အေမမ် ကြီးများ၏ ကွဲလွဲသော ဆုံးဖြတ်ချက်များကို သဘောပေါက် နားလည် နှိုင်မည် ဖြစ် သည်။ ၎င်းတို့သည် ကုရ်အာန်တွင် ပါဝင်မှုမရှိသော ကိစ္စရပ် များကို ဆုံးဖြတ်ကြရာ၌ ၎င်းတို့ခေတ် ၎င်းတို့ဝန်ကျင် ရှိ အခြေအနေ နှင့် အချိန်အခါများ အပေါ်မူတည်၍ ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်သည်။ ဥပမာ အားဖြင့် ထိုအချိန်က သာမန် အမဲလိုက် ထွက်သွားသူ တစ်ဦးနှင့် ယနေ့ခေတ် သာမန် အမဲလိုက်ထွက်သွားသူ တစ်ဦးတို့၏ အခြေအနေ မှာမတူ နှိုင်ပေ။ တိုကဲ့ပင် ထိုခေတ် ရေကြောင်းခရီး ထွက်သွား သူတစ်ဦးနှင့် ယနေ့ ခေတ် ရေကြောင်း ခရီး ထွက် သွား သူ တစ်ဦးတို့၏ အခြေအနေ မှာလည်း တူနှိုင်မည်မဟုတ်ပေ။ ထိုသို့သော အကြောင်းများကြောင့် ခေတ် တိုင်း စနစ် တိုင်း အတွက်ဖြစ်သော ကျမ်းမြတ် ကုရ်က အထက်မှ ဖေါ်ပြခဲ့သော ဥပဒေများကို လှေနံဒါးထစ် ပြဌာန်း ခဲ့ခြင်း မ ရှိပေ။

May 20th, 2010

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၂)

In Quranic Knowledge, Tags: new episode,Quranic Knowledge

“ဟာဒစ်များကိုပြန်လည်ဖော်ပြရာ၌”

ဟာဒစ်သမိုင်းများ ကိုစုဆောင်းသူများ အားလုံးသည် ၎င်းတို့ရရှိခဲ့သော ဟာဒစ်များကိုပြန် လည်စီစစ်၍ အနည်း ငယ်မျှကိုသာ ပြန်လည်ဖော်ပြခဲ့ ကြခြင်းဖြစ်သည်။ အေမန် ဘိုခါရီ သည် ဟာဒစ်ပေါင်း (၆)သိန်းကို စုဆောင်းရရှိခဲ့ သည်။ ထို(၆)သိန်း အနက်မှ ၎င်း၏ ဘိုခါရီကျမ်းတွင် ဟာဒစ်ပေါင်း (၇၀၅၂) ပုဒ်ကိုသာ ပြန်လည်ဖော်ပြခဲ့သည်။

မွတ် စနတ်ကျမ်း ဟစ်ဂျရီ၂၄၁ အားပြုစုသူ အဟ်မဒ်အေ့ဗနုဟမ်ဘလ်သည်၊ ၎င်းစုဆောင်း ရရှိခဲ့သော ဟာဒစ်ပေါင်း တစ် သန်းအနက်မိမိ၏ ကျမ်းတွင်(၂၉၀၀၀) ကို သာပြန်လည် ဖော် ပြခဲ့သည်။ ထိုကျမ်းရှင် အားလုံးသည် ၎င်းတို့၏ ခေတ်တွင် ဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများထံမှ စာရွက်များပေါ်တွင် ပြန်လည်၍ရေးသား မှတ်တမ်း တင်ခဲ့ခြင်း ဖြစ် သည်။ ထိုဟာဒစ်များကို အလွတ်ကျက်မှတ် ထားသူများသည် ၎င်းတို့၏ ဆရာများ၊ ၎င်းတို့၏ ဘိုးဘွားများမှ ဆင့်ကဲ ဆင့်ကဲ တစ်ဆင့်ပြီး တစ်ဆင့် အလွတ်ကျက်မှတ် ထားသော ဟာ ဒစ်များဖြစ်သည်။ ဖော်ပြ ပါ ဟာဒစ် ကျမ်းပေါင်း (၄၁) ကျမ်းပါဟာဒစ်များသည် တမန်တော်ခေတ်မှ တမန်တော်၏ ပြောကြား ချက်များ၊ လုပ်ဆောင်ချက် များကို မဟာသာ ဝက များ က ကုရ်အာန်ကို မှတ်တမ်းတင် သကဲ့သို့ မှတ်တမ်း တင်ခဲ့ခြင်း မျိုးမဟုတ်ပေ။

ထို့အတွက်ကြောင့် ဟာဒစ်များအား ဆင့်ပြန်သူကို “ရာဝီ” ဆင့်ပြန်သူဟုခေါ်သည်၊ ဟာဒစ် များကို ”ရေ ဝါယသ်” ဟု ခေါ်သည်။ အာရဗီဝေါဟာရ ရေဝါယသ် ဟူသည်အဖြစ် အပျက်တစ်ခုကို ဆင့်ပြန်သူသည် အခြားတစ်ဦးထံမှ ကြား ခြင်းဖြစ်သည်။ ထိုအခြားတစ်ဦး မှာလည်း ထိုဖြစ်ရပ် နှင့်ကြုံခဲ့ သည်မဟုတ်၊ နောက် အခြားတစ်ဦးထံမှ ဆင့်ကဲကြား သိချက်ဖြစ်သည်။ဥပမာအားဖြင့် ဘိုခါရီကျမ်းသည် ဟစ်ဂျရီ၂၅၆ ဖြစ်သည်။ တမန်တော်ခေတ်နှင့် နှစ်ပေါင်းနှစ်ရာ ကျော် အတွင်း လူသားမျိုးဆက်(၇)ဆက် မှတမန်တော်၏ ပြောကြား ချက်များကို ဆင့်ကဲဆင့်ကဲ အလွတ်ကျက် မှတ်ထားချက်များကို အေမန်ဘိုခါရီက ၎င်း၏ ခေတ်ပြိုင် နောက်ဆုံး အဆင့်အလွတ် ကျက်မှတ်ထား သူထံမှ စာရွက် ဖြင့် မှတ်တမ်း တင်ချက်ဖြစ်သည်။ ရေဝါယသ်ဟူသော အာရဗီ ဝေါဟာရ ကို Hear say (သို့မဟုတိ) Narration ဟူသော အင်္ဂလိပ် ဝေါဟာရ နှင့်ထပ်တူထပ် မျှဖြစ်သည်။ ထို့အတွက်ကြောင့် ဘိုခါရီကျမ်း ပါ ဟာဒစ် တစ်ပုဒ်ကို ဆင့်ပြန်သော မျိုးဆက်မှာ (၇)ဆက်ခန့်ဖြစ်သည်။ ဘိုခါရီကျမ်းပါ အချို့ဟာဒစ်များသည် ဆင့်ပြန်သူ၏ အာဘော် အ တိုင်း အာရဗီဝေါဟာရ (အောက်(ရ်)ကမာ၊ကားလ) အဓိပ္ပွါယ်မှာ (သို့မဟုတ်- ထိုကဲ့သို့ ပြောခြင်းလည်းဖြစ် နိုင်သည်) ဟူသော မတိကျသော ဆင့်ပြန်ချက် ကို အေမန်ဘိုခါရီက ဆင့် ပြန် သူ၏အာဘော် အတိုင်းပြန်လည်ဖော်ပြထားသည်။

အလားတူ အကြောင်း အရာတစ်ခု နှင့် တစ်ခု လုံးဝဆန့်ကျင် ကွဲပြားလျှက်ရှိသော ဟာဒစ်များကိုလည်း ယှဉ်တွဲဖော်ပြ ထားလေသည်။ ဘိုခါရီကျမ်းတွင် ဖော်ပြ ချက် များအနက် အချို့ ကိစ္စများမှာ ဘာသာရေးနှင့် လုံးဝပတ်သက် ဆက်နွယ်မှု မရှိသော ဟာဒစ်များလည်း ပါဝင်သည်။ ဥပမာ ရှေးအာရဗ် များ၏ရိုးရာ ဗိန္ဓောဆေးဝါး ကုသမှုဆိုင်ရာကဏ္ဍများ လည်း ပါဝင် သည်။ ထိုကဲ့သို့ပင် ရှေးအာရဗ်များ ၏ နက္ခတ္တ ဗေဒဆိုင်ရာ အယူဝါဒများ အကြောင်းပါဝင်သည်။ ထိုနက္ခတ္တ ဗေဒ ဆိုင် ရာအ ယူဝါဒများ သည်လည်း ကုရ်အာန်ပါ နက္ခတ္တဗေဒ ဆိုင်ရာ ပါ ရှိ ချက်များ နှင့်ကွဲလွဲ လျှက်ရှိနေ ပေသည်။ ကျမ်းမြတ်ကုရ်အာန် မတိုင်ခင် အလျှင်က အာရဗ်များ အပါ အဝင် ကမ္ဘာ့လူသားများ၏ အယူအဆများအတိုင်း နေ သည် အရှေ့ အရပ်မှ စ တင်ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်ရောက်ပြီး အရှင်မြတ်၏ အရ်ရှ်ပလ္လင် တော် အောက် တွင် တစ်ညအိပ်သည်၊ နောက်တစ်နေ့နံနက်တွင်နေသည် အရှင့်အမိန့်နှင့် အရှေ့ အ ရပ်မှပြန်လည် ထွက်သည်ဟူ သော ဟာဒစ်များဖြစ်သည်။ (နေသည် ကမ္ဘာတွင် တစ်ညပျောက်ကွယ် သွားသည်ဟူသော အယူအစဖြစ်သည်။)

မည်သို့ပင်ဖြစ်စေ ဟာဒစ်များကို စုဆောင်း၍ စာအုပ်အဖြစ်ရေး သားခဲ့ကြသော ကျမ်းရှင်များက “ရေဝါယသ်” Hear Say (သို့မဟုတ်) Narration ဟူသော ဆင့်ကဲ ဆင့်ကဲ တဆင့်ကြား စကားများမှ ပြန် လည် မှတ်တမ်းတင်ခြင်း ဖြစ်သည် ဟုဆို ထားပြီးဖြစ် သည်။ ၎င်းတို့ ကိုယ်တိုင်က ဥပဒေရှုဒေါင့်မှ ဟာဒစ်များကို ဖော်ပြခဲ့ သည်ဆိုပါက ကဏ္ဍတစ်ခု ထဲတွင်ပင်လျှင် ကွဲပြား ခြားနား သော ဟာဒစ်နှစ်မျိုး ကိုတစ်နေရာထဲ တွင်ယှဉ်တွဲ၍ ဖော်ပြကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် တမန် တော်သည် မီးနှင့်ချက်ပြုတ် ကြော်လှော်ထား သည့် အစားအစာ များကိုစားသုံး ၍ဝိုဇူ ပြန်လည်ပြုသော ဟာဒစ်များနှင့် မီးနှင့် ချက်ပြုတ်ကြော်လှော် ထားသည့် အစား အစာကို စားသုံး၍ ဝိုဇူပြန်လည် ၍မလုပ်သောကွဲပြားခြားနားသည့်ဟာ ဒစ်များကို လည်းယှဉ် တွဲဖော်ပြထားသည်များကိုတွေ့ရလေသည်။

