
| အမေရိကန်အခြေစိုက် မြောက်အမေရိကအစ္စလာမ် အစည်းရုံး(ISNA) အကြီးအကဲ အင်ဂရိဒ်မဲသ်ဆမ်သည် အက်ဖ်ဘီအိုင် ထောက်လှမ်းေ၇းအဖွဲ့၏ ဗလီများနှင့် မွတ်စလင် လူ့အဖွဲ့စည်းများသို့ သတင်းပေးများ စေလွှတ်ထောက်လှမ်းနေသည့် နည်းဗျူဟာများကြောင့် အမေရိကန်မွတ်စလင်များသည် စိုးရိမ်ကြောက်ရွံမှုများ၊ အမေရိကန်အစိုးရအပေါ် ယုံကြည်ချက်ကင်းမဲ့လာမှုများ ကြီးထွားလာနေပြီ ဖြစ်ကြောင်းနယူးယောက်တိုင်းမ် သတင်းစာသို့ ပြောကြားလိုက်သည်။ ထိုသို့ မွတ်စလင်များ ၀တ်ပြုရာ ဗလီများ နေထိုင်ရာ ရပ်ကွက်များကို သတင်းပေးများ စေလွှတ်ထောက်လှမ်းလာနေမှုများ ကြောင့်ဖြစ်ပေါ့်လာသည့် စိုးရိမ်ထိတ်လန့်မှုများကို ရှောင်ရျားနိုင်ရန် နိုင်ငံခြားခ၇ီးစဉ်များကို ဖျက်သိမ်းလာ နေကြရသည်။ ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အက်ဖ်ဘီအိုင်နှင့် အမေရိကန်မွတ်စလင်များသည် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကာ အကြမ်းဖက်တိုက်ဖျက်ေ၇း အတွက်သတင်း အချက်အလက်များ ဖလှယ်နိုင်ခဲ့သည်။ .................... |
လွန်ခဲ့သော အောက်တိုဘာလအတွင်း Dearbonမြို့ ဗလီရှေ့ဆောင် အီမာမ်အား အက်ဖ်ဘီအိုင်မှ ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာနေသည့် ဆက်ဆံရေးသည် ယခုတဖန်အက်ဖ်ဘီအိုင်၏ မဆင်မခြင် ထောက်လှမ်းနေမှုကြောင့် ထိခိုက်လာခဲ့ပြန်သည်။
“ကျွန်တော်တို့တတွေလည်း တခြားနိုင်ငံသားတွေလိုပဲ အမေ၇ိကန်နိုင်ငံကို ကာကွယ်စောင့်ရှောက်မဲ့သူတွေပါ။ ဒါပေမဲ့ အခုတော့ဘာကို မျှော်လင့်ရမလဲဆိုတာကို တောင်မသိတော့ဘူးဗျ။ အရှေ့အလယ်ပိုင်း ပေါ်လစီအကြောင်းပြောမိပြီဆိုရင်ပဲ သူတို့ကအက်ဖ်ဘီအိုင်ကို သတင်းပေးတော့တာပဲ။
ဒီအကြောင်းတွေကို ဆယ်ကျော်သက်ကလေးတွေဆီကေ တာင်ကြားနိုင်တာလေ”ဟု အာရဗ်မွတ်စလင် အမေရိကန်ဖက်ဒရေးရှင်း အကြီးအကဲ ၀ါအီလ်ဖောစ့်ဖါး ကဆိုသည်။ ယခုနှစ်အစောပိုင်းတွင်လည်း အမေရိကန်၏ အကြီးဆုံး မွတ်စလင်အဖွဲ့စည်းတစ်ခုမှလည်း အက်ဖ်ဘီအိုင်၏ ဘောင်ကျော်
လုပ်ဆာင်နေမှုများကြောင့် အာဏာပိုင်များနှင့် ပူးပေါင်ဆောင်၇ွက်နေမှုများကို ရပ်တန့်ပစ်မည် ခြိမ်းခြောက်ခဲ့သေးသည်။


Burma Young Islamic Center
Posted in: 

0 comments:
Post a Comment
Burma Youth's Islamic Center