မောင်တောမြို့တွင် မူဆလင်ခေါင်းဆောင် ၁၀ ဦး ဖမ်းဆီိးခံရ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မူဆလင်ဘာသာဝင်ခေါင်းဆောင် ၁၀-ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံမူဆလင်ရေးရာအဖွဲ့ချုပ် မောင်တောခရိုင်ဥက္ကဌ ရှေ့နေ သန်းထွန်းခေါ် မူဟာမတ်ဆော်လိမ်နှင့် စိန်သုံးလုံးရွှေဆိုင်ပိုင်ရှင် ရွှေဇားရပ်ကွက်မှ ဦးနီရာ မတ်တို့ ပါဝင်ကြောင်းသိရှိရသည်။
ဖြစ်ပွားပုံ အသေးစိတ်နှင့်ပတ်သတ်ပြီး မျက်မြင်တဦးအပြောအရ ဦးသန်းထွန်းအပါအ၀င် မူဆလင်ခေါင်းဆောင် ၁၀-ဦးခန့်မှာ တနင်္ဂနွေနေ့ နံနက် ၁၀-နာရီက ဦးသန်းထွန်း အလုပ် လုပ်ကိုင်သော ရှေ့နေရုံးခန်းတွင် အစည်းအဝေးလုပ်နေစဉ် ဘူးသီးတောင်ဗျူဟာမှ ဗျူဟာ မှူးနှင့် မောင်တောခရိုင် ဥက္ကဌတို့ ပါဝင်သော အဖွဲ့တဖွဲ့မှ ရောက်ရှိလာပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဗျူဟာမှူးနှင့်အဖွဲ့မှာ ဦးသန်းထွန်းအခန်းအား ငါးနာရီနီးပါးခန့် ရှာဖွေမွှေနှောက်ပြီး ဖမ်းဆီးခံရသူအားလုံးကို ညနေလေးနာရီတွင် ဘူးသီးတောင်ဗျူဟာသို့ ခေါ်ယူသွားကြောင်း သတင်းရရှိသည်။
မောင်တောတွင်သူတို့ဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်ပြီး သတင်းဖြစ်ပေါ်နေသည်မှာ နိုင်ငံရေး နှင့် ဆက်နွယ်ပတ်သတ်နေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆို နေကြသည်ဟု သိရှိရသည်။
သို့သော်လည်း သူတို့အား မည်သည့်အတွက်ကြောင်း စစ်အာဏာပိုင်များမှ ဖမ်းဆီးခြင်းကို မည်သူတဦးတယောက်မှ အသေးစိတ်မပြောနိုင်သေးကြောင်း မောင်တောမှ ပေးပို့သော သတင်းတရပ်တွင် ဖော်ပြသည်။
ယခုကဲ့သို့ မူဆလင်ခေါင်းဆောင်များ ဖမ်းဆီးခံရသဖြင့် တခြားမူဆလင် ခေါင်းဆောင်များ မှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ထွက်ပြေးသူများ အထဲတွင် မူဆလင်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်လည်းပါဝင်ကြောင်း သိရှိ ရသည်။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management