အစ္စလာမ့်သမိုင်းတွင် အဟ်လေဟာဒစ် (ဝါ) ဟာဒစ်ဝါဒီ များဟူသော ဟာဒစ်သမိုင်းများ ကိုရှာဖွေ၍ ဥပဒေစ တင်ပြုသောစနစ်ကို အေမန်မာလစ်(က်) လက်ထက်မှ စတင်ခဲ့ သည်။ ထိုဝါဒ လမ်းစဉ်ကို ပိုမို၍ တိုးပွားခဲ့သူမှာ အေ မန်ရှာဖီဖြစ်သည်။ ထိုပညာရှိ သုခမိန်ကြီး နှစ်ဦး၏ နောက်ပိုင်း အဟ်လေဟာဒစ် ဝါဒလမ်းစဉ်ကို ပိုမိုတိုး ပွားစေသူမှာ အဟ် မဒ် အေ့ဗနု ဟမ်ဗလ်ဖြစ်သည်။ အေမန်မာလစ်က် သည်ကိုယ်တိုင် ဟာဒစ်သမိုင်းကျမ်း ကိုပြုစု သူဖြစ်သည်။ အေမန်ရှာဖီသည် ကိုယ်တိုင်ဟာဒစ် သမိုင်းကျမ်း ကိုမပြုခဲ့သော်လည်း ဟာ ဒစ် များကို စုဆောင်း သောစနစ်ကို အားပေးခဲ့သူဖြစ် သည်။ အဟ်မဒ်အေ့ဗနုဟမ်ဗလ်မှာ ကိုယ်တိုင်လည်း မွတ်စနတ်ဟူသော ဟာဒစ်သမိုင်း ကျမ်းကြီးကိုပြုစုခဲ့သူဖြစ် သည်။ သို့ရာ တွင်များမြောင်သော ဟာဒစ်များနှင့် ကွဲပြား ခြားနားသော ဟာဒစ်များ လည်း များမြောင်စွာပါဝင်ခဲ့လေ သည်။

အထက်မှ ဖော်ပြခဲ့သော ဟာဒစ်များကို အခြေခံ၍ အစ္စလာမ့် ဓမ္မထုံးဖွဲ့မှုများ ကိုစတင်ခဲ့သော အေမန်မာလစ်က်၊ အေ မန်ရှာဖီ၊ အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ် တို့သည် အဟ်လေ ဟာဒစ် ၀ါဒီများဖြစ်ပါလျှက် ဥပဒေပြုရန် ဟာဒစ်များကို ရွေးချယ်ရာ၌ တစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်း မတူသော ဟာဒစ်များ ကြောင့် ဂိုဏ်းကွဲ သုံး ခုဖြစ် ခဲ့ကြရသည်။ အေမန် မာလစ်က် နှင့် အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ်တို့၏ “မဇဟဗ်” ဂိုဏ်းများတွင် မီးနှင့်ချက်ပြုတ်ပြီးသော အစားအ စာစားခြင်းဖြင့် ဝိုဇူပြန် လည်ပြုရန် မလိုအပ်။ အလား တူဝိုဇူနှင့် ဇနီး မယားကို ထိမိရုံဖြင့် ဝိုဇူပြုရန် မလိုအပ်ပေ။ သို့ရာ တွင်အေမန်ရှာဖီ ၏ဂိုဏ်းဝင်များ အဖို့ မီးနှင့် ချက်ပြုတ်သော အစားအစာ စားအပြီး ဝိုဇူပြန်လည်ပြုရသည်။ ဇနီးကိုထိမိ ရုံဖြင့် ဝိုဇူပြန်လည် ပြုရသည်။ ထိုကဲ့သို့ပင် အေမန် မာလစ်က်၏ ဂိုဏ်းဝင်များက ဆွလာသ် တည်ဆောက် ရာ၌ လက် နှစ်ဖက် ကိုအောက်ချ၍ တည်ဆောက်သည်။ ရှာဖီဂိုဏ်း ဝင်များနှင့် ဟမ်ဗလီဂိုဏ်းဝင် များက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ တည်ဆောက်သည်။ အစားအသောက် စားသုံးရာ၌ ရေသတ္တဝါများနှင့် စပ်လျှင်း၍ ရှာဖီ၏ ဂိုဏ်းဝင်များက ရေနေ ကုန်း နေ လိပ်သတ္တဝါ များကိုပါ စားသုံးခွင့်ရှိသည်။ အခြားဂိုဏ်း နှစ်ခုဖြစ် သော မာလီကီဂိုဏ်းဝင်များနှင့် ဟမ် ဗလီဂိုဏ်းဝင်တို့က ရှာဖီဂိုဏ်း ဝင်များ ကဲ့သို့စားပိုင် ခွင့်မရှိပေ။ ဤဂိုဏ်း သုံး ဂိုဏ်းမှာ အဟ်လေဟာဒစ်ကို စတင်ခဲ့သူ များဖြစ်ပါ လျှက် များစွာသော ဟာဒစ်သမိုင်းကျမ်းများအတွင်းမှ ကွဲပြားခြားနား လျှက်ရှိနေသော ဟာဒစ်များကို ရွေးချယ်၍ ဥပဒေပြုရင်းမှ ကွဲပြားခြား နားသောဂိုဏ်းကွဲ သုံးခု ဖြစ်သွားခဲ့သည်။

ထိုဟာဒစ်များကို နောက်ပိုင်း ပညာရှင်များက ပြန်လည်၍ အဆင့်အတန်းခွဲခြား သတ်မှတ်ခဲ့ကြသည်။ ထိုအဆင့်အတန်း သတ်မှတ်ချက်များ အနက်အချို့မှာ- (ဆွ ဟီးဟ်) မှန်ကန်သောဟာဒီးစ်များ။ (ဟစန်) သင့်တင့်လျောက်ပတ်သော အဆင့်တွင်ရှိသော ဟာဒီးစ်များ။ (ဒွအီးဗ်) အားနည်းမှုရှိသော ဟာဒီးစ်များ။ (ခဗ်ရေအ ဟသ်) တစ်ဦးတစ်ယောက်(၀ါ) လူနည်းစုသာ ဆင့်ပြန်သော ဟာဒီးများ။ (မုသ၀သ်သာရ်) လူများစုဆင့်ပြန်သော ဟာဒီးစ်များ။ ( ခဗ်ရေအဟသ် မရှ်ဟူးရ်) တစ်ဦး တစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ်သည်။

ဥပမာအားဖြင့် သောက်သုံးအရေခွက် ထဲသို့ယင်ကောင် ကျသွား ပါက ထိုယင်ကောင်ကို ထိုအရေထဲသို့ နှစ်မြှုတ်၍ သောက်သုံးနှိုင်သည်။ယင်ကောင်၏အတောင် တစ်ဖက်တွင် အဆိပ်ရှိသည် အခြားအတောင်တစ်ဖက်တွင် ဖြေဆေးရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူမှာ အဘူဟူရိုက်ရာဟ် တစ်ဦးတည်းဖြစ်သည့်အတွက် (ခဗ်ရေ အဟသ်)ဟာဒီးစ် အမျိုးအစားဖြစ်သည်။ ထိုဥပဒေကို ကျင့်သုံးချင်လည်း ကျင့်သုံးနှိုင်သည်။ မကျင့်သုံးလိုက မကျင့်သုံးဘဲနေနှိုင်သည် ဟု ဟာဒီးစ် ပညာ ရှင် များက သတ်မှတ်ထားသည်။

အလားတူ မုတ်ဆိတ် ထားခြင်းနှင့်စပ်လျင်းသော ဟာဒီးစ်များသည် ဘိုခါရီကျမ်း၊ အဘူဒါဝုဒ် နှင့် မွတ်စနတ်ကျမ်းများတွင် ပါဝင်သည်။ ထို ဟာဒီးစ် အားလုံးကို အ ဗ္ဖဒွလ္လာဟ် အေ့ဗနု အွမ္မရ် တည်းဦတည်းက ဆင့်ပြန်သည့် အတွက် (ခဗ်ရေအဟသ်)် ဟာဒီးစ် အမျိုးအစားဖြစ်သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုနည်း အတိုင်းပင် (အင်နမလ်-အအ်မားလို-ဘင်န်နိယဟ်) လုပ်ဆောင်မှု၏ ရလဘ်သည် ရည်ရွယ်ချက် ပေါ်တွင်မူတည်သည် ဟူသောဟာဒီးစ် ကို အွမ္မရ်အေ့ဗနု ခသဗ် တစ် ဦး တည်းက ဆင့်ပြန်သော (ခဗ်ရေအဟသ်) ဟာဒီးစ် အမျိုးအစားဖြစ်သည်။ သို့ရာတွင် ထိုဟာဒီးစ်သည် ဟာဒီးစ်ကျမ်းပေါင်း (၄၁)ကျမ်းလုံးတွင် အကြိမ်ပေါင်း ခြောက် ရာကျော် ပါဝင်ခဲ့သည့်အတွက် ( ခဗ်ရေအဟသ်မရှ်ဟူးရ်)တစ်ဦးတစ်ယောက်က ဆင့်ပြန်သော ဟာဒီးစ် ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ် သည်။

ထိုကဲ့သို့ပင် (ဆွဟီးဟ်) ဟာဒီးစ်များ ဖြစ်သော်ငြားလည်း ယခုခေတ်တွင် မည်သူမျှလိုက်နာကျင့်သုံး မှုမရှိတော့သော ဟာဒီးစ်များစွာရှိနေပေသည်။ ဥပမာအမျိုး သား တစ်ဦးသည် မိမိ၏ဇနီးဖြင့် သံဝါသပြု၏ ကာလာလရေ မထွက်ပါက ရေချိုးရန်မလို၊ ၀ိုဇူပြုပြီး ဆွလားသ် တည်ဆောက်ခွင့်ရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူ များမှာ အွတ်စမာန်း-ဘင်-အဖါန်း၊ အလီအေ့ဗ်နုတွာလစ်ဗ်၊ ဇိုဗိုရ်ဗင်န် ဖ၀ါမ်၊ သွာလဟာဗင်န်-အိုဗိုက်သွလ္လာဟ်၊ အေ့ဗနေ ကအားဗ် တို့ကဆင့်ပြန်သည်။ ဟာဒီးစ် အမျိုးအစားမှာ ဆွဟီးဟ် ဖြစ်သည်။ ထိုဟာဒီးစ် ပါဝင်သော ကျမ်းများမှာ (ဘိုခါရီအျမ်း) ၀ိုဇူကဏ္ဍ၊ရေချိုးခြင်းကဏ္ဍ၊ ဓမ္မတာ ကဏ္ဍ၊ (မွတ်စလင်မ်ကျမ်း) ဓမ္မတာ ကဏ္ဍ၊ (နေဆာ အီကျမ်း) သန့်စင်မှုကဏ္ဍ၊ (မွတ်စနတ်ကျမ်း) အခန်း၁၊၂၊၃၊တို့တွင်ပါဝင်သည်။

