၂၀၀၉နှစ် အတွက် သြဇာကြီးမား မွတ်စလင် ၅၀၀ စာရင်းထုတ်ပြန်

the_500_most.jpg

 
  အစ္စလာမ်သာသနာအား ရှုထောင့်သစ်တစ်ခုမှ့လေ့လာနိုင်ရန် ဂျော်ဒန်နိုင်ငံ အခြေစိုက်တော်ဝင် အစ္စလာမ့် မဟာဗျူဟာလေ့လါရေး ဋ္ဌါနနှင့် ဂျော့တောင်း တက္ကသိုလ်တို့ ပူးတွဲကာ ၂၀၀၉ခုနှစ်အတွက် သြဇာကြီးမား မွတ်စလင်၅၀၀  ကို လေ့လာပြုစုထုတ်ပြန်ခဲ့သည်။ ဂျော့တောင်းတက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဋ္ဌါန ပါမောက္ခ Dr.John Espositorမှ“ ယနေ့ကမ္ဘာတွင် အထူးစိတ်ဝင်စားခံနေ၇သည့် အစ္စလာမ်သာသနာကို မတူခြားနားတဲ့အမြင်နဲ့လေ့လာနိုင်ဖို့နဲ့ ကမ္ဘာမျက်နှာစာတွင် မွတ်စလင်တွေရဲ့ သက်ေ၇ာက်နေမှု အတိုင်းတာကိုသိစေစေဖို့ပါ” ဟုဟု အစ္စလာမ်အွန်လိုင်းကို ပြောကြားသည်။ ယင်းမွတ်စလင်၅၀၀စာ၇င်းသည်
ကမ္ဘာရေးရာကဏ္ဍ အသီးသီးတွင် သြဇာကြီးမားကြသော မွတ်စလင်ခေါင်းဆောင်များး၏ ထိရောက်ဝင်ဆံ နေသည့်အတိုင်းအဆကို သိစေ၇န်ဖြစ်ကြောင်း၊ ယင်းခေါင်းဆောင်များအား ထောက်ခံလာစေရန် ရည်ရွယ်မဟုတ်ကြောင်း သိရသည်။ အဆိုပါပြုစုထုတ်ပြန်ချက်တွင်



အဆိုပါပြုစုထုတ်ပြန်ချက်တွင် အမှတ်စဉ် ၁မှ၅၀ အထိကို
အဆင့်အလိုက်စီစဉ်ထားပြီး ကျန်၄၅၀ဦးအား နိုင်ငံရေး၊ သာသနာရေရာ၊ မီဒီယာ၊ အနုပညာ၊ သိပ္ပံဖွံဖြိုးရေး စသောကဏ္ဍ၁၅ခုခွဲကာ အဆင့်လိုက်သတ်မှတ်ခြင်းမပြုပဲ စီစဉ်ပြုစုထားသည်။ အဆင့်၁မှ အဆင့်၁၀ထိတွင် နိုင်ငံေ၇းနှင့်ဘာသာရေးနယ်ပယ်များမှခေါင်းဆောင်များဖြစ်ကြသည့် ဆော်ဒီအာရေးဘီးယားနိုင်ငံဘုရင်အဗ္ဗဒူလာဘင်အဗ္ဗအဇိးဇ်  မှာအဆင့်(၁)နေရာတွင်ရှိနေပြီး သူ့နောက်တွင် အီ၇န်နိုင်ငံထိပ်တန်း ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီ။ (အစဉ်လိုက်အားဖြင့်) မော်ရိုကိုနိုင်ငံဘုရင်မို
ဟမ္မဒ်(VI )အဆင့်  (၃)၊ ဂျော်ဒန်ဘုရင်အဗ္ဗဒူလာဘင် အလ်ဟူစိန်အဆင့်(၄)၊ တူရကီနိုင်ငံဝန်ကြီးချုပ် ရီးဆဘိတါာယဘ် အာဒိုဂန်အဆင့်(၅)၊ အိုမန်နိင်ငံဘုရင် စူလ်တန်ကူဘူးစ်ဘင် ဆအီဒ်းအလ် ဆအီဒ်းအဆင့်(၆)၊ အီ၇တ်နိုင်ငံ နာဂျက်ဖ်ရှိ၇ှီအဟ်ဘာသာရေး ခေါင်းဆောင် အယာတိုလာ စစ္စတာနီအဆင့်(၇)၊ အီဂျစ်နိုင်ငံ အလ်အဇ်ဟရ် မတ်စ်၈ျိဒ်ေ၇ှ့ဆောင် အီမာမ် အရ်အဇ်ဟရ် အစ္စလာမ့်တက္ကသိုလ် အဓိပတိဒေါက်တာ ဆာယဒ်သန် တွာဝီအဆင့်(၈)၊ အပြည်ပြည်ဆိုင်ရာ မွတ်စလင် အာလင်မ်ပညာရှင်များ အစည်းအ၇ုံးအကြီးအကဲ ၇ှုခိယူစွဖ်ကရ်ဒွါဝီအဆင့်(၉)။ အီဂျစ်နိုင်ငံမွတ်ဖ်သီချုပ်ရှိုခ် အလီဂိုးမားအဆင့်(၁၀) တို့ဖြစ်ကြသည်။ အဆင့်(၁၁)တွင် ဆော်ဒီအာရေးဘီးယားနိုင်ငံမွဖ်သီချုပ် အဗ္ဗဒူလ် အဇီဇ်းအိဘ် နေ့အဗ္ဗလာဟ် အလ်ရှိုခ်နှင့် အဆင့်(၁၅)တွင် ပါကစ္စတန်နိုင်ငံ တဗ်လီးဂ်အဖွဲ့ ခေါင်းဆောင် ဟာဂျီမိုဟမ္မဒ် အဗ္ဗဒူလ်ဝဟာဘ် တို့ဖြစ်ကြသည်။ ယင်းထုတ်ပြန်ချက်သည် ၂၀၀၉ခုနှစ် အတွက်သာဖြစ်ပြီးလာမည့်နှစ်များတွင်လည်း လေ့လာသုတေသနပြုစုကာ သြဇာကြီးမားမှုအဆင့်များ ဆက်လက်ပြန်လည်ပြုစုထုတ်ပြန်ပေးမည် ဟုသိရသည်။

source: www.islamonline.net
World’s 500 Most Influential Muslims                                                                                                                                                       

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management