မွတ်စလင်မ်များသည် မိမိတို့တတ်သိသော စာပေဖြင့် ဟာဒီးသမိုင်းကျမ်းများကို လေ့လာမည်ဆိုပါက ဟာဒီးစ်များကို ရေးသားမှတ်တမ်း တင်သူများက သမိုင်း ရှု ဒေါင့် မှသာ ပြန်လည် တင်ပြခြင်းဖြစ်သည်ကို တွေ့ရှိနှိုင်မည်ဖြစ်သည်။ မည်သည့် ကျမ်းရှင်များကမျှ ၄င်းတို့၏ ကျမ်းများပါ အဆိုအမိန့်များသည် လုံးဝဥဿုံ ဥပဒေ များဖြစ်သည်ဟု ဆိုထားခြင်းမရှိကြပေ။ အကယ်၍ ၄င်းတို့က ဥပဒေအဖြစ် ဖေါ်ပြခဲ့ကြမည်ဆိုပါက ကွဲပြားခြားနားသော အဆိုများကို ကဏ္ဍတစ်ခု ထဲတွင်ယှဉ်တွဲဖေါ် ပြကြမည်လည်းမဟုတ်ပေ။

May 27th, 2010

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၃)

In Quranic Knowledge, Tags: new episode,Quranic Knowledge

သာသနာ့ထီးရိပ် တစ်ခုထဲအောက်မှကွဲပြားခြားနားမှု

အထက်မှ ဖော်ပြခဲ့သော မာလီကီ၊ ရှာဖီ၊ ဟမ်ဘလီ ဂိုဏ်းသုံးဂိုဏ်း ထက်ပို ၍ စောခဲ့သော အေမန် အဘူဟနီဖာ၏ ဂိုဏ်းတွင် ရေသတ္တဝါ များနှင့် စပ်လျှင်း၍ စားသုံး ခွင့်ကို အထက်မှ ဂိုဏ်းသုံးဂိုဏ်း ကဲ့သို့ အခွင့် အရေးများ မရရှိခဲ့ပေ။ ဥပမာ ဟန်နဖီ ဂိုဏ်းဝင်များ အတွက် ပုစွန် စားခြင်း ပင်လျှင် မစား ထိုက် ဟူ၍ ဆို ထားသည်။ ဂဏန်း၊ ပြည်ကြီးငါးနှင့် အခြားသော ရေသတ္တဝါ တို့မှာ လုံးဝ စားပိုင်ခွင့် မရှိပေ။

ဤသည့် အချက်လေး တစ်ချက် နှင့်ပင် ကုရ်အာန် ၄း၈၂ ပါ လူသား တို့၏ လူရေးကျမ်း များနှင့် လူရေးဥပဒေ များဟူသည် ကွဲပြားခြားနား မည်သာ ဖြစ်သည် ဟူသော အချက်သည် မြေကြီး လက်ခတ် မလွဲ မှန်ကန်လျှက် ရှိနေပေသည်။ တစ်ပါး တည်းသော အရှင်ကို ကိုးကွယ်သူ အချင်းချင်း တစ်ဦး တည်းသော တမန် တော်၏ နောက်လိုက် အချင်းချင်း တစ်ဆူတည်း သော ကုရ်အာန် လမ်းညွှန် ကျမ်းကို လက်ခံ ယုံကြည်သူ အချင်းချင်း တစ်ဦး စားခွင့် ရှိသော အစားအစာနှင့် တစ်ဦး ပြုပိုင်ခွင့် ရှိသော အရာများသည် အခြားသူများ အတွက် စားခွင့်၊ လုပ်ခွင့် မရရှိ ကြပေ။ အစ္စလာမ် သာသနာ ဟူသော ထီးရိပ်တစ်ခု ထဲအောက်မှ မွတ်စလင်မ် များသည် တူညီ သော အခွင့်အရေး များ ကို မရ ရှိကြ ခြင်းမှာ လူရေးကျမ်း မူဝါဒများ၊ ဂိုဏ်းဂန ဝါဒများ၊ ကျောင်းတော် ဝါဒများ၊ ဆရာ့ ဆရာများ၏ ဝါဒလမ်းစဉ်များ ကြောင့်ဖြစ်သည်။ ဤသည် ကုရ်အာန်က အထပ်ထပ် တားဆီး ပိတ်ပင် ခဲ့သော ရှေးကျမ်းရများ နည်းတူ သာသနာပိုင် ဝါဒနှင့် ဂိုဏ်းဂန ဝါဒများ ကြောင့်ဖြစ်သည်။ ကုရ်အာန်က ဂိုဏ်းဂန ဝါဒများ အပေါ် မည်ကဲ့သို့ ဆိုထားသနည်း။

ကုရ်အာန် ၃၀း၃၂ တွင်

(၎င်းတို့ အနက်မှ ထိုသူတို့သည် မိမိတို့၏ သာသနာကို အစိပ်စိပ် အမွှာမွှာ ပြုလုပ်ခဲ့ ကြပြီး ဂိုဏ်းဂန အသီးသီး ဖြစ်သွား ကြကုန်၏။ ထိုဂိုဏ်းဂန အသီးသီး တို့သည် မိမိတို့ လက်ခံကျင့်သုံး သောဝါဒ လမ်းစဉ်များ နှင့်ပင် ကျေနပ် ဝမ်းမြောက်လျှက် ရှိကြကုန်၏)

ကုရ်အာန် ၆း၁၅၉ တွင်

(ဧကန် ၎င်းတို့သည် သာသနာကို အစိပ်စိပ် ခွဲပြစ် ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဂိုဏ်းဂန အသီးသီးဖြစ် သွားကြ၏။ အိုတမန်တော် အသင်သည် ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်ပေ။)

မည်သည့် ဘာသာ သာသနာတွင် မဆို မိမိတို့၏ အခြေခံ မူဝါဒ ဖြစ်သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဂန် ကပင်လျှင် စည်းလုံး ညီညွှတ်သော လူ့အဖွဲ့ အစည်းကြီး တစ်ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ် ကျမ်း၏ အခြေခံ နိယာမသည် ကွဲပြားခြားနား၍ အယူဝါဒ မ တူ သူများကို တူညီသော လမ်းညွှန်မှု အရ တူညီသော အခွင့်အရေး များကို တပြေးညီ ခံစားခွင့် ပေးထားသည်။ ထို မှန်ကန်သော ဗျာဒိတ် ကျမ်းဂန်ဝါဒမှ လူသားတို့၏ အယူဝါဒများ စွက်ဖက် လာသည်နှင့် စည်းလုံး ညီညွှတ်သည့် လူ့ အဖွဲ့အစည်း ကြီးအဖြစ်မှ ကွဲပြားခြား နားသောဂိုဏ်း ကွဲများဖြစ်ကြသည်ပင်။ မိမိတို့၏ အယူဝါဒ ဂိုဏ်းသည်သာလျှင် ပိုမိုမှန်ကန် သည်ဟု ယုံကြည်လာ ကြသည်နှင့် အတူ ထိုအယူ ဝါဒများကို မျိုးဆက်သစ်များ အား ဆက်လက်၍ ထိရောက်စွာ အမွေပေး နိုင်ရန်အတွက် ကျောင်းများဖွင့်၍ ထိုဝါဒ လမ်းစဉ်များကို အကွက်ချ၍ တိုးပွား စေခဲ့ကြ သည်။ ထိုမျိုးဆက်သစ်များ အချင်းချင်း အတွင်း၌ မတူညီသော မိမိတို့၏ ကျောင်းတော် ဝါဒ၊ ဂိုဏ်းဂနဝါဒ၊ ဆရာ့ ဆရာများ၏ မတူညီသော ဝါဒများကြောင့် အချင်းချင်းအတွင်း၌ အငြင်း ပွားမှု၊ တဖက်ကို တဖက်ထိုးနက်မှု တို့ ကြောင့် အလွန်တရာမှ တိုတောင်း လှသော လူ့ဘဝ အတွင်း စစ်မှန်သော ဘဝလမ်းညွှန်မှု ကုရ်အာန်ကို သိနား လည်ခွင့်ပင် မရရှိခဲ့ကြပေ။ ထိုကဲ့သို့သော ဆိုးမွေများသည် ခေတ်အဆက်ဆက် လွှမ်းမိုးလာမှု ကြောင့် ဘာသာရေး ဆိုင်ရာ ကျောင်းများမှ ပေါ်ပေါက် လာကြ သော ပညာရှင်များမှာ ကုရ်အာန်ထက် သာပို၍ လူရေးကျမ်းများကို ပိုမို၍ တတ်သိ နားလည်သော လူရေးကျမ်း တတ်ပညာရှင်များ ဖြစ်လာကြ၏။ ၎င်းတို့ အတွက် ၎င်းတို့၏ ကျောင်းများမှ သင်ကြား ပေးလိုက်သော လူရေးကျမ်း အားလုံး၏ တူညီသော အချက် တစ်ချက်မှာ၊

(ကျမ်း တစ်ကျမ်း နှင့် အခြားကျမ်း တို့၏ စပ်ကြား ၌ လည်း ကောင်း၊ ကျမ်း တစ်ကျမ်း အတွင်း၌ တွင် လည်းကောင်း၊ ကျမ်း တစ်ကျမ်း ထဲပါ၊ ကဏ္ဍ တစ်ခုထဲ အတွင်း၌ သော်လည်း ကောင်း ကွဲပြား ခြားနား ၍ တူညီမှု မရှိသော အချက်ဖြစ်သည်။)

ထိုသို့သော အကြောင်း များကြောင့် လူရေးကျမ်းတတ် ပညာရှိခေါင်းဆောင် များသည် အများမွတ်စလင်မ် တို့အား စည်းလုံး ညီညွတ်စေသော လူ့အဖွဲ့ အစည်းကြီး အဖြစ် တည်ဆောက် နိုင်ရန် အတွက် အချိန် မရခဲ့ကြပေ။ လူရေးကျမ်းတတ် ပညာရှင် အချင်းချင်း မတူညီသော ဂိုဏ်းဂန ဝါဒ များကြောင့် အ ချင်းချင်း စွပ်စွဲပုပ်ခတ် လာခဲ့ကြ ရာမှ ယနေ့မျက်မှောက် ခေတ်တွင် မတူညီသော ဂိုဏ်းများကို အခြေခံ၍ အများ မွတ်စလင်မ် နောက်လိုက်များ အတွင်း အချင်းချင်း လူသတ်ပွဲများ ကျင်းပလျှက် ရှိနေသော အခြေနေသို့ ပင် ရောက် ရှိနေပေသည်။ ထိုကဲ့သို့ဖြစ် ရခြင်းသည် မွတ်စလင်မ် အများစုကို ခေါင်းဆောင်သော ရှေ့ဆောင် ဆရာတော် ပုပ်ရ ဟန်းကြီးများ အတွင်း ကုရ်အာန်ပါ အခြေခံ မူဝါဒလမ်းစဉ်ကို တမန်တော်မြတ်နည်းတူ မဟာသာဝက များ နည်း တူ၊ အဂ္ဂမဟာ သာဝကများ နည်းတူ လိုက်နာကျင့်သုံး နိုင်မှုမရှိဘဲ မိမိတို့၏ ကျောင်းတော် ဝါဒများ ဂိုဏ်းဂန ဝါဒများနှင့် ဆရာ့ဆရာများ ၏ အဆိုအမိန့်များကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြခြင်း များကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် ၃း၁၀၃ တွင်

(အသင်တို့ ကျမ်းမြတ်ကုရ်အာန် ပါလမ်းညွှန် ချက်များကို စွဲမြဲစွာ လိုက်နာ ကျင့်သုံးကြ အသင်တို့ အချင်းချင်း စိတ်ဝမ်း မကွဲကြလေနှင့်) ဟူသောအမိန့်နှင့် တိုက်ရိုက် ဆန့်ကျင်လျက် ကုရ်အာန်မှ လွဲ၍ လူရေးကျမ်းပါ မူဝါဒ များကို စွဲကိုင်ထားကြခြင်းဖြင့် အချင်းချင်း စိတ်ဝမ်းကွဲလျှက် ရန်သူများအဖြစ် တည်ရှိနေကြသည်။

ကုရ်အာန်ကို ဟဒီးဆ်သမိုင်းကျမ်းများဖြင့်ဖွင့်ဆိုရာဝယ်

ကမ္ဘာတစ်ဝှမ်းတွင် ကုရ်အာန် မကျရောက်မီ အချိန်က နေသည် အရှေ့ အ ရပ် မှထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်သွားသည်။ နောက်တစ်ရက် ပြန်လည်ထွက်သည်။ ကမ္ဘာတွင် နေသည် လုံးဝ တစ်ည ပျောက်ကွယ် သွားသည် ဟူ၍ လူတိုင်း လက်ခံ ထားလေသည်။ အများ နည်းတူ အာရဗ်များ သည် လည်း ထိုကဲ့သို့ လက်ခံထား ကြမည် ဖြစ်သည်။ ဤသည့် အချက်ကို မှားယွင်း နေကြောင်း တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ကျမ်းမြတ်ကုရ်အာန် ၃၆း၃၈ တွင် နေသည် ဝင်ခြင်း ထွက်ခြင်းမရှိ ၎င်း၏ လမ်းကြောင်းတွင် သွားလာနေ သည် ဟူ၍ အသိပေး မိန့်ကြားခဲ့ ခြင်းဖြစ်သည်။ ဤအသိကို ပထမဦးဆုံး စတင် ရခဲ့သူမှာ တမန်တော် မြတ် ဖြစ် သည်။ တမန်တော်မြတ်မှ တဆင့် လူသား တစ်ရပ်လုံးကို ကုရ်အာန်၏ အသိကို တဆင့်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်ကို မူရင်းအတိုင်းမှ ဘာသာပြန် ဖွင့်ဆို သောကျမ်းများသည် တမန်တော် မရှိတော့သည့် နောက် ပိုင်း နှစ်ပေါင်း (၇၀၀) ဝန်းကျင်တွင် လှိုင်လှိုင် ပေါ်ထွက်လာ ခဲ့သည်။ ထိုဖွင့်ဆိုချက် များကို အထက်မှ ဖော်ပြခဲ့ ပြီး ဖြစ်သော တမန်တော်နှင့် နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော ဟဒီးဆ်သမိုင်း ကျမ်းများနှင့် ဖွင့်ဆိုခဲ့ကြသည်။

ကုရ်အာန် သဖ်စီရ် လောကတွင် အများ သဖ်စီရ်ပညာရှင် များက ထပ်တူ ထပ်မျှ ပြန်လည် ကူးယူ ဖွင့်ဆိုကြ ရသော လက်ရွေးစဉ် သဖ်စီရ် ကျမ်းကြီး များစွာရှိ ခဲ့သည်။ ထိုကျမ်းများ အနက် အကျော်ကြားဆုံး အာရဗီမူရင်း သဖ်စီကျမ်း ကြီးများတွင် အထက်ပါ ကုရ်အာန် ၃၆း၃၈ နေသည် ၎င်း ၏လမ်း ကြောင်းတွင် သွားလာ နေခြင်းကို ဘိုခါရီ ဟဒီးဆ်သမိုင်း ကျမ်းပါ ဟာဒစ်(၁၀)ပုဒ်ဖြင့် ပြန်လည်ဖွင့်ဆိုထား သည်ကို တွေ့ရပေသည်။ နေသည် အရှေ့အရပ်မှ ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုးသွားပြီး အရှင်၏ ပလ္လင်အောက် တွင် တစ်ည အိပ်၍ နောက်တစ် ရက်မှ အရှင့် အမိန့်ဖြင့် ပြန်လည်ထွက်သည်ဟူသော ဟဒီးဆ်သမိုင်းကျမ်း အရ ဖော်ပြ ခဲ့သည်။ ထိုဟဒီးဆ်များကို တမန်တော် အမှန်ပင်ပြော ခဲ့ပါသည်ဟု ဆိုပါလျှင်လည်း အထက်ပါ ကုရ်အာန် ၃၆း၃၈ မကျရောက်ခင် အလျှင်က အာရဗ်တစ်ဦးဖြစ်သော တမန်တော်က အများ အာရဗ် များကဲ့သို့ ယူဆ ပြောဆိုခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယခုကဲ့သို့ ကုရ်အာန် ကျရောက်ပြီးမှ ကုရ်အာန်၏ အခြေခံ မူဝါဒနှင့် တက် တက်စင် လွဲချော် နေသော အကြောင်းအရာ တစ်ခုကို မွတ်စလင်မ်များက ဆက်လက်၍ ဆွဲကိုင် ထားခြင်းဖြင့် မည်သို့မျှ အကျိုး သက်ရောက် နိုင်မည် မဟုတ်ပေ။ ဖော်ပြပါ ဟဒီးဆ်သမိုင်း ကျမ်းရှင် အားလုံးက ၎င်းတို့ စုဆောင်း ရရှိ ချက်များ သည် Hear Say “ရေဝါယသ်” ဆင့်ကဲဆင့်ကဲ ကြားသိချက် များဟု မူလ ကပင် ၎င်းတို့၏ ကျမ်းများ တွင်ဖော်ပြ ထားပြီးဖြစ်သည်။

လွန်ခဲ့သော နှစ် နှစ်ဆယ် ဝန်းကျင်က မြန်မာနိုင်ငံတွင် နိုင်ငံသားကဒ် လျှောက်ထား ရာ၌ မိခင် ဖခင် တို့၏ အဘိုးအဘွား များ၏ အကြောင်းအရာ များကိုပင် တိတိ ကျကျ မသိရှိသူ ဦးရေ မြောက်များစွာ ရှိနေပေသည်။ ယခုကဲ့သို့ နှစ်ပေါင်း နှစ်ရာကျော် အလျှင်က အဖြစ်အပျက် အကြောင်း အရာ များကို စာရွက် ပေရွက်များဖြင့် မှတ်တမ်း တင်ထားခြင်း မရှိဘဲ တဆင့်ပြီး တဆင့် လူမျိုးဆက်ပေါင်း (၇)ဆက်တို့၏ အ လွတ် ကျက်မှတ်ချက် အကြောင်း အရာများသည် မည်မျှ မှန်ကန် ပါသည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ။ အဆိုများ မှန်၏ မမှန်၏ ဆိုသည်ကို “ဖုရ်ကန်” ဟုခေါ်သော ကုရ်အာန်၏ အရှိတရား စံများဖြင့် စမ်းစစ်၍ ကြည့် ရ မည်မှာ မွတ်စလင်မ် တိုင်းအတွက် တာဝန် တစ်ရပ်ဖြစ်သည်။ ယနေ့လူသား တို့၏ ဥပဒေများတွင် ပင်လျှင် တဆင့် ကြားသော စကားကို ဥပဒေ အခေါ် Hear Say ဖြင့် တရားရုံးများတွင် သက်သေ လိုက်၍ မရတော့ပေ။ ထို့ကြောင့် ကျမ်းမြတ် ကုရ်အာန် တစ်အုပ်လုံး တွင် ပါဝင်သော အာယာသ်များကို အာယာသွလ် ကုရ်အာန်ဟုဆိုသည်။ အာယာသ်ဟူသည် အလ္လာဟ်၏ ဗျာဒိတ် ဖြစ်သည်။ အဓိပ္ပါယ်မှာ လက္ခဏာ ဖြစ်သည်။ အာယာသ် တစ်ခုတိုင်းသည် ဖန်ဆင်းရှင် ရှိနေကြောင်းကို ဖော်ညွှန်း လျှက်ရှိနေသည်။ တမန်တော်၏ သြဝါဒဟု ခေါ်ဆိုသော ဟဒီးဆ်များကို ဟဒီးဆ် နဗဝီဟုသာ ခေါ်ဆိုကြသည်။ မည်သည့်ကဝိ အကျော် အမော် ပညာရှင်များကမျှ အာယာသ်သွလ်နဗီဝီ ဟု မခေါ်ဆိုကြပေ။ ဟဒီးဆ်ဟူသည် ပြောစကားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အယူဝါဒ ရေးရာပြဿနာ တစ်ရပ် ရင်ဆိုင် လာပါက ကုရ်အာန်တွင် တည်ရှိ နေသော အရှိ တရားများနှင့် စပ်လျှင်းပြီး မည်သည့်အယူ မည်သည့်ဝါဒ ကမျှ ကျော်လွန်၍မရနိုင်ပေ။ ကုရ်အာန် သည် Supreme Law အခြေခံ ဥပဒေဖြစ်သည်။ ထိုဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ တမန်တော်သည် ပင်လျှင် ထိုကုရ်အာန် ဥပဒေ၏ အထက်တွင် မရှိခဲ့ပါဟု ကုရ်အာန်က ဆိုထား ပြီးဖြစ်သည်။ သို့ဆိုလျှင် တမန်တော် မရှိတော့သည့် နောက်ပိုင်း နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် လူသား မျိုးဆက် ပေါင်း(၇) ဆက်တို့က အလွတ် ကျက်မှတ် ချက်များသည် ကုရ်အာန်၏ ဥပဒေကို မည်ကဲ့သို့ ကျော်ပိုင်ခွင့်ရှိ မည် နည်း။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR

မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall တွင် UNHCR မှ မြန်မာ ဒုက္ခသည်အဖွဲ့အစည်းများကို တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်။
UNHCR ၏ Community Development Unit (CDU) အနေနှင့် မလေးရှားရောက် UNHCR ကဒ်ရထားသူ မြန် မာဒုက္ခသည်များအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် မလေးရှားအာဏာပိုင်များနှင့် တိုင်ပင်ဆွေး နွေးနေကြောင်းနှင့် ရလဒ်ကောင်းတွေရလာနိုင်ကြောင်းပြောကြားခဲ့သည်။ CDU မှ မြန်မာဒုက္ခသည်အဖွဲ့အစည်း များကို ပြောကြားရာတွင် UNHCR ကဒ်ရရှိထားပြီး အလုပ်လုပ်ကိုင်နေသူများ၊ အလုပ်မဲ့နေသူ ဒုက္ခသည်များ၏ နာမည်၊ စာရင်း၊ အလုပ်လုပ်ကိုင်ရာနေရာ၊ ဆက်သွယ်ရန်လိပ်စာ စသည့်အချက်များပါသည့် စာရင်းကို UNHCR သို့ပေးပို့ပေးကြရန် ပါဝင်သည်။
UNHCR ၏ မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောက်ရွက်ပေးမှုသည် ကောင်းမွန်သော အစီအစဉ်ဖြစ်ပေမယ့် မလေးရှား uNHCR အရာရှိတစ်ချို့ အထူးသဖြင့် Registration Unit ၏ ခွဲခြားဆက်ဆံမှု များကြောင့် အခက်အခဲ အကန့်အသတ်များရှိနေသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) ဥက္ကဌ ဦးမောင်လှက အစည်းအဝေးတွင် ပြောကြားရာတွင် “ အလုပ်အကိုင်ရရှိရေးအတွက် UNHCR မှ ယခုလို ကူညီဆောင်ရွက်နေခြင်းသည် ၀မ်းသာ စရာကောင်းသည်။ သို့သော် UNHCR ကဒ်ရရှိထားသူများအတွက်သာဖြစ်နေပြီး ဒုက္ခသည်ဖြစ်ထိုက်ပေမယ့် UNHCR Registration တွင် နာမည်စာရင်းသွင်းဖို့တောင် အခွင့်အရေး မရကြသော မြန်မာဒုက္ခသည်များအဖို့ အင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ် ” ဟု ပြောဆိုသွားသည်။ မလေးရှား UNHCR ၏ ခွဲခြားဆက်ဆံနေမှုနှင့်ပတ်သတ်၍ ဦးမောင်လှက “ ယခုအခါ မလေးရှား UNHCR အရာ ရှိတစ်ချို့၏ မြန်မာလူမျိုးအချင်းချင်းအပေါ် သွေးခွဲနေခြင်း၊ ခွဲခြားဆက်ဆံနေမှုများသည် လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ဗမာလူမျိုးအပါအ၀င် အချို့မြန်မာအဖွဲ့အစည်းများမှာ UNHCR ကဒ်ရဖို့ဝေးစွ၊ Registration လုပ်ခွင့်မရသည်မှာ ၃ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ ဒါဟာ လုံးဝ မတရားသက်သက် ဖိနှိပ်၊ အနိုင်ကျင့်တာ ဖြစ် ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။
UNHCR အနေနဲ့ မလေးအာဏာပိုင်များ နှင့် ဆွေးနွေး၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရင်တောင်မှ UNHCR ကဒ်မရသေးသော မြန်မာဒုက္ခသည်များမှာ ဘာအခွင့်အရေးမှ မရသည့်အပြင် မလေးအာဏာပိုင်များ၏ အတင်း အကြပ်ဖမ်းဆီးထောင်ချ အပြစ်ပေးခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိနေသည်ဟု စိုးရိမ်မှုများလည်းရှိသည်။ ထို့ပြင် ဒုက္ခ သည်ချင်းအတူတူ UNHCR ကဒ်ရရှိထားသူများ နှင့် UNHCR ကဒ်မရသေးသောသူများကြား ကွာဟချက်လည်း အလွန်ကြီးများသွားမည်။
ဒီလိုမြန်မာဒုက္ခသည်အချင်းချင်းမညီမျှမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်ရတာဟာ မလေးရှား UNHCR အရာရှိတစ် ချို့ရဲ့ မတရားခွဲခြားမှုကြောင့်ဘဲဖြစ်တယ်။ မလေးရှား အစိုးရက လူသားချင်းစာနာလို့ တရားဝင်လုပ်ကိုင်ခွင့် ပြု လာရင်တောင်မှ မလေးရှား UNHCR အရာရှိတစ်ချို့ရဲ့ နှစ်ရှည်လများ ခွဲခြားဆက်ဆံမှုတွေကြောင့် UNHCR ကဒ်ရထားတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေကျတော့ အလုပ်အကိုင်တွေရစေ၊ သူတို့ UNHCR ကဒ်မပေးတဲ့ ဗ မာလူမျိုးတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကျတော့ ထောင်ကျစေ သ ဘောဖြစ်နေပြီ။
မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။
တစ်ချို့ UNHCR အရာရှိတွေကဆိုရင် “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ” လို့ ပြောတာတွေရှိပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ ပြောကြားမှုတွေနှင့်ပတ်သတ်ပြီး ကျနော့်မှာ အထောက်အထားတွေရှိပါတယ် ” ဟု BRO ဥက္ကဌ ဦမောင်လှက ဆိုသည်။
အစည်းအဝေးတွင် CDU မှ တာဝန်ရှိသူများက မိမိတို့အနေနဲ့ UNHCR Registration Unit နဲ့ ဆွေးနွေးတိုင်ပင် မည်ဖြစ်ကြောင်း နှင့် မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြမှုများကို အလေးထားပါကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းများမှ မိမိတို့၏ အဖွဲ့ဝင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိရာနေရာ၊ အ လုပ်ရှိလျှင် အလုပ်၏လိပ်စာ စသည့်အချက်အလက်များပါသော စာရင်းကို ပို့ပေးပါရန်လည်း ပြောကြားခဲ့သည်။
မလေးရှား UNHCR ၏ အဖွဲ့အစည်းများ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား၊ အနိုင်ကျင့်တတ်ပုံနှင့်ပတ်သတ်၍ BRO ဥက္ကဌ ဦးမောင်လှက ယခုလိုပြောပြခဲ့သည်။
“ ကျနော်တို့အနေနဲ့ UNHCR ရဲ့ ဂုဏ်သိက္ခာကိုလေးစားပြီး မလေးရှား UNHCR ရဲ့ Registration Unit က ယခု လိုဘဲ ကျနော်တို့ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) အဖွဲ့ဝင်တွေရဲ့ နာမည်၊ လိပ်စာ၊ ရောက်ရှိရာနေရာ၊ မလေးရှားရောက်သည့်နှစ်၊ အိမ်ထောင်ရှိ/မရှိ အစရှိသဖြင့် အချက်အလက်များပါတဲ့ စာရင်းကို ၂၀၁၀ ဖေဖော် ၀ါရီလဆန်းပိုင်းနောက်ဆုံးထားပို့ပေးရန် အကြောင်းကြားခဲ့သည်။ UNHCR ပြောတဲ့အတိုင်း ကျနော်တို့ အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ ဒီအဖွဲ့ဝင်တွေကို UNHCR စာရင်းသွင်းပြုလုပ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။
BRO အနေနဲ့လည်း UNHCR ရဲ့ ဂုဏ်သိက္ခာကို လေးစားတာကြောင့် သူတို့ပေးထားတဲ့ ကတိကိုယုံကြည်ခဲ့မိ တယ်။ သို့သော် အချိန်အတော်ကြာတဲ့အထိ မျှော်လင့်နေခဲ့သော်လည်း ဘာမှအကြောင်းပြန်ကြားခြင်းမရှိတာ ကြောင့် ကျနော်ကိုယ်တိုင်သွားရောက် စုံစမ်းမေးမြန်းတဲ့အခါ UNHCR အရာရှိရဲ့ တုံ့ပြန်ချက်ဟာ လုံးဝကို အံ့ အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။
UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကို မလေးရှား Immigration(လူဝင်မှုကြီးကြပ် ရေး) ဌာနကို ပေးပို့ထားတယ်လို့ ” ကျနော့်ကိုပြောတယ်။ UNHCR လိုအဖွဲ့အစည်းမှာ ဒုက္ခသည်အဖြစ်လျှောက် ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မလေးရှားအာဏာပိုင်တွေကို ပေးပို့လိုက်တာဟာ ဗမာလူမျိုး ဒုက္ခသည်တွေ သက်သက်ဖမ်းဆီးထောင်ချစေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုဖြစ်နေတယ်။ ပြီးတော့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာလေ။
အခုလည်း မလေးရှား UNHCR ရဲ့ စီမံကိန်းတွေဟာ UNHCR ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရတဲ့ ကျနော်တို့ BRO အဖွဲ့ဝင်တွေနဲ့ အခြား UNHCR ရဲ့ခွဲခြားဆက်ဆံ၊ ဖိနှိပ်၊ အနိုင်ကျင့်ခံနေရတဲ့ ဒုက္ခသည်တွေအတွက်တော့ “ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR ရယ် ” လို့ဘဲ မေးရမလိုဖြစ်နေပါတော့တယ်ဗျာ။ ”

နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည်

မလေးရှားအစိုးရမှ နိုင်ငံတွင်းရှိ အလုပ်လုပ်ခွင့်သက်တမ်း ကျော်လွန်ပြီး နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများ၊ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားများအား အရေးယူခြင်းမရှိဘဲ မိမိနိုင်ငံသို့ ပြန်ခွင့်ပြုတော့မည်ဖြစ်သည်။

မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးအရေးယူမှုများ မလုပ်ဘဲ သက်ညှာခွင့်ပြုသည့်အနေဖြင့် မကြာခင်ကာလအတွင်း မိမိနိုင်ငံရင်းသို့ ပြန်လည်ထွက်ခွာခွင့်ပြုတော့မည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် သောကြာနေ့က ဖော်ပြသည်။
အစိုးရကတ်ဘိနက်အဖွဲ့ဝင် ဝန်ကြီး (၁၇) ဦးအပါအ၀င် အစိုးရအေဂျင်စီများပါ တက်ရောက်သည့် နိုင်ငံခြားသားနှင့် တရားမဝင်အလုပ်သမားများအရေး ဆွေးနွေးသည့် အစည်းအဝေးတွင် ဒု-ဝန်ကြီးချုပ် တန်စရီမူဟစ်ဒင်ယာဆင်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခု မလေးရှားအစိုးရက ထုတ်ပြန်သည့် သက်ညှာခွင့်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံနှင့် အိမ်အကူ အလုပ်သမားများ ခံစားခွင့်ရှိမည်ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် သက်ညှာခွင့်ပြုခဲ့သော ၂၀၀၂ ခု နှင့် ၂၀၀၄ ခုနှစ်တို့တွင်လည်း ရာထောင်ချီသော အလုပ်သမားအများအပြား အိမ်ပြန်ခဲ့ကြသည်။
ထိုသတင်းနှင့်ပတ်သက်၍ အလုပ်လုပ်ခွင့်သက်တမ်းကျော်လွန်ပြီး နေထိုင်ခွင့်ပါလွန်နေသူ မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ကျနော်က မြန်မာနိုင်ငံ ဧရာဝတီတိုင်း လပွတ္တာမြို့ကပါ။ ဒီမှာ သံပန်း သံတခါးလုပ်ငန်းမှာ ဆေးမှုတ်ပါတယ်။ နာဂစ်ဖြစ်ပြီးကတည်းက ပြန်ချင်နေတာ အိုနေတော့ ပြန်ဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်တာ။ အခုတော့ ပြန်ဖို့ အဆင်ပြေသွားတယ်။ ဟိုမှာ မိသားစု အဆင်ပြေလို့ ပြန်တာမဟုတ်ပါဘူး။ ရောက်နေတာလည်း (၆) နှစ်ကျော်သွားပြီ။ နာဂစ်တုံးက ဖရိုဖရဲ ဖြစ်သွားတဲ့ မိသားစုဘ၀လေးကို ကိုယ်ဖိရင်ဖိ ကူညီချင်လို့ ပြန်တာပါ။ ကျနော့်မှာ ပါတ်စပို့ရှိတယ်၊ သက်တမ်းကတော့ အင်တုံးထုထားတယ်။ မင်္ဂလာဒုံလေဆိပ်ကြမှပဲ အင်တုံးကိစ္စကို ငွေပေးပြီးရှင်းရမှာပေါ့” ဟု ဆိုသည်။

မပြန်တော့ဟု ဆုံးဖြတ်ထားသည့် အလုပ်သမားတဦးကမူ “ကျနော် ဒီကိုရောက်တုန်းကတော့ တရားဝင်ပါ။ နောက်ပိုင်းစက်ရုံမှာ လစာမကောင်းလို့ အခုလုပ်နေတဲ့ တွင်ခုံလုပ်ငန်းမှာ ၀င်ခုပ်နေပါတယ်။ ဘယ်လိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးပေး ကျနော်ကတော့ မပြန်ဘူး။ ဒီနိုင်ငံမှာ ဘာပဲဖြစ်ဖြစ် တလကို (၁) သိန်းလောက် အိမ်ကို ငွေပြန်ပို့ပေးနိုင်သေးတယ်။ ဟိုကိုပြန်သွားရင် အလုပ်မရှိဘဲ မိဘဆီက ငွေပြန်တောင်းနေရမယ်။ အဖမ်းအဆီးတွေကြမ်းလို့ အဖမ်းခံရတော့မှပဲ ပြန်တော့မယ်။ ကျနော်တို့ အရင်ရောက်တဲ့သူတွေ ပြောသလို မလေးရှား မိုးကုန်မှ ပြန်မယ်ဗျာ။ မလေးရှားက အမြဲတမ်း မိုးရွာနေတော့ မိုးမကုန်ဘူးလေ” ဟု ဆိုသည်။

နိုင်ငံခြားသား အလုပ်သမားများအား သက်ညှာခွင့်ပေးမည်ဟု မလေးရှားအစိုးရက ထုတ်ပြန်ပြောဆိုနေသကဲ့သို့ နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လာနေမှုကို ထိန်းချုပ်သောအားဖြင့် အလုပ်သမားခွန်ကိုလည်း နောက်နှစ်မှစ၍ လုပ်ငန်းပိုင်း ကဏ္ဍအလိုက် သော်လည်းကောင်း၊ အလုပ်သမားအရည်အသွေးအရ သော်လည်းကောင်း တိုးမြှင့်ကောက်ခံသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် အလုပ်သမားအခွန်(လဲဗီး) တိုးမည်ဆိုသည့်အစီအစဉ်ကို ကုန်သည်ကြီးများအဖွဲ့အချို့မှ ကန့်ကွက်ကြောင်း ကြေညာသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ကိုင်နေသော Burma Campaign Malaysia မှ ဒါရိုက်တာ ကိုထွန်းထွန်းက “ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်းမှာ အလုပ်သမားခွန် (လဲဗီး) ကို ထပ်မံတိုးမြှင့်မယ်လို့ ကြေညာတာကို ကြည့်ခြင်းအားဖြင့် မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို ထပ်မံခေါ်ယူဖို့ ကန့်သတ်မှုတွေ လုပ်တော့မယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ၂၀၀၄ ခုနှစ်တုန်းက မြန်မာတွေ တော်တော် ပြန်ကြတယ်။ ဒီတခေါက်မှာ ပြန်မယ့်သူနည်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကပြန်တဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ မလေးကို ပြန်ရောက်လာကြတယ် ” ဟု ပြောသည်။

၂၀၀၄ ခုတွင် သက်ညှာမှုပေးစဉ်က နိုင်ငံပေါင်းစုံမှ အလုပ်သမား (၂၃၀,၀၀၀) ပြန်သွားခဲ့ကြပြီး၊ မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှထုတ်ပေးသည့် CI ဆိုသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက် တနည်းအားဖြင့် နေရပ်ရင်းပြန်ရန် ထုတ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်ကြေးကို မပေးချင်သောကြောင့် လူကုန်ကူးသူများကို အားကိုးခဲ့ကြသည့်အတွက် ရင်းဂစ် (၉၅၀) ကုန်ကျခဲ့ကြကြောင်း၊ လူကုန်ကူးသူများအတွက် အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု သက်ညှာခွင့်အစီအစဉ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သို့မှ ထူးခြားမည်မဟုတ်ကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်စားသောက်ရသည်မှာ မလွယ်ကူသဖြင့် မလေးရှားမှာပင် ဖြစ်သလိုရှာဖွေ ရပ်တည်ရခြင်းက ပိုမိုအဆင်ပြေနေသဖြင့် ပြန်ပါဆိုသော်လည်း မပြန်ဘဲ ဆက်လက် အလုပ်လုပ်ကိုင်နေကြဦးမည် ဖြစ်သည်ဟု အလုပ်သမားတဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာအုပ်စုကမူ ထိုသက်ညှာခွင့်အစီအစဉ်တွင် ၎င်းတို့အား မထည့်သွင်းဘဲ ပလပ်ပေးပါရန်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သော်လည်း ယခင် ၂၀၀၂၊ ၂၀၀၄ ခုနှစ် သက်ညှာခွင့်တို့တွင် ရိုဟင်ဂျာများအား အစုလိုက် အပြုံလိုက် ပြန်ပို့ခြင်းခံခဲ့ရသည့်အတွက် ထိုသို့မဖြစ်ပွားစေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘနားမားသတင်းစာတွင် ဖော်ပြထားသည်။

ထိုသက်ညှာခွင့်သည် အစိုးရ၏သဘောတူညီချက် အဆင့်သာဖြစ်ပြီး မည်သည့်အချိန် စတင်၍ မည်သည့်အချိန်တွင် အဆုံးသတ်မည် ဆိုသည်တို့ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။


source by :ခေတ်ပြိုင်

Burmese Karen Muslim from Utica, NY interviewing

USA/Islam: Obama renews vow of «new beginning" with Muslims

WASHINGTON, Jumada Awwal 13/April 27 (Agencies/IINA)- President Barack Obama on Monday renewed his commitment to a "new beginning" with the Muslim world, vowing no let-up in U.S. efforts to promote Middle East peace, curb militant violence and boost economic development.

Seeking to build on his outreach to Muslims in a speech in Cairo last June, Obama used a U.S.-hosted Muslim business conference to underscore what his administration has done so far and to pledge further work to overcome mistrust.

While Obama has made progress towards mending America's image in the Islamic world, he still faces stiff challenges in his handling of the stalled Israeli-Palestinian peace process, the nuclear standoff with Iran and wars in Iraq and Afghanistan. "I knew that this vision would not be fulfilled in a single year, or even several. But I knew we had to begin and that all of us have responsibilities to fulfill," Obama told the Presidential Summit on Entrepreneurship.

The focus on business development marked the Obama administration's strategy of trying to broaden the conversation with Muslims beyond the "war on terrorism" that dominated the Bush-era approach and alienated many.

But, speaking to an audience of 250 business people from more than 50 countries, Obama also waded into some of the hot-button issues between Washington and the Muslim world that he acknowledged "have often been a source of tension."

Many Muslims are especially disappointed by Obama's failure so far to advance Israeli-Palestinian peacemaking despite promising in his first days in office to make it a high priority.

He assured his audience he would not abandon U.S. diplomatic efforts, which have been stymied by a dispute with Israel over Jewish settlement building and divisions among the Palestinians.

"Despite the inevitable difficulties, so long as I am president, the United States will never waver in our pursuit of a two-state solution that ensures the rights and security of both Israelis and Palestinians," Obama pledged. But he offered no new initiative to revive long-stalled peace talks.

Obama also asserted that the United States was "responsibly ending" the war in Iraq and "in Afghanistan, Pakistan and beyond, we're forging new partnerships to isolate violent extremists, combat corruption and foster the development that improves lives and communities."

The two-day conference sought to deliver on a promise Obama made in his Cairo speech, in which he pledged to do more to boost economic development and bolster U.S. business ties with the Muslim world.

Obama's predecessor, George W. Bush, had been widely criticized by Muslims for the perception that his administration viewed them mostly through the lens of terrorism. Under Bush, America's image in the Muslim world suffered mostly because of the Iraq war, the Abu Ghraib prisoner abuse scandal and the Guantanamo detention centre.

"There's so much more we can do together, in partnership, to foster opportunity and prosperity in all our countries," Obama said as he sought to focus more on talking about doing business together.

He announced a series of efforts, including exchange programs for women in technology and for high tech leaders from Silicon Valley to share their expertise, said his global technology and innovation fund would "potentially mobilise" more than $2 billion in private capital.

"The new beginning we seek is not only possible, it has already begun," Obama said, echoing the language of his Cairo speech.

"It exists within each of you, and millions around the world who believe, like we do, that the future belongs not to those who would divide us, but to those who come together; not to those who would destroy, but those who would build."

Commerce Secretary Gary Locke challenged the entrepreneurs to take "the tremendous success that all of you have had individually and expand it throughout the Islamic world."

In addition to Locke, Secretary of State Hillary Clinton, Education Secretary Arne Duncan and other senior U.S. officials will participate in sessions alongside private sector experts like Yahoo! co-founder Jerry Yang, Grameen Bank founder Muhammad Yunus and Arif Naqvi, head of Abraaj Capital, the largest private equity firm in the Middle East.

While the summit was widely viewed as a positive step, analysts said Obama ultimately would be judged in the Muslim world not by his hosting of business conferences but on his handling of big geopolitical issues.

Aside from the Middle East, Obama has struggled to advance on other fronts. The administration is pushing ahead with its strategy for the war in Afghanistan despite increasingly brittle relations with Afghan leader Hamid Karzai.

“ ပြုပြင်ပြောင်းလဲကြဘို့သင့်လေပြီ ”

ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ် ။ တချို့ကနှစ်ခြောက်ဆယ်ကျော် ၊ တချို့က နှစ်လေးဆယ်ကျော် ၊ တချို့ကနှစ်,နှစ်ဆယ်ကျော်နဲ့ နိုင်ငံရေးပါတီတွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေ စတဲ့အဖွဲ့မျိုးစုံမှာ ဗမာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းတလျှောက် ကိုယ်စီအတွေ့အကြုံများစွာ ရရှိဖြတ်သန်းခဲ့ ကြပါတယ် ။
အကျဉ်းထောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ တောတောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ ဒုက္ခသည်စခန်းရောက်သွားကြတာတွေရှိတယ် ၊ နိုင်ငံတကာမှာရောက်နေသူတွေရှိတယ် ၊ ဘ၀မျိုး စုံမှာ ကျင်လည်နေရသူတွေရှိတယ် ၊ ပြည်တွင်းမှာရပ်တည်နေရသူတွေရှိတယ် ၊ ကျဆုံးသွားသူ တွေရှိတယ် ၊ ရောဂါမျိုးစုံနဲ့သေဆုံးသွားသူတွေရှိတယ် ၊ ဘ၀ပျက်သွားသူတွေရှိတယ် ၊ သစ္စာ ဖေါက်သွားသူတွေရှိတယ် ၊ ဘေးထွက်ထိုင်သွားသူတွေရှိတယ် ၊ လူမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ။
အားလုံးဟာ အဖွဲ့အစည်းတွေဘယ်လိုကွဲပစေ ၊ ဖြတ်သန်းမှုပုံစံဘယ်လိုခြားနားပစေ ၊ တူညီခဲ့တာတွေ ရှိပါတယ် ၊ ခေတ်အဆက်ဆက် အာဏာရှင်တွေဘယ်သူပဲဘယ်လိုပုံစံနဲ့တက်လာတက်လာ ဆန့်ကျင် ခဲ့ကြတာတူတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဆိုရင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ NLD ကိုဝန်းရံကြရေးဆိုတာတူတယ် ၊ အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာတူတယ် ၊ လက်နက်ကိုင်အဖွဲ့စည်းဆိုတာတွေအားလုံးကတောင် သေနတ်တွေကိုင်ထားရက်နဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ဆိုပြီး အားလုံးနဲ့ထပ်တူ ( ခုချိန်ထိ) ကြွေးကြော်နေတုံးပဲဖြစ်တယ် ။
ဒီနေ့ ကျွန်တော်တို့အင်အားစုအားလုံးရဲ့အခြေအနေကိုသေချာပြန်လေ့လာကြည့်ရင် တယောက်နဲ့ တယောက် ၊ တဖွဲ့နဲ့တဖွဲ့ မခေါ်နိုင်မပြောနိုင်တွေဖြစ် ၊ အယုံကြည်လဲမရှိကြ ၊ အမျိုးသမီးရေး ၊ ကလေး သူငယ်အရေး၊ အလုပ်သမားအရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုစောင့်ရှောက်ရေး စသဖြင့်ခေါင်းစဉ်တွေအမျိုးမျိုးပြ ၊ တော်လှန်ရေးကိုသွေဖီပြီး ကိုယ်ကျိုးစီးပွားရှာသူတွေဖြစ်ကုန်ကြ ၊ အရက်သမားတွေဖြစ်ကြ ၊ အကျိုးစီးပွားတူရင်ခဏတဖြုတ်ညီညွတ်လိုက်ကြနဲ့ ဘုံရန်သူစစ်အာဏာ ရှင်ကို တွန်းလှန်နိုင်စွမ်းမရှိဖယိုဖရဲဖြစ်နေတာတွေ့ရပါတယ် ။ ဒါ အရှိတရားပါ ။
စစ်အာဏာရှင်တွေကတော့ တနေ့ထက်တနေ့ သူ့အာဏာကို ခိုင်ခိုင်မာမာတည်ဆောက်လာနိုင်နေ တာကို တွေ့ရပါတယ် ၊ ၂၀၀ရ စက်တင်ဘာမှာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်တာတောင် ဘာမှမတုန့်ပြန်နိုင်အောင် ပြည်သူကိုဦးချိုးထားနိုင်တာ ၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးတက်ကြွသူ တွေကို ပုဒ်မအမျိုးမျိုးတပ်ထောင်ထဲထည့်ထားတာ ၊ ၂၀၀၈ မေမှာ ဖွဲ့စည်းပုံဆန္ဒခံယူပွဲဆိုတာကို စိတ်ကြိုက်လုပ်သွားတာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထောင်ချတာ ၊ စစ်ဗိုလ်ချုပ်တွေ ယူနီဖေါင်းချွတ်ြပီး နိုင်ငံတကာကိုသံတမန်မပျက်ဆက်ဆံနေတာ ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို အပေါ်စီး ကနေ နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာ ၊NLD ကို တဖြည်းဖြည်းမှေးမှိန်အောင်လုပ်ပြီး ၁၉၉၀ ရွေးကောက် ပွဲကို အစဖြောက် ၂၀၁၀ ရွေးကောက်ပွဲလုပ်မှာ ၊ ကြံ့ဖွတ်ကို ဗြောင်ကျကျပါတီထောင်ပြတာ တွေဟာ သူ့အာဏာကိုသူ ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်နေတယ်ဆိုတာ တွေ့ရမှာပါ ။

စစ်အာဏာရှင်တွေက ပြည်သူကိုမတရားအနိုင်ကျင့်ဖိနှပ်ပြီး အာဏာကိုတည်ဆောက်နေသူတွေ ဖြစ် ပါလျက် ၊ ကျွန်တော်တို့ကပြည်သူလူထုအတွက် အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေသူတွေဖြစ် ကြပါလျက် ၊ ဘာကြောင့် ကျွန်တော်တို့ကတစစယိုယွင်းနေပြီး အာဏာရှင်တွေက ခိုင်မာနေရတာလဲ။

စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် ( ပြည်သူကြားမှာမှန်မှန်မမှန်မှန် ) သူတို့ အတွက်သူတို့မှန်တယ်ထင်တာ အကုန်လုပ်တယ် ၊ သူတို့သံသယရှိသူတယောက်ကိုဖမ်းနိုင်ဘို့ လူရာထောင်ချီဖမ်းရမလားဖမ်းတယ် ၊ မိန်းမ ၊ ကလေး ၊ ကျောင်းသား ၊ ရောဂါသည် ၊ ရဟန်းသံဃာ မရွေး ဖမ်းစရာရှိဖမ်း ၊ သတ်စရာရှိသတ် အကုန်လုပ်တယ် ၊ ဘယ်သူမှအာမခံရဲအောင် ရက်ရက် စက်စက် နှိပ်ကွတ်ဦးချိုးတယ် ၊ ဘ၀တွေဖျက်ပြစ်တယ် ၊ ရှေ့တန်းဧရိယာမှာ ရွာရှိရင် သူပုန်အတွက်ရိက္ခာရှိမယ်ဆိုပြီး ရွာလုံးကြွတ်သတ်တယ် ၊ မီးရှို့တယ် ၊ ရွာပြန်မတည်နိုင်အောင် စိုက်ခင်းကအစ ဖျက်ဆီးတယ် ၊ သူ့အုပ်စုကလွဲရင် ရန်သူဖြစ်နိုင်တယ်ဆိုတဲ့ သံသယအကြည့်နဲ့ပဲ ကြည့်တယ် ၊ အရာရာကို စစ်ရေးအမြင်နဲ့ပဲဆုံးဖြတ်တယ် ၊ လမ်းတွေဖေါက် တံတားတွေဆောက် ၊ လစာတွေတိုးပေးပြီး မြှူဆွယ်တာမျိုးလဲလုပ်သလို ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးပြီး မက်လုံးပေး စည်းရုံးတာမျိုးလဲလုပ်တယ် ၊ လုပ်အားပေးခိုင်းတာမျိုး ၊ ပေါ်တာဆွဲတာမျိုးနဲ့ မတရားခိုင်း တာမျိုးတွေလဲလုပ်တယ် ၊ လိမ်စရာရှိရင် ဘယ်သူယုံယုံမယုံယုံ ဗြောင်လိမ်တယ် ၊ သူတို့အနိုင်ရဘို့နဲ့ အနိုင်ကိုထိမ်းထားနိုင်ဘို့ ဘာမဆို ဘယ်လိုမဆို ပြတ်ပြတ်သားသား အကုန်လုပ်တယ် ။

ကျွန်တော်တို့တွေက မပြတ်သားကြဘူး ၊ အတွေးအခေါ်အရမပြတ်သားကြသလို လုပ်ရပ်တွေလဲ မပြတ်သားကြဘူး ၊ ပြီးတော့ တရားသေဆုတ်ကိုင်ကြတယ် ၊ အချိန်ကာလနဲ့အခြေအနေအရ ပြောင်းလဲဘို့လိုမလားလို့ ဖေါက်စဉ်းစားတာမျိုး မလုပ်ခဲ့ကြဘူး ၊ ခုဏပြောခဲ့သလို လက်နက်တွေကိုင် ထားတဲ့အဖွဲ့စည်းတွေကအစ အကြမ်းမဖက်ရေးဆိုတာမျိုးပဲစဉ်းစားတယ် ၊ တကယ်တမ်းက ဝေါဟာရ တွေသာပါ ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်းကခွဲမရဘူးဆိုတာ စစ်ကိုနားလည်တဲ့ သူတိုင်းသိပါတယ် ၊ စစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲ သဘောတရားတွေနဲ့ပဲဖက်တွယ်နေသူတွေ (တနည်းအားဖြင့် ကိုယ်တိုင်စစ်တိုက်ဘို့တွန့်ဆုတ်နေသူတွေ) ရဲ့ဆင်ခြေတွေမှာ လက်နက်ကိုင်တော် လှန်ရေးနဲ့ အကြမ်းဖက်မှုကွဲလွဲချက်ဆိုပြီး စည်းပါးပါးလေးချပြတာတွေ့ရတယ် ၊ အဲဒီမှာ ကျွန်တော်တို့ ဘက်ရဲ့မဟာအမှားကြီးစခဲ့တာပဲ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ပြည်သူအများစု လက်နက်ကိုင်လမ်းစဉ်အပေါ်အမြင် အားကောင်းလာခဲ့ပြီး ၊ လက်နက်ကိုင်တော်လှန်ရေးဒီရေ မြင့် တက်ခဲ့တာ အားလုံးအသိပါ ၊ ခုလောက်တောင်နိုင်ငံတကာရောက်နေတဲ့ ရဲဘော်တွေမရှိသလို ခုလောက်လဲ နိုင်ငံတကာအထောက်ပံ့မရခဲ့ပါဘူး ၊ တိုင်းရင်းသားတွေကြား ရောက်ရာကျရာမှာ ဖြစ်သလိုရှာဖွေရပ်တည်ရင်း မော်ဖိုးကေ ၊ မဲသဝေါ ၊ ၀မ်ခ ၊ မာနယ်ပလော စစ်ပွဲကြီးတွေ ဆင်နွှဲနိုင်ခဲ့တာပါ ။ အခု ဘာကြောင့်လက်နက်ကိုင်တော်လှန်ရေး အရောင်ပြန်မှိန်နေရတာလဲ ၊ ပြောပြီးခဲ့သလို စစ်ကို စစ်နဲ့တူအောင်မတိုက်ခဲ့ကြလို့ပါ ၊ တချို့အဖွဲ့စည်းတွေမှာ ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေက ကိုယ်တိုင်လဲစစ်မတိုက် ၊ ရဲဘော်တွေကိုလဲ စစ်စွမ်းရည်မြှင့်သင်တန်းတွေ မပေးပဲ လက်နက်ကိုင်လမ်းစဉ်ကိုသွေဖီတဲ့ နိုင်ငံရေးသဘောတရားရေးရာသင်တန်းတွေ ၊ မီဒီယာ သင်တန်းတွေ ဘက်ကို ဦးလှည့်ခဲ့ပါတယ် ။ မူလထဲက လက်နက်ကိုင်လမ်းစဉ်မှာ အသားကျနေပြီးတဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေကလွဲရင် ရှစ်လေးလုံးနောက်ပိုင်းမှပေါ်လာခဲ့တဲ့ လက်နက်ကိုင်အဖွဲ့စည်း တွေဟာ (ဘာအဖွဲ့ပါဆိုတဲ့နာမည်ကလွဲရင်) တဖွဲ့မှ မကျန်တော့သလောက်ကို ပျက်စီးခဲ့တော့တာပါပဲ။
လက်နက်ကိုင်အင်အားစုက စစ်ရေးအရ ရန်သူနဲ့တန်းတူမရပ်တည်နိုင်ရင် နိုင်ငံရေးမှာပါအလိုလို အားနည်းလာတာပါပဲ ၊ ဒီနေ့ စစ်အာဏာရှင်ကထင်တိုင်းကြဲနေနိုင်တာ အဲဒီအခြေခံအချက်ကြောင့်ပဲ။
ပြည်သူ့ဘ၀တွေက စုတ်ပြတ်သတ်နေပြီ ၊ ကျွန်တော်တို့ ဇတ်မျောမှာ ဒီတိုင်းဆက်သွားနေဘို့ မသင့် တော့ဘူး ၊ ကျွန်တော်တို့ အားလုံးပြုပြင်ပြောင်းလဲကြဘို့သင့်နေပါပြီ ။

(၁)ငါ့ဘို့ ၊ ငါ့မိသားစုဘို့ ၊ ငါ့အုပ်စုဘို့ ဆိုတာမျိုး ကိုယ်ကျိုးတပ်မက်စိတ်တွေ ပြန်ဖျောက်နိုင်အောင် ကြိုးစားကြပြီး တော်လှန်ရေးအတွက် ဘာမဆိုစွန့်လွှတ်တိုက်ပွဲဝင်ဘို့ စိတ်ဓါတ်တွေပြောင်းလဲရပါမယ်။

(၂)တစ်ယောက်ကိုတစ်ယောက် ၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မယုံမကြည်ဖြစ်နေပြီး စစ်မှန်တဲ့တပ်ပေါင်းစု မဖွဲ့နိုင်ခဲ့တဲ့ အခြေအနေတွေကိုပြန်ပြင်ရပါမယ် ၊ နီးစပ်ရာလူနဲ့ ဖွဲ့ချင်သလိုဖွဲ့ထားတဲ့ တပ်ပေါင်းစုများစွာ ကို (လုံးဝ) ပြန်ဖျက်ပြစ်ပြီး တစ်ခုတည်းသော တပ်ပေါင်းစုကိုဖွဲ့ရပါမယ် ၊ မည်သူကမနှစ်သက် သည် ဖြစ်စေ အများသဘောတူ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်များ ရွေးချယ်ရပါမယ် ။ (မင်းသားကြီး မလုပ်ရ၍ ပတ်မထိုးဖေါက်လိုသူများ ၊ အဖွဲ့များရှိပါက တခါတည်း ပြတ်ပြတ်သားသားရှင်းရမည် )။

(၃)လူထုအုံကြွမှုများဖေါ်ဆောင်ရေး နိုင်ငံရေးလမ်းစဉ်နှင့် စစ်ကိုစစ်နှင့်တူအောင်တိုက်ရေး လက်နက် ကိုင်လမ်းစဉ်များကို ပြတ်ပြတ်သားသားချမှတ် လက်တွေ့ဖေါ်ဆောင်ကြရပါမယ် ၊ စစ်အာဏာရှင်နဲ့ ရင်ဆိုင်ရမှုအခြေနေပေါ်ကနေ လိုအပ်သလို ကြမ်းတာ နုတာတွေလုပ်ရပါမယ် ။

(၄)စံထားရလောက်တဲ့ တပ်ပေါင်းစုမရှိခဲ့တာကြောင့်နဲ့ ၊ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ပြည်သူ့ဆန္ဒရှင် ဆိုတာကြောင့် NLD ကိုတပ်ဦးထားခဲ့ကြတာဖြစ်တယ် ၊ ဒေါ်စု နဲ့ NLD ရဲ့ နိုင်ငံရေးဖြစ်တည်မှုကို စောင့်ရင်း တိုက်ပွဲအဟုန်လျော့စေခဲ့တာ ၊ တကယ်လုပ်ရမှာတွေ မလုပ်ဖြစ်ခဲ့တာတွေ ပြင်ရပါမယ် ၊ NLDဟာ မှတ်ပုံမတင်ဘူးဆိုတဲ့ (မတ်လ ၂၉ ရက်နေ့က)ဆုံးဖြတ် ချက်မှန်ခဲ့ပေမဲ့ ၊ လူမှုရေးလုပ်ငန်း တွေဆက်လုပ်မယ်ဆိုတဲ့ လမ်းအမှားဘက်ကို ဦးတည်နေပြန်ပြီဖြစ်ပါတယ် ၊ ကျွန်တော်တို့အားလုံးရဲ့ တော်လှန်ရေး အနိမ့်ဖြစ်ခဲ့ရတဲ့အခြေအနေဟာ အဲဒီလို လူမှုရေးလုပ်ငန်းတွေ ၊ သာရေးနာရေးတွေ ဘက်ကို ဦးလှည့်ခဲ့ကြပြီး အချင်းချင်းစမန်ခုတ်မှုတွေ ဖြစ်လာစေခဲ့တာကြောင့် ဖြစ်တယ် ၊ ပြတ်သားတဲ့ နိုင်ငံရေးလမ်းကြောင်းမရှိရင် NLD ကိုဝန်းရံဘို့ဆိုတာ အလကားဖြစ်သွားပါမယ် ၊ NLD ကို တိုက်ပွဲ လမ်းကြောင်းပေါ် ကိုယ်တိုင်တိုက်ပွဲဝင်ပြတဲ့နည်းနဲ့ တွန်းတင်တည့်မတ်ပေးရပါမယ် ။

(၅)အဓိက ကတော့ ပြည်သူတွေကကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေကိုမယုံတာ၊ မလေးစား အထင်မကြီးတာမျိုးဖြစ်နေတာတွေကို ပြင်ရပါမယ် ၊ ပြည်သူတွေက စစ်အစိုးရဒါဏ်ကို အလူးအလဲ ခံနေရလျက်သားနဲ့ အုံကြွတိုက်ပွဲဝင်ဘို့မ၀ံ့သေးတာဟာ ယုံကြည်အားကိုးရလောက်တဲ့ ဦးဆောင်အဖွဲ့ မရှိသေးလို့ဖြစ်ပါတယ် ၊ ရှစ်လေးလုံးမှာ ပြည်သူတွေ တတိုင်းတပြည်လုံးပါဝင်ခဲ့တာဟာ ကျောင်းသား တွေ အသေခံဦးဆောင်ခဲ့ကြလို့ပါ ၊ ပြည်သူတွေအထင်သေးစေမဲ့ အနေထိုင်အပြုမူတွေကိုပြင်ပြီး ထိထိ ရောက်ရောက်တိုက်ပွဲကို ဦးဆောင်ပြကြရပါမယ် ။
စစ်အာဏာရှင်တွေကတော့ ဘက်စုံပြုပြင်ပြောင်းလဲတယ် ၊ အချင်းချင်းညီညီညွတ်ညွတ်နဲ့ အရပ်ဝတ် လဲသူလဲတယ် ၊ စိတ်ထဲမပါသည့်တိုင်တောင် ဟန်ဆောင်ညီညွတ်ပြကြတယ် ၊ ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်ပြောင်တင်းတင်းပြောင်းတယ် ၊ ရွေးကောက်ပွဲကို ဘယ်သူဘယ်နိုင်ငံကမှ လေ့လာစောင့်ကြည့် စရာမလိုဘူးလို့ ခပ်တင်းတင်းပြောတယ် ၊ ကိုယ်ကျင့်သိက္ခာမဲ့သူတွေတောင် သူတို့အောင်မြင်မှု အတွက် သူတို့ညီညွတ်ရေးကိုတည်ဆောက်လို့ရရင် ကျွန်တော်တို့က မပြုပြင်နိုင်ကြဘူးလား ၊ ဒီအ ချက်လေးလောက်တောင်သူတို့ကိုမယှဉ်နိုင်ရင်တော့ နောင်နှစ်ပေါင်းများစွာစစ်ကျွန်ခံရပေလိမ့်မယ် ။
မောင်ချင့်ချိန်

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management